ကချင်ပြည်နယ် မိုးကောင်းမြို့မှ Royal Dagon FC ၏လူရွေးပွဲသို့ လာရောက်ရွေးချယ်ခံသော မောင်ငွေလမင်းမောင်
Royal Dagon Fc
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Dagon Fc, Professional Sports Team, Yangon.
10/07/2026
ပရော်ဖက်ရှင်နယ် အိပ်မက်အတွက် Royal Dagon FC(Glory Goal FC)နဲ့ လာရောက်ပူးပေါင်းနိုင်ပါပြီ🤗
---------
ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ဖို့ ရည်မှန်းချက်
အိပ်မက်ရှိသူတွေအတွက်Royal DagonFC(Glory Goal FC)အသင်းက ဖိတ်ခေါ်လိုက်ရပါတယ်။ လာမယ့် MNL-2 ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် Royal Dagon FC(Glory Goal FC) အသင်းကို ပြန်လည်ဖွဲ့စည်းတော့မှာပါ
မိမိကိုယ်ကိုကိုယ် ပရော်ဖက်ရှင်တစ်ယောက်အဖြစ်ရပ်တည်ဖို့အတွက် ယုံကြည်မှုရှိတဲ့ လူငယ်တိုင်း အသင်းမှာလာရောက် ခြေစွမ်းအစမ်းသပ်ခံနိုင်ပါပြီ။ ရပ်နီး/ရပ်ဝေး ဘယ်နေရာကမဆို အသင်းကို လာရောက်ဆက်သွယ်နိုင်ပါတယ်
ကိုယ့်ကိုကိုယ် ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်တွေကို ချက်ချင်းစာရင်းပေးသွင်းလိုက်ပါ။ Royal Dagon FC(Glory Goal FC )မိသားစုကတော့ ကစားသမားသစ်တွေကို နွေးထွေးစွာကြိုဆိုဖို့အတွက် အသင့်ရှိနေပါပြီ
နယ်မှ လာရောက် ခြေစမ်းပြ ယှဉ်ပြိုင်မည့် ကစားသမားတွေတွက် ဒီနှစ် နေစရာ တော့ စီစဉ်ပေးခြင်းမရှိခြင်းကို နားလည်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ
အသင်းမှ ရွေးချယ်ခံရပါက အသင်းအဆောင်တွင်ထားရှိပါမည်
ဆက်သွယ်ရန် ဖုန်းနံပါတ် - 09954880395 , 09773724425
လူရွေးပွဲအစီအစဉ်
နေ့ရက် - 29.7.2026
30.7.2026 🗓
အချိန် - မနက် 7 နာရီအရောက်⏰
နေရာ- သုဝဏ္ဏ မြက်ခင်းတု 🏟
08/07/2026
📢 Royal Dagon FC (Glory Goal) Media Team Recruitment Contest
Royal Dagon FC (Glory Goal) ကို အမြဲတမ်းအားပေးချစ်ခင်နေကြတဲ့ ပရိသတ်များအားလုံးကို လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။
အသင်းရဲ့ Media Team ကို အင်အားဖြည့်တင်းနိုင်ရန်အတွက် Video Editing Contest လေးတစ်ခုကို စီစဉ်ထားပါတယ်။
ပြိုင်ပွဲဝင်များအနေနဲ့ Royal Dagon FC (Glory Goal) ရဲ့ Facebook, TikTok နဲ့ YouTube တို့မှာ တင်ထားတဲ့ Photo/Video များကို အသုံးပြုပြီး မတူညီသော ပုံစံများဖြင့် video 3ပုဒ် Editပြီး Royal Dagon FC(Glory Goal)ရဲ့ page messenger သို့ပေးပို့ပြီး မိမိတို့ရဲ့ ဖန်တီးနိုင်စွမ်း၊ Editing Skill နဲ့ Creativity ကို ထုတ်ဖော်ပြသပေးရမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ ဆုရဖို့တင်မဟုတ်ဘဲ၊ အရည်အချင်းရှိတဲ့သူတွေကို Royal Dagon FC (Glory Goal) ရဲ့ Media Team အဖြစ် ရွေးချယ်ခန့်အပ်ပြီး အသင်းနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်မယ့် အခွင့်အရေး ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
Video Editing ကို စိတ်ဝင်စားပြီး မိမိရဲ့အရည်အချင်းကို ပြသချင်သူတိုင်း ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
📌 ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်
Royal Dagon FC (Glory Goal) အနေဖြင့် အသင်း၏ Media Team ကို ပိုမိုအင်အားတောင့်တင်းစေရန်၊ Video Editing နှင့် Content Creation ကို စိတ်ပါဝင်စားပြီး အရည်အချင်းရှိသော လူငယ်များကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ယခု Video Editing Contest ကို စီစဉ်ကျင်းပခြင်းဖြစ်ပါသည်။
ထို့အပြင် ပြိုင်ပွဲတွင် ထူးချွန်သော ပြိုင်ပွဲဝင်များကို Royal Dagon FC (Glory Goal) ၏ Media Team တွင် ပါဝင်လုပ်ကိုင်နိုင်ရန် အခွင့်အရေးပေးသွားမည်ဖြစ်ပြီး၊ အသင်းနှင့်အတူ ကြီးထွားတိုးတက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးလိုခြင်းလည်း ဖြစ်ပါသည်။
