Fit With Chris

Fit With Chris

Share

Freelance Personal Trainer💪
Online Personal Trainer

25/08/2026

Weightကျချင်တယ် အဆီကျချင်တယ် ပူနေတဲ့ဗိုက်တွေပြုတ်ချင်တယ်ပြောပြီး စားချင်ရာကို စားချင်သလိုစားတယ်၊တစ်နေကုန် လှုပ်ရှားမှု နည်းတယ်၊လေ့ကျင့်ခန်းဆိုလို
လမ်းလျောက်တာလောက်တောင် မလုပ်တဲ့ အခြေအနေမျိုး

သေချာတယ် အဲ့လူ…..
နောင်ဆယ်နှစ်နေရင်လည်း ဝိတ်မကျလာဘူး❌

တစ်နဲ့သုညနဲ့ ပေါင်းရင် တစ်ဘဲရမယ်
နှစ်လိုချင်ရင် သုညကို တစ်ဖြစ်အောင် ပြောင်းဖို့လိုတယ်✅

Lifestyleကို မပြောင်းဘဲ Weightကျချင်တယ်၊အဆီကျချင်တယ်၊ ဗိုက်ပြုတ်ချင်တယ်၊ခါးသေးချင်တယ် ပြောနေရုံနဲ့ လက်ရှိအခြေအနေကနေ ဘာမှ မပြောင်းလဲသွားဘူး

အဆီကျချင်ရင် အဆီကျနိုင်လောက်တဲ့ Lifestyle ဖြစ်နေဖို့လိုတယ်

အဆီကျချင်ရင် ခန္ဓာကိုယ်ပြောင်းလဲချင်ရင်
မိမိရဲ့ Lifestyle ကိုမဖြစ်မနေ ပြောင်းလဲဖို့လိုအပ်ပါတယ်💯

ပြောင်းလဲမှုကိုလိုချင်ရင် ကိုယ်ကိုယ်တိုင်
ပြောင်းလဲဖို့လိုအပ်ပါတယ်🤝

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Photos from Fit With Chris's post 23/08/2026

🙋🏻‍♂️လေ့ကျင့်ခန်းတွေ လုပ်နေပေမဲ့လည်း သိသိသာသာမပြောင်းလဲလာသေးရင် ✅

ဒီလိုအစားသောက်ပုံစံလေးပြောင်းစားကြည့်ပါ 🍑🍎🍏🍗

အဆီချနေသူများ/ဝိတ်ချနေသူများ/ဝိတ်ထိန်းနေသူများအတွက် အဆင်ပြေစေရန် ❤️

ခန္ဓာက်ိုယ်တခုပြောင်းလဲဖို့ အစားအသောက်ကို Calories Deficit ဖြစ်ဖို့လိုအပ်ပါသည်💯

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



22/08/2026

Gym သာဆော့တယ် မပြောင်းလဲဘူးဖြစ်နေလား?

​"Gym ဆော့တာ ၃၀%၊ စားတာ ၇၀%" ပါ။ ဘယ်လောက်ပဲ ဆော့ဆော့ မစားတတ်ရင် လိုချင်တဲ့ Body ရမှာ မဟုတ်ပါဘူး
သိထားသင့်တဲ့အချက်(5)ချက်ရှိပါတယ်

​1️⃣(Protein) က နံပါတ်တစ်ပါ
ကြွက်သားတက်ဖို့နဲ့ အဆီကျဖို့ ပရိုတင်းက မရှိမဖြစ်ပါ
ကြက်ရင်ပုံသား၊ ကြက်ဥပြုတ်၊ ငါး၊ ပဲအမျိုးမျိုး စားပေးပါ။

2️⃣ကာဘိုဟိုက်ဒရိတ် (Carbs) ကို မဖြတ်ပါနဲ့
ထမင်းလုံးဝဖြတ်ရင် ဆော့ဖို့ အားရှိမှာမဟုတ်ပါဘူး။ Carbs ဆိုတာ အလေးမဖို့ လောင်စာပါ။
👉 ထမင်း၊ အုတ်ဂျုံ (Oats)၊ ကန်စွန်းဥ စားပေးပါ။

​3️⃣မဆော့ခင်နဲ့ ဆော့ပြီး ဘာစားမလဲ?
👉 မဆော့ခင် (၁ နာရီအလို): အားရှိအောင် ငှက်ပျောသီး (သို့) ကြက်ဥပြုတ် စားပါ။
👉 ဆော့ပြီး (၄၅ မိနစ်အတွင်း): ကြွက်သားပြန်ဆောက်ဖို့ ကြက်ရင်ပုံသားနဲ့ အသီးအရွက် (Or) Whey သောက်ပါ။

​4️⃣အဆီ (Fat) တိုင်းကို မကြောက်ပါနဲ့
ကောင်းတဲ့အဆီက ဟော်မုန်းမျှတစေပြီး အဆီကျဖို့ ကူညီပေးပါတယ်။
👉 ထောပတ်သီး၊ ဗာဒံစေ့၊ သံလွင်ဆီ စားပေးပါ။

​5️⃣ရေနဲ့ အိပ်ရေးက အသက်
ရေဓာတ်ခမ်းရင် ကြွက်တက်မယ်။ အိပ်ရေးပျက်ရင် ကြွက်သားမတက်ဘူး။
👉 တစ်နေ့ ရေ ၃-၄ လီတာ သောက်ပြီး ၇-၈ နာရီ ဝဝအိပ်ပါ။

✅ကြွက်သားတွေက Gym ဆော့နေတုန်း ကြီးတာမဟုတ်ဘဲ "အိပ်ပျော်နေတဲ့အချိန်" မှာမှ ကြီးထွားတာပါ။
​စနစ်တကျဆော့၊ ပြည့်ဝအောင်စား၊ ဝအောင်
အိပ်ရင် လိုချင်တဲ့ Body Goal နဲ့မဝေးပါဘူး💯

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



21/08/2026

ဗိုက်အဆီမကျရခြင်းရဲ့ နောက်ကွယ်က အကြောင်းတစ်ခု

အိပ်စက်ခြင်းနဲ့ ဗိုက်အဆီကျခြင်းရဲ့ ဆက်စပ်မှုတစ်ခုကိုပြောပြပေးပါမယ်

ဗိုက်အဆီမြန်မြန်ကျဖို့ဆိုရင် အစားအသောက်၊ လေ့ကျင့်ခန်းအပြင် Sleep Quality က 50%လောက် စကားပြောပါတယ်နော်💯

♻️ည12နာရီ နောက်ဆုံးထားပြီး အိပ်ပါ

ည ၁နာရီကနေ မနက် ၃နာရီအတွင်းဟာ ခန္ဓာကိုယ်က အရွယ်တင်နုပျိုစေပြီး၊ အဆီလောင်ကျွမ်းမှုကို ကူညီပေးတဲ့ Growth Hormone အထွက်ဆုံး အချိန်ဖြစ်လို့ ဒီအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ လိုပါတယ်

♻️ညအိပ်ချိန်ကို ပုံသေသတ်မှတ်ပါ

ဒီနေ့စောအိပ်၊ နောက်နေ့ညနက်တဲ့အထိနေ
ဒါမျိုးလုံးဝ မလုပ်ပါနဲ့နော်
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ ကမောက်ကမဖြစ်ရင် Metabolism ကျပြီး အဆီပိုစုရလွယ်စေလို့ အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်အိပ်ပေးဖို့လိုပါတယ်

♻️အိပ်ချိန် ၆ နာရီအောက် မနည်းပါစေနဲ့

အိပ်ချိန်နည်းတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) မြင့်တက်လာပြီး ဗိုက်အဆီကို
ပိုစုဆောင်းစေပါတယ်
ဒါ့အပြင် ဗိုက်ဆာစေတဲ့ ဟော်မုန်းတွေကို ပိုထွက်စေလို့ နောက်ရက်မှာ အချိုနဲ့
ကာဘိုဟိုက်ဒရိတ်တွေကို ပိုစားချင်စိတ်
ဖြစ်ပေါ်စေပါတယ်

♻️ညနက်မှအိပ်ပြီး မနက်နောက်ကျမှထတာမျိုး ရှောင်ပါ❌

ညနက်မှအိပ်တဲ့အခါ အိပ်ချိန်နာရီ တူညီရင်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ (Deep Sleep) အဆင့်ကို သိပ်မရရှိဘဲ Insulin Level ကိုပါ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်

ဒါဆိုရင် မြန်မြန်ဆန်ဆန်လှပဖို့ ဒီညကစပြီး Sleep Quality ကိုမြှင်တင်ဖို့ ကြိုးစားကြည့်ပါ

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



20/08/2026

ဝိတ်တက်ချင်ရင် အစားအသောက်မရှောင်ရဘူး စားချင်တာစားဆိုတဲ့ အယူအဆ လုံးဝမှားပါတယ်❌

Your are what u eat ဘဲ🫵
မင်းဘာစားလဲ မင်းစားတဲ့အစားအစာ
ပေါ်မူတည်ပြီး မင်းခန္ဓာကိုယ် အချိုးအစား
ရမှာပဲ

ဝိတ်တက်ချင်လို့ဆိုပြီး ဝိတ်တက်ပြီးရော
တွေ့သမျှ အပြင်စာမှန်သမျှ လျောက်စားနေမယ်ဆိုရင် တက်လာတဲ့ဝိတ်က အဆီဝိတ်ဘဲ
ဖြစ်လာပါလိမ့်မယ်

Weight မရင် Muscleလဲတိုးလာပေမဲ့
Fatလည်းလိုက်တိုးလာပါလိမ့်မယ်

စားချင်တာ လျောက်စားနေရင်တော့ ခန္ဓာကိုယ်ကအဆီတွေနဲ့ ကြီးလာပါလိမ့်မယ်
ကျစ်လစ်လှပတဲ့ခန္ဓာကိုယ် ရချင်တယ်ဆိုရင်တော့ အာဟာရှိတဲ့ Balance Diet planကိုစားရပါလိမ်မယ်

ဝိတ်ချနေတဲ့သူတွေလည်း ထိုနည်းတူပဲ
ဝိတ်ကျရင် ပြီးရောဆိုပြီး
ညစာ တုံးတိ ဖြတ် ကြောင်စာလောက်ရှိတဲ့
Diet plan စားနေရင်
ဝိတ်တော့ ကျသွားမယ်
လူ နာ ရုပ် ဖြစ်နေလိမ့်မယ်

ခန္ဓာကိုယ် အချိုးအစားလှဖို့
ရေရှည် ၆လ တစ်နှစ် အနည်းဆုံး ကြာပါမယ်💯

စိတ်ရှည်ပါ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်စားပါ

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



19/08/2026

Trainingရပ်ဖို့အတွေးဝင်လာရင်
1️⃣Trainingကို ဘာလို့ စလုပ်ခဲ့လဲဆိုတာ ကို့ကိုယ်ကိုပြန်မေး

2️⃣ခန္ဓာကိုယ်ကို ဘယ်လိုပြောင်းလဲအောင် လုပ်မယ်ဆ်ိုပြီး ကို့ကိုယ်ကို ပေးခဲ့တဲ့ ကတိတွေပြန်သတိရ

3️⃣ကိုယ်လိုချင်တဲ့ Terget Body Goalကို မျက်စိထဲပုံဖော်ကြည့်

4️⃣အခြားသူတွေတောင်လုပ်နိုင်တာ ငါကဘာလို့မလုပ်နိုင်ရမှာလဲ ဆိုပြီးတွေး💪

5️⃣အခုချက်ချင်း ရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးဆိုတဲ့ သဘောကိုသတိထား💯

ခန္ဓာကိုယ်တစ်ခု ပြောင်လဲဖို့ဆိုရင် တစ်ပတ်၊တစ်လ ၊ သုံးလ ကိုယ်လိုချင်တဲ့ Body Goal မရမချင်း နေတိုင်းကို တစိုက်မတ်မတ်လုပ်ရမှာပါ

မိမိလိုချင်တဲ့Body Goalကို အမြန်ဆုံးရောက်ရှိကြပါစေ

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Photos from Fit With Chris's post 18/08/2026

ဝိတ်ကျချင်တဲ့ လူတော်တော်များများက ပြေးရင် ချွေးထွက်များပြီး ကယ်လိုရီ ပိုလောင်ကျွမ်းတယ်ဆိုပြီး Cardio တစ်ခုတည်းပဲ လုပ်တတ်ကြပါတယ်😫

တကယ်တော့ Cardio က လေ့ကျင့်ခန်း လုပ်နေချိန်မှာပဲ ကယ်လိုရီကို အဓိက လောင်ကျွမ်းပေးတာပါ⚠️

အလေးမခြင်း (Weight Training) ကကျတော့ လေ့ကျင့်ခန်း လုပ်ပြီးသွားရင်တောင် ခန္ဓာကိုယ်က ပြန်လည် ပြုပြင်ဖို့အတွက် နောက်ထပ် ၂၄ နာရီမှ ၄၈ နာရီအထိ Afterburn Effect ကြောင့် ကယ်လိုရီတွေကို ဆက်တိုက် လောင်ကျွမ်းပေးနေတာပါ ✔️

ဒါ့အပြင် ခန္ဓာကိုယ်မှာ Muscle Mass တက်လာလေလေ... အနားယူနေချိန်မှာတောင် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းနှုန်း (Metabolism) က အလိုလို မြင့်တက်နေမှာ ဖြစ်ပါတယ်💯

ဒါကြောင့် အဆီကျပြီး ကျစ်လျစ်လှပတဲ့ Body Shape ကို ရချင်တယ်ဆိုရင် Cardio တစ်ခုတည်း မဟုတ်ဘဲ Weight Training ကိုပါ တွဲဖက်ပြီး ဆော့ပေးဖို့ လိုအပ်ပါတယ်🔥

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Photos from Fit With Chris's post 17/08/2026

ကိုယ့်ရဲ့ lifestyle က ကိုယ့်ရဲ့ signature ပါပဲနော် 🔥
ကိုယ်ဘယ်လောက်အလုပ်ရှုပ်ပါစေ... ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် အချိန်ပေးပြီး ဂရုစိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးနဲ့ အလေးစားဆုံးပဲဆိုတာ ပြသရာရောက်ပါတယ်💪🏻🎯

လှပကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ Mindset က အမြဲတမ်း ခေတ်မီနေမယ့် ကိုယ်ပိုင် Signature အစစ်ပါ✨🏋️‍♀️

မိမိလိုချင်တဲ့ Body Goal အမြန်ဆုံးရောက်ရှိကြပါစေ❤️

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Photos from Fit With Chris's post 16/08/2026

7လအတွင်းဗိုက်ပြုတ်ပြီး 6pack line ပေါလာတဲ့ Japan Online PT🇰🇷🔥

No excuse နော် မစားနဲ့ဆို မစားဘူး
Guidelines ပေးတဲ့အတိုင်း အတိအကျလိုက်
လုပ်နိုင်ရင်တော့ ဗိုက်ချပ်သွားဖို့ အာမခံပါတယ်

Onlineကနေ Trainတာမို့ မထိရောက်ဘူး
မပြောင်းလဲဘူး မထင်ပါနဲ့ မိတ်ဆွေ❌🤩
မိမိ Body Typeပေါမူတည်ပြီး အထိရောက်ဆုံးဖြစ်တဲ့ မိမိနဲ့ကိုက်ညီမယ့် Home Program
ကိုဆွဲပေးပြီးTrainပေးထားတာဖြစ်ပါတယ်💯

August လအတွက် PTချိန်များစုံစမ်းနိုင်
ပါသည်
သင်မလှသေးတာမဟုတ်ပါဘူး ကျတော်နဲ့မTrainကြည့်ရသေးလို့ပါ😉✌️


15/08/2026

အမျိုးသမီးတွေ အလေးမရင် ဗလထွက်လာနိုင်လား❓

ဒါကတော့ ဂျင်ကစားတဲ့ အမျိုးသမီးအများစု ဝေခွဲရခက်တဲ့ ကိစ္စတစ်ခုပါ၊အလေးတွေနဲ့ကစားတဲ့အခါ ကြွက်သားတွေအတွင်းကို အာဟာရတွေ ရေတွေနဲ့ အောက်ဆီဂျင်တွေဝင်ရောက်လာလို့ အနည်းငယ်ဖောင်းကားလာတာပါ၊ဒါကို ဗလထွက်လာပြီလို့တော့ မထင်လိုက်ပါနဲ့ လုံးဝမဟုတ်ပါဘူး❌

ကြီးထွားဟော်မုန်းများစွာရှိတဲ့ အမျိုးသားတွေတောင် ကြွက်သားတစ်ပေါင်တက်ဖို့ကို
ဝက်တစ်ကောင်လို့စားပြီး အသေအကြေ ကစားရတာပါ၊ ဒါတောင်မှ ဘယ်လောက်ဘဲ အလေးတွေမနေပါစေ အာဟာရနဲ့ အနားယူမှုတို့မှာ တစ်ချက်လွဲသွားရင်လည်း “ခဲလေသမျှ သဲရေကျ” ပါ🤕

ဒါကြောင့်ဗလထွက်ဖို့ဆိုတာ အမျိုးသားတွေအတွက်တွေအတွက်တောင် မလွယ်ကူပါဘူး
ပြီးတော့ ဗလထွက်အောင်လုပ်ဖို့ဆိုရင် အဆီ
အရင်ချရပါမယ် အဆီတွေရှိနေသေးတယ်ဆိုရင် ဗလမထွက်ပါဘူး❌

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အမျိုးသားတွေထက် ကြွက်သားပမာဏ နည်းပြီး အဆီပိုမျိားပါတယ်၊ဒါ့အပြင် ကြွက်သားကြီးထွားဖို အဓိက လိုအပ်တဲ့ဟော်မုန်းဟာ အမျိုးသမီးတွေမှာ မပါသလောက်ကိုနည်းပါတယ်✅

တင်ပါးလေးကိတ်ဖို့တောင် မနဲကြိုးစားရတာပါ🍑

ဒါကြောင့်အမျိုးသမီးတွေ အလေးနဲ့ ကစားရမှာမကြောက်ပါနဲ့ စိတ်ချလက်ချကစားပါ
ဗလထွက်မလာဘဲ အဆီကင်းပြီး ခန္ဓာကိုယ်သာ ကျစ်ကျစ်လစ်လစ်နဲ့လှပလာမှာပါ😍💪

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ



Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon