𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789

𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789

Share

iBet789 Moung556 555mix ကစားနိုင်ပါတယ်
Viber ☎️ +959762888875

30/08/2026

ဘရူနိုဖာနန်ဒက်စ်က ဘာလို့ ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေ အကုန်ရလဲဆိုတာ အစ်ဝစ်ချ်နဲ့ပွဲမှာ
သက်သေပြခဲ့တယ်။

သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှု တစ်ကြိမ်လုပ်ခဲ့တယ်။
ပရီးမီးယားလိဂ်မှာ အဲဒီလိုမျိုးစွမ်းဆောင်ပြနိုင်သူ
ရှားပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့
ရှားမှရှားတဲ့စွမ်းရည်ကို ပြသခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ရဲ့ဖိတ်ဖိတ်လက်စွမ်းရည်ကြောင့်
မန်ယူအသင်းက ဖိအားတွေလျော့ကျပြီး
ရာသီသစ်အိမ်ကွင်းအဖွင့်ပွဲမှာ မျက်နှာပန်းလှခဲ့ပါတယ်။

ဘရူနိုက မန်ယူကိုချစ်တယ်၊ မန်ယူပရိသတ်တွေကိုချစ်တယ်၊ မန်ယူအသင်းအတွက် ကစားပေးရတာကိုလည်း ဂုဏ်ယူနေတတ်ပါတယ်။
သူဟာ ကွင်းထဲမှာရှိနေချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနေတယ်ဆိုတာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ မန်ယူအသင်းမှာ
ပြဿနာတွေ အများကြီးရှိခဲ့ပေမယ့်
ဘရူနိုက တစ်ရာသီပြီးတစ်ရာသီ
လင်းပြီးရင်းလင်းခဲ့ပါတယ်

တစ်ခါတစ်လေမှာ သူကိုယ်တိုင် ဒဏ်ရာရှိနေတဲ့ကြားက ဝင်ကစားပေးရတာမျိုးတွေရှိတယ်။ ဘရူနိုဟာ ကျန်တဲ့အသင်းဖော်တွေအတွက် စံနမူနာယူထိုက်တဲ့ ကစားသမားတစ်ယောက်ပါပဲ။

Photos from 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789's post 30/08/2026

ချယ်လ်ဆီးဂိုးပေါက်ကို လုံခြုံစေမယ့်သူ

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းရဲ့
သူရဲကောင်းဂိုးသမား မာတီနက်ဇ်က
ဗီလာကိုစွန့်ခွာပြီး ချယ်လ်ဆီးရပ်ဝန်းဆီရောက်လာပါပြီ။
မာတီနက်ဇ်က
ဂိုးသမားတစ်ဉီးရဲ့အကောင်းဆုံးအသက်အရွယ်လို့
ဆိုရမယ့် အသက် ၃၃ နှစ်အရွယ်သာရှိသေးလို့
ချယ်လ်ဆီးအတွက် ကောင်းမွန်တဲ့အပြောင်းအရွှေ့ပါပဲ။

၂၀၂၀ ခုနှစ်မှာ ဗီလာအသင်းကိုရောက်လာပြီး
၂၅၆ ပွဲကစားထားသူ မာတီနက်ဇ်က ပရီးမီးယားလိဂ်
အတွေ့အကြုံ ရင့်သူ၊ မဟာတံတိုင်းပါ။

အမှားများတဲ့ချယ်လ်ဆီးဂိုးသမား ဆန်းချက်ဇ်ကြောင့်
စိတ်ပျက်နေရသူချယ်လ်ဆီးပရိသတ်တွေအတွက်
မဟာဖြေဆေးလည်းဖြစ်ပါတယ်။

ဗီလာနဲ့အတူ ယူရိုပါလိဂ်ဖလားရဖူးတဲ့မာတီနက်ဇ်က
ချယ်လ်ဆီးကိုရောက်လာပြီးနောက် ဆုဖလားတွေ
ထပ်ယူဖို့ဆန္ဒပြင်းပြနေပါတယ်။

Photos from 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789's post 30/08/2026

ဂိုး ၄ ဂိုးနဲ့ ပြန်လာတဲ့မက်ဆီ

၂၀၂၆ ကမ္ဘာ့ဖလားကာလအတွင်းမှာ ဖခင်ဖြစ်သူရဲ့
ကျန်းမာရေးအခြေအနေကြောင့် စိုးရိမ်စိတ်တွေ၊နာကျင်စိတ်တွေနဲ့ ဘောလုံးကစားခဲ့ရတဲ့ မက်ဆီတစ်ယောက်
အကြည်ဓာတ်တွေပြန်လည်ရရှိလာပြီထင်ပါတယ်။

မက်ဆီက မွန်ထရီယယ်အသင်းနဲ့ ပွဲမှာ
အင်တာမိုင်ယာမီအတွက်တစ်ယောက်တည်း
လေးဂိုးသွင်းပြီး သူ့ရဲ့မှော်ဆန်တဲ့ခြေစွမ်းကို
ပြန်လည်ပြသနိုင်ခဲ့တာပါ။

ဖခင်ကွယ်လွန်ပြီးနောက်ကစားတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ပွဲတွေမှာ မက်ဆီအစွမ်းမပြနိုင်သလို၊
အင်တာမိုင်ယာမီအသင်းလည်းရှုံးပွဲဆက်နေလို့
ဝေဖန်လှောင်ပြောင်ခံခဲ့ရပါတယ်။

မွန်ထရီရယ်လ်နဲ့ပွဲမှာတော့ မက်ဆီက လေးဂိုးသွင်းနိုင်ခဲ့သလို အင်တာမိုင်ယာမီအသင်းကလည်း (၇-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲ
ဖြစ်လာပါတယ်။

လက်ရှိရာသီမှာအင်တာမိုင်ယာမီအသင်းကိုရောက်လာတဲ့
ကက်စမီရိုကလည်း မေဂျာလိဂ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ပိုင်ဆိုင်ခဲ့ပြီး
အင်တာမိုင်ယာမီအသင်းရဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှု အဆုံးသတ်အောင်ပွဲကို
ကူညီပေးခဲ့တယ်။

Photos from 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789's post 30/08/2026

စပါးကတော့ အရှုံးနွံထဲကနေ ရုန်းမထွက်နိုင်သေးဘူး။
လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာ
ပေါင်သန်း ၃၂၀ သုံးပြီးကစားသမားအသစ်တွေ
အားဖြည့်ထားပေမယ့် ပရီးမီးယားလိဂ်နှစ်ပွဲဆက်
ရှုံးကာ အမှတ်ပေးဇယားအောက်ဆုံးနေရာ
ရပ်တည်နေရပါတယ်။

ပြီးခဲ့တဲ့နှစ်ရာသီဆက် တန်းဆင်းဇုန်ထဲမှာ
ရှင်သန်ရပြီး တန်းမဆင်းရအောင်ရုန်းကန်ခဲ့ရတဲ့
စပါးအသင်းက လက်ရှိအချိန်မှာလည်း
အခြေအနေမကောင်းပါဘူး။

စပါးအသင်းပရိသတ်တွေက သူတို့အသင်းကို
ကြည့်ချင်စိတ်မရှိသလောက် ဖြစ်လာပါတယ်။

ဘရိုက်တန်အသင်းနဲ့အတူ ထင်ရှားခဲ့သူနည်းပြဒီဇာဘီလည်းစပါးရောက်မှ နာမည်ပျက်ပြီးရင်းပျက်လာတယ်။
သူကတော့ စပါးအသင်းကိုထိပ်တန်းအသင်းတစ်သင်းဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ ယုံကြည်နေဆဲပါ။

ဒါပေမဲ့စပါးအသင်းရဲ့လက်ရှိဒုက္ခကကြီးမားလွန်းပြီး
တန်းဆင်းဇုန်ထဲ ထပ်ရုန်းကန်ရဉီးမလားဆိုတာ
စိုးရိမ်စရာကောင်းနေပြီ။

29/08/2026

ီဒီယက်ဇ်အလွမ်းကိုပေါင် ၁၂၃ သန်းနဲ့ဖြေတဲ့ လီဗာပူးလ်

PSG ကြယ်ပွင့်ဘာကိုလာအတွက် လီဗာပူးလ်
ပေါင် ၁၂၃ သန်းသုံးခဲ့ပါတယ်။
အီဆက်ခ်၊ ဖလော်ရီယန်ဗက်ဇ်တို့ပြီးနောက်
လီဗာပူးလ်ရဲ့ပေါင်သန်းတစ်ရာကျော်တန်
ခေါ် ယူမှုပါ။

ပြီးခဲ့တဲ့ရာသီာ ဉရောပထိပ်တန်းလိဂ်ငါးခုမှာဘာကိုလာက
တစ်ပွဲပျမ်းမျှ (၂ ဒဿမ ၀၆) ကြိမ်နဲ့
Most Shot-ending Carrier အဖြစ်မှတ်တမ်းဝင်ခဲ့တယ်။
အဲဒီစွမ်းဆောင်ရည်ဟာ ယမားလ်၊ အိုလစ်ဆီ၊ ဗင်နီစီယက်စ်တို့ထက် သာလွန်ခဲ့ပါတယ်။
လူးဝစ်ဒီယရက်ဇ်ထွက်ခွာသွားဟာ လီဗာပူးလ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပေမယ့်
ပြီးခဲ့တဲ့ရာသီမှာ တိုက်ရိုက်အစားမထိုးခဲ့ဘူး။
ဘာကိုလာက လီဗာပူးလ်ပရိသတ်တွေအတွက်
လူးဝစ်ဒီယက်ဇ် အလွမ်းပြေစေမယ့်သူ
ဖြစ်လာနိုင်သူပါ။

ပြီးခဲ့တဲ့ရာသီမှာ ဘာကိုလာက Final Third ထဲ
ဘောလုံးပြန်လည်လုယူနိုင်တာ အကောင်းဆုံးဆယ်ဉီးစာရင်းဝင်ခဲ့ပါတယ်။ အိုင်ရာအိုလာရဲ့
Aggressive pressing စတိုင်နဲ့ လိုက်ဖက်ညီတဲ့
ဘာကိုလာပါ။

ဖလော်ရီယန်ဗက်ဇ်၊ အီဆက်ခ်တို့နဲ့ မတူညီတဲ့
တိုက်စစ်ဟန်ချက်ကို ဘာကိုလာရှာဖွေပေးပါလိမ့်မယ်။

Photos from 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789's post 29/08/2026

ချန်ပီယံခြေစွမ်းပြတဲ့ မန်စီးတီး

မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ
လေးဂိုးတစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး
ချန်ပီယံခြေစွမ်းပြခဲ့ပါတယ်။

ရာသီအသစ်မှာကေအသစ်နဲ့လန်းနေတဲ့ဟာလန်းက
ဂိုးပေါက်တွေ့ခဲ့တာမန်စီးတီးအတွက်ကျေနပ်စရာပါ။ပထမပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဟာလန်းဟာ သူ့အတွက် အမြဲတမ်း ဂိုးမြူးတဲ့ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အိမ်ကွင်းဆဲလ်ဟတ်စ်ပါ့ခ်မှာ ၂ ဂိုး သွင်းယူခဲ့ပါတယ်။
ပထမပိုင်းမှာ ဟာလန်းက
ဆီမန်ညို ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ခေါင်းတိုက်ဂိုး တစ်ဂိုးနဲ့ ဖိုဒန် ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် အားပါတဲ့ ပြင်းထန်ကန်ချက်နဲ့ ဒုတိယဂိုးတို့ကို သွင်းယူခဲ့တာပါ။

ဟာလန်းက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၄ ကြိမ်မြောက် ရယူနိုင်ဖို့ ရာသီသစ် ပရီးမီးယားလိဂ် ဒုတိယပွဲမှာပဲ
နှစ်ဂိုးသွင်းပြခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှာကစားတဲ့ ချာကီ၊
ဆီမန်ညို၊ ဖိုဒန်တို့လည်းအစွမ်းပြခဲ့ပြီး
ချာကီက သွင်းဂိုးနှစ်ဂိုး၊ ဖိုဒန်က ဂိုးဖန်တီးမှုနှစ်ကြိမ်နဲ့ ဆ​ီမန်ညိုက ဂိုးဖန်တီးမှု တစ်ကြိမ်လုပ်ခဲ့ပါတယ်။

မန်စီးတီးရဲ့လက်ရှိခြေစွမ်းကိုကြည့်ပြီး
အာဆင်နယ်ကကြောက်နေလောက်ပါပြီ။

28/08/2026

အယ်လ်ဗာရက်ဇ် ပြန်လာရင်ကြိုဆိုမယ့်ဆီမြွန်နီ

အပြောင်းအရွှေ့ကိစ္စကြောင့် အက်သလက်တီကိုအသင်း
ပရိသတ်တွေရဲ့ အမုန်းဒဏ်ကို ခံစားနေရတဲ့
အယ်လ်ဗာရက်ဇ်က အသင်းနဲ့အတူ အခုအချိန်အထိ
လေ့ကျင့်ခန်းမဆင်းသေးပါဘူး။

အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုအသင်းရဲ့
လေ့ကျင့်ခန်းအစီအစဉ်ကို သုံးကြိမ်ဆက်ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက
အယ်လ်ဗာရက်ဇ်က ကျန်းမာရေးပြဿနာကြောင့်
လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ ပွဲစဉ်တွေလွဲချော်နေဉီးမယ်လို့
အတည်ပြုခဲ့ပါတယ်။

ဆီမြွန်နီက အယ်လ်ဗာရက်ဇ်ပြန်လာမယ်ဆိုရင်
ဝမ်းသာစွာကြိုဆိုမယ်လို့ပြောခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုကနေ
ထွက်ခွာပြီး ဘာစီလိုနာအသင်းကိုပြောင်းချင်နေလို့
အသင်းပရိသတ်တွေ လှောင်ပြောင်တာခံနေရတယ်။

28/08/2026

ချန်ပီယံလိဂ်မှာ မန်ယူ ဘယ်လိုဖြစ်လာမလဲ

ပွဲကြပ်နေတဲ့ ချန်ပီယံလိဂ် မဲခွဲရလဒ်ကြောင့်မန်ယူပရိသတ်တွေရတက်မအေးဖြစိနေမယ်ထင်တယ်။
၂ နှစ်ကြာ ကင်းကွာပြီးမှ ဥရောပထိပ်သီးပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာတဲ့ မန်ယူကတော့ အုပ်စုအဆင့်ရဲ့ အကောင်းဆုံးပွဲစဉ်တွေအဖြစ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်သလို အက်သလက်တီကို မက်ဒရစ်ဆီ အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာပါ။

မိုက်ကယ် ကားရစ်ရဲ့ အသင်းဟာ အေအက်စ် ရိုးမား၊ လိုက်ပ်ဇစ်တို့နဲ့ အိမ်ကွင်းမှာ စိန်ခေါ်မှုများတဲ့ ပွဲစဉ်တွေ ကစားရမှာဖြစ်ပြီး စပို့တင်း လစ္စဘွန်း၊ ဗီလာရီးရဲလ်တို့ဆီ သွားရောက်ရမယ့် အဝေးကွင်းပွဲတွေလည်း စောင့်ကြိုနေပါတယ်။ မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ် (အိမ်)၊ အက်သလက်တီကို မက်ဒရစ် (အဝေး)၊ ရိုးမား(အိမ်)၊ စပို့တင်း လစ္စဘွန်း (အဝေး)၊ လိုက်ပ်ဇစ် (အိမ်)၊ ဗီလာရီးရဲလ် (အဝေး)၊ ဆာဘား (အိမ်)၊ ကိုမို (အဝေး)ပွဲတွေကစားရမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလမပိတ်ခင်တိုက်စစ်မှူးတစ်ယောက်လောက် ရရင်မန်ယူရဲ့ချန်ပီယံလိဂ်ခရီးက
ချောမွေ့နိုင်ပါတယ်။ချန်ပီယံလိဂ်ဖလားသုံးကြိမ်ရဖူးတဲ့မန်ယူအသင်းက ချန်ပီယံလိဂ် ပွဲပြန်ကစားခွင့်ရလို့
ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာပြီး
မဲခွဲပွဲမှာကတည်းက အရှိန်တက်နေကြပါတယ်။

သေချာတာက မန်ယူအသင်းက ချန်ပီယံလိဂ် League Phase အဆင့်ကနေ ထွက်သွားရမယ့်အသင်းမဟုတ်ပါဘူး။

28/08/2026

အာဆင်နယ်အတွက် တစ်ရာသီထက်တစ်ရာသီ
ချန်ပီယံလိဂ်ကလွယ်ကူလာပါတယ်။
ချန်ပီယံလိဂ်မှာအာဆင်နယ်ကို အနိုင်ယူမယ့်အသင်းကရှားလာတယ်။ ပြီးခဲ့တဲ့ရာသီကရှုံးပွဲမရှိဘဲဖိုင်နယ်ရောက်ခဲ့တာကအထင်ကြီးစရာကောင်းပါတယ်။
အာဆင်နယ်က လက်ရှိအချိန်မှာနိုင်ပွဲတွေနဲ့ ပန်းပန်နေဆဲပဲ။အရှုံးဆိုတာဂျိုနဲ့လားဆိုပြီးမေးယူနေရပြီ။
လက်ရှိရာသီချန်ပီယံလိဂ် League Phase မှာ အာဆင်နယ်က Real Madrid၊ Bayern၊ Dortmund
Betis၊ Lille၊ Napoli၊ Sabah၊ Slavia Praha
အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရီးယဲလ်ကလွဲပြီး အာဆင်နယ်ဂရုစိုက်ရမယ့်အသင်းမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီကလို League Phase
၈ ပွဲစလုံးအနိုင်ရဖို့များနေပါတယ်။
အာတီတာရဲ့အာဆင်နယ်အသင်းက ပြီးပြည့်စုံလွန်းပြီး
ချန်ပီယံဆုတိုင်းကို စိန်ခေါ် နိုင်စွမ်းရှိပါတယ်။
အရင်နှစ်တွေတုန်းကလို ဒဏ်ရာနတ်ဆိုးနှိပ်စက်လည်း
အာဆင်နယ်က ဂရုမစိုက်ဘဲ ချန်ပီယံလိဂ်မှာမယိမ်းမယိုင်ချီတက်ပြနိုင်ပါတယ်။

အာဆင်နယ်က နေဝင်ညပေါင်းများစွာကို ကူးဖြတ်ခဲ့ပြီးပါပြီ။ ရောင်နီသာတဲ့နေ့သစ်တွေက အာဆင်နယ်ကို
စောင့်ကြိုနေပါတယ်။ အာဆင်နယ်အတွက်ချန်ပီယံလိဂ်ဖလားက အခုအချိန်မှာလွယ်ကူလွန်းပါတယ်။

အာဆင်နယ်က ချန်ပီယံလိဂ်မှာ တည်ငြိမ်တဲ့စွမ်းရည်ပြသနေပြီး အနိုင်ရအောင်ဘယ်လိုကစားရမလဲ
သိနားလည်နေပါပြီ။

Photos from 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789's post 27/08/2026

ဘာကိုလာအတွက် ယူရိုသန်း ၁၄၀ တန်ရဲ့လား

လီဗာပူးလ်အသင်းက PSG အသင်းရဲ့တိုက်စစ်ကစားသမား ဘာကိုလာကို ယူရိုသန်း (၁၄၀)ဝန်းကျင်
ပေးပြီး ခေါ် ယူနိုင်တော့မှာပါ။

လီဗာပူးလ်က ပေါင်သန်းတစ်ရာကျော်ကစားသမားနှစ်ဉီး
ခေါ် ဖူးပါတယ်။ အီဆက်ခ်နဲ့ ဖလော်ရီယန်ဗက်ဇ်ပါ၊
နှစ်ယောက်စလုံး Fail ခဲ့ပေမယ့် အခုဘာကိုလာကို
တန်ဖိုးကြီးပေးပြီးသိမ်းပိုက်ခဲ့ပြန်တယ်။

ဘာကိုလာက ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလမှာ လိုင်ယွန်အသင်းကနေ PSG အသင်းကိုယူရို(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာကိုလာနဲ့ PSG အသင်းကြား ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။

PSG အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဘာကိုလာ ငြင်းဆန်ခဲ့တာကြောင့် လီဗာပူးလ်က အခုလိုမျိုး ခေါ် ယူနိုင်ခဲ့တာပါ။

ဘာကိုလာဟာ PSG ကစားသမားဘ၀ ၃ ရာသီအတွင်း ၁၅၂ ပွဲကစား၊ ၃၉ ဂိုးသွင်းယူခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် ကြီးမားတဲ့ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမဲ့ လူးဝစ်အင်းနရစ်လက်အောက်မှာ ပုံမှန်ကစားခွင့်မရဘဲ လူစားဝင်အဖြစ်သာ ကစားနေရတာဖြစ်ပါတယ်။

ဘာကိုလာက PSG အသင်းနဲ့အတူ ပြင်သစ်လိဂ်မှာသာမက ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လီဗာပူးလ်နဲ့အပြိုင် အာဆင်နယ်၊ ချယ်လ်ဆီး၊ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။

ဆာလာနေရာ အစားဝင်မယ့်သူအဖြစ်
ဘာကိုလာယူဆခံထားရပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon