18/08/2026
🇲🇲🏆 Badminton Asia Southeast Asia Regional Championships 2026 ပြိုင်ပွဲကြီးတွင် မြန်မာ့လူငယ်လက်ရွေးစင် ကြက်တောင်အသင်းမှ အသင်းလိုက် ချန်ပီယံ ရွှေတံဆိပ် (၃) ဆု ဆွတ်ခူးရရှိ 🏆🇲🇲
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပနေလျက်ရှိသော Badminton Asia Southeast Asia Regional Championships 2026 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် (MBF) ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် နည်းပြများ၏ စနစ်တကျ ဦးဆောင်မှု၊ အားကစားသမားများ၏ စည်းလုံးညီညွတ်စွာ လက်တွဲကြိုးပမ်းမှုတို့ဖြင့် မြန်မာ့လူငယ်လက်ရွေးစင် ကြက်တောင်အသင်းသည် အသင်းလိုက် ချန်ပီယံ ရွှေတံဆိပ် (၃) ဆု ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးယူဆောင်ပေးနေပါသည်။ 👏🔥
✨ အသင်းလိုက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးထားသည့် မြန်မာ့လူငယ်လက်ရွေးစင် အားကစားသမားများ
🏸 U-16 အသင်းလိုက် အားကစားသမားများ
* Min Myat Moe
* Kaung Myat Chan Tha
* Thoon Nadi Phyoe
* Nang Sam Chan Thaw
🏸 U-19 အသင်းလိုက် အားကစားသမားများ
* Nyan Shaine Lin
* Hein Thiha Aung
* Lin Lin Htet
* Nang Seng Hlaing Main
🏸 U-23 အသင်းလိုက် အားကစားသမားများ
* Phyoe Thurain Kyaw
* Lal Zuidika
* Eaint Chit Phoo
* Su Latt
👑အသင်းအုပ်ချုပ်သူနှင့် နည်းပြအဖွဲ့
* အထွေထွေအတွင်းရေးမှူး: ဦးဘရန်းမိုင်း (General Secretary)
* နည်းပြများ: ဦးအောင်မျိုးထူး နှင့် ဦးချမ်းဝင်းဦး
🙏 အထူးကျေးဇူးတင်လွှာ : မြန်မာ့လူငယ်လက်ရွေးစင် အသင်းလိုက် အောင်မြင်မှု ခရီးစဉ်အတွက် အဓိက ပံ့ပိုးကူညီပေးခဲ့ကြသော MAXX Sports Myanmar , I M HONEY Myanmar BeeCare Energy Gel နှင့် Vito-Myanmar Soy Milk တို့အား မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
👉 တိုင်းပြည်အတွက် အသင်းလိုက် ချန်ပီယံဆုကြီး ဆွတ်ခူးပေးခဲ့သည့် မြန်မာ့လူငယ်လက်ရွေးစင် ကြက်တောင်အားကစားသမားများကို မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် (MBF)မှ လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူအပ်ပါသည်။
🇲🇲🏆 MYANMAR JUNIOR NATIONAL BADMINTON TEAM CLINCHES 3 TEAM CHAMPIONSHIP GOLD MEDALS AT THE BADMINTON ASIA SOUTHEAST ASIA REGIONAL CHAMPIONSHIPS 2026 🏆🇲🇲
At the Badminton Asia Southeast Asia Regional Championships 2026, currently ongoing in Phnom Penh, Cambodia, the Myanmar Junior National Badminton Team has proudly secured 3 Team Championship Gold Medals, driven by the strategic leadership of the MBF President, General Secretary, and coaches, alongside the unity and dedication of our athletes! 👏🔥
✨ Team Gold Medalists - Myanmar Junior National Team
🏸 U-16 Team Athletes
* Min Myat Moe
* Kaung Myat Chan Tha
* Thoon Nadi Phyoe
* Nang Sam Chan Thaw
🏸 U-19 Team Athletes
* Nyan Shaine Lin
* Hein Thiha Aung
* Lin Lin Htet
* Nang Seng Hlaing Main
🏸 U-23 Team Athletes
* Phyoe Thurain Kyaw
* Lal Zuidika
* Eaint Chit Phoo
* Su Latt
👑 Team Officials & Coaching Staff
* General Secretary: U Bran Mai
* Coaches: U Aung Myo Htoo and U Chan Win Oo
🙏 Special Thanks The Myanmar Badminton Federation extends its deepest gratitude to MAXX Sports Myanmar, I M HONEY Myanmar BeeCare Energy Gel နှင့် Vito-Myanmar Soy Milk for their essential support throughout the Myanmar Junior National Team's victorious journey.
👉 The Myanmar Badminton Federation (MBF) extends its warmest congratulations to our junior national badminton players for bringing home the Team Championship Gold Medals for the nation!
17/08/2026
🏸 Badminton Asia Southeast Asia Regional Championships 2026
Mixed Team Event 🇲🇲
Together as one team, fighting for every point, every rally, and every moment. 💪🔥
Proud to represent Myanmar and give our very best on court! 🇲🇲❤️
One Team • One Dream • One Fight 🏸
16/08/2026
Badminton Asia Southeast Asia Regional Championships 2026
Mixed Team U16
Myanmar 🇲🇲 vs Timor Leste 🇹🇱
Mixed Team U19
Myanmar 🇲🇲 vs Laos 🇱🇦
9 am (Cambodia)
16.8.2026
11/08/2026
Badminton Asia Southeast Asia Regional Championships 2026 (Individual)
📍 ဖနွမ်းပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ
📅 ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် မှ ၂၁ ရက်အထိ
အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများမှ ထိပ်တန်းကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် Badminton Asia Southeast Asia Regional Championships 2026 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) မှ စေလွှတ်သော လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။
🏆 ယှဉ်ပြိုင်မည့် အသက်အရွယ်အုပ်စုများ
• Senior (အလွတ်တန်း)
• U19 (အသက် ၁၉ နှစ်အောက်)
• U16 (အသက် ၁၆ နှစ်အောက်)
🏸 ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများ
• အမျိုးသားတစ်ဦးချင်း (MS)
• အမျိုးသမီးတစ်ဦးချင်း (WS)
• အမျိုးသားနှစ်ယောက်တွဲ (MD)
• အမျိုးသမီးနှစ်ယောက်တွဲ (WD)
• အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲ (XD)
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အုပ်စုအားလုံးရှိ ပြိုင်ပွဲအမျိုးအစားစုံတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ပါသည်။ 💪
⏰ ပွဲစဉ်အသေးစိတ်နှင့် ပွဲစဉ်အချိန်ဇယားများကို ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် ဆက်လက်ကြေညာပေးသွားပါမည်။
📊 ပွဲစဉ်ရလဒ်များကို အောက်ပါနေရာများတွင် ဆက်လက်ဖော်ပြပေးသွားပါမည်
• MBF ၏ တရားဝင် Facebook စာမျက်နှာ • MBF ဝက်ဘ်ဆိုက် — https://www.myanmarbadmintonfederation.org/
နောက်ဆုံးရ သတင်းများနှင့် ပွဲစဉ်ရလဒ်များ လက်လွတ်မခံရစေရန် MBF စာမျက်နှာကို Follow လုပ်ထားပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
10/08/2026
🏸 BWF Level 1 Coaching Course အောင်မြင်စွာ ပြီးမြောက်! 🏸
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) မှ ကြီးမှူးကျင်းပသော BWF Level 1 Coaching Course ကို [7.7.2026] မှ [11.7.2026] အထိ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၊ အမျိုးသားကြက်တောင်အားကစားခန်းမ လမ်းမတော်မြို့နယ် တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါပြီ။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နည်းပြများ တက်ရောက်ခဲ့ပြီး သင်တန်းကာလအတွင်း —
✅ ကြက်တောင်အခြေခံနည်းစနစ်များ သင်ကြားပေးနည်း
✅ လေ့ကျင့်ရေးအစီအစဉ် ရေးဆွဲခြင်း
✅ ကလေးငယ်များအတွက် သင်ကြားနည်း
✅ လက်တွေ့ကွင်းဆင်း သင်ကြားမှုများ စသည်တို့ကို လေ့လာဆည်းပူးခဲ့ကြပါသည်။
အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ကြသော နည်းပြအားလုံးကို MBF မှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သင်တန်းကို စိတ်ရှည်လက်ရှည် ပို့ချပေးခဲ့သော BWF နည်းပြဆရာ Mr. Sambenthan Sivaperumal နှင့် Ms. Ei Ei Chaw သင်တန်းအောင်မြင်စွာ ပြီးမြောက်ရေးအတွက် ပါဝင်ကူညီပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
မြန်မာ့ကြက်တောင်အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသော နည်းပြများ မွေးထုတ်ပေးနိုင်ရန် MBF အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 🇲🇲
#ကြက်တောင်
22/07/2026
JUNIOR CHAMPIONSHIPS 2026
ပြိုင်ပွဲဝင်စာရင်းများ စစ်ဆေးနိုင်ပါရန်နှင့် စာရင်းကျန်ရှိပါက ဆက်သွယ်ခဲ့သောဖုန်းနံပါတ် Viber သို့ 23.7.2026 ရက်နေ့ နံနက် 8:00 နာရီ နောက်ဆုံးထားဆက်သွယ်ပေးနိုင်ပါရန် အသိပေးအပ်ပါသည်။
09/07/2026
📢 အသိပေးကြေညာချက်
🏸 Junior Championships 2026 ပြိုင်ပွဲအား မူလကြေညာထားသည့် 23 – 26 July 2026 ရက်များအစား 29 July - 1 August 2026 ရက်များသို့ ပြောင်းရွှေ့ကျင်းပမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ပြိုင်ပွဲဝင် စာရင်းအား 17.6.2026 ရက်နေ့ နောက်ဆုံးထား ပေးသွင်းနိုင်ပါသည်
23/06/2026
Congratulations 🎉
Badminton Asia Development Team congratulates Hein Htut (MYA) on qualifying to participate in the BWF World Championships, to be held in New Delhi.
Congratulations, Hein Htut! Wishing you success on the world stage.