SOUND HEALING TEACHER TRAINING
Sound Master - Khine Khant (Reality Wellness )
တစ်ခါတလေ…
စိတ်ကို အေးချမ်းစေဖို့
စကားလုံးတွေ အများကြီး မလိုပါဘူး။
အသံတစ်သံ…
တုန်ခါမှုတစ်ခုကနေတောင်
ကိုယ့်အတွင်းစိတ်ကို ပြန်ပြီး နားထောင်မိစေနိုင်ပါတယ်။
Sound Healing ဆိုတာ
Bowl တီးတတ်ရုံလောက်ပဲ မဟုတ်ပါဘူး။
အသံရဲ့ Frequency နဲ့ Vibration ကို နားလည်ပြီး
ဘယ်လိုနေရာမှာ…
ဘယ်လိုအသံကို…
ဘယ်လိုအသုံးပြုရမလဲဆိုတာကို
စနစ်တကျ လေ့လာရတဲ့ ပညာရပ်တစ်ခုပါ။
ကျွန်မက Sound Master Khaing Khant ပါ။
ဒီ Sound Healing Teacher Training Course မှာ
ကျွန်မ သင်ယူခဲ့တဲ့ ပညာရပ်တွေ၊
လက်တွေ့အသုံးချခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ
Sound Healing ကို
အခြေခံကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ
တစ်ဆင့်ချင်း မျှဝေသင်ကြားပေးသွားမှာပါ။
Tibetan Singing Bowls နဲ့
Crystal Singing Bowls တွေရဲ့ အသုံးပြုပုံ…
Sound နဲ့ Vibration ကို နားလည်ပုံ…
Session တစ်ခုကို
ဘယ်လို စတင်မလဲ၊
ဘယ်လို တည်ဆောက်မလဲ၊
ဘယ်လို အဆုံးသတ်မလဲ…
ကိုယ်တိုင် လက်တွေ့တီးခတ်ပြီး
ယုံကြည်မှုရှိရှိ အသုံးချနိုင်အောင်
အတူတူ လေ့ကျင့်သွားကြမှာပါ။
ဒီသင်တန်းက
Certificate တစ်ခုရဖို့အတွက်ပဲ မဟုတ်ပါဘူး။
Sound ကို နားလည်လာဖို့…
ကိုယ့်ရဲ့ Presence ကို ပိုပြီး သတိပြုမိလာဖို့…
ပြီးတော့
ကိုယ်သင်ယူထားတဲ့ ပညာကို
တခြားသူတွေအတွက်ပါ
တာဝန်ယူမှုရှိရှိ မျှဝေနိုင်ဖို့ပါ။
Reality Wellness Sound Healing Teacher Training
ဩဂုတ်လ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ
ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာပါ။
Early Bird အတွက်
၅ နေရာသာ သတ်မှတ်ထားပါတယ်။
Sound Healing ကို
ဝါသနာတစ်ခုအနေနဲ့ပဲ မဟုတ်ဘဲ
ကိုယ်တိုင် နားလည်တတ်မြောက်ပြီး
တခြားသူတွေဆီပါ မျှဝေပေးချင်တယ်ဆိုရင်…
ဒီခရီးကို
ကျွန်မနဲ့အတူ စတင်လိုက်ပါ။
အသေးစိတ်ကို
Reality Wellness Page Messenger မှာ
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
See you in the training.
Reality Wellness
Love Yoga Life
23/08/2026
🌙 ဒီညတော့… ကိုယ့်ကိုယ်ကို အနားပေးဖို့ ခွင့်ပြုလိုက်ရအောင်။
တစ်နေ့လုံး အလုပ်တွေ၊ တာဝန်တွေ၊ အတွေးတွေကြားထဲမှာ
စိတ်ရော ကိုယ်ပါ ပင်ပန်းနေလား?
မျက်လုံးပိတ်လိုက်ရင်တောင် အတွေးတွေမရပ်ဘူး…
အိပ်ချင်ပေမယ့် အိပ်မပျော်ဘူး…
ခန္ဓာကိုယ်ကလည်း တင်းကျပ်လေးလံနေတယ်ဆိုရင်—
ဒီနေ့ည 8:00 PM မှာ Reality Wellness နဲ့အတူ
Yoga Nidra Meditation & Sound Healing Session လေးထဲမှာ
ခဏလောက် အရာအားလုံးကိုချထားပြီး နက်ရှိုင်းစွာ အနားယူကြမယ်နော်။ 🤍
Yoga Nidra ရဲ့ guided relaxation နဲ့
Sound Healing ရဲ့ နူးညံ့တဲ့ အသံတုန်ခါမှုတွေကို ပေါင်းစပ်ပြီး
စိတ်အေးချမ်းမှု၊ ခန္ဓာကိုယ်ပြေလျော့မှုနဲ့ အတွင်းပိုင်းတည်ငြိမ်မှုကို ခံစားနိုင်အောင်
Sound Master Khine Khant ကနေ
မျှဝေပေးသွားပါမယ်။ 🌿✨
Session မစခင် ဒီလောက်လေး ပြင်ထားပေးပါ —
🌙 တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းတဲ့နေရာ
🌙 မီးအလင်းရောင် မှိန်မှိန်
🌙 ပေါ့ပါးသက်တောင့်သက်သာရှိတဲ့ အဝတ်အစား
🌙 ဒူးအောက်ခံဖို့ ခေါင်းအုံး သို့မဟုတ် စောင်ခေါက်
🌙 ခြုံဖို့ စောင်ပါးတစ်ထည်
🌙 Eye Mask သို့မဟုတ် တဘက်အပါး
🌙 အသံအပြည့်အဝခံစားနိုင်ဖို့ Headphones
Essential Oil သို့မဟုတ် ပန်းရနံ့လေးရှိရင်လည်း
ကိုယ့်အတွက် ပိုပြီးငြိမ်သက်တဲ့ healing space လေး ဖန်တီးပေးနိုင်ပါတယ်။ 🌸
✨ Tonight’s Session
🕗 Time — 8:00 PM
🧘♀️ Sound Master — Khine Khant
💻 Zoom Meeting ID — 833 4437 8245
🔑 Passcode — Yogaforall
ဒီညတော့
“ဘာမှမလုပ်ဘဲ အနားယူခြင်း” ကိုလည်း ကိုယ့်အတွက် လက်ဆောင်တစ်ခုအဖြစ် ပေးလိုက်ရအောင်။
ည ၈ နာရီမှာ ဆုံကြမယ်နော်။ 🌙🤍
22/08/2026
Prana Mudra ပရန်မုဒြာ သို့မဟုတ်
ပရာဏမုဒြာ
******************************************
The Golden Mudraလို့လဲခေါ်ကြပါတယ်။
very powerful Mudra
အရေးကြီးတဲ့ အရေးပါတဲ့ အကျိုးများတဲ့
မုဒြာတခုလဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အသက်သွေးကြောသဖွယ်လိုအပ်တဲ့
Prana (Vital Energy) ကို ခန္ဓာကိုယ်အနှံ
ပြန့်နှံရောက်ရှိစေဖို့ အဓိက ထောက်ပံ့ပေးပါတယ်။
Pranayama ပရာဏာယာမ အသက်ရှုလေ့ခန်း
ပြုလုပ်တဲ့အခါ တွဲဖက်လေ့ကျင့်သင့်ဖို့ အသင့်တော်ဆုံးအကောင်းဆုံး မုဒြာတခုဖြစ်ပါတယ်။
အသက်အရွယ်မရွေး၊အခြေအနေမရွေး၊
အချိန်အခါမရွေး သင်တော်တဲ့ မုဒြာတခုလဲ
ဖြစ်ပါတယ်။
🧘ပြုလုပ်ပုံ ။ ။
ပထမဦးစွာ ခန္ဓာကိုယ်ကို ကြိုက်နှစ်သက်ရာ
မုဒြာတမျိုးမျိုးနဲ့ထိုင်ပါ ( Padamasana, Ardha Padamasana, Vajgarasa) ကျောရိုးကို တည့်မတ်စွာထားပါ ၊ ဦးခေါင်းတည့်တည့်ထားပါ၊ မျက်လုံးမှိတ်ထားပါ၊ ခန္ဓာကိုယ်တခုလုံးကို
ဖိစီးမှုမရှိစေရန် လျော့ချထားပါ။
🧘ဒုတိယအဆင့်
လက်မ နဲ့ လက်သန်း လက်သူကြွယ် ထိပ်3ခုကို
ဖွဖွထိထားရပါတယ် ကျန်လက် ၃ချောင်းကို
တောင့်တင်းမှုစေပဲ သက်တောင့်သက်သာ
ဆန့်တန်းထားရပါတယ်။ မိမိစိတ်ကို မပျံ့လွင့်စေပဲ
ပြုလုပ်တဲ့ မုဒြာနေရာမှာ အာရုံစူးစိုက်ထားပါ။
ပြုလုပ်နေချိန်အတွင်း လေရှုလေထုတ်ကို
ဖြည်းညှင်းစွာ ပြုလုပ်ပေးပါ။
ရပ်၊ထိုင်၊သွား၊လျောင်း အနေအထားအမျိုးမျိုးနဲ့
အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး
အခြေအနေမရွေး လေ့ကျင့်နိုင်ပါတယ်။
ကြာချိန် ။ ။
စစလုပ်ခြင်း အချိန်အနဲငယ်မှစတင်ပါ
တခါလေ့ကျင့်ရင် ၁၅မိနစ်မှ ၄၅ မိနစ်အထိ လေ့ကျင့်နိုင်ရင်ပိုကောင်းပါတယ်။
☸️အကျိုးကျေးဇူး ။ ။
အစာခြေစနစ်ကို အားပေးပါတယ်။
ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရေဓာတ်ကို မျှခြေ
ဖြစ်အောင် ထိန်းညှိပေးပါတယ်၊
ခန္ဓာကိုယ်အနှံ ကလပ်စည်းတခုခြင်းစီအထိ
လိုအပ်တဲ့Energyစီးဆင်းစေဖို့ ကူညီပေးပါတယ်။ သွေးလည်ပတ်မှုမှန်ကန်စေပါတယ်၊ ဆီးစွန့်အင်္ဂါအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ပြသနာတွေကို
ကူညီဖြေရှင်းပေးပါတယ်၊။
သွေးသားသန့်စင်စေပါတယ်၊ မျက်နှာ ခန္ဓာကိုယ် အရည်ပြားနဲ့ ပတ်သက်တဲ့ပြသနာတွေ ပျောက်ကင်းစေဖို့ အထောက်အကူပြုပါတယ်၊အသားအရည် ခြောက်သွေ့ မှုကိုကာကွယ်ပေးပြီး
သဘာဝအတိုင်း ကြည်လင်တောက်ပစိုပြေစေပါတယ်၊အရွယ်တင်နုပျိုစေပါတယ်။
စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုအားကောင်း
စေပါတယ်။နှစ်ခြိုက်စွာ အိပ်စက်စေ ဖို့အတွက်Gyan Mudra or Jnana Mudra နဲ့အတူတွဲဖက် လေ့ကျင့်ပေးရင်ပိုကောင်းပါတယ်။
Chakra Balancing အတွက်ဆိုရင် Svadhisthana Chakra (SacralChakra )
အားကောင်းစေဖို့အထောက်အကူပြုပါတယ်။ပြုလုပ်နေစဥ် မျက်စိမှိတ်ထားပြီး Second Chakra ဆီးစပ်နေရာမှာ လိမ္မော်ရောင်ကို
အာရုံပြုထားပါ။
Khaing Khant-Reality Yoga
အခြားသူတွေရဲ့ စိတ်နဲ့ ခန္ဓာကို ကုစားပေးနိုင်တဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပါသလား... 🧘♀️🔮
𝐒𝐢𝐧𝐠𝐢𝐧𝐠 𝐁𝐨𝐰𝐥 တွေကို ပိုင်ဆိုင်ထားရုံနဲ့ ကုထုံးတစ်ခုကို ပိုင်ပိုင်နိုင်နိုင် စီမံနိုင်ပြီလို့ မဆိုနိုင်ပါဘူး . . . ❎
𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ဆိုတာ 𝐅𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 တိုင်း၊ 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 တိုင်းကို စနစ်ကျတဲ့ သီအိုရီ၊ တိကျတဲ့ ဓမ္မနည်းပညာတွေနဲ့ အသုံးချရတဲ့ "အနုပညာမြောက် သိပ္ပံနည်းကျ ကုထုံး" ဖြစ်ပါတယ် . . . ✨
အရင် 𝐁𝐚𝐭𝐜𝐡 (𝟏) နဲ့ (𝟐) မှာ တက်ရောက်ခဲ့သူတွေရဲ့ ထိရောက်တဲ့ အောင်မြင်မှုရလဒ်တွေကြောင့် အားလုံး တောင်းဆိုမျှော်လင့်နေကြတဲ့ 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞 (𝐁𝐚𝐭𝐜𝐡 𝟑)ကို ပိုမိုပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပြန်လည်စတင်လိုက်ပါပြီ . . . 📣
(𝐁𝐚𝐭𝐜𝐡 𝟑) မှာ ဘာတွေ အဓိက လေ့လာသင်ယူရမလဲ ?
🍃 𝐒𝐨𝐮𝐧𝐝 𝐖𝐚𝐯𝐞𝐬 တွေက လူ့ခန္ဓာကိုယ် နာဗ်ကြောစနစ်နဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်ပုံ 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞 & 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 သီအိုရီများ
🍃 𝐂𝐡𝐚𝐤𝐫𝐚𝐬 တစ်ခုချင်းစီအတွက် သီးသန့် တိကျသော 𝐅𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 အလိုက် 𝐒𝐢𝐧𝐠𝐢𝐧𝐠 𝐁𝐨𝐰𝐥 တီးခတ် သုံးစွဲနည်းများ
🍃 𝐀𝐮𝐫𝐚 ကို သန့်စင်ပေးခြင်းနှင့် 𝐊𝐮𝐧𝐝𝐚𝐥𝐢𝐧𝐢 𝐄𝐧𝐞𝐫𝐠𝐲 အား စနစ်ကျနစွာ အသက်သွင်းပေးသည့် အဆင့်မြင့် နည်းစနစ်များ
🍃𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐏𝐚𝐢𝐧 (နာတာရှည် နာကျင်မှု)၊ 𝐀𝐧𝐱𝐢𝐞𝐭𝐲၊ 𝐈𝐧𝐬𝐨𝐦𝐧𝐢𝐚 (အိပ်မပျော်ခြင်း) နဲ့ 𝐒𝐭𝐫𝐞𝐬𝐬 များကို အမြစ်ပြတ် သက်သာစေမည့် 𝐓𝐡𝐞𝐫𝐚𝐩𝐞𝐮𝐭𝐢𝐜 𝐏𝐫𝐨𝐭𝐨𝐜𝐨𝐥𝐬 များ
🍃𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 အဖြစ် သီးသန့် 𝐒𝐞𝐬𝐬𝐢𝐨𝐧 ပေးနည်း၊ 𝐘𝐢𝐧 𝐘𝐨𝐠𝐚 + 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ပေါင်းစပ်နည်းနှင့် 𝐂𝐥𝐚𝐬𝐬 စီမံခန့်ခွဲမှုဆိုင်ရာ 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞𝐬 များကို . . .
𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐌𝐚𝐬𝐭𝐞𝐫 𝐊𝐡𝐢𝐧𝐞 𝐊𝐡𝐚𝐧𝐭 ကိုယ်တိုင် လက်တွေ့ လူကိုယ်တိုင် အနီးကပ် နည်းပြလမ်းညွှန်ပေးသွားမည့် 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐂𝐥𝐚𝐬𝐬 ဖြစ်လို့ အသံရဲ့ စွမ်းအားကို တိကျစွာ ခံစားသိရှိနိုင်မှာဖြစ်ပါတယ်ရှင် . . . ✨
ပထမဆုံးအပ်နှံသူ (၅) ဦးအတွက်𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝𝐬 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရှိပါမယ် . . . 📣
𝐍𝐨𝐫𝐦𝐚𝐥 𝐄𝐧𝐫𝐨𝐥𝐥𝐦𝐞𝐧𝐭 𝐅𝐞𝐞𝐬 - 𝟑,𝟓𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊
𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐅𝐞𝐞𝐬 - 𝟑,𝟎𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊
(𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝𝐬 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 - 𝟓𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊)
📅 သင်တန်းအသေးစိတ်
𝐃𝐚𝐭𝐞: 𝐀𝐮𝐠 𝟐𝟓, 𝟐𝟔, 𝟐𝟕, 𝟐𝟖, 𝟐𝟗, 𝟑𝟎
𝐓𝐢𝐦𝐞: မနက် ၁၀:၀၀ မှ ညနေ ၃:၀၀ ထိ
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝐘𝐚𝐧𝐠𝐨𝐧 (𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐂𝐥𝐚𝐬𝐬)
မိမိကိုယ်တိုင် ငြိမ်းအေးမှုကို ရှာဖွေရင်း ပရော်ဖက်ရှင်နယ် လမ်းကြောင်းပေါ်မှာ ယုံကြည်မှုရှိရှိ စတင်ရပ်တည်ချင်သူများအတွက် သင်တန်းသား ဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းရန် တိုက်တွန်းပါရစေရှင် . . . 💬
📩 အသေးစိတ်စုံစမ်းရန် - 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်…
12/08/2026
"အခုတလော ဝမ်းပျက် ဝမ်းလျှော ဖြစ်နေရင် ဒီ (၄) ချက်ကို အရင်ဆုံး လုပ်ပါ! 🚨"
အခုတလော ဝမ်းပျက်၊ ဝမ်းလျှောတာတွေ တော်တော်များနေကြတယ်နော်!
ဝမ်းသွားပြီဆိုရင် "ထမင်း အစာငတ်ခံထားရမလား"၊ "ဘာတွေ စားရမလဲ" ဆိုပြီး ဇဝေဇဝါ ဖြစ်နေရင် ဒီ Post လေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ 👇
💡 ဝမ်းလျှောနေချိန် ထမင်း စားလို့ရလား?
ရပါတယ်! အစာငတ်ခံဖို့ မလိုပါဘူး။
ဒါပေမဲ့ -
ထမင်းမာမာအစား ထမင်းပျော့ပျော့ သို့မဟုတ် ဆန်ပြုတ် ကို ရွေးပါ။
တစ်ခါစားရင် အများကြီးမစားဘဲ နည်းနည်းနဲ့ မကြာမကြာ စားပေးပါ။
💧 အရေးကြီးဆုံးက "ရေဓာတ်" ပါ
ဝမ်းသွားရင် ရေနဲ့ ဆားဓာတ်တွေ ကုန်ခမ်းတာမို့ ဓာတ်ဆားရည် (ORS) ကို ရေနွေးကျက်အေးနဲ့ ဖျော်ပြီး မကြာမကြာ သောက်ပေးဖို့က နံပါတ် (၁) အရေးကြီးဆုံးပါ။
🟢 စားပေးရမယ့် အစားအစာများ
(BRAT Diet)
အူလမ်းကြောင်းကို ဝန်မပိစေတဲ့ ပျော့ပျော့ပြုတ်ပြုတ် အစားအစာတွေကို ရွေးပါ -
🍌 B - Banana (ငှက်ပျောသီး)
🍚 R - Rice (ဆန်ပြုတ် / ထမင်းပျော့)
🍎 A - Applesauce (ပန်းသီးပြုတ်ချေထားတာ)
🍞 T - Toast (ပေါင်မုန့်ကင်)
🍗 အဆီမပါတဲ့ ကြက်ရင်အုပ်သားပြုတ်၊ အာလူးပြုတ်၊ မုန်လာဥနီပြုတ်။
🔴 လုံးဝ ရှောင်ရမယ့် အစားအစာများ
❌ အဆီများ/အကြော်အလှော်များ
❌ အစပ်၊ အချဉ်လွန်သော အစားအစာများ
❌ နို့၊ ဒိန်ချဉ် (Lactose ကြောင့် ဝမ်းပိုသွားစေနိုင်)
❌ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်
❌ အသီးအရွက်အစိမ်းနှင့် ပဲအမျိုးမျိုး
⚠️ သတိထားရမယ့် ဆောင်ရန်/ရှောင်ရန်
အနားယူပါ: ခန္ဓာကိုယ် အားအင်မကုန်စေဖို့ပါ။
လက်ဆေးပါ: အိမ်သာတက်ပြီးနှင့်
အစားမစားမီ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးပါ။
ဝမ်းပိတ်ဆေး တန်းမသောက်ပါနဲ့: ပိုးမွှားတွေ ထွက်သွားဖို့ ဝမ်းသွားဖို့ လိုတာမို့ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ
ဝမ်းပိတ်ဆေး မသောက်ပါနဲ့။
🚨 ဒီလက္ခဏာတွေ ဖြစ်ရင် ဆေးခန်း/ဆေးရုံ ချက်ချင်းသွားပါ
ဝမ်းထဲ သွေးပါခြင်း၊
ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊
ဖျားခြင်း၊
ရေပင် သောက်မရအောင် အော့အန်ခြင်း၊
၂ ရက်ထက်ပိုပြီး မသက်သာခြင်း။
မိမိချစ်ခင်ရသူတွေ သိရအောင်လည်း Share လုပ်ပေးသွားပါဦးနော် 💚
#ကျန်းမာရေးအသိပညာ
ခရီးသွားပါ
ကျန်းမာရေး ဂရုစိုက်ပါ
မုဒိတာပွါးပါ
လောဘလျော့ပါ
ပျော်အောင်နေပါ
တရားသိပါ
Be yourself
ကိုယ့်ပုံစံအတိုင်းနေပါ
Love yourself first
ကိုယ့်ကိုကိုယ်ချစ်ပါ
This is the way of my life
11/07/2026
🤰🏻🌿 ကိုယ်ဝန်ဆောင်ကာလကို စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေမယ့်အစား…ပျော်ရွှင်ကျန်းမာတဲ့ ခရီးစဉ်တစ်ခုအဖြစ် ပြောင်းလဲကြမလား….
ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ကိုယ့်ရဲ့ ရင်သွေးလေးကို ကြိုဆိုရတဲ့ အလှပဆုံးအချိန်ဖြစ်သလို၊ ဟော်မုန်းနဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် မေမေတို့ စိတ်ပူပန်မှု အများဆုံးအချိန်လည်း ဖြစ်ပါတယ်။
🤰🏻 မေမေတစ်ယောက်အဖြစ် အသစ်မွေးဖွားဖို့…
ရင်သွေးလေး မမွေးခင်ကတည်းက ကိုယ့်စိတ်နဲ့ကိုယ်ကို အရင်ပြင်ဆင်ထားဖို့လိုပါတယ်။ 🤍
ကိုယ်ဝန်ဆောင်ကာလမှာ—
ခါးနာတာ၊ ကိုယ်လက်လေးလံတာ၊ အိပ်မပျော်တာ၊ စိတ်ပူပန်တာ၊ မီးဖွားချိန်ကို ကြောက်ရွံ့တာတွေ ကြုံတွေ့ကြရပါတယ်။
ဒီသောကတွေကို အတူတူကျော်ဖြတ်ပြီး စိတ်ရောကိုယ်ပါ အေးချမ်းကျန်းမာစွာနဲ့ ရင်သွေးလေးကို ဖွားမြင်နိုင်ဖို့...
Reality Wellness Founder, Yoga Instructor & Sound Master Khaing Khant နှင့်
Dr. Mya Wut Yee — Doctor, Mental Health Counselor & Trainer တို့ ပူးပေါင်းပြီး ကိုယ်ဝန်ဆောင်မေမေများအတွက်
Reality Pregnancy Wellness Workshop လေးတခုကို စီစဉ်ထားပါတယ်…
ဒီ Workshop မှာ—
🧘🏻♀️ Pregnancy Yoga
ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ ခန္ဓာကိုယ်တင်းမာမှုတွေကို လျော့ပါးစေဖို့၊ အသက်ရှူမှုနဲ့ ကိုယ်ခန္ဓာကို ပိုမိုသတိထားတတ်လာဖို့၊ မီးဖွားချိန်အတွက် စိတ်နဲ့ကိုယ်ကို နူးညံ့စွာ ပြင်ဆင်နိုင်ဖို့ လေ့ကျင့်ပေးမှာပါ။
🎶 Sound Healing Therapy
Healing Sounds တွေနဲ့အတူ စိတ်ဖိစီးမှုတွေကို ခဏတာချထားပြီး မေမေနဲ့ ရင်သွေးလေးအတွက် အေးချမ်းတဲ့ နားခိုရာလေးတစ်ခု ဖန်တီးပေးမှာပါ။
💬 Pregnancy Counseling
ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးနောက်ပိုင်းမှာ ကြုံတွေ့လာနိုင်တဲ့ စိတ်ခံစားမှုအပြောင်းအလဲတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ မိခင်ဘဝအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရမယ့် နည်းလမ်းတွေကို မျှဝေပေးမှာဖြစ်ပါတယ်။
📅 26 July 2026 — Sunday
⏰ 9:00 AM – 11:00 AM
📍 Hotel Zealax
💰 Regular Fee — 111,111 MMK
🎁 Early-Bird Fee — 99,999 MMK
နေရာအရေအတွက် အကန့်အသတ်ရှိတာကြောင့် Early-Bird အခွင့်အရေးနဲ့ ပါဝင်လိုတဲ့ မေမေများ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ ဖိတ်ခေါ်ပါတယ်။
🤍 မေမေကျန်းမာမှ ရင်သွေးလေးအတွက်လည်း အေးချမ်းတဲ့အစပြုခြင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
📩 Registration နှင့် အသေးစိတ်သိရှိလိုပါက
Reality Wellness Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်။
01/07/2026
“Inner Victory & Peace — ကိုယ့်အတွင်းစိတ်ရဲ့ တည်ငြိမ်သောအောင်မြင်မှု”
ဒီနေ့ည… ဥတ္တရသန် နက္ခတ်အချိန်လေးမှာ
Reality Wellness ကနေ
Free Online Sound Healing Therapy Session လေးကို
မေတ္တာနဲ့ ဝေမျှပေးချင်ပါတယ်ရှင် 🌿
ဥတ္တရသန် နက္ခတ်ဆိုတာ
“အကောင်းဆုံးစတင်နိုင်ခြင်း”
“ရေရှည်တည်တံ့တဲ့အောင်မြင်မှု”
“ကိုယ့်ဘဝကို တည်ငြိမ်စွာ ပြန်ဦးဆောင်နိုင်ခြင်း”
“ကိုယ့်ကိုကိုယ်ပြန်လည်ရှာဖွေတွေ့ရှိခြင်း”
ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆက်စပ်တဲ့ နက္ခတ်အချိန်လေးပါ။
ဒီလို energy လွှမ်းမိုးနေတဲ့အချိန်မှာ
Sound Healing ကို ခံယူတဲ့အခါ
အပြင်ကအသံကို နားထောင်တာတစ်ခုတည်းမဟုတ်ဘဲကိုယ့်အတွင်းစိတ်ရဲ့ တိတ်ဆိတ်မှု၊ တည်ငြိမ်မှု၊အတွင်းပိုင်းက အားအင်ကို ပြန်လည်ထိတွေ့ခွင့်ရစေပါတယ်။
တချို့အချိန်တွေမှာ
ကျွန်မတို့ဘဝက အလုပ်တွေနဲ့ ပြည့်နေတယ်…
စိတ်ထဲမှာ ဖိအားတွေများနေတယ်…
ကိုယ်ဘာလိုချင်လဲဆိုတာတောင် မကြားနိုင်တော့တဲ့အထိ
အတွင်းစိတ်အသံလေးတွေ တိတ်သွားတတ်ပါတယ်။
ဒီနေ့ည Sound Healing Session လေးက
အဲ့ဒီအတွင်းစိတ်အသံလေးကို ပြန်နားထောင်ဖို့၊ကိုယ့်စိတ်ကို ပြန်တည်ငြိမ်စေဖို့၊
ကိုယ့်ဘဝကို မေတ္တာနဲ့ ပြန်ဦးဆောင်နိုင်ဖို့
Khaing Khant ကနေ မေတ္တာနဲ့ ဝေမျှပေးမဲ့ session လေးပါ။
ဒီနက္ခတ်အချိန်ရဲ့ အထူးသဘောတရားက
အမြန်အောင်မြင်ဖို့ မဟုတ်ပါဘူး။
တည်ငြိမ်စွာ၊ သေချာစွာ၊ ကိုယ့်တန်ဖိုးကို
သိပြီး ရေရှည်အတွက် ကိုယ့်အတွင်းပိုင်းကနေ ပြန်တည်ဆောက်ဖို့ပါ။
ဒါကြောင့် ဒီနေ့ည session လေးမှာ
Crystal Singing Bowls နဲ့ Tibetan Sound Bowls တွေရဲ့ နူးညံ့တဲ့ vibration တွေကတစ်ဆင့်စိတ်ထဲက ဖိအားတွေကို ဖြေလျော့ပြီးကိုယ့်အတွင်းစိတ်ရဲ့
peace, clarity, confidence ကို
ပြန်လည်ထိတွေ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒီ session လေးက
အထူးသဖြင့်…
🌿 စိတ်ဖိအားများနေသူများ
🌿 အတွင်းစိတ်တည်ငြိမ်မှုလိုအပ်နေသူများ
🌿 ကိုယ့်ဘဝကို direction အသစ်နဲ့ ပြန်စတင်ချင်သူများ
🌿 self-respect နဲ့ inner strength ကို ပြန်တည်ဆောက်ချင်သူများ
🌿 ဒီနေ့ညကို ငြိမ်းချမ်းစွာ ဖြတ်သန်းချင်သူများအတွက်
အရမ်းသင့်တော်ပါတယ်ရှင်။
ဒီနေ့ည ၉:၀၀ မှာ
Reality Wellness ကနေ
Free Online Sound Healing Therapy Session လေးကို
Zoom ကနေ မေတ္တာနဲ့ ဝေမျှပေးပါမယ်။
ပါဝင်ချင်သူများအနေနဲ့
ဒီ post လေးကို Share ပေးပြီး
Reality Wellness CB မှာ Zoom link လာတောင်းပေးပါရှင်။
ဒီည…
ကိုယ့်စိတ်ကို ခဏလောက်နားခွင့်ပေးပါ။
ကိုယ့်အတွင်းပိုင်းက တည်ငြိမ်မှုကို ပြန်လည်ထိတွေ့ခွင့်ပေးပါ။
Sound vibration လေးတွေနဲ့အတူ
ကိုယ့်ဘဝကို မေတ္တာနဲ့ ပြန်ဦးဆောင်နိုင်တဲ့ အားအင်လေးကို
အတူတူ ပြန်ရှာကြမယ်နော်။
With love & healing vibration,
Sound Master – Khaing Khant
Reality Wellness
Khaing Khant - Reality Yoga
30/06/2026
💦 Reality July Online Yoga Class 💦
မိုးရာသီရောက်လာပြီဆိုရင် ခန္ဓာကိုယ်က လေးလံသလို၊ စိတ်ကလည်း အုံ့မှိုင်းပြီး အလုပ်တွေလုပ်ရတာ စိတ်မပါသလို ဖြစ်တတ်တယ်နော်… 🌧️
ဒါပေမဲ့ ဒီအချိန်တွေမှာ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့လိုပါတယ်။
Self-respect ဆိုတာ ကိုယ့်ကိုယ်ကို ချစ်တယ်လို့ ပြောရုံမဟုတ်ဘဲ
ကိုယ့်ရဲ့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာလန်းဆန်းနေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတာ ပါ။
ဘဝမှာ တချို့အရာတွေကို ကိုယ်ထိန်းချုပ်လို့မရတဲ့အချိန်တွေ ရှိတတ်ပါတယ်။
ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကျန်းမာအောင်၊ ကိုယ့်စိတ်ကို ပေါ့ပါးအောင်
ပြန်စောင့်ရှောက်ဖို့တော့ ကိုယ်လုပ်နိုင်ပါတယ်။
အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေကို ဒီလကစပြီး ခဏထားခဲ့လိုက်ရအောင်နော်…
တစ်နေ့ကို ကိုယ့်အတွက် ၁ နာရီလောက်ပဲ အချိန်ပေးလိုက်ရင်
ခန္ဓာကိုယ်က ပိုပေါ့ပါးလာမယ်၊ စိတ်က
ပိုတည်ငြိမ်လာမယ်၊ ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာမယ် 🧘🏻♀️
Reality July Online Yoga Class မှာ ခိုင်ခန့်နဲ့အတူ
မိုးရာသီရဲ့ အုံ့မှိုင်းလေးလံမှုတွေကို ယောဂရဲ့အစွမ်းနဲ့ ဖြည်းဖြည်းချင်း ပြန်လည်ပေါ့ပါးလန်းဆန်းကြရအောင်ရှင် 💚
ဒီ Class လေးမှာ
✨ ခန္ဓာကိုယ် ပျော့ပြောင်းလာစေဖို့
✨ စိတ်ဖိစီးမှု လျော့ပါးစေဖို့
✨ အသက်ရှူမှန်ကန်ပြီး စိတ်တည်ငြိမ်လာစေဖို့
✨ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်တဲ့ အလေ့အကျင့်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့
ခိုင်ခန့်ကနေ နူးနူးညံ့ညံ့ လမ်းညွှန်ပေးသွားပါမယ်။
🌧️ Reality July Evening Class
📅 Days – Mon, Tue, Wed, Thu
🗓 Start Date – July 2
⏰ Time – 7:30 PM to 8:30 PM
💰 Fee – 88,888 Ks
🧘🏻♀️ 12 Classes Per Month
🌿 One-on-One Private Class လေးတွေလည်း ရနိုင်ပါတယ်ရှင်။
ကျန်းမာရေးဆိုတာ နာမှ ပြန်ကုရတာထက်
မနာခင်ကတည်းက ကိုယ့်ကိုယ်ကို စောင့်ရှောက်တာက ပိုတန်ဖိုးရှိပါတယ်။
ဒီ July မှာ ကိုယ့်အတွက် အကောင်းဆုံး Self-care gift လေးတစ်ခု ပေးလိုက်ရအောင်နော် 💦
အသေးစိတ်စုံစမ်းချင်ရင်
Reality Yoga Cb ကို လာရောက်ဆက်သွယ်လို့ရပါတယ်
Khaing Khant – Reality Yoga CB မှာ စာလေးပို့ပြီး မေးလို့ရပါတယ်ရှင် 💚
21 June International Yoga Day
အထိန်းအမှတ်
Reality Wellness ရဲ့ ပါဝင်ဆင်နွှဲမှု ပုံရိပ်များ…
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Yangon
11181
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
| Sunday | 08:00 - 21:00 |