📌 ပြိုင်ပွဲဝင်နည်းနှင့် စည်းကမ်းချက်များ
ပြိုင်ပွဲဝင်သူများသည် Team အမည် နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် ကို Royal Dagon FC (Glory Goal) Page Messenger သို့ ပေးပို့ရပါမည်၊၊
ပြိုင်ပွဲဝင်ရန်အတွက် အသင်း၏ Facebook, TikTok နှင့် YouTube တို့မှ Photo/Video များကို အသုံးပြု၍ Edit ပြုလုပ်ထားသော Video (၃) ပုဒ် ကို Team အမည်၊ ဖုန်းနံပါတ်တို့နှင့်အတူ Page Messenger သို့ ပေးပို့ရပါမည်။
ပေးပို့ထားသော Video များသည် ပြိုင်ပွဲဝင်သူ၏ ကိုယ်ပိုင်ဖန်တီးမှုဖြစ်ရမည်။
ဆုံးဖြတ်ချက်များအားလုံးကို Royal Dagon FC (Glory Goal) တာဝန်ရှိသူများ၏ အဆုံးအဖြတ်အတိုင်း အတည်ပြုသွားမည်ဖြစ်ပါသည်။
🏆 ဆုကြေးငွေ
🥇ဆု ကြေးငွေ– 300,000 ကျပ်
အနိုင်ရရှိသူ(သို့) အနိုင်ရရှိသောအဖွဲ့အား ငွေသားဆု 300,000 ကျပ် ချီးမြှင့်မည်ဖြစ်ပြီး၊ ထို့အပြင် Royal Dagon FC ၏ Media Team တွင် ပါဝင်လုပ်ကိုင်ခွင့်လည်း ရရှိမည်ဖြစ်သည်။
📅 ပြိုင်ပွဲကာလ
ပြိုင်ပွဲစတင်ရက် – 10.07.2026
ပြိုင်ပွဲပိတ်ရက် – 05.08.2026
⏰ ပြိုင်ပွဲဝင်လက်ခံမည့်ကာလမှာ 10.07.2026 မှ 05.08.2026 အထိ ဖြစ်ပါသည်။ သတ်မှတ်ထားသော နောက်ဆုံးရက် မတိုင်မီ ပြိုင်ပွဲဝင်ဗီဒီယို (၃) ပုဒ်နှင့် လိုအပ်သောအချက်အလက်များကို ပေးပို့၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
📞 အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
Royal Dagon FC (Glory Goal) Page Messenger သို့ Message ပို့၍ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
📱 09-954880395
📱 09-448733366
Royal Dagon FC (Glory Goal) ကို အမြဲအားပေးချစ်ခင်ပေးကြတဲ့ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💙⚽
14/03/2026
Resigned ✍️✍️
Royal Dagon FC အသင်းရဲ့ ကစားသမား ဇာခြည်မောင် နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း အသင်းပရိသတ်တွေကို အသိပေးတင်ပြအပ်ပါတယ်။
ဇာခြည်မောင် ရဲ့ အသင်းအတွက် ပေးဆပ်မှုတွေအားလုံးကို Royal Dagon FC မိသားစုမှ အမြဲအမှတ်ရနေမှာပါ။
အနာဂတ်မှာ အောင်မြင်တဲ့ကစားသမား တစ်ဦးအဖြစ် ပြန်လည်မြင်တွေ့နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေကြောင်း Royal Dagon FC အုပ်ချုပ်/နည်းပြအဖွဲ့နဲ့ ကစားသမားအားလုံးမှ နှုတ်ဆက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
12/03/2026
Congratulations 🍾🎊🎉
11/02/2026
Congratulations Dagon မြို့သစ် U 21 အသင်း🥇🏆
08/02/2026
ပရိသတ်များ သို့ အသိပေးခြင်း
--------
Glory Goal FC အသင်း အနေနဲ့ ၂၀၂၃ ဘောလုံးရာသီက စတင်ပြီး မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ အချိန်ကာလအားဖြင့် သုံးနှစ်၊ ဘောလုံးရာသီအားဖြင့် သုံးရာသီ ကြာခဲ့ပြီ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၆-၂၇ ဘောလုံးရာသီက စတင်ပြီး အသင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွေ ကိုယ်စားပြုအသင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းမှာဖြစ်ပြီး အသင်းအမည်ကိုလည်း Royal Dagon FC အဖြစ် ပြောင်းလဲ ပြင်ဆင်သွားမှာ ဖြစ်သလို အသင်းလိုဂိုကိုလည်း ပြောင်းလဲအသုံးပြုသွားမှာဖြစ်ကြောင်း ပရိသတ်တွေကို လေးစားစွာ အသိပေးကြေညာအပ်ပါတယ် ခင်ဗျာ။
ဒဂုံမြို့နယ်များ ကိုယ်စားပြု အသင်းဖြစ်လာမယ့် Royal Dagon FC အသင်းကို ဆက်လက်အားပေးကြဖို့လည်း လေးစားစွာ တိုက်တွန်းအပ်ပါတယ် ခင်ဗျာ။
28/01/2026
MATCH DAY
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Yangon