Agile Avengers Badminton Club

Agile Avengers Badminton Club

Share

Healthy, Happy, Teams

28/08/2026

"သူရဲကောင်းလိုရိုက်၊ မြှားတစ်စင်လိုပျံသန်းမယ့်"
Agile Avengers Badminton Club ရဲ့

ZODIAC BLIND TOURNAMENT မှာ
ပါဝင်ဆင်နွှဲဖို့ စာရင်းပေးသွင်းရမည့်
နောက်ဆုံးရက်မှာ စက်တင်ဘာ ၁၅ ရက် (၂၀၂၆) ဖြစ်ပါတယ်။

⏳ Registration Deadline: ၂၀၂၆ စက်တင်ဘာ ၁၅ ရက် (ည ၁၁:၅၉ နာရီ နောက်ဆုံး)
Registration Link
https://forms.gle/94LYDg83rk411DqE9

🏸 ပွဲကျင်းပမည့်ရက်: ၂၀၂၆ စက်တင်ဘာ ၂၆ ရက် (စနေနေ့ - တော်သလင်းလပြည့် အစိုးရရုံးပိတ်ရက်)

📍 ကွင်းတည်နေရာ: DS Sport Complex
https://maps.app.goo.gl/ECGDuHXKprxArkn49?g_st=ic

23/08/2026

🏸💜 ZODIAC SIGN BADMINTON TOURNAMENT 2026 💜🏸

တောင်းဆိုထားကြတဲ့သူတွေအတွက်
“ဝါသနာရှင်အတန်း” ကို တိုးပေးထားပါတယ်ရှင်
အစွမ်းကုန် ကြမ်းနိုင်ပါပြီ🏸🏸🏸

✨ Smash like a Hero, Fly like an Arrow! 🏹💜
Agile Avengers Badminton Club ရဲ့ Zodiac Sign Badminton Tournament 2026 ကို အားကစားဝါသနာရှင်များ၊ မိတ်ဆွေများနဲ့အတူ ပျော်ပျော်ပါးပါး ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ထားပါတယ်။ 🔥

📅 Date — 26th September 2026
DS Sport Complex - Badminton Court

🏆 CLASS
• Open
• Mature
• Novice
• Networking & Fun

🏸 EVENT CATEGORIES
• Men’s Doubles
• Women’s Doubles
• Mixed Doubles

👉 Class မတူညီတဲ့ Category တွေမှာလည်း Men Double, Women Double & Mixed Double ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။

💰 PARTICIPATION FEE
🎯 Networking & Fun Play — 20,000 MMK / Person
🏸 Other Classes — 25,000 MMK / Person

📍 Tournament Venue: Google Map QR ကို Scan လုပ်ပြီး Location ကြည့်နိုင်ပါတယ်။
📝 Registration: Registration QR ကို Scan လုပ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

⚡ Seats are limited — Don’t miss your chance!
ကိုယ့်ရဲ့ Zodiac Sign နဲ့အတူ Court ပေါ်မှာ ဘယ်သူက Agile Avenger ဖြစ်မလဲ လာပြလိုက်ပါ! 🏸💜🔥

📲 CONTACT VIA VIBER: 09 259 272 293

Photos from Agile Avengers Badminton Club's post 22/08/2026

၁လကျော် ၂လလောက်ကြိုပြီး
စီစဉ်ခဲ့ပေမယ့် 🌱🌱🌱

ကိုယ်လို အပျော်တမ်း club အတွက်
ဘယ်ကွင်းမှ မရခဲ့ 😔😔😔

DS Sport Complex Badminton ကျေးဇူးနဲ့
လုပ်ချင်တဲ့ရက်မှာ
ကွင်းရခဲ့ပြီ🏸🏸🏸

ကဲ Avengers တို့ရေ
ကွင်းထဲမှာ ကြမ်းကြတော့မလား
Sept 26, 2026 ရက်နေ့
၆ကွင်းတောင်ရှိတဲ့ နေရာလေးမှာ
ဆုံကြမယ်နော် 💕💕💕

16/08/2026

Page က Reply ပြန်မရဖြစ်နေလို့

Viber 09259272293 က်ို
ဆက်သွယ်ပေးပါနော်
ကျေးဇူးပါ

16/08/2026

🚨 ARE YOU READY, AVENGERS? 🚨

🌌🏸 ZODIAC BLIND TOURNAMENT 🏸🌌

နေ့စဉ်ဘဝရဲ့ Stress တွေကို ကွင်းပြင်ပေါ်မှာ ထားခဲ့ပြီး
🔥 ချွေးထွက်သံယောဇဉ်တွေ တည်ဆောက်မယ်
🤝 မိတ်ဆွေသစ်တွေ ရမယ်
🏸 ကိုယ့်ရဲ့ Smash & Skill တွေကို ပြသမယ်
🏆 ပြီးတော့… Champion ဖြစ်အောင် တိုက်ပွဲဝင်မယ်!

Avengers တို့ Ready ဖြစ်ပြီလား? 😎💜

1.တကယ်ပါဝင်ကစားမည့်သူများသာ Form ဖြည့်ပေးပါ
Fixtures တွေကို တိကျစွာ ရေးဆွဲနိုင်ဖို့အတွက်
ပြိုင်ပွဲမှာ အမှန်တကယ် ပါဝင်ကစားမယ့်သူများသာ Registration Form ဖြည့်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

2.Viber မှာ Confirmation လုပ်ဖို့ မမေ့ပါနဲ့
Form ဖြည့်ပြီးနောက်ပြိုင်ပွဲဝင်ကြေး လွှဲပြေစာ Screenshot ကို Viber — [09259272293 ] သို့ ပေးပို့ပြီး အတည်ပြုချက်ရရှိမှသာ Registration အပြီးသတ် အောင်မြင်မှာ ဖြစ်ပါတယ်။

Registration Fees

1. Open Class - 25,000 per player
2. Novice Class - 25,000 per player
3. Networking & Fun Play - 20,000 per player

━━━━━━━━━━━━━━━
🏆 CATEGORIES & PRIZES 🏆
━━━━━━━━━━━━━━━

🥇 OPEN CLASS — စိတ်ကြိုက်တွဲ

🏸 Men’s Doubles
🏸 Women’s Doubles

🌌 BLIND MATCHING CLASS

လူသစ်တန်း Novice အတွက်

🏸 Men’s Doubles
🏸 Women’s Doubles
🏸 Mixed Doubles

💰 PRIZE POOL

🥇 Champion — ၁၀၀,၀၀၀ ကျပ် + 🏆 Trophy
🥈 1st Runner-Up — ၈၀,၀၀၀ ကျပ် + 🏆 Trophy
🥉 2nd Runner-Up — ၆၀,၀၀၀ ကျပ် + 🏆 Trophy

Networking and Fun Play အတွက်

🏸 Men’s Doubles
🏸 Women’s Doubles
🏸 Mixed Doubles

💰 PRIZE POOL

🥇 Champion — ၈၀,၀၀၀ ကျပ် + 🏆 Trophy
🥈 1st Runner-Up — ၅၀,၀၀၀ ကျပ် + 🏆 Trophy
🥉 2nd Runner-Up — ၃၀,၀၀၀ ကျပ် + 🏆 Trophy

━━━━━━━━━━━━━━━

🏹💜 “Smash like a hero, fly like an arrow.”

ဒီပိတ်ရက်ရှည်မှာ
Stress တွေကို ဖြေလျှော့ရင်း 🏸
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကစားရင်း 🤝
ကိုယ့်ရဲ့ Zodiac Fate ကို စမ်းသပ်ကြည့်မယ်! 🌌✨

🔥 READY ဖြစ်ပြီဆိုရင် အခုပဲ Registration လုပ်လိုက်ပါ!

11/08/2026

🌌 Facebook စာရင်းပေးသွင်းခြင်းနှင့် ငွေသွင်းအတည်ပြုခြင်း

🚨Agile Avengers Badminton Club ရဲ့ "Zodiac Blind Tournament" (စက်တင်ဘာ ၂၆၊ ၂၇ ရက်) မှာ ပါဝင်ဖို့ စာရင်းပေးသွင်း (Registration Form) ဖြည့်ထားကြတဲ့ Avengers အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

🌌✨စာရင်းပေးသွင်းမှုများ အဆင်ပြေချောမွေ့စေရန်အတွက် အောက်ပါအချက်လေးတွေကို အထူးသတိပြုပေးကြပါရန် ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်

⚠️ အရေးကြီးလမ်းညွှန်ချက် (၂) ချက်

၁။ ငွေသွင်းပြီးမှသာ အတည်ဖြစ်ပါမည် - Registration Form ဖြည့်သွင်းထားရုံဖြင့် စာရင်းမဝင်သေးပါဘူးနော်။ ပြိုင်ပွဲဝင်ကြေး ပေးချေပြီးကြောင်း ငွေလွှဲပြေစာ (Screenshot) ကို ကလပ်၏ Viber နံပါတ်သို့ ပေးပို့အတည်ပြု (Confirm) လုပ်ပြီးမှသာ သင်တို့၏ ပွဲစဉ်စာရင်းကို အပြီးသတ်အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

၂။ ပါဝင်မည့်သူများသာ ဖောင်ဖြည့်ပေးပါရန် - ပွဲစဉ်ဇယား (Fixtures) ရေးဆွဲရာတွင် အမှားအယွင်းမရှိစေရန်အတွက် ပြိုင်ပွဲတွင် တကယ်တမ်း စိတ်ပါလက်ပါ ပါဝင်ကစားမည့်သူများသာ Registration Form ကို ဖြည့်စွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

"Smash like a hero, fly like an arrow" 🏹💜

ဘဝရဲ့ သောကတွေကို ပိတ်ရက်ရှည်မှာ ချွေးနဲ့အတူ မောင်းထုတ်ပြီး မိတ်ဆွေသစ်တွေနဲ့ ဆုံစည်းဖို့ အခုပဲ ဖောင်ဖြည့်ပြီး ငွေသွင်းအတည်ပြုလိုက်ကြရအောင်၊ Avengers တို့ရေ!

🔗 စာရင်းပေးသွင်းရန် လင့်ခ် - [https://forms.gle/AvFEwRuBZecXL6wq6]

📱 ငွေလွှဲပြေစာ ပေးပို့အတည်ပြုရန် Viber - [09259272293]

09/08/2026

Agile Avengers Badminton Club ရဲ့ "Zodiac Blind Tournament" မှာ ပါဝင်ဖို့ စာရင်းပေးသွင်းနေကြတဲ့ Avengers တို့ရေ...

ပြိုင်ပွဲရက်တွေဖြစ်တဲ့ စက်တင်ဘာ ၂၆ နဲ့ ၂၇ ရက်အတွက် ပွဲစဉ်ဇယား ထွက်ရှိလာမယ့် ပုံစံလေးကို ကြိုတင်အသိပေးပါရစေ။

🌌✨💡 ထူးခြားချက်အနေနဲ့ -September 26 ရက်နေ့ဟာ စနေနေ့ဖြစ်သလို၊ တစ်ပြိုင်နက်တည်းမှာပဲ တော်သလင်းလပြည့်နေ့ (ရုံးပိတ်ရက်) ဖြစ်တာကြောင့်... စနေရော တနင်္ဂနွေရော (၂) ရက်စလုံး လွတ်လပ်တဲ့ အားလပ်ရက် အပတ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင့် ကျောင်းတက်ရတဲ့သူတွေရော အလုပ်နားရတဲ့သူတွေပါ ပိတ်ရက်မှာ အိမ်မှာတင် ပျင်းမနေဘဲ Stress တွေ လာရောက်ပေါက်ကွဲပစ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။

ပြိုင်ပွဲပွဲစဉ်ဇယားကို အောက်ပါအတိုင်း အစီအစဉ်ဆွဲထားပါတယ် -

အစီအစဉ် (၁) - ပုံမှန်အစီအစဉ်September 26 (စနေနေ့ - တော်သလင်းလပြည့် ရုံးပိတ်ရက်) - အုပ်စုပွဲစဉ်များနှင့် ပွဲစဉ်အများစုကို တစ်ရက်ထဲအပြီး အပြတ်ရိုက်သွားပါမည်။ (ဒဏ်ကြေလိမ်းဆေး အဝဝ ဆောင်ထားကြပါရန် 🤣)

September 27 (တနင်္ဂနွေနေ့) - ပိုမိုအကြိတ်အနယ်ရှိမည့် Semi-Final (ဆီမီးဖိုင်နယ်) နှင့် Final (ဗိုလ်လုပွဲ) ပွဲစဉ်များကိုသာ သီးသန့်ကျင်းပပြီး ဆုပေးပွဲ ပြုလုပ်ပါမည်။

🚨 အစီအစဉ် (၂) - ပွဲစဉ်နည်းပါက (Special Plan)အကယ်၍ စာရင်းပေးသွင်းသည့် ပွဲစဉ်အရေအတွက် နည်းပါးပါက ကစားသမားများ ပိတ်ရက်ရှည်မှာ အနားယူချိန် ပိုရစေရန်အတွက် September 26 (စနေနေ့) တစ်ရက်တည်းဖြင့် ပွဲစဉ်အားလုံးကို အပြီးတိုင် ရိုက်ကူးကျင်းပသွားပါမည်။

💡 အတည်ပြုပွဲစဉ်ဇယား (Final Fixture) ကိုတော့ စာရင်းပိတ်ပြီးနောက် ပြိုင်ပွဲမတိုင်မီ (၂) ရက်အလို စက်တင်ဘာ ၂၄ ရက်နေ့ တွင် တရားဝင် ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်လို့ ရင်ခုန်စွာဖြင့် စောင့်မျှော်ပေးကြပါဦးနော်!

"Smash like a hero, fly like an arrow" 🏹

💜ဘဝရဲ့ သောကတွေကို ပိတ်ရက်ရှည်မှာ ချွေးနဲ့အတူ မောင်းထုတ်ဖို့ အခုပဲ လင့်ခ်မှာ စာရင်းပေးသွင်းလိုက်ပါ။ အတန်းအားလုံးအတွက် စာရင်းပေးသွင်းမှုကို လက်ခံနေပြီဖြစ်ပါတယ်

#တော်သလင်းလပြည့်ပိတ်ရက်

08/08/2026

🏸🌌 ZODIAC BLIND MATCHING BADMINTON TOURNAMENT 2026 🌌🏸

“Find Your Match. Play Your Game. Own Your Moment.”
⚡️ကိုယ့်ရဲ့ Partner ကိုယ်တိုင်ရွေးပြီး ကစားရတာမျိုးမဟုတ်ဘဲ… 👀
ဘယ်သူနဲ့ တွဲဖက်ကစားရမလဲ? ဘယ်လို Teamwork မျိုးဖြစ်လာမလဲ? 🤝🔥
မသိသေးတဲ့သူတစ်ယောက်နဲ့ အတူတူကစားရင်း
🏸 ကိုယ့်ရဲ့ Skill ကို စမ်းသပ်မယ်
⚡️ Teamwork ကို Challenge လုပ်မယ်
🤝 မိတ်ဆွေအသစ်တွေ ရမယ်
🏆 နောက်ဆုံးမှာ Champion ဖြစ်ဖို့ ကြိုးစားမယ်!
✨ ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ Lucky Match က ဘယ်သူဖြစ်မလဲ? ✨
━━━━━━━━━━━━━━━━━━
📅 DATE
26 – 27 September 2026
🏟 VENUE
DS Sport Complex Badminton Court

https://maps.app.goo.gl/sVMtVjg4CpPCYQDn6?g_st=ic

━━━━━━━━━━━━━━━━━━
🎯 TOURNAMENT CLASSES
စိတ်လှုပ်ရှားစရာ Blind Matches
🆕 NOVICE CLASS
လူသစ်တန်း
💰 25,000 MMK / Person
🤝 NETWORKING & FUN CLASS
ခုမှစကစားသူများ၊ Training စသင်ခါစသူများအတွက်
💰 20,000 MMK / Person

ရှယ်ကြမ်းမယ့်သူများအတွက်
⚡️ OPEN CLASS
စိတ်ကြိုက် Partner နှင့် ယှဉ်ပြိုင်နိုင်မည့် Class
💰 25,000 MMK / Person
━━━━━━━━━━━━━━━━━━
🏸 CATEGORIES
👨 Men's Doubles
👩 Women's Doubles
👫 Mixed Doubles
━━━━━━━━━━━━━━━━━━
🏆 PRIZES UP TO 100,000 MMK + TROPHY!
Novice and Open
🥇 Winner — 100,000 MMK + Trophy
🥈 2nd Place — 80,000 MMK + Trophy
🥉 3rd Place — 50,000 MMK + Trophy

Networking & Fun Class
🥇 Winner — 80,000 MMK + Trophy
🥈 2nd Place — 50,000 MMK + Trophy
🥉 3rd Place — 30,000 MMK + Trophy

━━━━━━━━━━━━━━━━━━
🔥 Smash Your Stress. Meet Your Match. Make New Connections.
အလုပ်တွေကြောင့် Stress များနေပြီလား? 😮‍💨
Badminton Court ပေါ်မှာ အားကုန်ရိုက်ပြီး Stress တွေ ဖြေဖျောက်လိုက်ပါ! 🏸💥
မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံမယ် 🤝
ပျော်ပျော်ပါးပါး ကစားမယ် 😎
ကိုယ့်ရဲ့ Skill ကို Challenge လုပ်မယ် 🔥
ပြီးတော့… ဆုဖလားကို အိမ်ပြန်ယူမယ်! 🏆
❓ ဒီ Zodiac Blind Matching မှာ သင့်ရဲ့ Match က ဘယ်သူဖြစ်မလဲ?

👇 အခုပဲ Register လုပ်ထားလိုက်ပါ!
🔗 Registration Form:

https://forms.gle/n3b8VZtoBpn1yCvG9

Registration Deadline - 2026 Sept 15

📞 အသေးစိတ်စုံစမ်းရန် / ဝင်ကြေးပေးသွင်းရန်
09 259 272 293

Registration လုပ်ပြီး ငွေသွင်းပြီးသူများ ဖော်ပြပါ Viber မှာ ငွေလွှဲပြီးကြောင်း SS ပြပြီး confirm လုပ်ပေးသူသာ ပြိုင်ပွဲစာရင်းတွင်ပါဝင်ပါမည်။

စည်းကမ်းချက်များ

• ပွဲမစမှီ ၁၅ မိနစ်အလို အရောက်လာရမည်။ နောက်ကျလျှင်မစောင့်ပါ။
• Ling Mei 80 နှင့် 40 အသုံးပြုမည် ဖြစ်ပါသည်။ (3ပွဲ -1လုံး)
• MBF စည်းမျည်းအတိုင်း ၁၅ မှတ် ၃ပွဲ ရိုက်ရမည်ဖြစ်ပါသည်။ ၂ပွဲနိုင်သည့် အသင်းမှ အနိုင်ရမည် ဖြစ်ပါသည်။
ပြိုင်ပွဲတွင် အငြင်းပွားဖွယ်ဖြစ်လာပါက ပွဲကျင်းပရေးကော်မတီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
• သတ်မှတ်ထားသော Category အတန်းတွင် သတ်မှတ်ချက်နှင့် မကိုက်ညီသော ကစားသမားများ ရှိလာပါက ၎င်းပွဲစဉ် ဖျက်ကာ တစ်ဖက်အသင်းအား အဆင့်တက်ပေးမည် ဖြစ်ပြီး ဝင်ကြေးဆုံးရှုံးမည် ဖြစ်ပါသည်။

