ATHA Yoga Corner

ATHA Yoga Corner

Share

ATHA YOGA NUSASSANAM
စိတ်နဲ့ခန္ဓာ ကိုသင်ကိုယ်တိုင်တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင် YOGA စလေ့ကျင့်လို့ရပါပြီ

14/07/2026

Listen to your body, support it with mindful alignment. ✨

In every yoga practice, each transition and asana has a direct impact on your musculoskeletal structure.

It’s not just about pushing for flexibility, but understanding your unique anatomy to move safely and effectively. Using the right props and receiving precise adjustments can help prevent injury while allowing you to experience a deeper, more intentional stretch.

Let's cultivate better physical awareness and well-being with every breath you take.
🧘‍♂️ Begin your mindful movement journey with us at GAIA https://www.facebook.com/share/1B3sNrUWwi/?mibextid=wwXIfr.





12/07/2026

Wrap up the week, and keep the momentum flowing ✨

That’s a wrap for this week's "Anatomy Based Asanas" sessions! A heartfelt thank you to all our amazing practitioners who brought their beautiful energy and mindfulness to the mat this week.

Our journey towards better alignment, body awareness, and inner balance continues every single week. To nurture the practice we’ve built, we invite you to join us again for our regular weekly sessions.

Reconnect with your breath and refine your postures in the serene ambiance of GAIA Social Club https://www.facebook.com/share/1B3sNrUWwi/?mibextid=wwXIfr

📆 When: Every Thursday & Friday
⏰ Time: 6:00 PM – 7:00 PM
📍 Where: GAIA Social Club

Let’s continue to align, flow, and elevate together next week. See you back on the mat! 🧘‍♂️🌿

11/07/2026

ယောဂကျင့်စဉ်ဆိုတာ အပေါ်ယံ ပုံစံတကျ လှုပ်ရှားနေရုံတင်မကဘဲ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကြွက်သားတစ်ခုချင်းစီ၊ အရိုးအဆစ် တည်ဆောက်ပုံတစ်ခုချင်းစီရဲ့ သဘာဝကို သေသေချာချာ နားလည်ပြီး အသက်ရှူခြင်းနဲ့ ချိတ်ဆက်လေ့ကျင့်ရတာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်က လမ်းသစ်ရိပ်သာ Lunar Calisthenics & Yoga Studio မှာဖွင့်လှစ်ထားတဲ့ Anatomy Based Asanas အတန်းလေးမှာတော့ ကိုယ့်ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ လိုက်လျောညီထွေဖြစ်မယ့် လေ့ကျင့်မှုတွေကို ဦးစားပေးထားတာမို့ သာမန် လှုပ်ရှားမှုတွေထက် ပိုမိုထိရောက်ပြီး ဘေးကင်းတဲ့ ခန္ဓာကိုယ်အလှည့်အပြောင်းကို ခံစားရမှာဖြစ်သလို၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှု နဲ့ ခွန်အားကို တစ်ပြိုင်နက်တည်း အချိုးကျကျ မြှင့်တင်နိုင်မှာပါ။

ခန္ဓာကိုယ်ရဲ့ တကယ့်စွမ်းဆောင်ရည်ကို သိပ္ပံနည်းကျ ပြန်လည်ဖော်ထုတ်ဖို့ ကျွန်တော်တို့နဲ့အတူ လာရောက် လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်။

Anatomy Based Asanas
Saturday & Sunday
5:30pm ~ 6:30pm
8sessions/ Month


#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

Photos from ATHA Yoga Corner's post 11/07/2026

ကိုယ်တိုင်လည်း လေ့ကျင့်မှုလမ်းကြောင်းကို လျှောက်နေတယ်၊ တချိန်တည်းမှာပဲ ကိုယ်နဲ့အတူ တစ်ပါးသူတွေကိုလည်း သိရှိနားလည်လာအောင် မျှဝေမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေတဲ့ကိုယ့်အတွက် တကယ်လိုအပ်မယ် ထင်လို့ အပ်ဖြစ်အောင် အပ်ပြီး၊ တက်ဖြစ်အောင် တက်ခဲ့တဲ့ Physical Education Essential Course Batch 06.

