BOSS Stationery

BOSS Stationery

Share

Boss Stationery is the trusted brand, established since 1996 in Myanmar. In the present, Boss Station

14/08/2026

စာအုပ်ပေါ်က အမှားတွေကို ဖျက်ရုံတင်မကဘဲ မြင်လိုက်တာနဲ့ စိတ်ချမ်းသာစေမဲ့ 𝐁𝐎𝐒𝐒 𝐅𝐫𝐮𝐢𝐭𝐲 ခဲဖျက် ✨🍦

ခဲဖျက်ဆိုတာ အမည်းရောင်၊ အဖြူရောင်တွေပဲ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ 😉

BOSS Fruity ခဲဖျက်လေးတွေက ချစ်စရာကောင်းတဲ့ ဖရဲသီး၊ ရေခဲမုန့်၊ ဟမ်ဘာဂါ ဒီဇိုင်းလေးတွေအပြင် ကာလာလေးတွေကလည်းရောင်စုံဆိုတော့ ကွန်ပါဘူးထဲမှာ အလှဆုံးဖြစ်နေမှာပါ။
အမြင်လှရုံတင်မကဘဲ အမှားတွေကိုလည်း စာရွက်သားမညစ်ပတ်စေဘဲ အသန့်ရှင်းဆုံး ဖျက်ပေးနိုင်တာကတော့ BOSS ရဲ့ အားသာချက်ပဲပေါ့ 😍

စာရေးစားပွဲပေါ်မှာ အမြဲတမ်းတက်ကြွလန်းဆန်းနေဖို့ Fruity ခဲဖျက်လေးတွေကို အခုပဲ ဆောင်ထားလိုက်ရအောင်နော် 🍓

"တွေးသမျှ၊ ရေးသမျှ BOSS နဲ့မှ"

12/08/2026

အကြမ်းလား၊ အချောလား? ဒါမှမဟုတ် စာရင်းအတွက်ပဲလား?

ဒါဆို 𝐐 𝐁𝐫𝐚𝐧𝐝 ကိုပဲရွေး။

Q Brand စာအုပ်တွေက အရည်အသွေးကောင်းလို့ မင်မပေါက်တဲ့အပြင် စာရွက်လည်း အလွယ်ပြုတ်မထွက်နိုင်လို့ ဘာပဲရေးရေး ရေးထားတာတွေ ပျောက်သွားတာမျိုး ဘယ်တော့မှ မဖြစ်စေရဘူး။

ဗလာစာအုပ်ဒီဇိုင်းမှာဆိုရင်လည်း ကလေးတွေအတွက် ချစ်စရာဒီဇိုင်း၊ လူကြီးတွေအတွက် အငြိမ်သွားတဲ့ဒီဇိုင်းအမျိုးမျိုးရှိလို့ ကိုယ်နဲ့ကိုက်တာကို ရွေးဝယ်ထားလိုက်တော့နော်။

"တွေးသမျှ၊ ရေးသမျှ BOSS နဲ့မှ"
#ဗလာစာအုပ်

10/08/2026

အရမ်းကြိုက်ရတဲ့ ဘောပင်ကို ကိုယ့်ရဲ့ Lucky Charm လေးလို့ သဘောထားဖူးကြလား?

ဒီဘောပင်လေးနဲ့မှ အမှတ်တွေပိုကောင်းသွားတယ်၊ ဒီဘောပင်လေးနဲ့ Sign ထိုးလိုက်ရင် အဆင်ပြေသွားမယ်ဆိုတဲ့ ခံစားချက်မျိုးတွေပေါ့။

ဒီလို Lucky Charm ဘောပင်လေးကို ပုံမှန်ဘောပင်တွေနဲ့ ကွဲထွက်နေတာမျိုးကို လိုချင်တယ် ဆိုရင်တော့ မြန်မာ့ရိုးရာ ကနုတ်ဒီဇိုင်းနဲ့ 𝐁𝐎𝐒𝐒 𝐁𝐥𝐢𝐧𝐤 ကနုတ်ဘောပင်လေးတွေကို ရွေးလိုက်ပေါ့။ တံဆိပ်က BOSS ဖြစ်နေတော့ ရေးလို့မကောင်းမှာမျိုး စိတ်ပူစရာလုံးဝမရှိဘူးနော်။

ဘာပဲလုပ်လုပ်အဆင်ပြေချောမွေ့နေဖို့ မြန်မာ့အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ BOSS ကနုတ်ဘောပင်နဲ့ အကောင်းဆုံး လုပ်ဆောင်လိုက်ကြစို့နော်။

"တွေးသမျှ၊ ရေးသမျှ BOSS နဲ့မှ"
#ကနုတ်ဘောပင်

Photos from BOSS Stationery's post 09/08/2026

အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေထဲက ပန်းပွင့် (၃၀) ထွက်ပေါ်လာပြီနော်

အားလုံးရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြတဲ့ “ရောင်စုံအိပ်မက် ၃၀၀၀ ပန်းပွင့် ၃၀” Campaign ရဲ့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ့် စာရေးကိရိယာတစ်နှစ်စာ အယောက်(၃၀)ကံထူးရှင်တွေကို ရွေးချယ်ပြီးပါပြီခင်ဗျာ…

ကံထူးရှင်တွေအနေနဲ့ ကူပွန်နဲ့တကွ ဆုလက်ဆောင်တွေ ထုတ်ယူရမှာဖြစ်လို့ ကူပွန်လေးတွေကို သေချာသိမ်းထားပြီး BOSS Stationery Telegram Channel ကနေလည်း မထွက်သွားဘဲ ဆက်လက် Join ထားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကံထူးရှင်တွေကို BOSS Stationery Admin Team ကနေ ကိုယ်တိုင်ဆက်သွယ်ပေးသွားမှာဖြစ်လို့ Message နဲ့ Phone Call တွေကို စောင့်ကြည့်ပေးကြပါဦးနော်။

အခုလိုမျိုး Campaign ပြီးဆုံးသည်အထိတိုင်အောင် ပါဝင်ပေးခဲ့ကြတဲ့အတွက်လည်း တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်လာမယ့် Campaign တွေမှာလည်း အတူတကွ ဆက်လက်ပါဝင်ပေးကြပါဦးနော်…

“တွေးသမျှ ရေးသမျှ BOSS နဲ့မှ”

#ရောင်စုံအိပ်မက်၃၀၀၀ #ပန်းပွင့်၃၀ #စာရေးကိရိယာတစ်နှစ်စာ

09/08/2026

စာအုပ်ဖွင့်လိုက်တိုင်း မွှေးပျံ့တဲ့ရနံ့လေးနဲ့ စိတ်ကိုလန်းဆန်းသွားစေဖို့ 𝐅𝐫𝐮𝐢𝐭𝐲 𝐒𝐞𝐫𝐢𝐞𝐬 ✨🍎

စာရေးရတာ၊ စာကျက်ရတာ ပျင်းစရာမကောင်းချင်ရင် BOSS ရဲ့ Fruity Series မှာ ရေးလိုက်တိုင်းမွှေးတဲ့ ဘောပင်၊ ချစ်စရာအသီးပုံလေးတွေနဲ့ ခဲတံ၊ ပြီးတော့ အနံ့မွှေးမွှေးလေးနဲ့ ခဲဖျက် တွေကိုသာ ရွေးလိုက်နော် 😍

ဒါလေးတွေဆောင်ထားရင် စာလုပ်ရတာ ပိုပျော်ဖို့ကောင်းသွားသလို၊ အနားမှာရှိနေရုံနဲ့တင် စိတ်ကိုကြည်လင်စေမှာ အသေအချာပါပဲ။

ကဲ စာရေးစားပွဲပေါ်မှာ အမြဲတမ်းသင်းပျံ့နေဖို့ 𝐅𝐫𝐮𝐢𝐭𝐲 𝐒𝐞𝐫𝐢𝐞𝐬 ကိုပဲ အခုပဲ ရွေးချယ်လိုက်ရအောင်နော် 🥰

"တွေးသမျှ၊ ရေးသမျှ BOSS နဲ့မှ"

08/08/2026

စာရေးကိရိယာတစ်နှစ်စာထဲမှာ ဘာတွေပါဝင်မှာလဲ?

အားလုံးရင်ခုန်စောင့်မျှော်နေကြတဲ့ ကံထူးရှင် ၃၀ ဦး ထွက်ပေါ်လာဖို့ နီးကပ်လာပါပြီ။

“ရောင်စုံအိပ်မက် ၃၀၀၀၊ ပန်းပွင့် ၃၀” Campaign မှာ ကံထူးရှင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးအတွက် စာသင်နှစ်တစ်နှစ်စာ လိုအပ်မယ့် စာရေးကိရိယာအစုံအလင်ကို BOSS Stationery က ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

စာရေးကိရိယာတစ်နှစ်စာထဲမှာ ဘာတွေပါဝင်သွားမလဲဆိုရင်တော့
🎁 BOSS ကျောပိုးအိတ်
🎁 Clear File (ဖိုင်တွဲများ)
🎁 BOSS ရေဘူးများ
🎁 Vivid Art ရောင်စုံခဲတံ
🎁 Fruity ခဲတံ
🎁 Sweet Series ဘောပင်အစုံ
🎁 POP ခဲဖျက်
🎁 Highlighters
🎁 Correction Pen
🎁 ဗလာစာအုပ်
ဒီလို စာရေးကိရိယာအစုံအလင်နဲ့အတူ ကံထူးရှင် ၃၀ ဦးရဲ့ စာသင်နှစ်ကို ပိုမိုပြည့်စုံစွာ ဖြတ်သန်းနိုင်စေမှာပါ။

မကြာခင် ထွက်ပေါ်လာတော့မယ့် “ရောင်စုံအိပ်မက် ၃၀၀၀၊ ပန်းပွင့် ၃၀” Campaign ရဲ့ စာရေးကိရိယာ တစ်နှစ်စာ ကံထူးရှင် (၃၀) ဦးစာရင်းမှာ ကိုယ်တိုင် ပါဝင်သွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

“တွေးသမျှ ရေးသမျှ BOSS နဲ့မှ”

#ရောင်စုံအိပ်မက်၃၀၀၀ #ပန်းပွင့်၃၀ #စာရေးကိရိယာတစ်နှစ်စာ

08/08/2026

စာသင်ခန်းထဲမှာ အခုတလော နာမည်အကြီးဆုံးဘောပင်ကဘယ်ဟာလဲ သိလား ❓

လူတိုင်းရဲ့ ပါးစပ်ဖျားမှာရော၊ လက်ကြားမှာပါ နေရာယူထားတဲ့ ဒီနှစ်ရဲ့ Hot အဖြစ်ဆုံးဘောပင်ကတော့ BOSS ရဲ့ လက်ရေးလှဘောပင် 𝐒𝐰𝐞𝐞𝐭 𝐏𝐥𝐮𝐬 ပါပဲ။

ဘာလို့ ဒီလောက်တောင် Popular ဖြစ်နေတာလဲဆိုရင် သူ့ရဲ့တိကျတဲ့ ဘောပင်ထိပ်ဖျားလေးကြောင့် စာလုံးတွေကို ဝိုင်းဝိုင်းလေးနဲ့ စိတ်တိုင်းကျ ပုံဖော်လို့ရတာကြောင့်ပါ။

ဒါကြောင့် လက်ရေးလှလှလေးတွေနဲ့ အားလုံးထက် ထင်ပေါ်နေစေဖို့ ဒီနှစ်ရဲ့အရောင်းရဆုံးဘောပင်ကို အိတ်ထဲမှာ အသင့်ဆောင်ထားလိုက်တော့နော် 😎🎒

"တွေးသမျှ၊ ရေးသမျှ BOSS နဲ့မှ"

#လက်ရေးလှဘောပင်

07/08/2026

စာရေးကိရိယာတစ်နှစ်စာ ကံထူးရှင် အယောက် ၃၀ အတွက် ရင်ခုန်နေကြပြီလား

ရောင်စုံအိပ်မက်တွေကို ပုံဖော်ပေးမယ့် Vivid Art ရောင်စုံခဲတံ ကံထူးရှင်တွေကို ရွေးချယ်ပေးပြီးတဲ့နောက်မှာတော့ "ပန်းပွင့် ၃၀" ကံထူးရှင်တွေ ထွက်ပေါ်လာဖို့ကလည်း နီးကပ်လာပါပြီ။

တစ်နှစ်စာ စာရေးကိရိယာ အစုံအလင်ကို အယောက် ၃၀ တိတိတောင် ထောက်ပံ့ပေးသွားမှာဆို‌တော့ အားလုံးလည်း ရင်ခုန်နေကြလောက်ပြီပေါ့…

သတိထားစရာ အချက်လေးတွေအနေနဲ့ ကူပွန်ရှိထားရမယ့်အပြင်၊ Telegram Channel ကိုလည်း Join ထားတဲ့သူတွေထဲကနေပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် သိပ်မကြာခင်မှာ ထွက်ပေါ်လာမယ့် “ရောင်စုံအိပ်မက် ၃၀၀၀၊ ပန်းပွင့် ၃၀” Campaign ရဲ့ စာရေးကိရိယာ တစ်နှစ်စာ ကံထူးရှင် အယောက် ၃၀ စာရင်းအတွက် ကြိုတင်ရင်ခုန်ထားလို့ရပြီနော်…

“တွေးသမျှ ရေးသမျှ BOSS နဲ့မှ”

#ရောင်စုံအိပ်မက်၃၀၀၀ #ပန်းပွင့်၃၀ #စာရေးကိရိယာတစ်နှစ်စာ

07/08/2026

ခေတ်တွေဘယ်လိုပဲ ပြောင်းသွားပါစေ၊ အားလုံးရဲ့ စားပွဲပေါ်မှာ အမြဲရှိနေတာ Smart Gel ပါ✨✍️

ဘောပင်အသစ်တွေ ဘယ်လောက်ပဲ ထွက်လာပါစေ။ အရေးကြီးတဲ့အချိန်တိုင်းမှာ လက်က အလိုလို လှမ်းကိုင်မိတာကတော့ 𝐁𝐎𝐒𝐒 𝐒𝐦𝐚𝐫𝐭 𝐆𝐞𝐥 𝐁𝐥𝐮𝐞 ပါပဲ။

စာမေးပွဲခန်းတွေကနေ လုပ်ငန်းခွင်အထိ ခေတ်အဆက်ဆက် အဖော်ပြုခဲ့တဲ့ ဒီဘောပင်လေးက သူ့ရဲ့ ထူးခြားတဲ့ Butter Based Gel မှင်ကြောင့် ရေးလိုက်တိုင်း စိုစိုအိအိနဲ့ ချောမွေ့နေတာပါပဲ။ ဒါ‌ကြောင့်လည်း ခုထိလူတိုင်းရဲ့ No.1 ရွေးချယ်မှု ဖြစ်နေရတာပေါ့ 😎💙

"တွေးသမျှ၊ ရေးသမျှ BOSS နဲ့မှ"

Photos from BOSS Stationery's post 05/08/2026

အိပ်မက်တွေကို အရောင်စုံလင်အောင် ခြယ်မှုန်းမယ့် စတုတ္ထအကြိမ် နောက်ထပ်ကံထူးရှင်အယောက် ၅၀၀ ကိုရွေးချယ်ပေးလိုက်ပါပြီခင်ဗျာ…

Coupon ပြပြီး ဝယ်ယူခဲ့တဲ့ဆိုင်မှာပဲ ထုတ်ယူလို့ရနိုင်မှာဖြစ်တဲ့အတွက် Coupon လေးတွေမပျက်စီးစေဘဲ ရောင်စုံအိပ်မက်တွေကို ပုံဖော်မယ့် Vivid art ရောင်စုံခဲတံလေးတွေကို သွားရောက်ထုတ်ယူလိုက်ပါနော်။

ကျန်ရှိသေးတဲ့ ကံထူးရှင်များကိုလည်း မကြာခင်မှာ ကြေညာပေးသွားမှာဖြစ်လို့ BOSS Stationery page နဲ့ Telegram Channel ကိုလည်း ဆက်လက်စောင့်ကြည့်ပေးကြပါဦး။

#ရောင်စုံအိပ်မက်၃၀၀၀ပန်းပွင့်၃၀

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. B-8, Mya Yadanar Road, Mya Sein Yaung Industrial Zone, Hlaing Thar Yar Township
Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00