For You Yoga Center - North Dagon

For You Yoga Center - North Dagon

Share

A mindful space for your body, mind & wellbeing. Ashtanga-based yoga • Breath • Mindful Movement
Build strength. Find calm. Practice for life.

Yoga Center accompnied by a Beauty Salon creating a Unique Enjoyable Atmosphere for Ladies

26/08/2026

🚨 မနက်ဖြန် (ဩဂုတ် ၂၇) ဆို စဖွင့်ပြီဖြစ်တဲ့ ညနေခင်း Beginner ယောဂ အတန်းချိန်သစ်များ... 🧘‍♀️✨

"အကြောတွေ တင်းနေလို့ ယောဂ လုပ်နိုင်ပါ့မလား..." "အရင်က လုပ်ဖူးပေမယ့် မလုပ်တာ ကြာလို့ အဆင်ပြေပါ့မလား..."
"ယောဂ စလုပ်ချင်ပေမယ့် အခြေခံ မရှိသေးလို့ စိုးရိမ်နေလား..."

ဒီလို စိုးရိမ်မှုတွေ ရှိနေရင်တော့ လုံးဝ မစိုးရိမ်ပါနဲ့တော့နော်!

For You Yoga & Wellness Center ရဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ Evening Beginner Class လေးက ဒီစိုးရိမ်စိတ်တွေကို ကျော်လွန်စေတဲ့ထိ သေချာစနစ်တကျ လေ့ကျင့်သင်ကြားပေးသွားတော့မှာပါ။

တစ်နေ့တာ တာဝန်တွေကြား မောပန်းသမျှကို ညနေခင်းမှာ ယောဂလေ့ကျင့်ရင်း စိတ်ရော ကိုယ်ပါ အနားယူ ဖြေလျှော့လိုက်ဖို့ အမြန်ဆုံး လာ Join လိုက်တော့နော် 🌱

📌 အတန်းချိန် အသေးစိတ်

စတင်မည့်ရက်: မနက်ဖြန် (ဩဂုတ်လ ၂၇ ရက်)

သင်တန်းရက်: ကြာသပတေး နှင့် သောကြာ (အပတ်စဉ်)

အတန်းချိန် (၁): ညနေ ၅:၀၀ နာရီ အတန်း

အတန်းချိန် (၂): ညနေ ၆:၃၀ နာရီ အတန်း

📞 အသေးစိတ်အချက်အလက်များ သိလိုသူများအတွက် —

📩 Messenger မှ တစ်ဆင့် သော်လည်းကောင်း၊

📞 09953353363 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏡 လိပ်စာ – အမှတ် (၁၉၂)၊ မဟာဗန္ဓုလလမ်းမ၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

26/08/2026

✨ ၁၀ ကြိမ်စာ ဝယ်ထားရင် (၂) လအထိ အပူအပင်မရှိ သုံးစွဲနိုင်မယ့်အပြင်၊ (၅၅) ကြိမ် အထိ စိတ်ကြိုက် ဝယ်ယူနိုင်ပြီနော်! ✨

အတန်းချိန်တွေ ပျက်ကွက်မိလို့ ရက်တွေ ဆုံးရှုံးသွားမှာမျိုး စိုးရိမ်စရာမလိုတော့ပါဘူး!

အလုပ်တွေ၊ တာဝန်တွေကြားမှာ မိမိ Lifestyle နဲ့ ကိုက်ညီပြီး စိတ်အေးချမ်းစွာ လေ့ကျင့်နိုင်ဖို့ For You Yoga Center က Flexible ဖြစ်တဲ့ Package စနစ်တွေကို စနစ်တကျ ဖန်တီးပေးထားပါတယ်။

ပုံမှန် Monthly fees နဲ့ တက်ရောက်နိုင်သလို မိမိ လိုအပ်ချက်ပေါ် မူတည်ပြီး - ၁၀ ကြိမ်မှ ၅၅ ကြိမ် အထိ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

