Myanmar Lethwei World Championship

Myanmar Lethwei World Championship

Share

Official Page Of Myanmar Lethwei World Championship (MLWC)

27/08/2026

ထွန်းမင်းအောင်🟥 Vs ရှင်းသန့်အောင်🟦
ဆဌမအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးရဲ့ ၄ ချီထိုးသတ်ယှဉ်ပြိုင်ခဲ့ကြတဲ့ ထွန်းမင်းအောင်🟥 Vs ရှင်းသန့်အောင်🟦 တို့ရဲ့ ပွဲစဉ်ကို မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များအတွက် တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
နောက်ထပ်လည်း MMAG Youtube Channel မှာ စိတ်လှုပ်ရှားဖွယ်ရရာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကောင်းများစွာကို ဆက်လက်တင်ဆက်ပေးနေတာြဖစ်လို မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်ကြီးအနေဖြင့် MMAG ကို Subscribe လုပ်ပြီး စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပွဲအစအဆုံးကြည့်ရန် Link
https://youtu.be/7BkolYbPV-I?si=67F8dEjckavvh2K0

MMAG YouTube Official Channel Link
https://youtube.com/?si=B5ADXz4mZ2sZT5qP

MMAG TikTok Official Channel Link
https://www.tiktok.com/?_r=1&_t=ZS-98YTCkOwreJ

Myanmar Lethwei World Championship Official Page Link
https://www.facebook.com/share/19EtxSJYnr/
#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌‌ဝှေ့ #လက်ဝှေ့

18/08/2026

MLWC-11 ပြိုင်ပွဲကြီးကို MMAG YoutTube Channel မှာ ပြန်လည်ပြသမည်

၂၀၂၆ ခုနှစ်၊ ဩဂုတ် ၉ ရက်နေ့ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာချန်ပီယံပြိုင်ပွဲကြီး (MLWC-11) ကို မကြာမီအချိန်အတွင်း MMAG YouTube Channel တွင် ပြန်လည်ပြသမည် ဖြစ်ကြောင်း မြန်မာ့ရိုးရာလက်ဝှေ့ကို တန်ဖိုးထားမြတ်နိုးအားပေးကြသည့် ပရိသတ်များကို သတင်းကောင်းပါးအပ်ပါသည်...။

MMAG YouTube Official Channel Link
https://youtube.com/?si=B5ADXz4mZ2sZT5qP

MMAG TikTok Official Channel Link
https://www.tiktok.com/?_r=1&_t=ZS-98YTCkOwreJ

Myanmar Lethwei World Championship Official Page Link
https://www.facebook.com/share/19EtxSJYnr/

#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌ေဝှ့ #လက်ဝှေ့

12/08/2026

MLWC-11 ၏ ပွဲကြိုခန့်မှန်းဆုပေးခြင်း အစီအစဉ်မှ ဆုရရှိသူများကို ထုတ်ပြန်ကြေညာ
ရန်ကုန်၊ ဩဂုတ် ၁၂
မြန်မာ့ရိုးရာလက်ဝှေ့ ပရိသတ်များ၏ အားပေးဝန်းရံမှုနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့သည့် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC-11) ၏ "ပွဲစဉ်ရလဒ်များ ကြိုတင်ခန့်မှန်း၍ ဆုငွေများ ရယူပါ" အစီအစဉ်မှ ဆုရရှိသူ အမည်စာရင်းကို Myanmar Martial Arts Group (MMAG) မှ တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ပွဲကြိုခန့်မှန်းခြင်းအစီအစဉ်ကို Myanmar Lethwei World Championship Official page နှင့် MMAG YouTube Channel Community Post တို့တွင် ဩဂုတ်လ ၈ ရက်၊ နေ့လယ် ၃ နာရီ ၂၄ မိနစ်မှ စတင်၍ ဩဂုတ်လ ၉ ရက်၊ နေ့လယ် ၂ နာရီတိတိအထိ သတ်မှတ်ကာလအတွင်း ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ သတ်မှတ်ချိန်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသူ ပရိသတ်ပေါင်းများစွာ တက်ကြွစွာ ပါဝင်ဖြေဆိုခဲ့ကြသည်။

MMAG တာဝန်ရှိသူများအနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ဝင်ရောက်ဖြေဆိုထားသည့် Social Media Account များ၏ ပွဲကြိုခန့်မှန်းချက်များကို စိစစ်သုံးသပ်ခဲ့ပြီးနောက် ဆုရရှိသူများနှင့် ဆုကြေးငွေပမာဏများကို အောက်ပါအတိုင်း အတည်ပြု ထုတ်ပြန်လိုက်သည် -⬇️

🥇 ပထမဆု (ငွေကျပ် ၅ သိန်းတိတိ) - Zay Phyo Maung (Facebook Account)✨👏✨👏✨👏
🥈 ဒုတိယဆု (ငွေကျပ် ၃ သိန်းတိတိ) - (YouTube Account)✨👏✨👏✨👏
🥉 တတိယဆု (ငွေကျပ် ၂ သိန်းတိတိ) - Soe Wai Yan (Facebook Account)✨👏✨👏✨👏

ဆုရရှိသွားကြသူများအားလုံးကို MMAG မှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်၊၊✨👏 ✨👏✨ထို့ပြင် ယခုအစီအစဉ်တွင် စိတ်အားထက်သန်စွာ ပါဝင်ဖြေဆိုပေးခဲ့ကြသည့် မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ် တစ်ဦးချင်းစီ၏ အားပေးမှုကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း🙏🙏🙏နှင့် နောင်တွင် MMAG မှ ဆက်လက်ဆောင်ရွက်မည့် လှုပ်ရှားမှုနှင့် အစီအစဉ်အသီးသီးတွင်လည်း ဆက်လက်ပါဝင် အားပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

🚫(မှတ်ချက်။ ။ ယခု ထုတ်ပြန်ကြေညာထားသည့် ပွဲကြိုခန့်မှန်းချက် အဖြေများ၏ စိစစ်ရွေးချယ်မှုနှင့် ပတ်သက်၍ အခြားသော ပြန်လည်သုံးသပ်ချက်၊ အငြင်းပွားဖွယ်ရာ ဖြေရှင်းချက်များနှင့် တုံ့ပြန်ဆောင်ရွက်မှုများ အသစ်ထပ်မံ ပြုလုပ်ပေးမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။)
Digital Content & Community Engagement Team
Social Media Operations Department
Myanmar Martial Arts Group (MMAG)

Photos from Myanmar Lethwei World Championship's post 09/08/2026

အဲမွီ (အဲကညော)🟥 Vs သန့်ဇင် (Python Taw Win Ayar)🟦 ပူးတွဲသ‌ရေ
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ စတုတ္ထတွဲဆိုင်း ၆၀ ကီလို/ ၅ ချီ ပြိုင်ပွဲအဖြစ် အဲမွီ (အဲကညော)🟥 Vs သန့်ဇင် (Python Taw Win Ayar)🟦 တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ချီ ပြည့်ယှဉ်ပြိုင်ပြီး‌ေသာ်လည်း အနိုင် အရှုံးမရှိ ပူးတွဲသရေ ရရှိပါတယ်။

#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌ေဝှ့ #လက်ဝှေ့

Photos from Myanmar Lethwei World Championship's post 09/08/2026

ထွန်းမင်းအောင် (Top One)🟥 Vs ရာမန် (ရိုးရာစွမ်းအား)🟦 ပူးတွဲသရေ

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ ခေါင်တွဲဆိုင်း ၇၅ ကီလို/ ၅ ချီ ပြိုင်ပွဲအဖြစ် ထွန်းမင်းအောင် (Top One)🟥 Vs ရာမန် (ရိုးရာစွမ်းအား)🟦 တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၅ ချီ ပြည့်ယှဉ်ပြိုင်ပြီး‌‌ေသာ်လည်း ပူးတွဲသရေဖြင့်သာ ပြီးဆုံးပါတယ်။

#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌ေဝှ့ #လက်ဝှေ့

09/08/2026

နိုင်ဝင်းထွန်း (Nine Lethwei)အနိုင်
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ ဒုခေါင်တွဲဆိုင်း ၆၇ ကီလို/ ၅ ချီ ပြိုင်ပွဲအဖြစ် နိုင်ဝင်းထွန်း (Nine Lethwei)🟥 Vs ကမ္ဘာရှား (ဇာထက်မိတ္ထီလာ)🟦 တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၄ ချီ ၂ မိနစ် ၃ဝ စက္ကန့်တွင် ကမ္ဘာရှား ဒဏ်ရာရရှိသဖြင့် ဆေးမှူးမှ ဆက်လက်ယှဉ်ပြိုင်ရန် ခွင့်မပြုသောကြောင့် နိုင်ဝင်းထွန်း (Nine Lethwei) မှ အနိုင်ရရှိပါသည်။

09/08/2026

နိုင်ဝင်းထွန်း (Nine Lethwe)ဒိုင်ပွဲရပ်အနိုင်
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ ဒုခေါင်တွဲဆိုင်း ၆၇ ကီလို/ ၅ ချီ ပြိုင်ပွဲအဖြစ် နိုင်ဝင်းထွန်း (Nine Lethwei)🟥 Vs ကမ္ဘာရှား (ဇာထက်မိတ္ထီလာ)🟦 တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် နိုင်၀င်းထွန်း မှ ၄ ချီ ၂ မိနစ် ၃ဝစက္ကန့်တွင် ဒိုင်ပွဲရပ်အနိုင် ရရှိသွားပါသည်။👏✨👏✨👏✨👏✨

Photos from Myanmar Lethwei World Championship's post 09/08/2026

ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်)🟥 Vs ဟိန်းထွန်းအောင် (ခေးယူးဝါး)🟦 ပူးတွဲသရေ

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ တတိယတွဲဆိုင်း ၅၆ ကီလို/ ၅ ချီ ပြိုင်ပွဲအဖြစ် ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်)🟥 Vs ဟိန်းထွန်းအောင် (ခေးယူးဝါး)🟦 တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၅ ချီ ယှဉ်ပြိုင်ပြီး‌ေသာ်လည်း
ပူးတွဲသ‌ရေ ရရှိပါတယ်။

#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌ေဝှ့ #လက်ဝှေ့

Photos from Myanmar Lethwei World Championship's post 09/08/2026

အောင်ကိုလတ် (Ray)🟥 Vs စောထိန်လင်း (555 Sports)🟦 ပူးတွဲ
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ ဒုတိယတွဲဆိုင်း ၆၅ ကီလို/ ၄ ချီ ပြိုင်ပွဲအဖြစ် အောင်ကိုလတ် (Ray)🟥 Vs စောထိန်လင်း (555 Sports)🟦 တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၄ ချီအပြည့်ထိုးပြီးသော်လည်း ပူးတွဲသရေ ရရှိသွားပါတယ်။

#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌ေဝှ့ #လက်ဝှေ့

Photos from Myanmar Lethwei World Championship's post 09/08/2026

ဒေါင်းမိုက်သွေး (Nine Lethwei)🟥 Vs စောရူဘီ (YMA) 🟦 ပူးတွဲသရေ
(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (11th Myanamr Lethwei World Championship-MLWC 11) ၏ ပထမတွဲဆိုင်း ၅၃ ကီလို/ ၄ ချီ ပြိုင်ပွဲအဖြစ် ဒေါင်းမိုက်သွေး (Nine Lethwei)🟥 Vs စောရူဘီ (YMA) 🟦တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၄ ချီအပြည့်ထိုးပြီးသော်လည်း ပူးတွဲသ‌ရ ရရှိပါတယ်။

#ရိုးရာလက်ဝှေ့ #မြန်မာ့ရိုးရာလက်‌ေဝှ့ #လက်ဝှေ့

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon
11081