CIFA ရဲ့ တကယ်တတ်ချင် တကယ်လုပ်၊ တကယ်တတ်မြောက်နားလည်တယ် ဆိုတဲ့ ဂုဏ်သတင်းကြောင့် ဘယ်သင်တန်းကို တက်တက် နောင်တရခဲ့ရိုး ထုံးစံမရှိသလိုပဲ ဒီတစ်ခါလည်း ကိုယ်လိုချင်တာထက် ပိုရခဲ့တယ်။

သင်တန်းကာလတောက်လျှောက် Quality Education အတွက်
အကျိုးအကြောင်းခိုင်ခိုင်လုံလုံ၊
သတင်းအချက်အလက် ဝေဝေဆာဆာနဲ့ ပြတ်ပြတ်သားသား ဆွဲခေါ်ရှင်းပြခဲ့တဲ့
ဆရာမြတ်ဇော် (Core Value) ကို ကျေးဇူးတင်ဂါရဝပြုပါတယ်။

သင်ယူတတ်မြောက်ခဲ့သမျှဟာ ကိုယ်ကိုယ်တိုင်နဲ့ ပြန်လည်မျှဝေခွင့်ရမယ့်သူတွေအတွက် စိတ်နဲ့ခန္ဓာ တသက်တာမှာ ကောင်းရာကောင်းကျိုးကိုသာ ဖြစ်ထွန်းစေရမယ်လို့ အာမခံပါတယ်။

#သင်ယူလေ့လာပညာရှာ



11/07/2026

"The beauty of a safe practice lies in the hands of precise guidance." ✨

When you deeply understand human anatomy and movement mechanics, every practice becomes significantly more effective and inherently safe.

In our private sessions, every transition—from pose to pose is carefully guided to ensure optimal alignment, spine decompression, and maximum benefits for your body.

Elevate your practice and experience the freedom of safe, structured movement with us at GAIA https://www.facebook.com/share/1B3sNrUWwi/?mibextid=wwXIfr.





10/07/2026

🧡 20Hrs Basic Anatomy Course – Batch 10 Registration Closed

Batch 10 အတွက် သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပြီး စာရင်းပေးသွင်းခဲ့ကြသူများ၊ Share ပေးပြီး ကူညီပံ့ပိုးပေးခဲ့ကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

အထူးသဖြင့် ဆရာ၊ ဆရာမများ၊ Yoga Teacher များနဲ့ မိတ်ဆွေများက မျှဝေပေးခဲ့ကြတဲ့အတွက် ဒီသင်တန်းကို လူအများပိုမိုသိရှိခဲ့ရပါတယ်။ တကယ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏

Batch 10 ဟာ သတ်မှတ်ထားတဲ့ လူဦးရေထက် ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက် သင်ကြားမှုအရည်အသွေး (Quality of Learning) ကို ဦးစားပေးထားပြီး Registration ကို ပိတ်လိုက်ပါပြီ။

လက်ရှိမှာ Waiting List ပေးထားတဲ့သူတွေလည်း ရှိနေတဲ့အတွက် Batch 11 ကို ဆက်လက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

📅 Batch 11
8 August – 18 August

💳 Registration ကို စတင်ဖွင့်ထားပြီး သင်တန်းကြေးပေးသွင်းကာ စာရင်းကြိုတင်အတည်ပြုနိုင်ပါပြီ။
Batch 10 လိုပဲ သင်တန်းအရည်အသွေးကို ထိန်းသိမ်းနိုင်ဖို့ လူဦးရေကို ကန့်သတ်လက်ခံသွားမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ အချိန်မီ စာရင်းပေးသွင်းထားဖို့ အကြံပြုလိုပါတယ်။

ခန္ဓာကိုယ်ကို ပိုမိုနားလည်ပြီး မိမိသက်ဆိုင်ရာ လေ့ကျင့်မှုတွေကို ပိုမိုလုံခြုံထိရောက်စွာ လုပ်ဆောင်နိုင်မယ့် အတွေ့အကြုံကောင်းတစ်ခုကို အတူတကွ ဖန်တီးသွားကြရအောင်။

လိုအပ်နေသူတွေနဲ့ Batch 11 မှာ ထပ်မံ ဆုံတွေ့ပါမယ်။🤍

#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

09/07/2026

ဒီပို့စ်လေးကတော့ ATHA Yoga Corner ရဲ့ Practice Via Zoom Morning & Evening Class တွေမှာ အပတ်စဉ်၊ လစဉ် မပျက်မကွက် ဆက်လက်လေ့ကျင့်နေကြတဲ့ Client တစ်ယောက်ချင်းစီရဲ့ အားထုတ်မှုတွေအတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဖော်ထုတ်ပြသတဲ့ ပို့စ်လေးပါ။

Practice Via Zoom Class တွေမှာ ၆ လပိုင်းမှာဖွင့်လှစ်ခဲ့တဲ့ အတန်းတွေကစပြီး ၁ နာရီအတွင်း ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ပြုလုပ် လေ့ကျင့်ပြီးတာနဲ့ အပို ၁၅ မိနစ်မှာ ငြိမ်သက်ခြင်းအလေ့အကျင့်လေးကို စတင်တည်ဆောက်ခဲ့ပါတယ်။ အမြဲလှုပ်ရှားနေတတ်တဲ့ စိတ်ကလေးကို သိနိုင်ဖို့ ခြေလှမ်းတစ်လှမ်း စလှမ်းတဲ့ သဘောပါ။ လူတစ်ယောက်ချင်းစီရဲ့ ဖြတ်သန်းနေထိုင်မှု Lifestyle၊ ခန္ဓာကိုယ် ပုံစံအနေအထားတွေ ကွဲပြားနိုင်တာမို့ ဒီလိုငြိမ်ငြိမ်လေး ထိုင်နေရခြင်းဟာ အစပိုင်းမှာ အချို့သူတွေအတွက် challange ဖြစ်နေမှာလည်း သေချာပါတယ်။

ဒီ Stillness Session လေးမှာ Do & Don’t ဆိုတဲ့ အဓိကအစိတ်အပိုင်း ၂ ခုပါပါတယ်။

လုပ်ရမယ့် ကိစ္စ ၂ ခုက
၁။ အသက်ရှူနေဖို့
၂။ ဘာပဲဖြစ်ဖြစ် လိုက်သိဖို့

မလုပ်ရမယ့်ကိစ္စ ကတော့ ဘာအကြောင်းရှိရှိ မလှုပ်ဖို့ပါ။

အိမ်တစ်အိမ်ဟာ အမြဲတမ်း ဆူညံသံကင်းစင််နေဖို့ (အထူးသဖြင့် ကလေးငယ်ငယ်ရှိသူတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားသူတွေအတွက်) ဆိုတာတော်တော်မလွယ်တဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ အဲ့လို အကြောင်းအရာတွေရှိနေသည့်တိုင် မအားလပ်ကြတဲ့အချိန်တွေထဲကနေပဲ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကျန်းမာရေးအတွက် တသီးတသန့် အချိန်ယူပြီး ကြိုးစားအားထုတ်နေကြတာကို မြင်ရလို့ နှလုံးသားထဲမှာ တကယ်ကို ပီတိဖြစ်ရပါတယ်။

ရောက်ချင်တဲ့နေရာတစ်ခုရှိလာရင် ပထမဆုံးခြေလှမ်းကို လှမ်းဖြစ်အောင် လှမ်းရပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လှမ်းဖြစ်ခဲ့တဲ့ ခြေလှမ်းတိုင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ယူပါတယ်။

ကျွန်တော်တို့ အတူတူ တစ်လှမ်းချင်းလှမ်းရင်း ဆက်လျှောက်ကြပါမယ်။

Practice Via Zoom
(7am ~ 8am), (7pm ~ 8pm)
Mon, Tue, Wed
12sessions/ Month

#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

Send a message to learn more

08/07/2026

ပေါက်နေတဲ့ အိုးထဲကိုပဲ ရေထပ်ဖြည့်နေမိပြီလား။

"ပေါက်နေတဲ့ အိုးတစ်လုံးထဲကို ရေဘယ်လောက်ပဲ လောင်းထည့်ထည့်၊ ယိုပေါက်ကို မဖာထေးနိုင်သေးသရွေ့ ဘယ်တော့မှ ပြည့်မှာ မဟုတ်ပါဘူး။"
လူတွေရဲ့ စိတ်ကလည်း ဒီလိုပါပဲ။

ရာထူး၊ ငွေကြေး၊ အောင်မြင်မှု၊ သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုတွေကို ဘယ်လောက်ပဲ ရရှိနေပါစေ
ကိုယ့်အတွင်းစိတ်ရဲ့ လုံခြုံမှု (Inner Security) မရှိသေးရင် ခဏတာသာ ပြည့်ဝသလို ခံစားရပြီး မကြာခင်မှာပဲ တစ်ခုခု လိုအပ်နေသလို ပြန်ခံစားရတတ်ပါတယ်။

စစ်မှန်တဲ့ ပြည့်ဝခြင်းဆိုတာ အပြင်က အရာတွေကို ဆက်တိုက်ဖြည့်နေရတာ မဟုတ်ဘဲ၊ ကိုယ့်အတွင်းမှာ တည်ငြိမ်လုံခြုံမှု ရှိနေတာပါ။

အတွင်းစိတ်ရဲ့ လုံခြုံမှုတိုးတက်အောင် Yoga က ဘယ်လိုကူညီပေးနိုင်သလဲ။

Yoga ဟာ ခန္ဓာကိုယ်ကို ကွေးရုံ ဆန့်ရုံ လုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ခုထက် ပိုပါတယ်။

၁။ ကိုယ့်ရဲ့ "ယိုပေါက်" တွေကို သတိပြုမိလာစေတယ်။
ဖျာပေါ်မှာ အသက်ရှူရင်း၊ လှုပ်ရှားရင်း ကိုယ့်စိတ်ကို ငြိမ်ငြိမ်လေး စောင့်ကြည့်တဲ့အခါ
ဘယ်လိုအတွေးတွေ၊ ဘယ်လိုကြောက်ရွံ့မှုတွေ၊ ဘယ်လိုမလုံခြုံမှုတွေက ကိုယ့်စွမ်းအင်နဲ့ ပျော်ရွှင်မှုကို ယိုစီးသွားစေလဲဆိုတာ တဖြည်းဖြည်း မြင်လာပါလိမ့်မယ်။

