28/08/2026
🧘♀️ယောဂလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး(၅)ချက်🧘♂️
************************************************
1️⃣ကိုယ်ခန္ဓာ ပျော့ပျောင်းစေခြင်း
🧘♀️ယောဂလေ့ကျင့်ခြင်း၏ ပထမဆုံးနှင့်သိသာထင်ရှားမှုအရှိဆုံးအကျိုးကျေးဇူးများထဲမှတစ်ချက်ကတော့ ကိုယ်ခန္ဓာပျော့ပျောင်းလာမှုပါ။ဟုတ်ပါတယ်။သင်ဟာယောဂအတန်း ပထမဆုံးနေ့မှာ သင့်ရဲ့ခြေချောင်းထိပ်လေးတွေကို ခန္ဓာကိုယ်ကွေးညွှတ်ပြီးထိနိုင်ဦးမှာမဟုတ်ပါဘူး။ဒါပေမဲ့ ဖြေးဖြေးချင်းစီကိုယ်ခန္ဓာကို လိုက်လျောညီထွေဖြေလျှော့ပြီးလိုက်လုပ်ကြည့်မယ်ဆိုရင် နောက်ဆုံးမှာ သင်လုပ်နိုင်သွားတာကို သတိပြုမိလာပါလိမ့်မယ်။နာကျင်ခြင်းဝေဒနာတွေလည်းဖြေလျှော့ပျောက်ကင်းသွားပါလိမ့်မယ်။ဒါဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ပေါင်နဲ့ ခြေသလုံးရိုးတို့ မလျော်ညီတဲ့ ဖြောင့်တန်းမှုကြောင့် တင်ပါးဆုံရိုးများသည် အဆစ်ကိုတင်းမာစေနိုင်တယ်။တင်းကျပ်သောဒူးကောက်ကြောဒဏ်ရာများက ခါးဆစ်ကျောရိုးကို နာကျင်စေနိုင်ပါတယ်။ အရွတ်ကဲ့သို့ ကြွက်သားများနှင့်ချိတ်ဆက်ထားတဲ့ တစ်ရှူးများ ရှုပ်ထွေးမှုသည်လည်းကိုယ်ဟန်အနေအထားကို ဆိုးရွားစေပါတယ်။
2️⃣စိတ်တည်ငြိမ်မှုကို ရရှိစေခြင်း
🧘♂️ယောဂလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကို ဖြစ်စေသည့် နောင်တရခြင်း၊ဒေါသထွက်ခြင်း၊ကြောက်ရွံ့ခြင်း တို့ကို လျှော့ချပေးနိုင်ပါတယ်။ကျွန်တော်တို့ဟာစိတ်ဖိစီးမှုကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အိပ်မပျော်ခြင်း၊သွေးတိုးရောဂါနှင့်နှလုံးရောဂါများကိုခံစားရလေ့ရှိပါတယ်။သို့သော် ယောဂလေ့ကျင့်ခြင်းက စိတ်ကို တည်ငြိမ်စေသောကြောင့် ၎င်းရောဂါဘယများမှ ကင်းဝေးစေမှာ အမှန်ပါပဲ။
3️⃣သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
🧘♀️ယောဂလေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေသည်။အထူးသဖြင့်ယောဂ၏ လေ့ကျင့်ခန်းများသည် လက်နှင့်ခြေထောက်ရှိ သွေးကြောများကို ပိုအထောက်အကူပြုသည်။ယောဂလေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်ရှိ ဆဲလ်များ
သို့ အောက်ဆီဂျင်ပိုရောက်စေပြီး ခန္ဓာကိုယ်၏ကိုယ်တွင်း အဂါင်္ံများ၏ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသည်။ ယောဂ၏ "twisting pose" ကစားနည်း
သည် သွေးလှည့်ပတ်သည့်ကိုယ်ခန္ဓာအတွင်းအဂါင်္များ၏ သွေးပြန်ကြောမှသွေးများကို ဖယ်ထုတ်ပြီး "twisting pose" ပြန်လွှတ်လိုက်သည်နှင့် အောက်ဆီဂျင်ရှိတဲ့သွေးများကိုစီးဆင်းစေသည်။"Headstand, Handstand,Shoulderstand စသည့် ပြောင်းပြန်ယောဂလေ့ကျင့်ခန်းများသည်
ခြေထောက်များနှင့်တင်ပါးဆုံတွင်းရှိသွေးပြန်ကြောမှသွေးများကို နှလုံးသို့ပြန်စီးဆင်းစေပြီး၎င်းကို
အဆုတ်သို့အောက်ဆီဂျင်ပြန်ရရန်ပို့ပေးသည်။၎င်းလေ့ကျင့်ခန်းများသည် နှလုံးနှင့်ကျောက်ကပ်တစ်ခုခုအားနည်းတာကြောင့်ဖြစ်တဲ့ ခြေထောက်ယောင်ရမ်းလာခြင်း မဖြစ်အောင်ကူညီပေးပါသည်။
4️⃣အရိုးကျန်းမာရေးကို အထောက်အကူပြုခြင်း
🧘♀️သင့်ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ လေ့ကျင့်ခန်းများသည် အရိုးများကို ပိုမိုခိုင်မာစေပြီး အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ယောဂတွင် ကိုယ်ဟန်အနေအထားအများစုသည် မိမိ၏ကိုယ်အလေးချိန်ကိုသုံးပြီးလေ့ကျင့်ရသည့် နည်းတွေဖြစ်ပါတယ်။အထူးသဖြင့် "downward " နှင့် "upward face-dog" ယောဂကိုယ်ဟန်အနေအထားများသည် လက်မောင်းအရိုးများကို သန်မာစေပြီး အရိုးပွရောဂါကြောင့်ဖြစ်တဲ့ အရိုးကျိုးလွယ်ခြင်းများမဖြစ်အောင် တားဆီးပေးပါတယ်။
5️⃣အာရုံစူးစိုက်မှုကောင်းမွန်ခြင်း
🧘♂️ပုံမှန်ယောဂလေ့ကျင့်သူသည် တစ်ခြားသူများထက် ညှိုနှိုင်းမှု၊ တုံ့ပြန်မှု၊ မှတ်ဉာဏ်အားကောင်းမွန်မှုတို့ပိုမိုသာလွန်ပါတယ်။"Transcendental Meditation" ကိုကျင့်သုံးတဲ့သူများဟာ ပြဿနာကိုဖြေရှင်းရာနှင့် သတင်းအချက်အလက်များကိုမှတ်ဉာဏ်ပြန်ခေါ်ရာမှာ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းကြပါတယ်။
ဒါကြောင့်မို့…Yoga လေ့ကျင့်ဖို့ရာ သင်တန်းလေးရှာနေတယ်ဆို မင်္ဂလာဒုံ၊ခရေပင်လမ်းခွဲ၊သုံးရာသီမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့ မင်တို့ရဲ့ Ennoble Fitness Centre ကိုပဲလှမ်းလာခဲ့လိုက်တော့နော် ..
⏰ Opening Time - 7 : 00 AM To 9 : 00 PM
☎️ Contact Us : 09 969 131 994
09 974 202285
09 77166 7367
📮 Address : မင်္ဂလာဒုံမြို့၊ ခရေပင်လမ်းမ၊ သုံးရာသီ မှတ်တိုင်အနီး ၊KBZ bank အနောက်ဘက် ၊(၂)လမ်းမြောက်မှာ ရှိပါတယ်ရှင့်။
22/07/2026
13/07/2026
01/07/2026