05/08/2026

THE UNIVERSE HAS SPOKEN! ကံကြမ္မာရဲ့ ကြယ်တာရာ ကြက်တောင်ပြိုင်ပွဲကြီး လာပါပြီ

" 🚨နေ့တိုင်း ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု (Stress) တွေကို ကွင်းအပြင်မှာ ထားခဲ့ပြီး၊ မိတ်ဆွေသစ် (Social Network) အသစ်တွေနဲ့ ရင်ခုန်စရာ ဆုံစည်းကြမယ့် Agile Avengers Badminton Club ရဲ့ ပထမဆုံး "Zodiac Blind Tournament" ကြီးကို စတင်ဖိတ်ခေါ်လိုက်ပါပြီ။

🌌✨ဒီပြိုင်ပွဲဟာ ရမှတ်ထက် Network,Communications နဲ့ Funny (ပျော်ရွှင်ရယ်မောရမှု) ကို အဓိကဦးတည်ထားတာဖြစ်ပြီး

အောက်ပါအတိုင်း အတန်း (၃) မျိုး ခွဲခြားကျင်းပသွားမှာ ဖြစ်ပါတယ်

🏆 ၁။ Open အဆင့် (မိမိစိတ်ကြိုက် တွဲဖက်ခွင့်ရှိသည်)ပြိုင်ပွဲအမျိုးအစား
- Men's Doubles
- Women's Doubles

🏅 Champions - ၁ သိန်းကျပ် + Trophy
🥈 1st Runner Up - ၈ သောင်းကျပ် + Trophy
🥉 2nd Runner Up - ၆ သောင်းကျပ် + Trophy

🔮 ၂။ Blind Matching - လူသစ်တန်း

(စာရင်းပေးသွင်းပြီးနောက် ပြိုင်ပွဲမတိုင်မီ ၂ ရက်အလို စက်တင်ဘာ ၂၄ ရက် Fixtures ထွက်မှသာ သင့်ရဲ့ ရာသီဖွားနဲ့ Chemistry အကိုက်ဆုံး Perfect Partner ကို သိရမည့် သည်းထိတ်ရင်ဖိုအဆင့် ဖြစ်ပါတယ်)

ပြိုင်ပွဲအမျိုးအစား
Men's Doubles
Women's Doubles
Mixed Doubles
🏅 Champions - ၁ သိန်းကျပ် + Trophy
🥈 1st Runner Up - ၈ သောင်းကျပ် + Trophy
🥉 2nd Runner Up - ၅ သောင်းကျပ် + Trophy

🔮 ၃။ Blind Matching - Beginner တန်း

ပြိုင်ပွဲအမျိုးအစား
Men's Doubles
Women's Doubles
Mixed Doubles
🏅 Champions - ၅ သောင်းကျပ် + Trophy
🥈 1st Runner Up - ၃ သောင်းကျပ် + Trophy
🥉 2nd Runner Up - ၂ သောင်းကျပ် + Trophy

📅 ပြိုင်ပွဲကျင်းပမည့်ရက် - September 26 & 27, 2026 (စနေ၊ တနင်္ဂနွေ)

ကွင်းနေရာ ၊ Registration နှင့် စည်းကမ်းချက်အသေးစိတ်အတွက်က်ို
မနက်ဖြန်ကျရင် details လေး ကြေငြာပေးပါမယ်နော်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon