MSN 2.0

MSN 2.0

Share

Hello guys. This channel is for martial arts combat sports. ✌️

09/07/2026

RAF Georgia ရဲ့ ခေါင်ပွဲ ..

Merab Dvalishvili Vs Henry Cejudo

ပ_ရို_မို_ကုတ် - MSN20

09/07/2026

RAF Georgia ပွဲရဲ့ ဒုတိယမြောက် ခေါင်ပွဲ ..

Kyle Snyder Vs Abdulrashid sadulaev

ပ_ရို_မို_ကုတ် - MSN20

09/07/2026

RAF Georgia ပွဲရဲ့ တတိယခေါင်ပွဲ..

Arman Tsarukyan Vs Khamitov

ပ_ရို_မို_ကုတ်- MSN20

09/07/2026

DC ထံမှ လောင်းကြေး ဒေါ်လာ ၁၀၀၀ အနိုင်ရခဲ့တဲ့ Paddy Pimblett

UFC 329 ရဲ့ ဒုခေါင်ပွဲမှာ Benoit Saint Denis နဲ့ ယှဥ်ပြိုင်ကစားဖို့ အတွက် အမေရိကန်‌နိုင်ငံကိုရောက်နေတဲ့ Paddy Pimblett က ဘုရားလည်းဖူး၊ လိပ်ဥလည်းတူး ဆိုသလိုပါပဲ။

အမေရိကန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပွဲစဉ်တွေကို သွားရောက်ကြည့်ရှူခဲ့သလို၊ Daniel Cormier ထံမှ လောင်းကြေး ‌ဒေါ်လာ ၁၀၀၀ အနိုင်ရခဲ့တ‌ယ်လို့ သိရပါတယ်။

Paddy နဲ့ DC တို့က ဖီဖာ ကမ္ဘာ့ဖလား၊ ၃၂ သင်းအဆင့် ရှူံးထွက်ပွဲစဉ်တစ်ခုဖြစ်တဲ့ အမေရိကန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ကစားတဲ့ပွဲစဉ်မှာ DC က အမေရိကန်အသင်းအနိူင်ရမယ့်ဘက်က ဒေါ်လာ ၁၀၀၀ လောင်းကြေးထပ်ခဲ့တာဖြစ်ပြီး၊ Paddy ကတော့ ဘယ်လ်ဂျီယံဘက်က ရပ်တည်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အိမ်ရှင် ‌အမေရိကန်အသင်းက ၁-၄ ဆိုတဲ့ ရလာဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် DC က Paddy ထံ ‌ရှုံးကြေး ဒေါ်လာ ၁၀၀၀ ပေးခဲ့ရပါတယ်။ Paddy က တော့ သူလောင်းကြေးလက်ခံရရှိတဲ့ video clip ကို လိုင်းပေါ်တင်ပြီး DC က ကတိတည်တဲ့သူပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

08/07/2026

Conor McGregor ကို အနိုင်ရစေချင်တဲ့ Paddy Pimblett

UFC 329 မှာ Paddy Pimblett က ပြင်သစ်ဖိုက်တာ God of War ကြီး Benoit Saint Denis နဲ့ Co Main Event ကစားရမှာပါ။ UFC Europe နဲ့ အင်တာဗျူးမှာတော့ Paddy က UFC 329 နဲ့ ပတ်သက်သမျှသာမက ရှေးဟောင်းနှောင်းဖြစ်တွေပါ အကုန်ဖောက်သည် ချသွားခဲ့ပါတယ်။

UFC 329 နဲ့ ပတ်သက်လို့တော့ Paddy က Conor McGregor နဲ့ Fight Card တစ်ခုတည်းကစားခွင့်ရလို့ ကျေနပ်မိတယ်လို့ ပြောဆိုခဲ့သလို UFC 329 က Conor ကြောင့် ကြည့်ရှူသူဦးရေ ထင်ထားတာထက်ပိုပြီးများလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

နောက်တစ်ခုက UFC နဲ့ သူ့ရဲ့ ကြားက ကတိကဝတ်တစ်ခုကို Paddy က ပွင့်လင်းစွာဖွင့်ဟခဲ့ပါတယ်။ အကြောင်းကတော့ သူ့အနေနဲ့ Benoit Saint Denis ကို အနိုင်ယူပြခဲ့ရင်တောင် ခါးပတ်လုခွင့်ရဦးမှာ မဟုတ်သေးဘဲ နောက်ထပ်နိုင်ပွဲတစ်ပွဲလိုသေးတယ်ဆိုပြီး UFC က အသိပေးထားခဲ့ပါတယ်။ ဒါကြောင့် Paddy က BSD ကို အနိုင်ရရင် ဒီ‌နှစ်‌ကုန်ပိုင်းလောက်မှာ နောက်ထပ်တစ်ပွဲကစားချင်နေပြီး သူ့ရဲ့ ပြိုင်ဘက်အဖြစ် Conor McGregor နဲ့ ရင်‌ဆိုင်ချင်တာမလို့ Holloway နဲ့ပွဲမှာ Conor ကို အနိုင်ရစေချင်မိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ Conor McGregor ဟာ သူအမြဲကစားဖူးချင်ခဲ့တဲ့ Dream Fighter ဖြစ်လို့ ဒီအိမ်မက်ကို အကောင်အထည်ဖော်ခွင့်ရချင်နေတာပါ။

နောက်ထပ် Paddy Pimblett ပြောပြခဲ့တာက Justin Gaethje ကို ရှုံးခဲ့ပေမယ့် အမြတ်‌ထွက်ခဲ့တဲ့ အကြောင်းတွေပါ။အထူးသဖြင့်တော့ Justin Gaethje ကို ရှုံးခဲ့တဲ့ ပွဲဟာ အရင်‌နိုင်ခဲ့တဲ့ ပွဲတွေအားလုံးထက်ပိုပြီး သူ့ရဲ့ တန်ဖိုးကို ပိုပြီးမြှင့်တင်ပေးခဲ့တယ်လို့ Paddy Pimblett က ဆိုပါတယ်။

Tony Ferguson,King Green, Michael Chandler တို့က အနိုင်ရခဲ့တဲ့ သုံးပွဲမှာလူတွေက သူ့ကို သာမန်နိုင်ပွဲအနေနဲ့ ပဲ သတ်မှတ်ခဲ့ကြပါတယ်။ သို့ပေသည့်တိုင်အောင် Justin Gaethje နဲ့ ငါးချီအပြည့် ရေကုန်ရေခမ်းဆော်ခဲ့ကြတဲ့ ပွဲမှာတော့ ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုမှုကို အပြည့်အဝရရှိခဲ့ပြီး သူ့ရဲ့ စတော့ဈေးကွက်တန်ဖိုးလည်း များစွာတိုးတက်လာတယ်လို့ အကြောင်းစုံဖွင့်ဟသွားခဲ့ပါတယ်။

ပ_ရို_မို_ကုတ်-MSN20

07/07/2026

Lone'er Kavanagh ရဲ့ အဖြစ်က ‘ပန်းထိမ်မတတ်ခင်က ရွှေခိုးသင်' ဆိုသလိုဖြစ်နေပြီ။ဘာလို့လဲဆိုရင်တော့ Lone’er Kavanagh တစ်ယောက် UFC 329 မှာ Brandon Royval ကိုအနိုင်ယူပြီးရင် Jousha Van ဆီက Flyweight ခါးပတ်လုချင်တယ်လို့ ထုတ်ပြောလာလို့ပဲဖြစ်ပါတယ်။

Lone'er Kavanagh က လက်ရှိ UFC Ranking မှာ နံပါတ် ၉ နေရာမှာရှိနေပါတယ်။သူရဲ့ အနေအထားက တဖြည်းဖြည်း ထိပ်ပိုင်းကိုရောက်လာတာ မှန်ပေမယ့် Brandon Royval ကို အနိုင်ရရင်တောင် ချန်ပီယံလုခွင့်ရမယ့် အနေအထားမျိုးမဟုတ်သေးပါဘူး။ ဒါတောင် Brandon Royval ကို ကျော်ဖြတ်ပြရဦးမှာပါ။

အခုလက်ရှိ Flyweight တန်း အခင်းအကျင်းက UFC မှာ Hot အဖြစ်ဆုံးပါပဲ။ Pantoja က Jousha Van နဲ့ မကျေပွဲပြန်တွေ့ဖို့ နီးစပ်နေသလို၊ Kyoji Horiguchi ကို အနိုင်ယူထားတဲ့ Marnel Kape ကလည်း ချန်ပီယံခါးပတ်လုဖို့ အဆင်သင့်ထိုင်စောင့်နေပါတယ်။

ဒါ့ကြောင့် Lone’er Kavanagh အနေနဲ့ Brandon Royval ကို အနိုင်ရရင်တောင် သူမျှော်လင့်ထားသလို Van ရဲ့ ခါးပတ်ကို စိန်ခေါ်ခွင့်ရဖို့ မလွယ်ကူသေးပါဘူး။

07/07/2026

ရှန်ဟိုင်း မှာထိပ်တိုက်တွေ့ကြမယ့် Van ရဲ့ ပြိုင်ဘက်ဟောင်း နှစ်ယောက်

UFC က ဩဂုတ်လထဲမှာ တရုတ်နိူင်ငံ၊ ရှန်ဟိုင်းမြို့မှာ၊ UFC Fight Night ပြိုင်ပွဲကျင်းပဖို့ရှိနေပါတယ်။ ထုံးစံအတိုင်း တရုတ်ဖိုက်တာတွေကို ဦးစားပေးပွဲထုတ်ထားတဲ့ ပြိုင်ပွဲမျိုးဖြစ်ပြီး ခေါင်ပွဲမှာလည်း ရုရှားဖိုက်တာ Nurmagomedov နဲ့ တရုတ်ပရိတ်သတ်တွေရဲ့ အချစ်တော် Song Yadong တို့ကို ပွဲတည်ပေးထားပါတယ်။

ဒီပြိုင်ပွဲရဲ့ Undercard တွေမှာတော့ မကာအိုမှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲမှာ ပြိုင်ဘက်ဖိုက်တာ Luis Gurule ကို ပထမအချီနဲ့ ချုပ်ပြခဲ့တဲ့ Jousha Van ရဲ့ ပြိုင်ဘက်ဟောင်း ဂျပန်ဖိုက်တာ Rei Tsuyura ကို ပီရူးဖိုက်တာ Kevin Borjas နဲ့ပွဲတည်ပေးထားပါတယ်။ ဒီဖိုက်တာနှစ်ယောက်လုံးက Joshua Van နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး နှစ်ယောက်လုံးကို Van က အနိူင်ယူပြထားပါတယ်။

Rei Tsuyura က UFC မှာ သုံးပွဲကစားထားပြီး Joshua Van ကိုပဲ ရှုံးနိမ့်ထားပါတယ်။ ဖိုက်တာဘဝမှာလည်း 11 ပွဲနိုင်၊ 1 ပွဲရှုံး ရလာဒ်ကိုပိုင်ဆိုင်ထားပါတယ်။ Kevin Borjas ကတော့ UFC ဖိုက်ဝာာဘဝ စုစုပေါင်း 6 ပွဲအထိကစားထားပြီး 2 ပွဲနိုင်၊ 4 ပွဲ ရှူံးထားပါတယ်။နောက်ဆုံး ပွဲမှာတော့ ပြိုင်ဘက် Andre Lima ကို အနိုင်ယူထားတာပါတယ်။ ဒါကြောင့် နိုင်ပွဲကိုယ်စီရထားတဲ့ Flyweight တန်းက ဖိုက်တာနှစ်ယောက်ထိပ်တိုက်တွေ့မယ့် ပွဲမှာ ဘယ်ဖိုက်တာက နိုင်ပွဲဆက်အောင်စွမ်းအောင် စွမ်းဆောင်ပြနိုင်မလဲ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါမယ်။

07/07/2026

UFC 329 မှာ Conor McGregor နဲ့ Max Holloway တို့ (၁၃) နှစ် ကြာပြီးနောက်မှာ နောက်တစ်ကြိမ် ပြန်တွေ့ကြတော့မယ်။

Holloway ကတော့ ဒီပွဲဟာ အရင်ရှုံးပွဲကို ပြန်လက်စားချေရုံတင်မဟုတ်ဘဲ သူ့အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် ပွဲ လို့ သတ်မှတ်ထားတယ်။

Holloway က McGregor ဟာ ၂၀၁၃ ခုနှစ်က နိုင်ပွဲကို အခုထိ ပြောနေတာ အံ့ဩမိတယ် လို့ ဆိုတယ်။ အဲဒီတုန်းက McGregor က ACL ဒဏ်ရာရထားသလို Holloway ကလည်း ခြေချင်းဝတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပေမယ့် McGregor က အမှတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမယ့် "(၁၃) နှစ်ကြာသွားပြီ။ အဲဒီပွဲက အခုနဲ့ မဆိုင်တော့ဘူး" လို့ Holloway က ပြတ်ပြတ်သားသား ပြောခဲ့တယ်။

တစ်ဖက်မှာတော့ McGregor ဟာ (၅) နှစ်ကြာ UFC နဲ့ ဝေးကွာနေပြီးမှ ခုမှ ပြန်ထိုးရတာပါ။ ပရိသတ်တွေက သူ့ရဲ့ Party Life ကို ဝေဖန်နေကြပေမယ့် Holloway ကတော့ "ကင်မရာနောက်ကွယ်မှာ သူဘာလုပ်နေလဲ ဘယ်သူမှ မသိဘူး။ ကျွန်တော်က အကောင်းဆုံး Conor ကိုပဲ တွက်ပြီး ပြင်ဆင်ထားတယ်" လို့ ပြောတယ်။ သူ့အနေနဲ့ သိပ်ပြီး လျှော့တွက်ထားတဲ့ပုံ မပေါ်ဘူး။

ဒါ့အပြင် Holloway က ပွဲက ကြမ်းပြီး နောက်ဆုံးချီအထိ ရောက်သွားရင် Justin Gaethje နဲ့ပွဲတုန်းကလို ကြိုးဝိုင်းအလယ်မှာ Point Down လုပ်ပြီး Stand and Bang ယှဉ်ဝိုက်ဖို့ McGregor လည်း သတ္တိရှိမယ်လို့ ယုံကြည်နေတယ်။

Holloway အတွက် ဒီပွဲဟာ "နိုင်မှဖြစ်မယ့် ပွဲ" လို့တောင် ပြောလို့ရပါတယ်။ သူ့အတွက်က အနိုင်ရရင် ခါးပတ်လမ်းကြောင်း ပြန်ပွင့်နိုင်ပေမယ့် ရှုံးသွားရင် မျှော်လင့်ချက် ဝေဝါးသွားနိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် အနိုင်ရရုံနဲ့ မလုံလောက်ဘူး။ အလဲထိုးနိုင်ရင် အလဲထိုးမယ်၊ မဟုတ်ရင်လည်း လူတိုင်း အံ့ဩသွားမယ့် အပြတ်အသတ်နိုင်ပွဲမျိုး လိုချင်တယ် လို့ Holloway က ထုတ်ပြောလာတယ်။

ဒါ့ကြောင့် သူတို့နှစ်ယောက် မကျေပွဲက အိုင်းရစ်ရှ်သူဌေး Conor McGregor ရဲ့ Comeback ပွဲတင်မဟုတ်ပါဘူး။ Max Holloway ရဲ့ ချန်ပီယံလမ်းကြောင်းကို ပြန်ဖွင့်ပေးမလား၊ ပိတ်ပစ်မလားဆိုတာ ဆုံးဖြတ်ပေးမယ့် အရေးပါတဲ့ ပွဲလည်း ဖြစ်နေတယ်…..။

ပ_ရို_မို_ကုတ်-MSN20

07/07/2026

အခုတပတ် ဒုခေါင်ပွဲမှာထိုးမယ့် UFC လိုက်ဝိတ်ဖိုက်တာ Benoit Saint Denis က MMA ဖိုက်တာ မဖြစ်ခင် ပြင်သစ်အထူးတပ်ဖွဲ့မှာ (၅) နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အသက် (၁၈) နှစ်အရွယ်မှာ စစ်တပ်ဝင်ခဲ့တဲ့ Saint Denis ဟာ Mali နဲ့ Burkina Faso နိုင်ငံတွေမှာ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး ဓားစာခံကယ်ဆယ်ရေးနဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၂၀၁၆ ခုနှစ်မှာတော့ အဲ့တုန်းက ပြင်သစ်သမ္မတ François Hollande ရဲ့ လုံခြုံရေးတာဝန်ကိုပါ ယူခဲ့ဖူးသေးတယ်။

စစ်မှုထမ်းနေတဲ့ (၃) နှစ်မြောက်မှာ Jiu-Jitsu ကို စတင်လေ့လာရင်း MMA ကို ချစ်မြတ်နိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ် အထူးတပ်ဖွဲ့က ထွက်လာတဲ့အချိန် သူ့မှာ UFC ကို အမြန်ဆုံးရောက်ဖို့ ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့တယ်။

၂၀၁၉ ကနေ ၂၀၂၁ အထိ (၈) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရှုံးပွဲမရှိ စံချိန်နဲ့ UFC စာချုပ်ရယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ နောက်ဆုံး (၄) ပွဲဆက်တိုက် နိုင်ထားတယ်။

ဒါ့အပြင် စစ်မှုထမ်းတဲ့ ကာလအတွင်းမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုအတွက် Medal of the Nation's Gratitude နဲ့ Combatant's Cross ဆုတွေကိုလည်း ၂၀၁၇ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတယ်။

Benoit Saint Denis က စစ်သားဘဝမှာလည်း လက်သံပြောင်သလို အခုဖိုက်တာ ဘဝမှာလည်း နိုင်ခဲ့တဲ့ (၁၇) ပွဲလုံး အမှတ်အဆုံးအဖြတ်ကို မရောက်ဖူးတဲ့အထိ လက်သံပြောင်ထားတဲ့ သူပါ။ နောက်ဆုံးထိုးခဲ့တဲ့ (၁၀) ပွဲမှာ ပွဲအားလုံးကို (၂) ချီ မကျော်ထားသေးဘူး။ Finishing Rate အပြည့်ရှိတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း စစ်ပြန်ဖိုက်တာကြီးပါ…..။

06/07/2026

"ဖခင်ကို မကယ်နိုင်တဲ့ ဝေဒနာ... Dustin Poirier ဘာကြောင့် အရက်သောက်ပြီး အဖမ်းခံခဲ့တာလဲ"

UFC ဖိုက်တာဟောင်းကြီး Dustin Poirier က မကြာသေးခင်က အတ္တလန်တာလေဆိပ်မှာ အရက်မူးပြီး အဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်ရဲ့ နောက်ကွယ်အကြောင်းကို ပထမဆုံးအကြိမ် ရင်ဖွင့်ပြောပြလာတယ်။

Poirier က သူ့ဖခင်ဟာ အရက်စွဲရောဂါကြောင့် အိမ်ထောင်၊ မိသားစုနဲ့ မိတ်ဆွေအားလုံးကို ဆုံးရှုံးခဲ့ပြီး လက်ရှိမှာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ နေနေရတယ် လို့ ဖွင့်ဟခဲ့တယ်။ အရက်သောက်ပြီး ဖြစ်တဲ့ ပြဿနာတွေကြောင့် ထောင်ကျခဲ့ဖူးတာလည်း အကြိမ်ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

Poirier က ဖခင်ကို အကြိမ်ကြိမ် ကူညီဖို့ ကြိုးစားခဲ့ပေမယ့် ဖခင်က အကူအညီကို လက်မခံချင်သလို ဖြစ်နေတယ်။

အဖေများနေ့မှာ အလုပ်သွားဖို့ လေဆိပ်ရောက်နေချိန် ဖခင်အကြောင်းကို ဆက်တိုက်တွေးမိပြီး စိတ်ကျလာတာကြောင့် အရက်သောက်ခဲ့မိရာကနေ အဖမ်းခံရတဲ့ ဖြစ်စဉ် ဖြစ်သွားတာလို့ ဝန်ခံခဲ့တယ်။

Poirier ကိုယ်တိုင်က စိတ်ကျဝေဒနာအတွက် ကုထုံးခံယူဖူးပေမယ့် နေလို့ကောင်းလာတဲ့အခါ ကုထုံးက သင်ပေးခဲ့တာတွေကို မလိုက်နာတော့ဘူး လို့ ဆိုတယ်။ အဲဒီစိတ်အခြေအနေ ပြန်ရောက်လာချိန်မှာ အရက်မသောက်သင့်မှန်း သိသိနဲ့ သောက်ခဲ့မိတာ ဟာ သူ့ရဲ့ အမှားပဲလို့ တာဝန်ယူပြောကြားခဲ့ပါတယ်။

Poirier ကတော့ "အဖေက ဆင်ခြေမဟုတ်ပါဘူး။ အမှားလုပ်ခဲ့တာ ကျွန်တော်ပဲ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ မကောင်းတဲ့အချိန်မှာ အရက်က ကျွန်တော့်အတွက် ဘယ်တုန်းကမှ အဖြေမဟုတ်ခဲ့ဘူး" လို့ ဝန်ခံခဲ့တယ်။

တကယ်တော့ ဒီဖြစ်ရပ်ဟာ အရက်မူးပြီး အဖမ်းခံရတဲ့ သတင်းတစ်ပုဒ်ထက် ပိုပါတယ်။ ဖခင်ကို မကယ်တင်နိုင်တဲ့ နာကျင်မှု၊ စိတ်ကျဝေဒနာနဲ့ အမှားကို ကိုယ်တိုင်တာဝန်ယူရဲတဲ့ ကိုစိန်သီးရဲ့ ရင်ဖွင့်သံတစ်ခုလည်း ဖြစ်ပါတယ်.....။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon