18/08/2026
ရာသီသစ် မစခင်ကတည်းက အာဆင်နယ်ဟာ ၁၉သင်းထက် ခေါင်းတလုံး ပိုမြင့်နေပါပြီ …
‘ အာဆင်နယ်က လွဲရင် ကျန်တဲ့ ထိပ်သီးအသင်းတွေမှာ တူညီတဲ့ မန်နေဂျာတွေနဲ့ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်တာမျိုး မရှိပါဘူး။ ဒါက အာတီတာ အတွက် ဒီနှစ်မှာ တကယ်ကို ကြီးမားတဲ့ အပေါင်းလက္ခဏာ ဆောင်ခြင်းပါပဲ။ သူ ဒီနှစ် ပရီးမီးယားလိဂ်ဖလားတော့ အေးဆေးရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ် ချန်ပီယံဆု ဆိုတာ အမြဲတမ်း ယူဖို့ ခက်ပါတယ်။ အထူးသဖြင့် ရှေ့ဆင့်နောက်ဆင့် ယူပြဖို့ဆိုရင်ပေါ့။ အာဆင်နယ်က ဒီနှစ် ဒါကို လုပ်ပြဖို့ ကြိုးစားမှာပါ။ လောလောဆယ်မှာ သူတို့ဟာ တခြား ၁၉သင်းထက် ခေါင်းတလုံး ပိုသာတဲ့ပုံ ပေါ်နေပါတယ်။
‘ 🗣️ အလန်ပါဂျူး
18/08/2026
ဘာစီလိုနာသည် ဟူလီယန် အဲဗာရက်စ်ကို ခေါ်ယူနိုင်ရန် ခက်ခဲလာသည့် အတွက် အာဆင်နယ်
တိုက်စစ်မှုး ဗစ်တာ ယောကရက်စ်ကို ခေါ်ယူရန်
စိတ်ဝင်စားလာကြောင်း သိရသည် ။
ဘာစီလိုနာသည် ယောကရက်စ်ကို ခေါ်ယူရန်
လာမည့် နာရီပိုင်းတွင်း လှုပ်ရှားလာနိုင်ပြီး
အာဆင်နယ် အသင်းထံ ကစားသမား၏ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းလာနိုင်သည်ဟု
သိရသည် ။
[ El Chringuito TV ]
18/08/2026
“ဒါဟာ ကျွန်တော့်ရဲ့ ဘောလုံးကစားသမားဘဝ နောက်ဆုံးနှစ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ချန်ထားခဲ့မယ့် အမွေအနှစ်က အလွန်ကြီးမားတဲ့ အမွေအနှစ်တစ်ခု ဖြစ်စေချင်ပါတယ်။”
Vouge နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူးကြီးအတွက် တကယ်ပဲ နောက်ဆုံးသော ဘောလုံးရာသီဖြစ်လာနိုင်ချေ ရှိသွားခဲ့ပါပြီ။
မကြာခင်မှာ ရော်နယ်ဒိုကို အားလုံးနှုတ်ဆက်ရတော့မှာပါ။
💔💔
15/08/2026
နားငြီးလာလို့အဲ့ကောင်ကို အရံပို့လိုက်တယ် -မော်ရင်ဟို
====
" ငါရီရဲလ်ကိုရောက်တော့ အသင်းခေါင်းဆောင် ကားဆီးလက်က ငါ့ကိုလာပြောတယ်၊ နိုင်ငံလက်ရွေးစင်ကစားသမားတွေကို နားရက်ပိုပေးဖို့အတွက် လာတောင်းဆိုတယ်၊ နောက်ရက်နည်းနည်းကြာတော့ ထရိန်နင်ကို တစ်နာရီနောက်ကျပေးပါဆိုပြီး ပြောလာပြန်ရော ၊
နောက်ဆုံးတစ်ခါကတော့ အဆိုးဆုံးပဲ၊ ပွဲရက်ကို ဟော်တယ်မှာမအိပ်ချင်ဘူးတဲ့၊ အိမ်ကနေတန်းလာမယ်ဆိုတော့ ငါလည်း နောက်ပိုင်းလုပ်သင့်တာလုပ်လိုက်တော့တာပဲ၊ မက်ဒရစ်ဘာလို့အကျင့်တွေပျက်နေလည်းဆိုတာကို ငါသိလိုက်ပြီလေ "
အဲ့ဒီနောက်ပိုင်းမှာတော့ မော်ကြီးဟာ ကားဆီးလက်ကိုအရံခုံပို့လိုက်ပြီး ဒီယေဂိုလိုပက်ဇ်ကို ပထမဂိုးသမားနေရာကိုပို့လိုက်ပါတော့တယ်။
15/08/2026
ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားဟန်ကို သေချာ စောင့်ကြည့်ကြည့်ရင် သူ့ရဲ့ ကစားကွက် ထိန်းချုပ်နိုင်စွမ်းနဲ့ အရည်အသွေးဟာ အခြား ကွင်းလယ်လူတွေထက် ပိုမို ထင်ရှား ပေါ်လွင်နေတာကို မြင်တွေ့ရမှာပါ
လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရူနို ဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာပြီးနောက် အသင်းရဲ့ တိုက်စစ် ကစားကွက် တစ်ခုလုံးကို ချက်ချင်းဆိုသလို ဦးဆောင် ထိန်းချုပ်သွားခဲ့ပါတယ်
သူ့ရဲ့ အမြှော်မြင်ရှိတဲ့ ကစားဟန်၊ တိကျတဲ့ ပေးပို့မှုတွေနဲ့ ကစားကွက် လစ်ဟာနေတဲ့ နေရာတွေကို ရှာဖွေနိုင်စွမ်းတွေဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို သိသိသာသာ အားကောင်းလာစေခဲ့ပါတယ်။
ယူရီ တီးလမန်းစ်နဲ့ လှလှပပ အချိတ်အဆက် လုပ်ပြသွားတာတွေလည်း အားရစရာကောင်းလှပါတယ်
ဘရူနို ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နိုင်မှုဟာ အသင်းဖော်တွေအတွက် အမြဲတမ်း အားကိုးအားထား ပြုစရာ ဖြစ်စေပါတယ်။
ယူနိုက်တက်တို့ရဲ့ အသင်းခေါင်းဆောင်ဟာ အဆင့်အတန်းမြင့်မားတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး လာမယ့် ရာသီမှာလည်း အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးနိုင်ဦးမှာ ဖြစ်ပါတယ်
15/08/2026
🎙ပန်တိုဂျာ — “အခု မင်းက ချန်ပီယံပဲ။ မင်းရဲ့ ခါးပတ်ကို အဲဒီမှာ ယူထားလိုက်။ အခုလောလောဆယ်တော့ အဲဒီခါးပတ်ကို အရသာခံထားလိုက်ဦး။”
🎙ဗန် — “မင်း ဒီခါးပတ်ကို လိုချင်တာလား? မင်းရမှာ ဘာတစ်ခုမှ မရှိဘူး။”
15/08/2026
“ကျွန်တော်တို့မှာ ရည်မှန်းချက်တခုပဲရှိပါတယ် ၊ အနိုင်ရဖို့ပါ ၊ ဆုဖလားတွေကိုရယူဖို့အချိန်တန်ပါပြီ ။
ဖလားလက်မဲ့ဖြစ်မှုကနေ ကျွန်တော်တို့ ပြန်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ် ။
မော်ရင်ညိုလို နည်းပြမျိုးကိုရလိုက်တာက အသင်းအတွက် တကယ်ကောင်းတယ်လို့ ခံစားမိပါတယ် ။
ဒါပေမယ့် အနိုင်ရဖို့ ( ဆုဖလားတွေရယူနိုင်ဖို့ ) တရာသီလုံး အာရုံစူးစိုက်မှုအပြည့်အဝရှိနေဖို့တော့ အရေးကြီးမှာပါ”
Kylian Mbappe ( Real Madrid )
14/08/2026
အာနီစလော့ ၊ လူးဝစ်ဗန်ဟား ၊ အဲရစ်တန်ဟတ်တို့လိုနည်းပြတွေနဲ့ ဆွေးနွေးခဲ့အပြီးမှာတော့ နယ်သာလန်လက်ရွေးစင်ဘောလုံးအသင်းဟာ ဘာစီလိုနာနည်းပြဟောင်း ဇာဗီကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
ဖာဘရီဇီယို ရိုမားနိုးရဲ့ ဖော်ပြချက်အရ ဇာဗီဟာလည်း နယ်သာလန်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုကို သဘောတူလက်ခံလိုက်တယ်လို့ သိရပါတယ် ။
ဇာဗီ နဲ့ ဇီဒန်းတို့ကတော့ နိုင်ငံအသင်းနည်းပြတွေအဖြစ် ပြန်လည်ဆုံတွေ့ကြတော့မှာပါ ။
14/08/2026
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆံပင်ပုံစံသစ်နဲ့အတူ အယ်လ်နာဆာအသင်းထံပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ 🐐🇸🇦
14/08/2026
ပက်ထရစ် အီဗရာ —
“ကျွန်တော့်အမြင်မှာတော့ အခုလက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ဘရိုင်ယန် အမ်ဗြူမိုက အကောင်းဆုံးပါ။
သူက ရာသီကြိုခြေစမ်းပွဲတွေမှာ ဂိုး ၄ ဂိုးအထိ သွင်းထားပြီးပြီ။ လူတွေကတော့ ‘ပက်ထရစ်ရေ၊ ဒါက ရာသီကြိုပွဲတွေပဲလေ’ လို့ ပြောကြမှာပေါ့။
အဲဒါကို ကျွန်တော်လည်း နားလည်ပါတယ်။ ဒါပေမယ့် သူသွင်းထားတဲ့ဂိုးတွေကို သွားကြည့်ပါ။ ဂိုးတွေရဲ့ အရည်အသွေး၊ သူ့ရဲ့ လှုပ်ရှားပုံ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အခွင့်အရေးရလာတိုင်း အဆုံးသတ်နိုင်တဲ့ပုံကို ကြည့်ပါ။
သူ့မှာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရောက်နေတဲ့ ကစားသမားတစ်ယောက်ရဲ့ လက္ခဏာတွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ ရာသီသစ်မစခင်ကတည်းက ဒီလိုယုံကြည်မှုအပြည့်နဲ့ ကစားနေနိုင်တာက ကျွန်တော့်အတွက် အရေးကြီးတဲ့အချက်တစ်ခုကို ပြနေပါတယ်။ အဲဒါကတော့ ဒီကစားသမားကို အသင်းက အားကိုးလို့ရတယ်ဆိုတာပါပဲ။
ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းတာက ဩဂုတ်လမှာ ဘာတွေဖြစ်လာမလဲဆိုတာ အာမခံချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် ကစားသမားတစ်ယောက် ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီလားဆိုတာကိုတော့ ပြသပေးနိုင်ပါတယ်။
အမ်ဗြူမိုလား?
သူကတော့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။” 🔴🔥