𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789

  • Home
  • Myanmar
  • Yangon
  • 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789

𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789, Sports, Yangon.

Congratulations! Joshua Van
20/09/2026

Congratulations! Joshua Van

အာဆင်နယ် ရှုံးပွဲမရှိချန်ပီယံ ဖြစ်ဉီးမလားအာတီတာရဲ့ အာဆင်နယ်က ရပ်တန့်မရနိုင်ပါဘူး။ရာသီအစပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်ယူပ...
07/09/2026

အာဆင်နယ် ရှုံးပွဲမရှိချန်ပီယံ ဖြစ်ဉီးမလား

အာတီတာရဲ့ အာဆင်နယ်က ရပ်တန့်မရနိုင်ပါဘူး။
ရာသီအစပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်ယူပြီး
ချန်ပီယံကာကွယ်ပွဲအတွက် အကောင်းဆုံးလုပ်ပြနေတယ်။

အခုလိုမျိုးရာသီအစမှာ ပေးဂိုးတစ်ဂိုးသာပေးရပြီး
သုံးပွဲစလုံးအနိုင်မှတ်တမ်းကို ရှုံးပွဲမရှိချန်ပီယံ
ဖြစ်တဲ့ ၂၀၀၃-၀၄ မှာ အာဆင်နယ်ပိုင်ဆိုင်ဖူးပါတယ်။

လက်ရှိအချိန်မှာလည်း အာဆင်နယ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေအနိုင်ယူကျော်ဖြတ်ဖို့ခက်နေပြီး
ရှုံးပွဲမရှိချန်ပီယံ မျှော်လင့်ချက်ရှိနေပါတယ်။
အာဆင်နယ်က အသင်းတိုင်းကိုအနိုင်ယူနိုင်စွမ်းရှိပါတယ်။

လက်ရှိရာသီမှာ အာဆင်နယ်အတွက် အော်ဒီဂွာ၊
ဆာကာ၊ ဟာဗတ်ဇ်တို့အစွမ်းပြနေပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာကြောင့်
သူတို့သုံးဉီးခြေစွမ်းမပြနိုင်ချိန်မှာတောင်
အာဆင်နယ်ကချန်ပီယံဖလားသိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုသူတို့သုံးဉီး ခြေစွမ်းပြနေလို့
အာဆင်နယ်ရဲ့ချန်ပီယံကာကွယ်ပွဲကပိုပြီးလွယ်ကူခဲ့ပါပြီ။

ဟာလန်းရဲ့ဂိုးတွေနဲ့မန်စီးတီးချန်ပီယံဖြစ်မလားဂိုးတွေမြူးနေတဲ့ဟာလန်း၊ ၃ ပွဲဆက် နိုင်ပွဲရယူထားတဲ့ မန်စီးတီးရဲ့ ခြေစွမ်းကချန...
06/09/2026

ဟာလန်းရဲ့ဂိုးတွေနဲ့မန်စီးတီးချန်ပီယံဖြစ်မလား

ဂိုးတွေမြူးနေတဲ့ဟာလန်း၊ ၃ ပွဲဆက် နိုင်ပွဲရယူထားတဲ့ မန်စီးတီးရဲ့ ခြေစွမ်းက
ချန်ပီယံဆုမျှော်လင့်ချက် အားကောင်းနေပါတယ်။

လက်ရှိချန်ပီယံ အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
မန်စီးတီးက ဒုတိယရေပန်းအစားဆုံး၊ ချယ်လ်ဆီးက တတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။
လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပြီးဆုံးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့မန်စီးတီးက ချန်ပီယံဆုအတွက်ပိုပြီးအားသာလာပါတယ်။
လက်ရှိရာသီပရီးမီးယားလိဂ်မှာ အာဆင်နယ်လက်ထဲက
ချန်ပီယံဆုကိုမန်စီးတီး လုယူနိုင်မယ်ထင်ပါတယ်။

ပရီးမီးယားလိဂ်သုံးပွဲကစားပြီးချိန်မှာရမှတ် ၇ မှတ်ရထားပြီး ဟားလ်စီးတီးက ပန်းပန်နေပါတယ်။ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာ...
06/09/2026

ပရီးမီးယားလိဂ်သုံးပွဲကစားပြီးချိန်မှာ
ရမှတ် ၇ မှတ်ရထားပြီး ဟားလ်စီးတီးက ပန်းပန်နေပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစသုံးပွဲမှာ
ရှုံးပွဲမရှိအောင်အစွမ်းပြနိုင်တဲ့ တန်းတက်အသင်းက
ဟာလ်းစီးတီးအသင်းနဲ့မှ ၆ သင်းပဲရှိခဲ့တယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစသုံးပွဲမှာ
၇ မှတ်နဲ့ အထက် ရတဲ့တန်းတက်အသင်းတွေ
တန်းမဆင်းရတဲ့အစဉ်အလာရှိပါတယ်။ ဟားလ်စီးတီးအသင်းလည်းအဲဒီအစဉ်အလာကို
ထပ်တူပိုင်ဆိုင်ခွင့်ရမလား။

မော်ရင်ဟိုရဲ့ပထမဆုံးအရှုံးမော်ရင်ဟိုရဲ့ရီးယဲလ်နည်းပြဘဝ ဒုတိယသက်တမ်းမှာရှုံးပွဲစတွေ့ခဲ့ပါပြီ။ ဘက်တစ်အသင်းကို ရီးယဲလ်ကရှုံ...
05/09/2026

မော်ရင်ဟိုရဲ့ပထမဆုံးအရှုံး

မော်ရင်ဟိုရဲ့ရီးယဲလ်နည်းပြ
ဘဝ ဒုတိယသက်တမ်းမှာ
ရှုံးပွဲစတွေ့ခဲ့ပါပြီ။ ဘက်တစ်အသင်းကို ရီးယဲလ်က
ရှုံးနိမ့်ခဲ့တာဖြစ်ပြီးမော်ရင်ဟိုအတွက်ခံစားရခက်တဲ့
ဝေဒန ာဖြစ်ခဲ့ပါတယ်။

ရှုံးပွဲအတွက်မော်ရင်ဟို ဒေါသထွက်နေပေမယ့်
သူအသင်းစွမ်းဆောင်ရည်အတွက် ကျေနပ်နေသလို၊
သူ့ကစားသမားတွေကိုလည်းအပြစ်မပြောခဲ့ပါဘူး။

မော်ရင်ဟိုက " တခါတလေကျရင်ရှုံးပွဲအတွက်
အဖြေရှာရခက်ပါတယ်။ အခုပွဲမှာလည်းကျွန်တော်တို့အသင်းက ကစားပုံကောင်းတယ်၊အခွင့်အရေးတွေရတယ်
ပွဲကိုလည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီလိုစွမ်းရည်မျိုးနဲ့ သရေဆိုရင်တောင်စိတ်ပျက်စရာကောင်းပေမယ့် အခုတော့ရှုံးပါရှုံးခဲ့လို့ ပိုဆိုးသွားခဲ့ပါတယ်" လို့ ပြောပါတယ်။

ရီးယဲလ်အသင်းက သွင်းဂိုးတစ်ဂိုးလူကျွံဘောအဖြစ်
သတ်မှတ်ခံရသလို၊ ဘာပေကလည်းပယ်နယ်တီမဝင်ခဲ့လို့ကံဆိုးခဲ့ရပါတယ်။

စပါးနည်းပြ ဒီဇာဘီ ထုတ်ပယ်ခံရမလားစပါးကတော့ ရေနစ်ပြီးရင်းရေနစ်နေပါတယ်။လက်ရှိအပြောင်းအရွှေ့မှာ ပေါင်သန်းလေးရာနီးပါး သုံးပြီ...
04/09/2026

စပါးနည်းပြ ဒီဇာဘီ ထုတ်ပယ်ခံရမလား

စပါးကတော့ ရေနစ်ပြီးရင်းရေနစ်နေပါတယ်။
လက်ရှိအပြောင်းအရွှေ့မှာ ပေါင်သန်းလေးရာနီးပါး သုံးပြီး
ပြင်ဆင်ထားတာနဲ့မလိုက်ဖက်အောင်ဘဲ စပါးအသင်းကညံ့ပြီးရင်းညံ့နေပါတယ်။ အခုဆိုရင်စပါးအသင်းက
ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက်
အမှတ်ပေးဇယားအောက်ဆုံး နေရာရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ရာသီဆက် တန်းဆင်းဇုန်ထဲမှာ
ရှင်သန်ရပြီး တန်းမဆင်းရအောင်ရုန်းကန်ခဲ့ရတဲ့
စပါးအသင်းက လက်ရှိအချိန်မှာလည်း
အခြေအနေမကောင်းပါဘူး။
ဒီတစ်ပတ်မှာလည်းနော်တင်ဟမ်ဖောရက်စ်ကွင်းသွားကစားရဖို့ရှိနေတဲ့ စပါးကရေထပ်နစ်ဉီးမယ်ထင်ပါတယ်။
စပါးသာ ရလဒ်ထပ်ဆိုးရင် နည်းပြဒီဇာဘီရဲ့အနာဂတ်က ဆိုးရွားသွားနိုင်ပါတယ်။

တန်းဆင်းဇုန်ထဲ ထပ်ပြီးရုန်းကန်ရဉီးမယ်ဆိုရင် ဒီဇာဘီထုတ်ပယ်ခံရနိုင်ပါတယ်။

အာဆင်နယ်ပရိသတ်တွေ မေ့မရမယ့်သူအာဆင်နယ်အသင်းကနေ အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီရဲ့...
04/09/2026

အာဆင်နယ်ပရိသတ်တွေ မေ့မရမယ့်သူ

အာဆင်နယ်အသင်းကနေ အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီရဲ့စိတ်ဓာတ်ကတော့ ချီးကျူးချင်စရာကောင်းပါတယ်။ အသင်းသစ်ကို ရောက်ရှိတဲ့ ပထမဆုံးနေ့မှာပဲ
မနားမနေလေ့ကျင့်ခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းကို မာတင်နယ်လီက ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ရောက်ခဲ့တာဖြစ်ပါတယ်။
ဲအယ်လ်ဟီလာအသင်းက တခြားအသင်းကို
ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင်လည်း
အကျိုးအမြတ်ကို အာဆင်နယ်အသင်းက ရာခိုင်နှုန်းနဲ့ ရဉီးမှာဖြစ်လို့ မာတင်နယ်လီကတော့ အသင်းကထွက်တဲ့အထိအာဆင်နယ်ကိုအကျိုးပြုခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းနဲ့ မာတင်နယ်လီက
(၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

မာတင်နယ်လီက အသင်းမှာ ဆက်နေချင်ပေမယ့်အာဆင်နယ်ကပစ်ပယ်ခဲ့တာပါ။
အာဆင်နယ်အသင်းကို ဆယ်ကျော်သက်အရွယ်ကတည်းက ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ(၂၇၈)ပွဲကစားကာ (၆၂)ဂိုး သွင်းယူပေးထားတဲ့မာတင်နယ်လီက
အာဆင်နယ်ပရိသတ်တွေဘယ်တော့မှ မေ့မရမယ့်သူပါ။

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကိုရဉီးမယ့် ဘရူနိုဖာနန်ဒက်စ်မန်ယူအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကပြီးခဲ့တဲ့ရာသီပရီးမီး...
04/09/2026

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို
ရဉီးမယ့် ဘရူနိုဖာနန်ဒက်စ်

မန်ယူအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က
ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ PFA ဆု၊ FWA ဆုရတဲ့အကောင်းဆုံးဆုတွေအားလုံးသိမ်းပိုက်နိုင်ခဲ့တယ်။

လက်ရှိရာသီအစမှာလည်း ဘရူနိုဖာနန်ဒက်စ်အတွက်
အကောင်းဆုံးဆုတစ်ခုကစောင့်ကြိုနေပါပြီ။
August လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကိုဘရူနိုဖာနန်ဒက်စ်ရဖို့နီးစပ်နေတာပါ။

ဲအစ်ဝစ်ချ်နဲ့ပွဲမှာ သုံးဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတဲ့ ဘရူနိုဖာနန်ဒက်စ်က August လအတွက်
အကောင်းဆုံးကစားသမားဆုရဖို့များနေပါပြီ။

အဲဒီဆုအတွက် ပါလ်မာ၊ ကာလာဖီအိုရီ၊ ချာကီ၊ဝစ်ဆာတို့နဲ့အပြိုင်ဘရူနိုဖာနန်ဒက်စ်အပြိုင်လုရမှာဖြစ်ပါတယ်။

ဘာပေကို ပြန်ပေးဆွဲဖို့ကြံသူ ဖမ်းခံရရီးယဲလ်တိုက်စစ်ကစားသမားဘာပေကိုပြန်ပေးဆွဲဖို့ကြံစည်သူ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဉီးဖမ်း...
03/09/2026

ဘာပေကို ပြန်ပေးဆွဲဖို့ကြံသူ ဖမ်းခံရ

ရီးယဲလ်တိုက်စစ်ကစားသမားဘာပေကို
ပြန်ပေးဆွဲဖို့ကြံစည်သူ အသက် ၁၈ နှစ်အရွယ်
လူငယ်တစ်ဉီးဖမ်းခံခဲ့ရပါတယ်။

အဆိုပါလူငယ်ဟာ ဘာပေအပါအဝင်၊အနုပညာရှင်နဲ့
ထင်ရှားကျော်ကြားပြီး ်ချမ်းသာကြွယ်ဝသူ
၂၅ ဉီးကိုပြန်ပေးဆွဲဖို့ကြံခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အကြံအစည်ကို ထောင်ထဲမှာရှိတဲ့ပြန်ပေးသမားတွေနဲ့ ပူးပေါင်းပြီးအကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့သူ့ရဲ့အစီအစဉ်မစတင်ခင်မှာပဲ
ရဲတပ်ဖွဲ့ကစုံစမ်းသိရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
သူ့ရဲ့ ဖုန်းထဲမှာဘာပေကို ပြန်ပေးဆွဲမယ့်အစီအစဉ်ကို
အသေးစိတ်မှတ်သားထားတာလည်းတွေ့ရပါတယ်။

လုခ်ရှောနဲ့ ပွဲ ၆၀မန်ယူအသင်းဘယ်နောက်ခံလူနေရာအတွက်လုခ်ရှောတစ်ယောက်တည်းရှိတယ်။သူတစ်ယောက်တည်းနဲ့တစ်ရာသီလုံး ပွဲ၆၀ လောက်ကစား...
03/09/2026

လုခ်ရှောနဲ့ ပွဲ ၆၀

မန်ယူအသင်းဘယ်နောက်ခံလူနေရာအတွက်
လုခ်ရှောတစ်ယောက်တည်းရှိတယ်။
သူတစ်ယောက်တည်းနဲ့တစ်ရာသီလုံး ပွဲ၆၀ လောက်
ကစားရမယ့်အခြေအနေက စိုးရိမ်စရာပါ။

လုခ်ရှော တစ်ယောက်တည်း
Senior Left-back ရှိတာက မန်ယူရဲ့
ရည်မှန်းချက်တွေကိုထိခိုက်စေနိုင်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ လုခ်ရှောက ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးကစားနိုင်ပေမယ့် သူ့ရဲ့ဒဏ်ရာနောက်ကြောင်းက
ဆိုးရွားလွန်းပါတယ်။

ပြီးတော့ လုခ်ရှောနေရာအစားဝင်ကစားနိုင်မယ့်
သူမရတာကလည်း စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။
နယူးကာဆယ်က လူးဝစ်ဟောလ်၊ ဘာစီလိုနာက
ဘယ်လ်ဒီ၊ မန်စီးတီးက အစ်နောရီတို့ကို
မန်ယူစိတ်ဝင်စားပေမယ့်မရခဲ့ပါဘူး။

ဒီလိုနဲ့ပဲလုခ်ရှောနဲ့ ပွဲ ၆၀ သတ်မှတ်ချက်က
မန်ယူရဲ့အကြီးမားဆုံးပြဿနာဖြစ်လာနိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐢𝐁𝐞𝐭789 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category