၂။ ယိုပေါက်တွေကို ဖြည်းဖြည်းချင်း ဖာထေးလာနိုင်တယ်။
သတိရှိလာတဲ့အခါ အပြင်ပန်းက အရာတွေကို အမြဲလိုက်ရှာနေဖို့ မလိုတော့ပါဘူး။
အဲဒီအစား ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေ၊ မလုံခြုံမှုတွေကို နားလည်လက်ခံပြီး ဖြည်းဖြည်းချင်း ပြန်လည်ကုစားနိုင်တဲ့ ခွန်အားတွေ ရလာပါတယ်။
Yoga က ပြဿနာအားလုံးကို ချက်ချင်းဖြေရှင်းပေးမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကိုယ့်အတွင်းစိတ်ကို နားထောင်တတ်အောင်၊ ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်နိုင်အောင် လမ်းပြပေးနိုင်ပါတယ်။

အိုးပေါက်ကို မဖာဘဲ ရေထပ်ထပ်ဖြည့်နေတာထက်၊
ယိုပေါက်တွေကို အရင်ရှာဖွေပြီး ဖာထေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။
Yoga လေ့ကျင့်ခြင်းနဲ့အတူ ကိုယ်နဲ့ကိုယ့်အတွင်းစိတ်ကို ပြန်လည်ချိတ်ဆက်ပြီး
အပြင်ပန်းအရာတွေအပေါ် မှီခိုနေစရာမလိုတဲ့ စစ်မှန်တဲ့ ပြည့်ဝခြင်း ကို တည်ဆောက်ကြပါစို့။

Practice Via Zoom
(7am ~ 8am), (7pm ~ 8pm)
Mon, Tue, Wed
12sessions/ month

#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

07/07/2026

လူ့ခန္ဓာကိုယ်တည်ဆောက်ပုံရဲ့ အခြေခံအုတ်မြစ် (Foundation Structure) ဖြစ်တဲ့ အရိုးငြမ်းစနစ် (Skeletal System) ကို ထီးတစ်ချောင်းအနေနဲ့ ပုံပမာ ခိုင်းနှိုင်းပြီးမြင်ကြည့်လို့ရပါတယ်။

လူသားတစ််ယောက်ရဲ့ Skeletal System ကို အခြေခံအားဖြင့်
1. Axial Skeletal System (ပင်မမဏ္ဍိုင်)
2. Appendicular Skeletal System (အခက်အလက်) ဆိုပြီး အပိုင်း ၂ ပိုင်းခွဲလို့ရပါတယ်။

နောက်ထပ်ဥပမာ တစ်ခုအနေနဲ့ ပြောရရင် သဘာဝတရားကြီးထဲမှာ တူတူယှဉ်တွဲတည်ရှိနေကြတဲ့ အပင်လေးတွေရဲ့ သဘောတရားနဲ့လည်း အခြေခံအတူတူပါပဲ။ အမြစ်ခိုင်ရင် ရှင်သန်၊ တိုးတက်၊ ကြီးထွား၊ ပွင့်လန်းလာဖို့ မခက်ပါဘူး။

လူ့ခန္ဓာကိုယ်ရဲ့ အခြေခံသဘောတရားတွေအကြောင်း ရှင်းလင်းနားလည်ပြီး သက်ဆိုင်ရာ Training တွေနဲ့ ချိတ်ဆက်လေ့ကျင့်နိုင်စေဖို့ သင်ကြားမယ့် 20Hrs Basic Anatomy Course Batch 10 (Zoom Class & Record Video) ကို လာမယ့် ၁၅ ရက်နေ့ ည ၈ခွဲမှာ စတင်ဖွင့်လှစ်ပါမယ်။

လိုအပ်တဲ့သူတွေ သင်တန်းအသေးစိပ်အချက်အလက်တွေ စုံစမ်းမေးမြန်းပြီး အတန်းအပ်လို့ရပါပြီ။



#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

07/07/2026

"Yoga is the perfect harmony between movement, breath, and precise alignment."

True refinement in practice comes from understanding how your body transitions through each pose.

In our Anatomy-Based Asanas Class at GAIA https://www.facebook.com/share/1B3sNrUWwi/?mibextid=wwXIfr, we focus on guiding your alignment, deepening your extensions, and ensuring your spine and joints move with absolute safety and fluid precision.

Elevate your body’s potential and embrace a healthier, more balanced lifestyle with our dedicated professional guidance. ✨





Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon