22/08/2026
Chelsea Fan ထဲမှာ
COC ဆော့သေးတဲ့သူရှိရင်
အတူတူကစားချင်တယ်ဗျာ
ဝါးတိုက်ကြမယ်
All Welcome
We are Chelsea Fans
22/08/2026
Chelsea Fan ထဲမှာ
COC ဆော့သေးတဲ့သူရှိရင်
အတူတူကစားချင်တယ်ဗျာ
ဝါးတိုက်ကြမယ်
All Welcome
07/07/2026
“ပွဲပြီးတဲ့အချိန်မှာ Cristiano မျက်ရည်တွေ
ပြိုကျနေတဲ့ကို မြင်လိုက်ရတော့
ကျွန်တော့်ရဲ့ နှလုံးသားတောင် လေးလံသွားတယ်။
အဲဒါကြောင့် သူ့ဆီသွားပြီး တိတ်တိတ်လေး ဖက်လိုက်ပြီး ‘စိတ်မကောင်းပါဘူး’ လို့ ပြောလိုက်တယ်။ သူ့ကို နည်းနည်းသက်သာစေချင်တာပါပဲ။
သူက မျက်ရည်တွေနဲ့ပဲ ကျွန်တော့်ကို
ပြန်ကြည့်ပြီး ပြန်ဖက်လိုက်ပြီး ‘ရပါတယ်’ လို့ တိတ်တိတ်လေး ပြောခဲ့တယ်။
အဲဒီအချိန်က စကားလုံးနဲ့ မဖော်ပြနိုင်လောက်အောင် စိတ်မကောင်းစရာနဲ့ စိတ်ထိခိုက်စရာ ပြည့်နေတဲ့ အချိန်တစ်ခုပဲ။”
Lamine Yamal 💔
ကိုယ်ချင်းစာပါတယ်ဗျာ
ဒီလိုနေရာရောက်ဖို့ ဘယ်လောက်ထိ
ကြိုးစားထားခဲ့လဲဆိုတာ မြင်တွေ့ရပါတယ်
PSG 1-1 ARSENAL REACTION
06/05/2026
ကြာသပတေးရောက်ခါနီးပီဆိုရင်
တောရက်စ်လာမလား မျှော်ရပြီ
တောရက်စ်ကို ကို့ယ့်ရည်းစားလို ချစ်ခဲ့တာ ။
သူဘာအမှားပဲ လုပ်လုပ် အပြစ်ကို မမြင် ။
သူဂိုးရဖို့ အသင်းသားအားလုံး လိုချင်ကြတယ် ။
သူ့ မလုပ်ပြနိုင်လို့လဲ သူ့ကို စိတ်ပျက်မသွားဘူး ။
ယုံကြည်မှု ပျက်မသွားဘူး ။
ဒေးဗစ်လုဝစ်တို့ကအစ ဆုတောင်းပေးကြတယ်။
ခုခေတ်ကောင်တွေများ နည်းနည်းလေးမှားတာနဲ့
ဆဲဆို အော်ဟစ် ပညာပြတဲ့ကောင်တွေချည်း ။
အချင်းချင်းလဲ မစည်းလုံး ။
အဲ့တာမလို့လဲ မအောင်မြင်တာ ။
တောရက်စ် ဂိုးစသွင်းတဲ့ နေ့ဆို
ဦးလေးက မနက်နိုးနိုးချင်း လာပြောတယ် ။
ညနက်လို့ ကိုကတော့ မကြည့်နိုင်ခဲ့လို့ပေါ့ ။
အခုထိလဲ တောရက်စ်ဆိုတဲ့ နာမည်က
ကျန်နေခဲ့တုန်းပဲ ။
တောရက်စ်ကို မမီတဲ့ ညီကိုတွေအတွက်
စိတ်မကောင်းဘူး ။
ခုခေတ်လို ကန်တင်ပြေး အဆုံးသတ်တွေထက်
လှပသေသပ်တဲ့ ပညာသားပါပါ ကန်သွင်းချက်တွေ
ဘယ်လောက်တောင် အနုပညာဆန်ခဲ့လဲဆိုတာ
မြင်တွေ့ခွင့်မရတော့လို့ 💙❤️
မနက်ဖြန် တောရက်စ် လာမလား 🥲🥲🥲
04/05/2026
ဒီအသင်း ခြေစွမ်း စုတ်ပြတ်နေပြီ
ဝေဖန်ခဲ့တုန်းက ဘုမသိ ကိုးမသိတွေက
ငါ့ကို ဆဲကြတယ် ။
ရှုံးလဲ ချဲလ်ဆီး နိုင်လဲ ချဲလ်ဆီး ဆိုပေမဲ့
အားနေ အသင်းတိုင်းကို ပတ်ရှုံးနေတာမျိုးကတော့
လက်ခံနိုင်စရာမရှိပါဘူး ။
ဘယ်မှာလဲ စိတ်ဓာတ်….
အပြာရောင်သွေးသားတွေ …..
လူစာရင်း နည်းပြကြောင့်ပါလို့မပြောနဲ့
ပွဲပယ်တွေ
ဒဏ်ရာတွေ နဲ့ ရုန်းကန်ခဲ့ရတဲ့ ၂၀၁၂ တုန်းကတော့
မင်းတို့ကြမ်းပါတယ်ဆိုတဲ့ ဂျာမန်ဘီလူးကြီးကို
ဘာမဟုတ်တဲ့ လက်ထောက်နည်းပြ
ဒီမက်တီယိုနဲ့ ချန်ပီယံဆုဖလားယူခဲ့တာကွ ။
အဓိိကက စိတ်ဓာတ်ပဲ ။
နိိုင်ကို နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ် ။
ဒီရာသီလောက် စုတ်ပြတ်သတ်တဲ့ ရာသီ မရှိတော့ဘူး
ဘာပဲဖစ်ဖစ် အသင်းကို ဟိုးအရင်ကတည်းက
နှလုံးသားထဲ စိုက်ထူထားတော့
ဆက်ချစ်ရအုံးမည်
အားပေးရအုံးမည်ဗျာ
27/04/2026
Only The ONE 💙
26/04/2026
May လ ၁၆ ရက်နေ့မှာ
ချဲလ်ဆီးတို့ ဒီရာသီ ပထမဆုံး ဆုဖလားကို
ရယူဖို့ကြိုးစားသွားကြမည့်
FA CUP FINAL
26/04/2026
အနိုင်ရခဲ့တယ်ဆိုပေမဲ့
အားရစရာ မရှိတဲ့ ချဲလ်ဆီး 👏👏👏
ဒီတိုင်းဆို ဗိုလ်လုပွဲ မှာ စီးတီးကို အနိုင်ရဖို့
အတော်လေး ရုန်းကန်ရဖို့ရှိနေပါတယ်
Chelsea 1-0 Leeds (FT)
26/04/2026
Goallllllll
Enzo 💙💙💙
ငါပြောပါတယ်
နည်းပြထုတ်ပီးရင် ရှယ်ရုန်းတယ်ဆိုတာ 😁😁
၂ ဂိုးပြတ်အသာနဲ့
FINAL ကို တက်လှမ်းမည့် ချဲလ်ဆီး