Myanmar Ibet789 Agent

Myanmar Ibet789 Agent

Share

Since 2017 ( For 9 years)

Viber 09 757 757 057🥰🥰
Telegram 09 757 757 057
Telegram @ibet789mia အကောင့်သစ်ဖွင့်လို့ရပါတယ်

12/07/2026

ဘယ်လင်ဟမ်က ဒီကမ္ဘာ့ဖလားမှာ ၆ ဂိုးတောင် သွင်းပေးထားပြီးပြိ။ ကွင်းလယ်လူတဦးအနေနဲ့ဆို အံ့အားသင့်စရာ ပမာဏပါ။ ဟယ်ရီကိန်းနဲ့ ဂိုးချင်းအတူတူပဲဖြစ်ပြီး အင်္ဂလန်အတွက် အဓိက ကစားသမားပါပဲ။ ပွဲတိုင်းမှာ သူ့ရဲ့ ရုန်းအား၊ တိုးအားနဲ့ အသင်းကိုမောင်းနှင်မှုတွေက တကယ်ကို လက်ဖျားခါလောက်အောင်ကို ကောင်းနေခဲ့တာပါ။

ကိန်း ဂိုးပေါက်ပျောက်နေရင်တောင်မှ သူ ရှိနေတာမို့ အင်္ဂလန်အတွက် ဂိုးရဖို့က မပူရဘူး။ ပြိုင်ဘက်ခံစစ် ၂ယောက်၊ ၃ယောက်ကြားထဲ ဘောလုံးနဲ့အတူ ဆွဲပြေးပြီး သူ အားမသန်တဲ့ ဘယ်ခြေနဲ့ ပိတ်သွင်းတာတွေကလည်း ချီးကျူးချင်စရာတွေချည်းပါပဲ။

အခု အာဂျင်တီးနားနဲ့ ကစားရမယ့်ပွဲမှာလည်း သူ့ကို အားကိုးရဦးမှာပါ။ အာဂျင်တီးနားခံစစ် ဘယ်လင်ဟမ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဦးမှာပါ။ အာဂျင်တီးနားကိုသာ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားရဲ့ ရွှေဘောလုံးဆုက သူ့အတွက်ပါ ဖြစ်လာနိုင်ပါတယ်။

12/07/2026

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ရမှာက မက်ဆီအတွက် ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် အင်္ဂလန်နဲ့ တွေ့ဆုံမှုဖြစ်လာတော့မှာပါ။ တကယ့်ပွဲကြီးပွဲကောင်းမှာမှ လာတွေ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ဒီတွေ့ဆုံမှုက ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

နောက်ထပ်ထူးခြားချက်ကတော့ အာဂျင်တီးနားဟာ ရှုံးထွက်အဆင့်တွေမှာ နောက်ဆုံး နာကျင်အချိန်ပိုမိနစ်၊ အချိန်ပိုတွေကျမှ ပြိုင်ဘက်တွေကို အနိုင်ရခဲ့တာပါ။ ဒါကြောင့်မို့ အင်္ဂလန်နဲ့ ရင်ဆိုင်ရမှာက သူတို့အတွက် မလွယ်ကူတဲ့ ပွဲဖြစ်လာဦးမှာ သေချာပါတယ်။

မက်ဆီနဲ့ အင်္ဂလန်တို့ ပထမဆုံးအကြိမ်‌ တွေ့ဆုံမှုကလည်း ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။ အင်္ဂလန်ခံစစ်သမားတွေကပဲ မက်ဆီကို ထိန်းပြသွားမလား၊ မက်ဆီကပဲ ကျော်ဖြတ်ပြသွားမလားဆိုတာကတော့ သိပ်မကြာခင် မြင်ရတော့မှာပါ။

12/07/2026

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်အသင်းကို ၃-၁ နဲ့ အနိုင်ယူပြီး သူတို့ရဲ့ ဆီမီးဖိုင်နယ် လက်မှတ်ကို အမိုက်စား ဖြတ်မောင်းသွားခဲ့ပါပြီ။

ပွဲကတော့ လုံးဝ သွေးဆူစရာ ကြမ်းလွန်းတဲ့ ပွဲမျိုးပါ။ ပုံမှန်ကစားချိန် မိနစ် ၉၀ မှာ တစ်ဖက်တစ်ဂိုးစီနဲ့ ၁-၁ သရေကျနေခဲ့ပြီး ဆွစ်ဇာလန်ဘက်က အမ်ဘိုလို အနီကတ်ထိသွားတဲ့ အခိုက်အတန့်က ပွဲကို အရှိန်အဟုန် မြင့်တက်စေခဲ့ပါတယ်။

အာဂျင်တီးနားတို့ လူသာပြီး ဆက်တိုက် ဖိအားပေးခဲ့ပေမဲ့ ဆွစ်ဇာလန်ရဲ့ တောင့်ခံမှုကြောင့် ဂိုးရဖို့ အတော်လေးကို ရုန်းကန်ခဲ့ရတာပါ။ ဒါပေမဲ့လည်း အာဂျင်တီးနားရဲ့ Aura အပြည့်နဲ့ ကစားသမားတွေဟာ နောက်ဆုံး အချိန်ပို ဒုတိယပိုင်း အရောက်မှာတော့ တစ်ပြိုင်နက်တည်း ပေါက်ကွဲပြီး အနိုင်ဂိုးတွေကို တရစပ် သွင်းယူကာ ပွဲကို သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်မှာ ပရိသတ်တွေ လုံးဝ မျက်တောင်မခတ်တမ်း စောင့်ကြည့်ရမယ့် အင်္ဂလန်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

12/07/2026

ပွဲမတိုင်ခင်က ပြိုင်ဘက်တွေဘက်က ဘယ်လိုပဲ စိန်ခေါ်စကားတွေ ဆိုခဲ့ပါစေ... လီယွန်နယ် မက်ဆီကတော့ ကွင်းထဲရောက်တာနဲ့ ပထမပိုင်း ပွဲချိန်အစောပိုင်းမှာတင် သူဟာ ဘာကြောင့် ထာဝရအကောင်းဆုံး (GOAT) ဖြစ်နေရလဲဆိုတာကို သက်သေပြသွားခဲ့ပြန်ပါပြီ။

ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ရဲ့ ပထမပိုင်း အစောပိုင်းမှာတင် ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် မက်ဆီက ပြိုင်ဘက်ခံစစ်တွေ လုံးဝ မတွေးဆနိုင်တဲ့ လမ်းကြောင်းအတိုင်း မက်အယ်လစ္စတာဆီ ကွက်တိ ဖန်တီးပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖန်တီးမှုနဲ့အတူ မက်ဆီဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု ၁၀ ကြိမ်မြောက်ကို စိုက်ထူပြီး နံပါတ် (၁) နေရာကို အပိုင်သိမ်းသွားခဲ့သလို၊ လက်ရှိ ကမ္ဘာ့ဖလားရဲ့ သွင်းဂိုးအများဆုံး ဘုရင်အဖြစ်ပါ အစွမ်းပြနေတာ ဖြစ်ပါတယ်။သွင်းဂိုးရော၊ ဖန်တီးမှုအပိုင်းမှာပါ မက်ဆီက ပြိုင်ဘက်ကင်းနေပါပြီ။

12/07/2026

"ဒီကမ္ဘာ့ဖလားရဲ့ မင်းသားကြီးကတော့ သူပါပဲ! (ပထမပိုင်း ချေပဂိုး၊ အချိန်ပို အနိုင်ဂိုးတို့နဲ့အတူ အင်္ဂလန်ကို ဆီမီးဖိုင်နယ် ပို့ပေးလိုက်တဲ့ ဘယ်လင်ဟမ်ရဲ့ Aura)" ⚡🦁👑

ဒီတစ်ခေါက် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရင်... ဂျုဒ် ဘယ်လင်ဟမ်ရဲ့ အရှိန်အဝါ (Aura) က ကွင်းထဲမှာ လုံးဝကို ထင်ရှားလွန်းလှပါတယ်ဗျာ။ ပြိုင်ပွဲစကတည်းက အသင်းကို အဖိုးတန် ခြေစွမ်းတွေနဲ့ ဦးဆောင်လာခဲ့တဲ့ ဘယ်လင်ဟမ်ဟာ မနေ့ညက နော်ဝေနဲ့ ကွာတားဖိုင်နယ် ပွဲကြီးပွဲကောင်းမှာလည်း ဇာတ်လိုက်ကြီးအဖြစ် ထပ်မံ တောက်ပပြသွားခဲ့ပြန်ပါပြီ။

နော်ဝေဘက်က အတင်းတိုက်စစ်ဆင်လို့ အင်္ဂလန်တို့ ဖိအားပိနေတဲ့အချိန်မှာ... ဘယ်လင်ဟမ်က ပထမပိုင်းမှာတင် လျှပ်စီးလက်သလို ချေပဂိုး သွင်းယူပြီး ပွဲကို အပြောင်းအလဲ စတင်ပေးခဲ့ပါတယ်။ ပွဲက မိနစ် ၉၀ အထိ အဖြေမပေါ်ဘဲ အချိန်ပို (Extra Time) အထိ ရောက်ရှိသွားတဲ့ အခိုက်အတန့်မှာတော့... သူကိုယ်တိုင်ပဲ ပွဲသိမ်းအနိုင်ဂိုးကြီးကို စတိုင်ကျကျ ထပ်မံ သွင်းယူပေးခဲ့ပြီး ၂-၁ ရလဒ်နဲ့ ဆီမီးဖိုင်နယ်ဆီကို ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်ဗျာ။

အင်္ဂလန်အတွက် ဘယ်လင်ဟမ် ထူးရှယ်ခြေစွမ်းပြနေပြီး တူချယ်လ် အားအကိုးရဆုံး ဖြစ်နေပြီ။ ဒီခြေစွမ်းအတိုင်းသာဆိုရင် MVP ကိုပါ သူ မှန်းလို့ရနေပြီ။

11/07/2026

"သူ့ရဲ့ အသက် (၃၉) နှစ်အရွယ်မှာ တချို့လူတွေက လီယို (မက်ဆီ) ဟာ အရင်လို ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ဒါကို ဘယ်နှကြိမ်မြောက် ပြောနေမိပြီလဲတောင် မသိတော့ပါဘူး... မက်ဆီအနေနဲ့ ဘောလုံးဆက်ကစားချင်တဲ့ စိတ်ဆန္ဒ ရှိနေသရွေ့တော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါဟာ ကျွန်တော်က သူ့ရဲ့နည်းပြ ဖြစ်နေလို့ (ဘက်လိုက်ပြီး) ယုံကြည်နေတာမျိုး လုံးဝ မဟုတ်ပါဘူး။"

"သူ့မှာ ဘောလုံးအပေါ် ရူးသွပ်တဲ့ အလိုဆန္ဒ ရှိနေသရွေ့ သူက အကောင်းဆုံးအဖြစ် ဆက်ရှိနေမှာပါ။ တစ်နေ့နေ့မှာ သူ အသက် ငါးဆယ် (၅၀) အရွယ်ကို ရောက်လာပြီး အခုလို ဆက်မစွမ်းဆောင်နိုင်တော့မယ့် နေ့တစ်နေ့ ရောက်လာမှာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ သူ့ကို အနီးကပ် သိကျွမ်းပြီး၊ နေ့တိုင်း လေ့ကျင့်ရေးဆင်းနေတာကို မြင်တွေ့နေရတဲ့အပြင်၊ ကွင်းထဲမှာ ထူးခြားဆန်းပြားတဲ့ အရာတွေကို ဖန်တီးပြနေတာကို မြင်နေရတဲ့ ကျွန်တော်တို့အတွက်တော့ သူဟာ အမြဲတမ်း ထူးခြားနေတုန်းပါပဲ။"

"လွန်ခဲ့တဲ့ အသက် ၂၃ နှစ်၊ ၂၄ နှစ်အရွယ် ဂွါဒီယိုလာရဲ့ ဘာစီလိုနာအသင်းမှာ မက်ဆီ ဘယ်လောက်တောင် ကြောက်စရာကောင်းအောင် ကစားခဲ့မလဲဆိုတာကို ကျွန်တော် စိတ်တောင် မကူးကြည့်ရဲပါဘူး။"

"ကျွန်တော် ထင်ပါတယ်... သူ ဘောလုံး ဆက်မကစားချင်တော့ဘဲ အလိုဆန္ဒတွေ ပျောက်ဆုံးသွားမယ့် နေ့တစ်နေ့ ရောက်မလာမချင်းတော့ သူဟာ ကမ္ဘာ့အကောင်းဆုံးအဖြစ်ပဲ ထာဝရ ရှိနေဦးမှာပါ။ အဲဒီအချိန် (ကစားချင်စိတ် ကုန်ခမ်းသွားမယ့်အချိန်) ရောက်လာမှသာ... သူဟာ အကောင်းဆုံးအဆင့်ကနေ ရပ်တန့်သွားမှာ ဖြစ်ပါတယ်"

- အာဂျင်တီးနားနည်းပြ စကာလိုနီ

11/07/2026

"ပရိသတ်တစ်ယောက်ရဲ့ အမြင့်ဆုံးအိပ်မက်နဲ့ ဂန္ထဝင်ကြီးရဲ့ နှလုံးသား... 🥹❤️✨

လူအများစုအတွက် ဘောလုံးဆိုတာ စီးပွားရေးတစ်ခု၊ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကောင်လေး iShowSpeed အတွက်တော့ ဘောလုံးဆိုတာ ခရစ်စတီယာနို ရော်နယ်ဒို ဆိုတဲ့ လူသားတစ်ယောက်တည်းပါပဲ။

ဒီနေ့တော့ ကမ္ဘာ့ဖလားစင်မြင့်ထက်ကနေ အားလုံးရဲ့ ရင်ကို လှုပ်ခတ်သွားစေမယ့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အမြဲတမ်း ဆူညံပေါက်ကွဲပြီး ဟာသတွေလုပ်နေတတ်တဲ့ Speed တစ်ယောက်... သူ့ရဲ့ အသည်းစွဲ အိုင်ဒေါကြီး ရော်နယ်ဒိုဆီကနေ အခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုယ်တိုင်စီးထားတဲ့ ဘောလုံးကန်ဖိနပ်အစစ်ကို လက်ဆောင်အဖြစ် လက်ခံရရှိချိန်မှာတော့ ဘာစကားမှမပြောနိုင်ဘဲ ကလေးတစ်ယောက်လို မျက်ရည်ဝဲပြီး ဆွံ့အသွားခဲ့ရရှာပါတယ်။

"ဒါဟာ ပရိသတ်တစ်ယောက် ရရှိနိုင်တဲ့ အကြီးမားဆုံး ဂုဏ်ပြုမှုပါပဲ" 👟👑

သူဟာ ရော်နယ်ဒိုနောက်ကို ကမ္ဘာပတ်ပြီး လိုက်အားပေးခဲ့တယ်၊ ပရိသတ်တွေ ဝိုင်းလှောင်ပြောင်တာကို ခံခဲ့ရဖူးတယ်၊ ဒါပေမဲ့ ရော်နယ်ဒိုအပေါ်ထားတဲ့ သူ့ရဲ့ သစ္စာတရားက ဘယ်တုန်းကမှ မယိမ်းယိုင်ခဲ့ပါဘူး။ အခုတော့ ကမ္ဘာ့အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးရဲ့ သမိုင်းဝင် ဖိနပ်တစ်စုံကို ရော်နယ်ဒိုကိုယ်တိုင်က သူ့ရဲ့ အချစ်ဆုံးညီငယ်လေးတစ်ယောက်လို ရင်ခွင်ဖွင့်ပြီး လက်ဆောင်ပေးအပ်ခဲ့ပါပြီ။

ဖိနပ်ကို ပွေ့ပိုက်ထားတဲ့ Speed ရဲ့ ပုံစံက ကမ္ဘာ့ဖလားကို ရရှိထားသလိုမျိုး အတိုင်းထက်အလွန် ကြည်နူးစရာကောင်းလွန်းလှပါတယ်။

11/07/2026

ဒီနေ့တော့ ပွဲကောင်းတွေလာပြီ

11/07/2026

"ဘောလုံးပွဲထက် ပိုအရေးကြီးတဲ့ လူ့အသက်... (ကိုလံဘီယာကြယ်ပွင့် ဂျာမင်တန် ကန်ပက်ဇ် ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှု)" 🇨🇴💔⚠️

ကိုလံဘီယာနဲ့ ဆွစ်ဇာလန်တို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲတုန်းက အချိန်ပို မိနစ် ၁၁၅ မှာ ဂျာမင်တန် ကန်ပက်ဇ်တစ်ယောက် လုံးဝ ဂိုးဝင်ရမယ့် ရွှေရောင်အခွင့်အရေးကြီးကို လွဲချော်ခဲ့ပါတယ်။ အဲဒီနောက် ပင်နယ်တီအဆုံးအဖြတ်မှာ ကိုလံဘီယာအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ ဒါပေမဲ့ ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလွန်းလှပါတယ်။

Infobae သတင်းဌာနရဲ့ ဖော်ပြချက်အရ... အသက် ၂၆ နှစ်အရွယ် ကိုလံဘီယာ တိုက်စစ်ကစားသမား ကန်ပက်ဇ်ဟာ အသင်းဖော်တွေနဲ့အတူ ဘိုဂိုတာမြို့ကို ပြန်မယ့် လေယာဉ်ကို အတူတူ လိုက်ပါစီးနင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့... သူ့ရဲ့ မိသားစုဝင်တွေနဲ့ သူ့ကိုပါ သတ်ပစ်မယ်ဆိုပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ဆက်တိုက် ရရှိနေခဲ့လို့ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူဟာ ဗန်ကူးဗားမြို့မှာတင် ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ကွန်မန့် (Comment) ပိတ်ထားကာ သူ့အပေါ် စာနာထောက်ထားပြီး လေးစားပေးကြဖို့ တောင်းဆိုထားရရှာပါတယ်။

တကယ်တော့ ကန်ပက်ဇ်ဟာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအတွက် ဂိုးသွင်းပေးခဲ့သလို၊ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်အထိ အစွမ်းကုန် ရုန်းကန်ကစားပေးခဲ့သူပါ။ ဒါတောင်မှ... အချို့သော အစွန်းရောက်ပရိသတ်တွေက ဂိုးလွဲချော်မှုတစ်ခုတည်းအပေါ် အခြေခံပြီး ကစားသမားတစ်ယောက်ရဲ့ အသက်ကို ခြိမ်းခြောက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်လို့ သတ်မှတ်ကာ ရက်စက်ခဲ့ကြတာကြောင့် သူဟာ ကနေဒါနိုင်ငံမှာတင် သောင်တင်ကျန်ရစ်ခဲ့ရပါတယ်။

11/07/2026

ဘယ်လ်ဂျီယံရဲ့ ခံစစ်တံတိုင်းကြီးကို ကြည့်ပြီး "အချိန်ပို သွားရတော့မယ်၊ ပင်နယ်တီအထိ ရောက်ရင် ခက်ပြီ" ဆိုပြီး ရင်တမမ ဖြစ်နေတဲ့ စပိန်ပရိသတ်တွေကို… အိမ်မက်ဆိုးထဲကနေ ဆွဲနှုတ်ပေးလိုက်တာ ဘယ်သူလဲ?

အခြားသူမဟုတ်ပါဘူး… အရန်ခုံက ထလာပြီး ပြိုင်ဘက်တွေကို ငိုကြွေးစေခဲ့တဲ့ မီကဲလ် မာရင်နို ပါပဲဗျာ။
"ဒါ ယူရို ၂၀၂၄ က ဇာတ်ညွှန်းဟောင်းကြီးအတိုင်းပဲလေ!" 📜✨ ဂျာမနီကို မိနစ် ၁၁၉ မှာ ဇာတ်သိမ်းပေးခဲ့တဲ့ မာရင်နိုရဲ့ ဗီဇက အခု ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက်စင်မြင့်ထက်မှာ ပိုပြီးတော့တောင် ကြောက်စရာ ကောင်းလာပါပြီ။ ၁၆ သင်းအဆင့်မှာလည်း သူပဲ ကယ်တယ်... ဒီမနက် ကွာတားဖိုင်နယ်မှာလည်း သူပဲ ပွဲသိမ်းပေးသွားတယ်။ ပြိုင်ဘက်တွေက ယာမားနဲ့ နီကို ဝီလျံတို့ကိုပဲ ဝိုင်းပိတ်ဖို့ ပြင်ဆင်လာချိန်မှာ… မာရင်နိုက အနောက်ကနေ "Shadow Striker" (အရိပ်တိုက်စစ်မှူး) လို ခိုးဝင်ပြီး ပွဲကို အပြီးသတ် သတ်ပစ်လိုက်တာပါ။

ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖို့ဆိုတာ ပွဲထွက် ၁၁ ယောက်ကောင်းရုံနဲ့ မရပါဘူး။ အရန်ခုံမှာ အခုလို အဆိပ်ပြင်းတဲ့ လျှို့ဝှက်လက်နက်မျိုး ရှိနေမှ ရတာပါ။ မာရင်နိုဟာ အခုအချိန်မှာတော့ စပိန်ပရိသတ်တွေရဲ့ အသည်းစွဲ၊ ပြိုင်ဘက်တွေရဲ့ အိပ်မက်ဆိုးအဖြစ် သမိုင်းတွင်သွားခဲ့ပါပြီ။

💬 အနှစ်ချုပ်: "စပိန်အသင်း ဒုက္ခရောက်နေပြီလား? ဘာမှမပူနဲ့… ကွင်းဘေးမှာ မာရင်နို သွေးပူလေ့ကျင့်ခန်း လုပ်နေပြီ!" ဆိုတဲ့ တော်ကီကတော့ ဒီနေ့အတွက် အလန်းဆုံး ဖြစ်နေမှာပါပဲဗျာ။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Pansodan, Kyauktada
Yangon
13305