အသက် ၄၀ နားနီးလာလို့ “ အများကြီး မစားတာတောင် ဘာလို့ပိုဝလာတာလဲ?” 🤔
အသက် ၄၀နားနီး / ၄၀ ကျော်လာတဲ့အချိန်မှာ အမျိုးသမီးအများစု ကြုံရတတ်တာက ကိုယ်အလေးချိန်တိုးလာခြင်း၊ Muscle လျော့လာခြင်း၊ အဆီပိုစုလာခြင်းနဲ့ Body Shape ပြောင်းလာခြင်းပါပဲ
ဒါက အစားပိုစားလို့တစ်ခုတည်းကြောင့် မဟုတ်ပါဘူး… အသက်အရွယ်ကြောင့် Hormone ပြောင်းလဲလာမှု၊ Muscle Mass လျော့လာမှုနဲ့ Metabolism ပြောင်းလဲလာမှုတွေကြောင့်အများကြီးပါဝင်ပါတယ် …
အထူးသဖြင့် အသက် ၄၀ နားနီးလာချိန် Perimenopause အစပိုင်းမှာ Estrogen နဲ့ အခြား Hormone တွေ အတက်အကျဖြစ်လာနိုင်ပြီး Body Fat စုတဲ့နေရာ၊ Appetite ၊ Energy နဲ့ Recovery တွေ ပြောင်းလဲလာနိုင်တာကြောင့် အများကြီးပါပါတယ် …
ဒါကြောင့် ဒီအရွယ်ရောက်လာရင် Weight လျှော့ဖို့ အစားတွေ အရမ်းဖြတ် ၊ Cardio ပဲ အများကြီးလုပ်တာ မလုံလောက်တော့ပါဘူး…
Muscle တိုးလာအောင် Strength Training လုပ်ဖို့ အရေးကြီးတယ်…. Protein လုံလောက်အောင်စားဖို့ လိုတယ်… အစာကို လုံးဝမဖြတ်ဘဲ Calories ကို စနစ်တကျ ထိန်းစားဖို့ လိုတယ်… Sleep နဲ့ Stress ကိုလည်း ဂရုစိုက်ရပါမယ် …
အသက် ၄၀ မှာလည်း ကျစ်လျစ်တဲ့ Body၊ လှပတဲ့ Shape နဲ့ Strong ဖြစ်တဲ့ Body ကို ရနိုင်ပါတယ်။
အရေးကြီးတာက ငယ်ငယ်တုန်းကလို “သေးဖို့” မဟုတ်ဘဲ ကိုယ့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ Healthy & Strong Body ကို တည်ဆောက်ဖို့ပါပဲ
Reform Gym
Empower Your Body. Reform Your Life. Build Your Confidence.
20/08/2026
ကြွက်သားကြီးဖို့ T hormone အပြင်မေ့မထားသင့်တာ HGH hormone ပဲ သူ့ကိုဂရုစ်ုက်ဖို့လ်ုသလ်ု ပုံမှန်အတိုင်းထွက်နေဖို့လိုတာပါပဲ
မိန်းကလေးတွေမှာဆို ကြွက်သားမျှင်များလာဖို့ ကြံ့ခိုင်ဖို့ Tက်ုအားကိုးလ်ု့သိပ်မရပဲ သူ့ထက် HGHကိုပ်ုအားကိုးရတာကိုတွေ့ရပါတယ် T hormone က ယောကျ်ားဆန်မှုများစွာကိုဖြစ်စေပြီး HGHကတော့ နုပျိုခြင်းနဲ့ anti aging ဖြစ်စေတယ်လ်ု့အဆိုရှိကြတယ်
ယောကျ်ားလေးတွေအတွက်ဆို HGH ကသာ၍တောင်ကောင်းပါသေးတယ်
HGHကိုသဘာဝအတိုင်းအထွက်များအောင်လုပ်တဲ့အခြေနေတွေ အများကြီးရှိပါတယ်
အဲ့ထဲကမှအသုံးဝင်ဆုံးနည်းလမ်းများကိုဖော်ပြပေးမယ်ဗျာ
၁ ထုံးစံအတိုင်း exercise လုပ်တာပါ
HGHက pituitary ဂလင်းကနေ ထုတ်ပေးတာပါ strength training တွေကိုအလေးအများကြီးနဲ့လုပ်ခြင်းက central nervous system ကို တော်တော်ကို ကိုင်လှုပ်စေနိုင်ပြီး အဆိုပါဂလင်းကနေ HGH ကိုအထွက်များစေပါတယ်
၂ သွေးထဲမှာအမိုင်နိုအက်စစ်တွေများတာ
ပရိုတင်းများများစားပါ ပရ်ုတိန်းက်ုဖြိုခွဲလိုက်လ်ု့ရရှိတဲ့အမိုင်နိုအက်စစ်တွေဟာ HGH ထွက်သင့်တဲ့အချိန်နဲ့ အချ်န်ကိုက်သာ သွေးထဲ အဆင်သင့်ရှိနေမယ်ဆိုရင် သေချာပေါက်ကို ဒီဟော်မုန်းကထွက်ရှိလာမှာပါ
ဒါ့ကြောင့် bcaa က်ု ကျနော် အကြိုက်ဆုံး supplement တခုအဖြစ်သတ်မှတ်ထားပါတယ် သူ့ထဲမှာ ကြွက်သားတည်ဆောက်ဖို့အရေးအကြီးဆုံးamino acid သုံးခုဖြစ်တဲ့ leucine ,isoleucine ,valine သုံးခုက်ု အချိုးကျကျ ထည့်ထားလ်ု့ အချိန်ကိုက် သွေးထဲထည့်နိုင်ရင် perfect ပါပဲ
၃ သွေးထဲမှာ ဂလူးကိုစ့်ကျနေတဲ့အခြေနေ
ညဘက် fasting လုပ်ရင် အဆီကျတယ် ဘာညာပြောကြတာ ဒါနဲ့လဲ ဆက်စပ်နေပါတယ်
Hgh က ငတ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာဘာက်ုစွမ်းအင်သုံးမလဲဆိုတာကို ဝင်ပြီးတာဝန်ယူပေးရတာပေါ့ ပုံမှန်ဆို ဂလူးကိုစ့်သုံးပေမယ့် ဂလူးကိုစ့်မရှိတော့ သူက အဆီကိုဖြိုခွဲရမယ် သွေးထဲက အမိုင်န်ုအက်ဆစ်တွေက်ုထိန်းရမယ် ကြွက်သားတွေကို ကာကွယ်ပေးရမယ့်တာဝန်ဆိုတဲ့ခေါင်းစဥ်နဲ့ ရှေ့တန်းကိုအပို့ခံရပါတော့တယ်
ဒါ့ကြောင့် fasting နဲ့အတူ hgh ဟာ အဆီတွေကိုဖြိုခွဲပြီးစွမ်းအင်သုံးတယ်
ကြွက်သားစစ်စစ် leanဖြစ်လာတယ် အဆီတွေကျလာတယ်ဆ်ုတာဒီဖြစ်စဥ်ကြောင့်ပေါ့
ဒါပေမယ့် လေ့ကျင့်ခန်း heavy လုပ်ထားရမယ် သွေးထဲအမိုင်နိုအက်စစ် ရှိနေရမှာဖြစ်သလို သကြားဓါတ်ကိုလဲ ညနေထဲကဖြတ်ထားရမှာပါ ဒါတွေအားလုံးပြည့်စုံနေရင် fasting ကအကျိုးဖြစ်ပါပြီ
၄ သွေးတွင်းအဆီကျသွားတဲ့အခြေနေ
ပြင်ပအရေပြားအောက်ကအဆီမဟုတ်ဘူးနော် သွေးတွင်းအဆီ triglyceride , free fatty acid 👍 ကျသွားတဲ့အနေထားမှာ ခန္ဓာကိုယ်က ဂလူးကိုစ့်မရှိတော့သလိုအနေထားဖြစ်သွားပါတယ် အဲ့ဒိတော့ နံပါတ်သုံးဖြစ်စဥ်လိုပဲ သူ့တာဝန်ဖြစ်ပြီး ခေါင်းပေါ်ရောက်လာပြန်ပါတယ် ဒါ့ကြောင့် hgh ထွက်လာရပြီး စွမ်းအင်စီမံခန့်ခွဲမှုတွေလုပ်ရတယ်
Triglyceride ကျအောင်နည်းလမ်းအမျိုးမျိုးတွေသုံးလ်ု့ရပါတယ် နောက်တော့ရေးပေးပါ့မယ်
ဒါတွေဟာ hgh က်ုသဘာဝအတိုင်းထွက်လာအောင် သူ့ကို ဘယ်လိုဖျားယောင်းမလဲဆိုတဲ့ အချက်တွေပါ
ဘယ်လ်ုကြောင့်ပဲ hgh ထွက်ထွက် သူက နောက်ဆုံးအသည်းက်ုရောက်ပြီး အသည်းကနေမှ IGF 1 , insulin grow factor - 1 ဆိုတဲ့ ကာယဗလသမားတို့အကြိုက် localized signal hormone တခုကို ထပ်ဆင့်အသွင်ပြောင်းပြီး ကြွက်သားတွေကို ကြီးထွားစေတာ
အသည်းကနေမှ အရိုးတွေဆီပို့ပြီး bone density ကိုပိုအားကောင်းလာစေတာ
Collagen synthesis ကိုပိုကောင်းပြီး anti aging ဖြစ်စေတာ
စိတ်ပိုင်းဆိုင်ရာကောင်းစေတာစတဲ့အကျိုးတွေရရှိစေပါတယ်
ရေးသားသူSwe hlaing win ပါ
-1
14/08/2026
လေ့ကျင့်ခန်းလုပ်ပြီးနောက်တနေ့ ကြွက်သားမနာကျင်ခြင်းက
ကောင်းတာလား , မကောင်းတာလား?
လေ့ကျင့်ခန်းလုပ်ပြီးနောက်ရက်မှာ
ယမန်နေ့ကဆော့လိုက်တဲ့ကြွက်သားတွေ နာကျင်နေမှသာ
ထိရောက်မှာ
ကြွက်သားမနာကျင်ရင် မထိရောက်သလိုခံစားရတယ်ဆိုတာ
တကယ်လဲworkoutအပြီး ကြွက်သားတွေနာကျင်တယ်ဆိုတာ
delayed onset muscle soreness (DOMS) လို့ခေါ်တယ်
လေ့ကျင့်ခန်းလုပ်အပြီး တစ်က်နှစ်ရက်ကြာရင်နာလာမယ်
ကြွက်သား အကြီးအသေးအပေါ်လိုက်ပြီး
နောက်48နာရီကနေ 72 နာရီအတွင်းမှာ
recover ဖြစ်ပြီးပျောက်ရမှာပေါ့
ကြွက်သားတွေကို ဖိအားပေးကစားရင်
ဒဏ်ရာသေးသေးလေးတွေဖြစ်သွားတယ်ဆိုတာလူတိုင်းသိကြမှာပါ
အဲ့ဒဏ်ရာလေးတွေကို ပြန်ပြင်ရင်းပဲကြွက်သားတွေက
ကြီးလာတယ်သန်လာတယ်လို့ သိထားလို့ရပါတယ်
အဲ့အချိန်မှာ (DOMS)ရတာပါ
ဒါ့ကြောင့်ကြွက်သားတွေမနာကျင်ရင်
မထိရောက်ဘူးလားထင်ကြပါတယ်
တကယ်တော့ မနာကျင်လဲ ထိရောက်ပါတယ်
မနာကျင်ရတဲ့အကြောင်းရင်းတွေက
..................................................
1️⃣ဒီ workout တခုကို ဒီ အလေးမှာပဲတွန်းနေတာကို
ကြွက်သားကလက်ခံနိုင်လာတာ
muscle pump ပဲ ဖြစ်သွားမယ်
နောက်နေ့ (DOMS) ဖြစ်လောက်အောင်မဖြစ်ဘူး
2️⃣ထိထိရောက်ရောက်အနားယူမှရှိနေတာ
ကစားပြီးတာနဲ့ လုံလောက်တဲ့အာဟာရနဲ့
လုံလောက်တဲ့အနားယူမှုတွေ ပြည့်ဝနေရင်လဲ
(DOMS)အရမ်းဖြစ်မှာမဟုတ်ဘူး
3️⃣dynamic strecthing နဲ့ static stretching
သွေးပူနဲ့ သွေးအေးအကြောလျှော့တာတွေကိုသေချာလုပ်ရင်
range of motion ပိုရမယ်
ကြွက်သားထဲသွေးပိုရောက်တယ် DOMS ကိုတိုက်ရိုက်မတားဆီးဘူး
recover မြန်တယ် (DOMS) သိပ်မဖြစ်ဘူး
4️⃣ပြင်းထန်မှုမလုံလောက်တာ
(DOMS)ကိုမှလိုချင်တယ် ဆိုရင်
အလေးတွေတိုးတာ အကျော့တွေတိုးတာ
ပုံမှန်ဆော့နေကျ လေ့ကျင့်ခန်းတွေကနေပြောင်းဆော့တာ
စတာတွေလုပ်လို့ရတယ် ဒါမယ့် (DOMS) ရှိမှ
သင်ကတိုးတက်မှာမဟုတ်ဘူး
မရှိလဲ သင့် program က အကျိုးရှိနေမှာပါ
5️⃣မျိရိုးဗီဇ
တကယ်လဲ တယောက်နဲ့တယောက်
မတူကြတဲ့အတွက် မျိုးရိုးဗီဇပေါ်မူတည်ပြီး
အခြေနေတွေကွာသွားပါတယ်
တချို့က တော်တော်လေးကို ပြင်းထန်မှ (DOMS)ရတာမျိုး
တချို့က နည်းနည်းနဲ့ (DOMS)ရတာမျိုးတွေရှိပါတယ်
အနှစ်ချုပ်ပြောရရင် နာမှ
ကြွက်သားတွေကိုထိရောက်တာမဟုတ်ပါဘူး
ကြွက်သားတခုနာတာဟာလဲအချိန်အရမ်း ကြာရှည်နေရင်လဲ
recover ဖြစ်မနေတာ အာဟာရမလုံလောက်တာ
ကြွက်သားတွေကအချင်းချင်းဇာတ်တူသားစားနေတာတွေဖြစ်နိုင်ပါတယ်
(DOMS) မရလဲထိရောက်ကြောင်း
(DOMS) ကဘာလို့မရကြောင်းကိုလဲ သိပြီးသွားပြီထင်ပါတယ်
အဆုံးထိဖတ်ပေးကြလို့ စာဖတ်သူများကိုကျေးဇူးတင်ပါတယ်
ရေးသားသူ ကျနော် swe hlaing win ဖြစ်ပါတယ်
06/08/2026
ရေသောက်နည်းခြင်းက ဝိတ်တက်လာစေနိုင်
ရေစုပြီးဝိတ်တက်လာတယ်ဆိုတာ ကြားဖူးကြမှာပါ
တကယ်လဲ ခန္ဓာကိုယ်က ရေစုစေတဲ့အကျိုးအကြောင်းတွေတိုက်ဆိုင်သွားရင် ဝိတ်က ခဏလေးနဲ့ကို 1kg ကနေ 5kg လောက်အထိ တက်လာစေနိုင်ပါတယ်
သို့ပေမယ့် တချို့တွေက ဝိတ််တက်တာကိုမကြိုက်ကြလို့ ရေမစုအောင်ရေလျှော့သောက်ဖို့တောင်စဥ်းစားကြပါတယ်
ဒီ အပြုအမူဟာ ဇီဝဖြစ်စဥ် , အဆီလောင်ကျွမ်းမှု , သွေးပျစ် , ကျောက်ကပ်ပင်ပန်းတာတွေကိုတောင်ဖြစ်စေပါတယ်
အဲ့တာရဲ့ဆန့်ကျင်ဖက် ရေကိုလိုအပ်သလောက်ပုံမှန်သောက်သုံးခြင်းက
ဇီဝဖြစ်စဥ်ကောင်းမွန်တာ , အဆီလောင်ကျွမ်း , ကြွက်သားတည်ဆောက်ရာမှာကူညီတာ , mood ကောင်းစေတာကဲ့သို့သောအကျိုးကျေးဇူးတွေကိုရမှာပါ
ရေသောက်နည်းရင် ရေတောင်ပိုစုစေနိုင်ပါတယ်
ရေသောက်နည်းသွားတာနဲ့ ဦးနှောက်ကသတိပြုမိပြီး သွေးပျစ်လာတယ် ကျောက်ကပ်ကိုသွေးရောက်တာနည်းသွားပြီး ကျောက်ကပ်က ကိုယ်တွင်းမှာရှိတဲ့ အရည်တွေကို ပြန်ဆွဲယူပြီး ရှိရှိသမျှ ဆဲလ်တွေရဲ့အပြင်ဘက်မှာ ဆွဲစုထားလိုက်ပါတော့တယ် ဒါကို (Extracellular Fluid - ECF) လို့ခေါ်ပါတယ်
အဲ့တာဖြစ်လာရင် ရုတ်တရက်ကို လေး , ငါး ပေါင်ချက်ချင်းတက်လာနိုင်ပါတယ်
သို့ပေမယ့် ဒါဟာအဆီတက်တာမဟုတ်ဘူး ရေဝိတ်သာတက်လာတာလို့သိထားဖို့လိုပါတယ်
အဲ့တာကြောင့်အရမ်းမစိုးရိမ်ပါနဲ့ ရေဝိတ်တက်မှာဆိုးလို့ ရေသိပ်မသောက်တာက ဒီဟာကိုပိုဆိုးစေနိုင်တာသိထားပြီးရေကိုပုံမှန်သောက်ပေးဖို့အရေးကြီးပါတယ်
ချက်ချင်းရေဝိတ်တက်လာစေတဲ့အခြားအဖြစ်များတာတွေလဲရှိပါတယ်
ဒါတွေက
ဆား , အငန် , ဆိုဒီယံများတာ
ကာဗိုဟိုက်ဒရိတ်အစားများတာ
အရက်သောက်တာ
အိပ်ရေးမဝတာ
Stress များတာ
Creatineသောက်တာ
Protein စားတာနည်းတာတွေကြောင့်
ဆဲလ်အပြင်ဘက်ရေတွေစုထားပြီး လူနဲ့မျက်နှာ ဖောင်းမယ် ဖောမယ် ဝိတ်လဲတက်နိုင်ပါကြောင်း
ရေးသားသူကျနော်ဆွေလှိုင်ဝင်းပါ
04/08/2026
မဂ်လာပါ 🤗🤗🤗
REFORM GYMမှာ inbody တိုင်းနေတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ် ☺️☺️
ကျနော်တို့ reform gymမှာ နှစ်လတခါ inbody တိုင်းလို့ရမယ့်နေ့ရက်လေးတွေရှိပါတယ် ….
အဲ့နေ့လေးတွေကို page မှာကြိုတင်အသိပေးသွားပါမယ်နော် 📣📣
Inbody machine ဆိုတာ လက်ဖျားကနေ ခြေဖဝါးကို electric frequency တွေ စီးဆင်းစေပြီး ကိုယ်တွင်းက data တွေကို အနီးစပ်ဆုံးတွက်ပေးနိုင်တဲ့ bioelectrical impedance analysis [BIA] နည်းပညာသုံးစက်တခုဖြစ်ပါတယ်….
Inbody machine စက်နဲ့တိုင်းတာခြင်းဖြင့် ကိုယ့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့
ကြွက်သားထုထည်ပမာဏ [ lean muscles mass]
အဆီထုထည်ပမာဏ [ fat mass]
အဆီဖယ်ပြီး အရိုးကြွက်သားကလီစာထုထည် [ lean body weight ]
အဆီရာခိုင်နှုန်း [fat %]
ကလီစာပတ်ပတ်လည် အဆီဝင်ရောက်မှု [ visceral fat]
စတဲ့ ကျန်းမာရေး , ကိုယ်ခန္ဓာအချိုးအစားပြောင်းလဲရေးအတွက် အဓိက ကျတဲ့ အချက်အလက်တွေကိုတိတိကျကျသိရမှာဖြစ်တဲ့အပြင်
ကိုယ်တွင်းအရည်ပမာဏ [ extracellular water ratio ] [ ICW,TBW]
ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်း ကြွက်သားမညီမျှမှု , အဆီမညီမျှမှု
တလနှင့်တလ မိမိရဲ့ အဆီကျသွားတာ , ကြွက်သားတက်လာတာ တိုးတက် ဆုတ်ယုတ်မှုတွေကို အတိကျဆုံး ဖော်ပြပေးနိုင်တာဖြစ်ပါတယ်
အဲ့ကနေမှ BMI , BMR အပေါ်အခြေခံပြီး ကျနော်တို့ရဲ့ တနေ့တာ ကယ်လိုရီစားသုံးရမှု nutrition လ်ုအပ်ချက်တွေအသေးစိတ်တွက်ထုတ်နိုင်မယ်
ခန္ဓာကိုယ်ရဲ့ muscle imbalance တွေကိုသိနိုင်ပြီး weak point တွေပြုပြင်နိုင်မယ်
ကျန်းမာရေးအတွက် လိုအပ်တာတွေကြည့်ပြီးပြုပြင်နိုင်မယ် စသဖြင့်များစွာသော အကျိုးရလာဒ်တွေရှိလို့ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ နည်းပညာတခုဖြစ်ပါတယ်
ကျနော်တို့ REFORM GYM မှာ နှစ်လတခါ လာရောက် တိုင်းတာလို့ရပါတယ်လို့ သတင်းကောင်းပါးချင်ပါတယ်နော်☺️☺️☺️
02/08/2026
📣 Reform Gym တွင် InBody Test စစ်မည့်သူများ Reform Gym Reception တွင် ကြိုတင် နာမည်စရင်းပေးရန်
စစ်မည့်နေ့ - Aug 3 ရက်နေ့ (Monday)
⏰ အချိန် - 5 pm to 7 pm
🔥 InBody test ဆိုတာဘာလဲ?
📌 ကိုယ့်ခန္ဓာကိုယ်မှာ Fat Mass ( အဆီပမာဏ)ဘယ်လောက်ရှိလဲ
📌Muscle mass ဘယ်လောက်ရှိလဲ
📌Visceral fat (ကိုယ်တွင်းအင်္ဂါအဆီ)ဘယ်လောက်ရှိနေမလဲ
📌 ခန္ဓာကိုယ်ရေဓာတ် ဘယ်လောက်လဲ?
📌Basal Metabolism (BMR) ဘယ်လောက်လဲ (အဆီချဖို့ အရေးကြီးတယ်)
📌Body Fat % ဘယ်လောက်ရှိမလဲ
Workout plan ကို တိတိကျကျပြင်ဆင်နိုင်ဖို့ အထောက်အကူအများဆုံး ဖြစ်စေနိုင်မှာ ဖြစ်ပါတယ် …
✨ Test မလုပ်ခင် အကြံပြုချက် (Best Result ရဖို့)
✔ test မလုပ်ခင် ၂–၃ နာရီအတွင်း အစာ မစားထားပါနှင့်
✔ Exercise ပြီးချိန်မဟုတ်ရ — Workout ပြီး 2 နာရီအတွင်း မစစ်သင့်ပါ
✔ ရေများများ မသောက်ရ — Test မလုပ်ခင် 30 mins အတွင်းအများကြီး မသောက်သုံးထားရပါ
REFORM GYM
Address : 80/82၊ Condo မြေညီ ၊ ရတနာလမ်း ၊ ၁ ရပ်ကွက် ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Nearest Place : PISM ကျောင်း အနီး ၊ ရွာမကျောင်းလမ်း အနီး ၊ Bus - ဗဟိုလမ်း ဆိုက်ကားဂိတ် မှတ်တိုင် ၊ ဗဟိုလမ်း ကျောကပ်လမ်း
Google Maps
https://maps.app.goo.gl/QTLAX8s4sW95gJ2t9?g_st=ic
Ph no: 09777102799
Empower Your Body.
Reform Your Life.
Build Your Confidence.
30/07/2026
တရားစွဲဆိုခံထားရတဲ့နာမည်ကြီးပိန်ဆေးများ
လက်ရှိသုံးစွဲနေကြတဲ့ mounjaro , ozempic စတဲ့ glp 1 ဆေးတွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်တွေထွက်ပေါ်လာပါတယ်
ဘာတွေလဲဆိုတော့ GLP-1 ဆေးတွေကြောင့် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ (gastroparesis, blindness, bowel injury စတာတွေ) ကို လုံလောက်စွာ မသတိပေးခဲ့ဘူးလို့ လူနာထောင်ပေါင်းများစွာက တရားစွဲထားတာပါ
အမေရိကန် ဖက်ဒရယ်တရားရုံးမှာ Novo Nordisk (Ozempic ထုတ်လုပ်သူ) နဲ့ Eli Lilly (Mounjaro ထုတ်လုပ်သူ) တို့ကို လူနာထောင်ပေါင်းများစွာက တရားစွဲဆိုထားတဲ့သတင်းတွေကို
Reuters, CNN, Bloomberg နဲ့ CBS News စတဲ့ နိုင်ငံတကာ သတင်းဌာနကြီးတွေမှာတော်တော် အရေးတယူက်ုဖော်ပြထားပါတယ်
ဆေးဘူးမှာ ပြင်းထန်တဲ့ အစာအိမ်လေဖြတ်ခြင်း (Gastroparesis) နဲ့ အူလမ်းကြောင်းပိတ်ခြင်းတွေကို သေသေချာချာ သတိမပေးထားဘူး ဆိုပြီး တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်
ဒါနဲ့ပတ်သတ်ပြီး ဆေးတွေရဲ့ promotions တွေမှာမပါဝသ်တဲ့လူပြောနည်းလှတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ အကျယ်တဝင့်သိလိုက်ရပါတယ်
ဒါတွေကတော့
၁.မျက်စိကွယ်တာ
ဇူလိုင်လ (၂၀၂၄) မှာ ထုတ်ပြန်ခဲ့တဲ့ နာမည်ကြီး ဆေးပညာဂျာနယ် JAMA Ophthalmology ရဲ့ သုတေသနမှာ Ozempic နဲ့ Wegovy လို ဆေးတွေ သုံးစွဲသူတွေမှာ NAION လို့ခေါ်တဲ့ မျက်စိအာရုံကြော သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ (၄) ဆ ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်တဲ့ဗျ
၂.ခွဲစိတ်စဉ် အန်ဖတ်စို့ခြင်း (Aspiration during surgery)🥲
ခွဲစိတ်နေစဉ် အန်ဖတ်စို့ပြီး ပြင်းထန်အဆုတ်ရောင်တဲ့ (Pulmonary Aspiration) ကိစ္စနဲ့ ပတ်သက်လ်ု့ကျ American Society of Anesthesiologists (ASA) အမေရိကန် မေ့ဆေးဆရာဝန်များအသင်း ကနေပြီးတော့ GLP-1 ဆေးသုံးနေသူတွေဟာ အစာအိမ်ထဲက အစာဆင်းနှေးတဲ့အတွက် ခွဲစိတ်မှုမလုပ်ခင် ဆေးကြိုရပ်ထားဖို့ တရားဝင် သတိပေးချက် တွေကို ထုတ်ပြန်ထားပါတယ် ဒါကတော့သိပ်အရေးမကြီးပေမယ့် အရေးကြီးတာပါပဲ 🥲
၃.အူလမ်းကြောင်းပိတ်ဆို့ခြင်းဖြစ်နိုင်ပါတယ်တဲ့(Ileus/Bowel Obstruction)
GLP-1 ဆေးတွေဟာ အစာအိမ်ထဲက အစာဆင်းတာကိုနှေးစေတယ် ဗိုက်ပြည့်နေစေတယ်ဆိုတဲ့ပုံနဲ့ အလုပ်လုပ်တာပါ
ဒါပေမယ့် တချို့လူနာတွေမှာ အဲ့ဒီဖြစ်စဉ်က လွန်ကဲသွားပြီး အူလမ်းကြောင်း လုံးဝပိတ်ဆို့သွားတဲ့ (Ileus/Bowel Obstruction) အန္တရာယ်တွေ ဖြစ်လာတဲ့အတွက် US FDAကတောင်မှ ဆေးဘူးတွေမှာ Label Update လုပ်ပြီး သတိပေးချက် ထည့်သွင်းဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်
၄.နောက်တခုအပြင်းထန်ဆုံးသတိပေးချက်ကဘာလဲဆိုတော့
ဒီဆေးတွေမှာ သိုင်းရွိုက်ကင်ဆာ (Thyroid C-Cell Cancer) အန္တရာယ်ဟာ Black Box Warning အနေနဲ့ အစကတည်းက ပါဝင်ပြီးသား ဖြစ်ပါတယ်တဲ့
အကြောင်းရင်းကတော့ သုတေသနပြုလုပ်စဉ် ဓာတ်ခွဲခန်းကြွက်တွေမှာ MTC (Medullary Thyroid Carcinoma) လို့ခေါ်တဲ့ ရှားပါးသိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာ မြင့်တက်စေတာကို တွေ့ရှိခဲ့ရလို့ပါပဲ
ဒါကြောင့် မိသားစု မျိုးရိုးထဲမှာ သိုင်းရွိုက်ကင်ဆာရှိဖူးသူတွေ၊ ကိုယ်တိုင် သိုင်းရွိုက်ရောဂါ အခံရှိသူတွေ လုံးဝ (လုံးဝ) အသုံးမပြုဖို့ အစကတည်းက တင်းတင်းကျပ်ကျပ် တားမြစ်ထားတာ ဖြစ်ပါတယ်တဲ့ဗျ
ဒါတွေကို company တွေကတရားဝင်ထုတ်ပြန်ခဲ့ပေမယ့် လူပြောမများခဲ့တာပါ
အမှုကတော့ခုထိရင်ဆိုင်နေဆဲပါပဲဗျ
ရေးသားသူ ကျနော်ဆွေလှိုင်ဝင်းပါ
19/07/2026
နေ့စဥ်စားနေတဲ့အရွက်တွေက အဆီကျဆေးလိုအစွမ်းထက်တယ်ဆိုတာသတိထားမိရဲ့လား
ယနေ့ခေတ် Semaglutide, Tirzepatide စတဲ့ GLP-1 Peptides ဆေးတွေဟာ တကယ့်ကို ရေပန်းစားလာပါတယ်
ဒီဆေးတွေက အစာစားချင်စိတ်ကိုလျော့ချပေးပြီး ဝိတ်ကျစေပါတယ်
တကယ်တော့ဗျာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဒီ GLP-1 ဟော်မုန်းကို သဘာဝအတိုင်း ထွက်စေတဲ့ အစွမ်းထက်ဆေးတစ်မျိုး ရှိပြီးသားပါပဲ
အဲဒါကတော့ နေ့စဉ် ကျွန်တော်တို့ တွေ့မြင်နေရတဲ့အစိမ်းရောင်အရွက်တွေပါပဲ
၁.အရွက်တွေက GLP-1 Receptors တွေအပေါ် ဘယ်လို အလုပ်လုပ်သလဲ ?
၂.ဈေးကြီးတဲ့ Peptides တွေနဲ့ ဘာကွာသလဲ?
၃.ပြီးတော့ အဆီကျဖို့ ဘယ်လိုစားရမလဲ ?
ကြည့်ရအောင်
၁ . အရွက်တွေက GLP-1 Receptors တွေအပေါ် ဘယ်လို အလုပ်လုပ်သလဲ?
ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း GLP-1 ဟော်မုန်းထုတ်ပေးဖို့ဆိုတာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးအပေါ် အများကြီး မူတည်တယ်
ကျနော်တို့ စားလိုက်ရင် အရွက်တွေမှာ ကြွယ်ဝစွာပါဝင်တဲ့ ပျော်ဝင်နိုင်သောအမျှင်ဓာတ် (Soluble Fiber) တွေဟာ အစာအိမ်ကို ဖြတ်ပြီး အူမကြီးထဲကို ရောက်သွားတယ်
အူမကြီးထဲမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယား (Gut Microbiome) တွေက အဲဒီ Fiber တွေကို စားသုံးပြီး အချဉ်ဖောက်လိုက်ပါတယ်
အဲ့လိုကနေ Short-Chain Fatty Acids (SCFAs) လို့ခေါ်တဲ့ အက်ဆစ်တစ်မျိုး (Butyrate, Propionate, Acetate) တွေကို ထုတ်လုပ်ပေးလိုက်ပါတယ်
ဒီ SCFAs တွေဟာ အူလမ်းကြောင်းနံရံမှာရှိတဲ့ L-cells ဆိုတဲ့ ဆဲလ်လေးတွေကို သွားပြီး တိုက်ရိုက် လှုံ့ဆော်ပေးပါတယ် L-cells တွေကနေမှတစ်ဆင့် GLP-1 ဟော်မုန်း ကို သွေးကြောထဲ သဘာဝအတိုင်း ထုတ်လွှတ်ပေးလိုက်တာပါ
GLP-1 ထွက်လာတဲ့အခါ ဦးနှောက်ကို ဗိုက်ပြည့်ပြီဟေ့လို့ သတင်းပို့တယ်
အစာအိမ်ထဲက အစာတွေ အူထဲဆင်းတဲ့နှုန်းကို နှေးစေတယ် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ကို ပုံမှန်ဖြစ်သွားစေပါတယ်
၂။ ဈေးကြီးတဲ့ Peptides ဆေးများနှင့် သဘာဝအရွက်တွေဘာကွာလဲ
GLP-1 ထုတ်ပေးတာခြင်း တူပေမယ့် ဓာတုနည်းနဲ့ ဖန်တီးထားတဲ့ ဆေးနဲ့ သဘာဝအစားအစာကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိပါတယ်
ဆေးက GLP 1 ကိုအတင်းထုတ်စေတာပါ
အရွက်က fiber မှတဆင့်သဘာဝအတိုင်းထုတ်တာပါ
ဆေးက အစာစားချင်စိတ်ကိုလုံးဝလျော့ချပါတယ်
အရွက်က သဘာဝအတိုင်း အဆာပြေစေပါတယ်
ဆေးကအစားမစားနိုင်လို့ ကြွက်သားတွေကိုလျော့ကျစေပါတယ်
အရွက်က ပရိုတိန်းစားနိုင်လ်ု့ ကြွက်သားမကျစေပါဘူး
ဆေးကအန်ချင်တာ ခေါင်းမူး လူမလန်း အားမရှိဖြစ်စေပါတယ်
အရွက်က ဘေးထွက်ဆိုးကျိုးမရှိ ဗီတာမင်နဲ့ သတ္တုဓါတ်တွေတောင်ပို၍ပါပါတယ်
၃. အဆီကျဖို့ ဘယ်အရွက်တွေကို ရွေးချယ်စားသုံးသင့်သလဲ?
အဆီချဖို့နဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ GLP-1 ကို မြှင့်တင်ဖို့ဆိုရင် အောက်ပါ အရွက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်
ပန်းဂေါ်ဖီစိမ်း (Broccoli)
ဂေါ်ဖီထုပ် (Cabbage)
ပန်းဂေါ်ဖီ (Cauliflower)။
သူတို့မှာ အမျှင်ဓာတ် အလွန်မြင့်မားတဲ့အပြင် ခန္ဓာကိုယ်က အီစထရိုဂျင် (Estrogen) ဟော်မုန်းကို ထိန်းညှိပေးလို့ ဗိုက်အဆီကျဖို့ အလွန်ကောင်းပါတယ်
အစိမ်းရင့်ရောင် အရွက်တွေ
ဟင်းနုနယ် (Spinach)
ကိုက်လန် (Kale)
မုန်ညင်းစိမ်း (Mustard Greens)
ကယ်လိုရီ အလွန်နည်းပါးပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်တွေ ပြည့်ဝစွာ ပါဝင်လို့ လေ့ကျင့်ခန်းလုပ်ဖို့လည်း ခွန်အားဖြစ်စေပါတယ်
ရေဓာတ်များသော အရွက်နှင့် အသီးတွေ
ကန်စွန်းရွက်
သခွားသီး
ရုံးပတီသီး
အစာအိမ်ကို မြန်မြန်ပြည့်စေပြီး ရေဓာတ်ဖြည့်တင်းပေးပါတယ်
ထမင်းစားပွဲထိုင်တာနဲ့ ထမင်း နဲ့ ဟင်း ကို အရင်မနှိုက်ပါနဲ့ အရွက်တွေကိုအဆီကျဆေး တစ်ခွက်သောက်လိုက်တယ် လို့ သဘောထားပြီး အရင်ဆုံး ကုန်အောင်စားလိုက်ပါ 😅
အရွက်တွေက အစာအိမ်နံရံကို အရင်ဖုံးသွားမယ် GLP-1 ကို လှုံ့ဆော်ပေးတဲ့အတွက် နောက်ကနေဝင်လာမယ့် သကြားဓာတ်တွေ သွေးကြောထဲ အမြန်ရောက်မသွားအောင် ထိန်းပေးပါတယ်
ထမင်းတခါစားရင် ကိုယ့်လက်သီးဆုပ်နှစ်ဆုပ်စာလောက်အရွက်တွေပါရပါမယ်
အရွက်ကို ဆီတွေအများကြီးနဲ့ ရွှဲနေအောင် ကြော်စားရင် အဆီကျဖို့နေနေသာသာ ကယ်လိုရီတွေပိုတိုးလာပါလိမ့်မယ် အကောင်းဆုံးကဗျာ ရေနွေးဖျောတာ, ပေါင်းတာ ဒါမှမဟုတ် သံလွင်ဆီအနည်းငယ်နဲ့ အစိမ်းသုပ်စားတာမျိုး လုပ်
ဗီတာမင် A, D, E, K တို့ဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်လို့ သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီအနည်းငယ်နဲ့ တွဲစားတာက အာဟာရစုပ်ယူမှုကို အကောင်းဆုံး ဖြစ်စေပါတယ်
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်
ရေးသားသူ ကျနော် ဆွေလှိုင်ဝင်းပါ
17/07/2026
လေ့ကျင့်ခန်းကိုနားလိုက်ရင် / လျှော့ချလိုက်ရင် ကြွက်သားတွေပြန်သေးသွားမှာ တိုးတက်မှုတွေဆုတ်ယုတ်သွားမှာကြောက်တဲ့သူတွေရှိလား
Gym ဆော့တဲ့သူတော်တော်များများက အပြင်းအထန်မဆော့ဘဲ နားလိုက်ရင် ဒါမှမဟုတ် ခပ်ပေါ့ပေါ့ပဲဆော့လိုက်ရင် ကြွက်သားတွေ ဆုံးရှုံးသွားမယ်လို့ ထင်တတ်ကြပါတယ်တကယ်က အဲ့လိုမဟုတ်ပါဘူး မကြောက်ကြပါနဲ့ နားလို့ / လျော့လို့ရပါတယ်
၂၀၂၂ ခုနှစ်က လေ့လာချက်တစ်ခုမှာ ၈ ပတ်တိတိ Heavy Squats , push , pull တွေ အပြင်းအထန်ကစားထားတဲ့သူတွေကို သူတို့ရဲ့ Training Volume ကို တစ်ဝက်တိတိလျှော့ချပြီး စမ်းသပ်ကြည့်ခဲ့ပါတယ်
ရလဒ်ကတော့ သူတို့ဟာ အားနည်းမသွားဘဲ ပိုတောင် သန်မာလာတာကို တွေ့ရပါတယ်တဲ့
👇
https://pubmed.ncbi.nlm.nih.gov/33337705/
လေ့ကျင့်ခန်းအနည်းဆုံးလုပ်တဲ့ ရက်သတ္တပတ်တွေမှာ သူတို့ရဲ့ Testosterone တွေ အမြင့်ဆုံးရောက်လာပြီး
Stress ဟော်မုန်းတွေ ကျသွားသလို ခွန်အား (Strength) ကလည်း အကောင်းဆုံးအခြေအနေကို ရောက်သွားပါတယ်
ဒါကို Deload Week လို့ခေါ်ပါတယ်
Deload week ကထားကိုထားသင့်တဲ့အရာတခုဖြစ်ပါတယ်
၆ ပတ် ကနေ ၈ ပတ် တစ်ခါ ကြာပြီးတိုင်းမှာ ၁ပတ်လောက် ကိုယ့်ရဲ့ Workout Volume ကို လျှော့ချလို့ရပါတယ်
ကျနော်တို့လပေါင်းများစွာ အပြင်းအထန် ကစားထားတဲ့အခါ Creatine Kinase (ကြွက်သားပျက်စီးမှုကိုပြတဲ့ အင်ဇိုင်း) တွေ မြင့်တက်နေပါတယ် ဆီးစစ် သွေးစစ်ရင် သိရပါတယ်
တခါတလေစိတ်ခံစားမှု (Mood) တွေကျ , motivation ကျ
နာကျင်မှုဒဏ်ခံနိုင်ရည်တွေ ကျနေတတ်ပါတယ်
ဒါပေမယ့် Volume ကို တစ်ပတ်လောက် လျှော့ချလိုက်တာနဲ့ အားလုံးက ပုံမှန်ကို ပြန်ရောက်သွားပြီး ကြွက်သားတွေက
တကယ်ကြီးထွားဖို့ / ထပ်ပြီးပိုကြီးလာဖို့အခွင့်အရေးရသွားပါတယ်
Overtraining ဖြစ်မယ့် ဒဏ်ကနေ ကြိုတင်ကာကွယ်ပေးတာပေါ့ဗျာ
လေ့ကျင့်ခန်း အမျိုးအစားတွေကို မပြောင်းပါနဲ့ ကိုယ်လုပ်နေကျ လေ့ကျင့်ခန်းတွေအတိုင်းပဲ ဆက်လုပ်လို့ရပါတယ်
ပုံမှန်ဆော့နေတဲ့ Sets တွေကို ၄၀% ကနေ ၆၀% အထိ လျှော့ချလိုက်ပါ
အလေးချိန် (Weight) ကိုလည်း ကိုယ်ပုံမှန်မနေတဲ့ အလေးရဲ့ ၆၀% ကနေ ၈၅% ကြားမှာပဲ ထားဆော့ပါ
တစ်ပတ်ကို ၄ ရက်ဆော့မယ့်အစား ၁ ရက် ကနေ ၂ ရက်ပဲ ဆော့ပါ
အဲ့ရက်တွေမှာ strength focus ( 2 to 6 rep) တွေမထည့်နဲ့
လေ့ကျင့်ခန်းအသစ် တွေ မထည့်ပါနဲ့
အေးအေးဆေးဆေးလေး သွားဆော့ပြီး လန်းဆန်းအောင်ပြန်နားပါ
၆ ပတ် ဒါမှမဟုတ် ၈ ပတ် တစ်ခါနားတာ (deload week) လုပ်ပေးတာဟာ ရထားတဲ့ ကြွက်သားတွေကို ဆုံးရှုံးစေတာမဟုတ်ဘဲ
တကိုယ်လုံး recover ဖြစ်အောင်
စိတ်ပိုင်း , ရုပ်ပိုင်းလန်းဆန်းလာအောင်
နောက်တပတ်မှာ အားအင်အပြည့်နဲ့အာရုံစိုက်နိုင်အောင်လုပ်ပေးတာဖြစ်ပါတယ်
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်
ရေးသားသူ ကျနော် ဆွေလှိုင်ဝင်းပါ
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
80/82 , Ground Floor , Yadanar Street
Yangon
Opening Hours
| Monday | 06:30 - 21:00 |
| Tuesday | 06:30 - 21:00 |
| Wednesday | 06:30 - 21:00 |
| Thursday | 06:30 - 21:00 |
| Friday | 06:30 - 21:00 |
| Saturday | 06:30 - 21:00 |