07/07/2026
MNL Transfer News!
ဩဂုတ်လနောက်ဆုံးပတ်တွင် စတင်ကျင်းပသွားရန်လျာထားသော ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းများ၏ ရာသီကြိုပြင်ဆင်မှုများနှင့် ခြေလှမ်းသွက်သွက်လှုပ်ရှားလာမှုများကို ခပ်စိပ်စိပ်တွေ့လာနေရပြီဖြစ်သည်။
ရာသီကြိုပြင်ဆင်မှုဆိုရာတွင် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲအပြင် အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် AFC Challenge League စသည့် ပြိုင်ပွဲအတွက် လုံလောက်သောကစားသမားစုဖွဲ့မှု အပိုင်းကိုပါ စနစ်တကျ ပြင်ဆင်မှုများလည်း တွေ့ရသည်။
၂၀၂၆-၂၇ ရာသီအတွက် ပြင်ဆင်နေသည့်အသင်းများတွင် ပြည်တွင်း၊ပြည်ပပြိုင်ပွဲနှစ်ရပ်ကို ယှဉ်ပြိုင်သွားရမည့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီသည် ကစားသမားသစ်ခေါ်ယူစာချုပ်ချုပ်ဆိုခြင်းများကို အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ ထို့အတူ တန်းတက် ရန်ကုန်စီးတီးအက်ဖ်စီအနေဖြင့် ကစားသမားခေါ်ယူမှုအပိုင်းတွင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြည်တွင်း၊ပြည်ပကစားသမားများစွာကို ခေါ်ယူထားကာ ရာသီသစ်အတွက် စိုင်းပြင်းလျက်ရှိသည်ကို တွေ့ရသည်။
အလားတူ တစ်ကျော့ပြန်အောင်မြင်မှုများ စိုက်ထူနိုင်ရန် ကြိုးပမ်းနေသည့် ရတနာပုံအက်ဖ်စီ၊ ချန်ပီယံဆု စိန်ခေါ်နိုင်ဖို့ ပြန်လည်ကြိုးစားလာသည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် မတူခြားနားသော ရာသီသစ်တစ်ခုပိုင်ဆိုင်ရန် ကြိုးပမ်းနေသည့် တန်းတက် မြဝတီအက်ဖ်စီအသင်း၏ ရာသီသစ်အတွက် ပြင်ဆင်မှုများလည်း တွေ့မြင်ရမည်ဖြစ်သည်။
လတ်တလော တရားဝင်သတင်းထုတ်ပြန်ထားပြီးဖြစ်သည့် ကလပ်အသင်းများ၏ ကစားသမားခေါ်ယူထားမှုများဖြစ်ပြီး အပြောင်းအရွှေ့သတင်းများကို ထပ်မံဖော်ပြပေးသွားပါမည်။
ရန်ကုန်ယူနိုက်တက်အက်ဖ်စီ
မောင်မောင်လွင် (ကွင်းလယ်/ကစားသမားဟောင်း)၊ ဟိန်းဖြိုးဝင်း (နောက်တန်း/ရှမ်းယူနိုက်တက်)၊ ပြည်မိုး (တိုက်စစ်/ ရတနာပုံ)၊ ဒန်နီရယ်မူဆက်ကင်(ကွင်းလယ်/ရုရှား)၊ သီယာဂို သောမတ်(နောက်တန်း/ဘရာဇီး)၊ မူစတာဖာ (တိုက်စစ်/ကင်မရွန်း)၊ ဂိုင်းမစ်ချယ် (ကွင်းလယ်/ကင်မရွန်း)၊ အော်တိုဆိုင်တို(ကွင်းလယ်/ဂျပန်)
ရတနာပုံအက်ဖ်စီ
သီဟထက်အောင်(နောက်တန်း/)၊ ဆွန်လမ်မန် (တိုက်စစ်/ဒဂုံစတားယူနိုက်တက်)၊ သက်ပိုင်ထွေး (ကွင်းလယ်/ ဒဂုံစတားယူနိုက်တက်)၊ မိုးဆွေ (ကွင်းလယ်/ ဒဂုံစတားယူနိုက်တက်)၊ သန်းတိုးအောင် (ကွင်းလယ်/ ISPE FC)၊ အောင်ကျော်အေး (နောက်တန်း/ရခိုင်ယူနိုက်တက်)၊ ဟိန်းသက်ဖြိုး (တိုက်စစ်/ချင်းလန်းအက်ဖ်စီ)၊ ဈာနေယျသူ(ကွင်းလယ်/ ဒဂုံစတားယူနိုက်တက်)၊ ဇော်ထက်အောင် (ကွင်းလယ်/ ဧရာဝတီယူနိုက်တက်)၊ ခန့်မင်းသန့် (ဂိုး/ရခိုင်ယူနိုက်တက်)၊ ပြည့်ဖြိုးအောင် (ဂိုး/ဟံသာဝတီယူနိုက်တက်)
ရန်ကုန်စီးတီးအက်ဖ်စီ
ဇွဲခန့်မင်း၊ဇွဲထက်မင်း၊(နောက်တန်း/ရှမ်းယူနိုက်တက်)၊ မြတ်ကောင်းခန့်(ကွင်းလယ်/ရှမ်းယူနိုက်တက်)၊ သန်းတိုးအောင်(တိုက်စစ်/ဟံသာဝတီယူနိုက်တက်)၊ စိုးအားကာ(ဂိုး/ဧရာဝတီယူနိုက်တက်)၊ ဘုန်းသစ္စာမင်း (ဂိုး)၊ ပက်ဒရိုဟင်ဟီကီ (နောက်တန်း/ဘရာဇီး)၊ ဂီလ်မာ(နောက်တန်း/ဘရာဇီး)
ဒဂုံစတားယူနိုက်တက်အက်ဖ်စီ
အဲရစ်ကန်တိုနာ (တိုက်စစ်/ကင်မရွန်း)၊ Messo (ကွင်းလယ်/ကင်မရွန်း)၊ ကျော်သီဟဇော် (ISPE FC)၊ ခန့်ဇင်ဟိန်း (မဟာယူနိုက်တက်)၊ ဟိန်းဇော်နိုင် (နောက်တန်း/ရတနာပုံ)၊ လှထွန်း(နောက်တန်း/သစ္စာအားမာန်)၊ ရဲပြည့်စုံ(နောက်တန်း/ရတနာပုံ)
မြဝတီအက်ဖ်စီ
အောင်မြတ်သူ (တိုက်စစ်/ဟံသာဝတီယူနိုက်တက်)၊ မျိုးဇော်ဦး(တိုက်စစ်/ရတနာပုံ)၊ ရန်နိုင်ဖြိုး (ကွင်းလယ်/ရခိုင်ယူနိုက်တက်)၊ မောင်မောင်ဝင်း (ကွင်းလယ်/ ဒဂုံစတားယူနိုက်တက်)၊ ခင်ကျော်ဝင်း (တိုက်စစ်/ ရခိုင်ယူနိုက်တက်)၊ ရဲလှိုင် (နောက်တန်း/ကချင်ယူနိုက်တက်)၊ ဝေယံမင်းအောင် (ဂိုး/ရတနာပုံ)
05/07/2026
MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7)ပွဲစဉ်များအပြီး အမှတ်ပေးဇယား ရပ်တည်မှုဖြစ်ပါသည်။
ခုနစ်ပွဲစီ ကစားအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က ရမှတ် ၁၇ မှတ်စီဖြင့် အဆင့် ၁ ၊ ၂ နေရာများတွင် ဦးဆောင်ရပ်တည်နေကြသည်။
05/07/2026
ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) ရလဒ်များ ဖြစ်ပါသည်။
ယခုတစ်ပတ်တွင် ရှမ်းယူနိုက်တက်အသင်း၊ ဒဂုံစတားယူနိုက်တက်အသင်း၊ မြဝတီအသင်း၊ သစ္စာအားမာန်အသင်း၊ ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရခဲ့ကြသည်။ (Week-7 ) အပြီး အမှတ်ပေးဇယားကို ဆက်လက်ထုတ်ပြန်ပေးပါမည်။
05/07/2026
အမှတ်ပေးဇယားထိပ်ဆုံးက ရန်ကုန်ယူနိုက်တက်အသင်း ရမှတ်လျော့ထားတာကြောင့်
ယနေ့မှာ နိုင်ပွဲရဖို့ ပိုမိုကြိုးစားလာမယ့် ISPE FC အသင်းနှင့် အဆင့် ( ၁၁) နေရာက ဟံသာဝတီယူနိုက်တက်အသင်းတို့ ဗဟန်းကွင်း၌ ယှဉ်ပြိုင်ကစားသွားမည့် ပွဲနေ့ဖြစ်ပါသည်။
Match Day!