• ၁၀ ကြိမ်ပါ Package ဆိုရင် သက်တမ်းကို (၂) လအထိ ကာလရှည် ပေးထားတာမို့ အတန်းပျက်မှာကို လုံးဝ စိုးရိမ်စရာ မလိုတော့ပါဘူး။

• တကယ်လို့ ယောဂကို တစ်ပတ် ၅ ရက်ကနေ ၆ ရက်အထိ ပိုပြီး အာရုံစိုက် လေ့ကျင့်ချင်ရင်လည်း များများယူလေ ပိုပြီး တန်လေဖြစ်အောင် သက်တမ်းနဲ့ ခွင့်ပြုချက်တွေကို အဆင်ပြေဆုံး စီစဉ်ပေးထားပါတယ်။

ရေရှည်တည်တံ့တဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်တည်ငြိမ်မှုကို စနစ်တကျ တည်ဆောက်ပြီး ခန္ဓာကိုယ်အတွက် အလေ့အထကောင်းတစ်ခုကို For You Yoga Center မှာ အခုပဲ စတင်လိုက်ရအောင်နော်...🧘‍♀️✨

📞 အသေးစိတ်အချက်အလက်များ သိလိုသူများအတွက် —

📩 Messenger မှ တစ်ဆင့် သော်လည်းကောင်း၊

📞 09953353363 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏡 လိပ်စာ – အမှတ် (၁၉၂)၊ မဟာဗန္ဓုလလမ်းမ၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

signals

23/08/2026

အသက်ကြီးလာတာနဲ့အမျှ အားနည်းလာရမယ်လို့ အမြဲ မှတ်ယူမထားပါနဲ့ … 🌿

Yoga ကို ပုံမှန်လေ့ကျင့်လာတဲ့အခါ
ခန္ဓာကိုယ်က ပျော့ပျောင်းရုံတင်မကဘဲ
Strength • Balance • Stability • Body Awareness တွေလည်း တဖြည်းဖြည်း တိုးတက်လာနိုင်ပါတယ်။

ဒီလို Arm Balance တွေရဲ့ ရည်ရွယ်ချက်က ခက်ခဲတဲ့ Pose တစ်ခုကို လုပ်နိုင်ဖို့ဘဲ ရည်ရွယ်တာမဟုတ်ပါဘူး။

ကိုယ့်ခန္ဓာကိုယ်ကို ပိုသိလာဖို့၊
လိုအပ်တဲ့နေရာမှာ အားသုံးတတ်ဖို့၊
အသက်ရှူမှုနဲ့ လှုပ်ရှားမှုကို ထိန်းညှိတတ်ဖို့၊ပြီးတော့ အသက်အရွယ်နဲ့အတူ ဆက်လက်သယ်ဆောင်သွားနိုင်မယ့် Strength ကို တည်ဆောက်ဖို့ပါ။

For You Yoga မှာတော့
ပိုပျော့ပျောင်းဖို့တစ်ခုတည်းမဟုတ်ဘဲ — ပိုသန်မာပြီး၊ ပိုတည်ငြိမ်တဲ့ ခန္ဓာကိုယ်နဲ့စိတ်ကို တည်ဆောက်နိုင်ဖို့ လေ့ကျင့်ပေးပါတယ်။ 🌿

Strong Body. Calm Mind. Healthy Aging.

အမှတ်-၁၉၂၊မဟာဗန္ဓုလလမ်း၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

Photos from For You Yoga Center - North Dagon's post 21/08/2026

သင့်အနေနဲ့သာ ယောဂကို အသက် ၅၀ ရောက်မှလေ့ကျင့်မယ်ဆိုရင် ဘယ်လောက်ထိလေ့ကျင့်နိုင်မယ်လို့ ထင်လဲ?

ဘာကြောင့် ယောဂကျင့်ကြတာလဲ?

Yoga နဲ့ပတ်သက်ပြီး အများအတွက် ဗဟုသုတအနေနဲ့ ဝင်ဖြေပေးသွားပါဦးနော်။

For You Yoga Center
အမှတ်-၁၉၂၊မဟာဗန္ဓုလလမ်း၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

Photos from For You Yoga Center - North Dagon's post 19/08/2026

🌿ပုံမှန်အချိန်မရလို့ ယောဂမကျင့်နိုင်ဘူး….

အလုပ်ကြောင့် ဒါမှမဟုတ် သားသမီးမိသားစုအတွက် ပြင်ဆင်ပေးရတာတွေကြောင့်ဖြစ်စေ ဒါမှမဟုတ် တခါတလေ ကိုယ်ရွေးထားတဲ့ Class အချိန်မှာ အရေးပေါ်ကိစ္စပေါ်လာပြီး အတန်းပျက်သွားနိုင်ပါတယ်။

ဒါကြောင့် Yoga ကျင့်ချင်ပေမယ့်
“အတန်းချိန်ပျက်သွားမှာ”
“ယူထားတဲ့အကြိမ်ရေ မပြည့်မှာ”
စိုးရိမ်ပြီး မစဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။

For You Yoga မှာတော့ ကိုယ့် Schedule အလိုက် Yoga Class အချိန်တွေကို အဆင်ပြေရာ လာတက်လို့ရပြီး အရမ်း Flexible ဖြစ်ပါတယ်။ 🤍

အတန်းချိန်တွေဆိုရင်လည်း တနင်္လာနေ့ပိတ်ရက်မှလွဲပြီး တစ်ပတ် ၆ရက်မှာ မနက်နဲ့ ညနေအတန်းခွဲတွေ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

✅အင်္ဂါ · ဗုဒ္ဓဟူး
7:30 AM | 9:30 AM | 5:00 PM | 6:30 PM

✅ကြာသပတေး · သောကြာ
10:45 AM | 6:00 PM

✅စနေ · တနင်္ဂနွေ
8:00 AM | 5:00 PM

ကိုယ်လာနေကျအချိန်မှာ အလုပ်ကိစ္စပေါ်လာရင်လည်း ရနိုင်တဲ့အခြား Class ကို ပြောင်းပြီးလာလို့ရပါတယ်။

Because a sustainable yoga practice should fit into your life. 🌿

ကိုယ့်အတွက် အဆင်ပြေမယ့် Plan နဲ့ အသေးစိတ်ကို Page Messenger မှာ မေးမြန်းနိုင်ပါတယ်ရှင်။ 🤍

For You Yoga & Wellness Center
အမှတ်-၁၉၂၊မဟာဗန္ဓုလလမ်း၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

Photos from For You Yoga Center - North Dagon's post 16/08/2026

ဖုန်းသုံးရင်းနဲ့ အချိန်တစ်နာရီက ဘယ်လိုကုန်သွားမှန်း မသိဘူး …

ဖြစ်လေ့ရှိကြပါတယ်
ဒါကြောင့် ကိုယ့်တနေ့တာမှာ
တစ်နာရီလေးကို တန်အောင်
ကုန်ဆုံးချင်တဲ့သူတွေရှိလား ?

For You Yoga မှာ ယောဂလာ
ကျင့်နေတဲ့အစ်မတွေကတော့
တစ်နာရီက အရမ်းတန်တယ်လို့
ခံစားကြရပါတယ်တဲ့ …

ဒါကြောင့် တန်ချင်ရင် For You မှာ ယောဂလာကျင့်လိုက်တော့နော်

အမှတ်-၁၉၂၊မဟာဗန္ဓုလလမ်း၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

#အချိန်ပေးရတာတန်တယ်

15/08/2026

Weight ကျသွားပြီ… ဒါပေမယ့် ခန္ဓာကိုယ်က ကျစ်လစ်မှုလျော့လာတယ်

Weight ကျသွားတာနဲ့
ခန္ဓာကိုယ် သန်မာကျစ်လစ်ကျန်းမာလာတာက အမြဲအတူရနိုင်မှာမဟုတ်ပါဘူး။
မိမိအသုံးပြုတဲ့ Weight ချနည်း၊သုံးစွဲနေတဲ့ အဆီကျဆေး စသည်ဖြင့်ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

တစ်ခုသတိထားရမှာက ကိုယ်အလေးချိန်လျော့ချတဲ့အခါ အဆီတင်မကဘဲ muscle mass ပါ လျော့ကျနိုင်ပါတယ်။

ဒါကြောင့် Weight Loss လုပ်နေတဲ့အချိန်မှာ
စားသောက်မှုကိုပဲ အာရုံစိုက်နေတာထက် ကိုယ့်ခန္ဓာကိုယ်ရဲ့ Strength နဲ့ Movement ကိုပါ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။

Yoga practice မှာ—

Strength — ကိုယ်ခန္ဓာကို ကိုယ်တိုင်ထိန်းနိုင်ဖို့
Mobility — နေ့စဉ်လှုပ်ရှားမှုတွေ လွတ်လပ်စွာလုပ်နိုင်ဖို့
Balance — လှုပ်ရှားတဲ့အခါ တည်ငြိမ်မှုရှိဖို့

တွေကို တစ်ပြိုင်တည်း လေ့ကျင့်ပေးနိုင်ပါတယ်။

ဒါကြောင့် Weight Loss Journey ကို ယောဂနဲ့တွဲလာသူတွေ များပြားလာတာပါ။

ကိုယ်အလေးချိန်တစ်ခုတည်းထက်
ရေရှည်သန်မာပြီး လှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် For You Yoga Center မြောက်ဒဂုံမြို့နယ်ရဲ့ အထင်ကရ မန်းလေးလမ်းမကြီးလို့ခေါ်ကြတဲ့ (မဟာဗန္ဓုလလမ်း)ပေါ်မှာ ရှိပါတယ်။

Lose Weight. Keep Your Strength. Move Well.

📍 For You Yoga & Wellness Center
အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09953353363

14/08/2026

အသက်ကြီးလာတဲ့အခါ Balance က ဘာကြောင့် ပိုအရေးကြီးလာတာလဲ?

အသက်အရွယ်ရလာတာနဲ့အမျှ
“လမ်းလျှောက်နိုင်သေးတယ်ဆိုရင် လုံလောက်ပြီ” လို့ ထင်မိတတ်ပါတယ်။

ဒါပေမယ့် Healthy Aging အတွက် လှုပ်ရှားနိုင်ရုံတင်မကဘဲ ကိုယ့်ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းထားနိုင်ခြင်း — Balance ကလည်း အရေးကြီးပါတယ်။

Balance ကောင်းနေခြင်းဟာ လမ်းလျှောက်တဲ့အခါ၊ လှေကားတက်ဆင်းတဲ့အခါ၊ ထိုင်ရာကနေ ထတဲ့အခါလို နေ့စဉ်လှုပ်ရှားမှုတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ လှုပ်ရှားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

Balance ဆိုတာ ခြေတစ်ဖက်တည်းနဲ့ ရပ်နိုင်ရုံမဟုတ်ပါဘူး။

Strength + Mobility + Body Awareness တွေ ပေါင်းစပ်ပြီး ခန္ဓာကိုယ်က ပြောင်းလဲနေတဲ့အနေအထားတွေကို ထိန်းညှိနိုင်ခြင်းပါ။

ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ
ပိုနည်းနည်းလှုပ်ရှားဖို့ မဟုတ်ဘဲ၊ ပိုမှန်မှန်လှုပ်ရှားတတ်ဖို့ အရေးကြီးလာပါတယ်။

Move with confidence.
Stay balanced. Age well.

For You Yoga & Wellness Center

📍 For You Yoga & Wellness Center
အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09953353363

12/08/2026

ယောဂကို —
ပိုပျော့ပျောင်းချင်လို့၊
ပိုသန်မာချင်လို့၊
Weight ထိန်းချင်လို့ စကျင့်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

Yoga ကို Exercise တစ်မျိုးအနေနဲ့ စတင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Yoga ကို မှန်မှန်လေ့ကျင့်လာတဲ့အခါ
ခန္ဓာကိုယ်ပြောင်းလဲမှုတစ်ခုတည်းကိုပဲ သတိထားမိမှာ မဟုတ်ပါဘူး။

ကိုယ့်အသက်ရှူပုံကို ပိုသတိထားမိလာတယ်။
စိတ်လှုပ်ရှားနေတဲ့အချိန်ကို ပိုသိလာတယ်။
ကိုယ့်ခန္ဓာကိုယ် ဘယ်အချိန်မှာ အားရှိတယ်၊ ဘယ်အချိန်မှာ အနားယူဖို့လိုတယ်ဆိုတာ ပိုနားလည်လာတယ်။

Yoga မှာ Asana က အရေးကြီးပါတယ်။

ဒါပေမယ့် Yoga ရဲ့ ရည်ရွယ်ချက်က
Pose တစ်ခုရဖို့၊ ခန္ဓာကိုယ်ပျော့ပျောင်းဖို့နဲ့ပဲ အဆုံးမသတ်ပါဘူး။

Body ကို လေ့ကျင့်ရင်း
Breath ကို သတိထားမိတယ်။
Breath ကနေ Mind ကို ပြန်သတိထားမိတယ်။

နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ပိုပြီးသိရှိနားလည်လာပါတယ်။

Yoga is not only about how your body moves.
It is also about how you live with awareness.

For You Yoga & Wellness Center

📍 For You Yoga & Wellness Center
အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09953353363

11/08/2026

အသက် ၄၀ ကျော်လာတဲ့အခါ— "ကိုယ်ခန္ဓာမှာ ဘာတွေပြောင်းလဲသွားလဲ သတိထားမိကြလား ?”

ယောဂကျင့်တဲ့အခါ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ကိုယ်ခန္ဓာ ပျော့ပျောင်းလာဖို့ကိုပဲ အဓိကထားမိနေတတ်ပါတယ်။

ဒါပေမဲ့ အသက် ၄၀ ကျော်လာတာနဲ့အမျှ Flexibility တစ်ခုတည်းကိုပဲ ဂရုစိုက်နေလို့ မလုံလောက်တော့ပါဘူး။
နေ့စဉ်ဘဝမှာ လွယ်လွယ်ကူကူ လှုပ်ရှားနိုင်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက်—
🔹 Strength (ကြွက်သားသန်မာမှု)
🔹 Mobility (အဆစ်အမြစ် လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း)
🔹 Balance (ကိုယ်ဟန်ချက်ထိန်းနိုင်မှု)
တွေကိုပါ ဟန်ချက်ညီညီ ဆက်လက်ထိန်းသိမ်းသွားဖို့ အလွန်အရေးကြီးလာပါတယ်။

ယောဂကျင့်စဉ်ဆိုတာ ပျော့ပျောင်းဖို့တင် မဟုတ်ပါဘူး။ပိုသန်မာလာဖို့၊ အရိုးအဆစ်တွေ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့နဲ့ Balance ပိုကောင်းလာဖို့အတွက်ပါ လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် အသက် ၄၀ ကျော်လာတဲ့အခါ—
“ငါ ဘယ်လောက်ပျော့ပျောင်းသလဲ?” ဆိုတာထက်
“ငါ့ခန္ဓာကိုယ်က ဘယ်လောက် သန်မာပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်သေးလဲ?” ဆိုတာကိုပါ ဂရုစိုက်ကြည့်ပါ။
အသက်အရွယ်ကြီးလာတာကို တားဆီးလို့မရပေမယ့်၊ ကိုယ့်
ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းသွားမလဲဆိုတာကတော့ ကိုယ့်
လက်ထဲမှာ ရှိပါတယ်။

ဒီအသက်အရွယ်အတွက် အသင့်တော်ဆုံးနဲ့ လုံခြုံစိတ်ချရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို စတင်ဖို့ For You Yoga & Wellness Center ကို ဆက်သွယ်လိုက်ပါ။

Stay Strong. Stay Mobile. Age Well.
📍 For You Yoga & Wellness Center
အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09953353363

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


192 Mahabandoola Road, 37 Ward, North Dagon Township, Yangon
Yangon
11421