Date- 5-7-2026
MNL U20 League 2026
Week-7
ISPE FC Vs Hantharwady United FC
Time- 3:30 PM
Venue – Bahan Stadium
Live Stream- Myanmar National League YouTube
04/07/2026
ယနေ့ ကစားခဲ့သည့် MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ(Week-7) ပွဲစဉ်များ၏ ပွဲအပြီး ရလဒ်များ ဖြစ်ပါသည်။
03/07/2026
ယနေ့ ကစားခဲ့သည့် MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ(Week-7) ပွဲစဉ်များ၏ ပွဲအပြီး ရလဒ်များ ဖြစ်ပါသည်။
ဒဂုံစတားယူနိုက်တက်အသင်းက Chinland အသင်းကို ကိုးဂိုး နှစ်ဂိုးဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့ကြပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ပွဲစဉ်သည် တစ်ဂိုးစီ သရေကျခဲ့သည်။
01/07/2026
𝐌𝐢𝐥𝐞𝐬 𝐚𝐩𝐚𝐫𝐭.
𝐎𝐧𝐞 𝐚𝐦𝐛𝐢𝐭𝐢𝐨𝐧.
𝐅𝐫𝐨𝐦 𝐑𝐮𝐬𝐬𝐢𝐚 𝐭𝐨 𝐘𝐚𝐧𝐠𝐨𝐧, 𝐚 𝐧𝐞𝐰 𝐜𝐡𝐚𝐩𝐭𝐞𝐫 𝐛𝐞𝐠𝐢𝐧𝐬. 🇷🇺➡️🇲🇲
30/06/2026
"အသင်းက မိသားစုလိုပါပဲ" ❤️🦁
🗣️"ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ။ ကျွန်တော် AFC ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကစားချင်ပါတယ်။ အသင်းကလည်း လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာ လာအိုကလပ်အသင်းနဲ့ AFC ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒါတွေက ကျွန်တော် အသင်းမှာ ပြန်လည် ကစားရတဲ့ အရေးပါတဲ့အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဒီအသင်းဟာ ကျွန်တော့်အတွက် မိသားစုလို ခံစားရတဲ့အသင်းဖြစ်ပါတယ်။ အသင်းဥက္ကဋ္ဌ ကလည်း နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်။ ဥက္ကဌနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။🦁
၂၀၁၈ ခုနှစ်ကတည်းက ကျွန်တော့်ကို အမြဲတမ်းယုံကြည်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတစ်ကြိမ် အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာလည်း အရင်လိုပဲ ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိမယ်လို့ မျှော်လင့်ပါတယ်။"
— မောင်မောင်လွင်
"This Club Feels Like Family." ❤️🦁
🗣️"As I've said before, I want to compete in AFC competitions. The club will be playing an AFC match against a Lao club on August 11, and that was one of the key reasons behind my decision.
Another important reason is that this club truly feels like family to me. The club president gave me a very warm welcome, and after our discussions, I decided to rejoin Yangon United.🦁
I would like to sincerely thank all the supporters who have believed in me and stood by me since I first joined the club in 2018. As I begin this new chapter with Yangon United, I hope to continue receiving the same incredible support from our fans as we strive for success together."
— Mg Mg Lwin
29/06/2026
ရန်ကုန်ယူနိုက်တက်အက်ဖ်စီ-သစ္စာအားမာန်အက်ဖ်စီ
နှစ်ပွဲဆက်အနိုင်ရလဒ်နှင့်အတူ အမှတ်ပေးဇယားအဆင့်(၃) နေရာရပ်တည်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ Week-3 မှာ သစ္စာအားမာန်အသင်းကို Y.U.S.C ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရတဲ့ပွဲစဉ်ဖြစ်ပြီး ယုယုနိုင်၊ ဆွေမာအောင်၊ အေးအေးထွေး၊ ဇင်မိုးပြည့်တို့ ဦးဆောင်လာမယ့် ရန်ကုန်အသင်း ဘာတွေထပ်လုပ်ပြနိုင်မလဲ စိတ်ဝင်စားစရာပါ။
တစ်ဖက်မှာ သစ္စာအားမာန်အသင်းအနေနဲ့ ပြီးခဲ့တဲ့အပတ်မှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် တိုးတက်မှု အရိပ်အယောင်တွေမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သစ္စာအားမာန်အသင်းကပဲ ယခုနှစ်ရာသီ ပထမဦးဆုံးနိုင်ပွဲကို ဆောင်ကျဉ်းသွားနိုင်မလား... အမြင့်ပျံဖို့ အရှိန်ယူနေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းကပဲ သုံးပွဲဆက်နိုင်ပွဲကို ဖော်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
Match Day!
🗓️29-6-2026
Myanmar Women's League 2026-27
Week-3
🤔 Yangon United FC Vs Thitsar Arman FC
🕞-3:30 PM
🏟️ Y.U.S.C
📺 Live On- MRTV-4
Live Stream -Pyone Play Sports YouTube