Akasha Yoga Myanmar

Akasha Yoga Myanmar

Share

🕉️ကျန်းမာ တဲ့ ခန္ဓာ လှပတဲ့ ရူပကာ ငြိမ်းချမ်း တဲ့ ဘဝရဲ့ ပျော်ရွှင်မှု တွေ ခံစားရရှိနိုင်ကြပါစေ🙏☯️

28/08/2026

🌿 ကိုယ့်ခန္ဓာကိုယ်ကို ချစ်ဖို့… Perfect ဖြစ်နေဖို့ မလိုပါဘူး။ 🤍

Yoga စလေ့ကျင့်တဲ့အချိန်မှာ
“ဒီ Pose ကို ရနိုင်ပါ့မလား…”
“ကိုယ်က Flexible မဖြစ်သေးဘူး…”
လို့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်မိတတ်ကြတယ်။

တကယ်တော့ Yoga ဆိုတာ
တခြားသူတစ်ယောက်လို ဖြစ်အောင် ကြိုးစားတာမဟုတ်ဘူး။
မနေ့က ကိုယ့်ထက် ဒီနေ့ ကိုယ် နည်းနည်းလေး ပိုကောင်းလာဖို့ပါ။ 🧘🏻‍♀️✨

Balance မရသေးတဲ့နေ့တွေရှိမယ်…
Pose မပြည့်သေးတဲ့နေ့တွေရှိမယ်…
ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပြီး ဆက်လေ့ကျင့်နေခြင်းကလည်း Progress တစ်ခုပါပဲ။ 🌸

Yoga နဲ့အတူ
ကိုယ်ခန္ဓာက ပိုသန်မာလာသလို
စိတ်ကလည်း ပိုတည်ငြိမ်လာတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလေးတွေ တဖြည်းဖြည်း ပြန်ရလာတယ်။ 🤍

Your body is not something to fight with.
It’s something to understand, care for & love. 🌿

အခုမှ Yoga စမယ့်သူဖြစ်ဖြစ်၊
Practice ကို ပိုတိုးတက်ချင်သူဖြစ်ဖြစ် —
ကိုယ့်ရဲ့ Yoga Journey ကို Akasha Yoga Myanmar မှာ အတူတူ စလိုက်ရအောင်နော်။ 🧘🏻‍♀️🤍

📍 Akasha Yoga Myanmar
✨ All Levels Welcome
✨ Beginners Friendly
✨ Regular Yoga Classes

Come as you are.
We’ll grow together. 🌿

Photos from Akasha Yoga Myanmar's post 26/08/2026

HEADSTAND 🖤✨

It’s not just about going upside down.

Headstand ဆိုတာ ခြေထောက်ကို အပေါ်မြှောက်နိုင်တာတစ်ခုတည်း မဟုတ်ပါဘူး။

Strength ရှိရမယ်။
Core သန်မာမှု ရှိရမယ်။
Balance ရှိရမယ်။
Focus ရှိရမယ်။

ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်။ 🧘🏻‍♀️

အစမှာ ကြောက်စရာကောင်းနိုင်ပေမယ့်
တစ်ဆင့်ချင်းစီ လေ့ကျင့်လာတဲ့အခါ
ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို ကိုယ်တိုင်သိလာပါလိမ့်မယ်။

Headstand is not about being fearless.
It’s about learning to trust yourself. 🤍

Keep practicing.
Keep breathing.
And trust your balance. ✨

Photos from Akasha Yoga Myanmar's post 21/08/2026

မဖြစ်နိုင်ဘူးဆိုတဲ့နေရာကနေ
ဖြစ်နိုင်တယ်ဆိုတဲ့အဆင့်ထိ… 🧘‍♀️✨

နေ့တိုင်း နည်းနည်းစီ လေ့ကျင့်ပေး ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ 🤍
+95943098518

19/08/2026

Split Day 🥰🫂
#သာကေတယောဂ

Photos from Akasha Yoga Myanmar's post 16/08/2026

🧘‍♀️ “Yoga ကျင့်ဖို့ ဘာတွေ အဓိက လိုမလဲ?” 🤔

Yoga စလုပ်တော့မယ်ဆိုရင် —
• Yoga Mat အကောင်းစား ရှိမှ ဖြစ်မှာလား?
• အဝတ်အစား ဈေးကြီးတာ ဝတ်ရမလား?
• ကိုယ်ခန္ဓာ ပျော့မှ ကျင့်လို့ ရတာလား?
• Pose ခက်ခက်ခဲခဲတွေ တတ်ထားရမလား?
…လို့ တွေးပြီး တွန့်ဆုတ်နေတဲ့သူရှိနေကြတယ်မလား?😄
တကယ်တော့ Yoga စဖို့ အများကြီး မလိုပါဘူး။ 🤍

✨ Yoga Mat တစ်ချပ် — ရှိရင် အဆင်ပြေတယ်။
✨ သက်တောင့်သက်သာရှိတဲ့ အဝတ်အစား — ဒါဆို လုံလောက်ပြီ။
✨ ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပေးနိုင်တဲ့ စိတ် — ဒါက ပိုအရေးကြီးတယ်။
✨ ပုံမှန်လေ့ကျင့်ဖို့ စိတ်ရှည်မှု — ဒါက အဓိကပဲ။
✨ “ငါ မလုပ်နိုင်ဘူး” ဆိုတဲ့ အတွေးကို ခဏချထားဖို့ — ဒါလေးပဲ လိုတာပါ။ 🌿
ခဏလောက် ဒါလေးတွေကို တွေးကြည့်ရအောင်…

❓ အကြောတင်းလို့ Yoga မလုပ်နိုင်ဘူးလား?

မဟုတ်ပါဘူး… အကြောတင်းလို့ကို ဖြည်းဖြည်းချင်း ဖြေလျှော့ဖို့ လေ့ကျင့်ရတာပါ။

❓ အသက်ကြီးလို့ Yoga မလုပ်နိုင်ဘူးလား?

မဟုတ်ပါဘူး… အသက်အရွယ်မရွေး ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ပုံစံအတိုင်း လေ့ကျင့်လို့ရပါတယ်။

❓ Pose တွေ မလုပ်တတ်လို့ မစရဲသေးဘူးလား?

Pose မလုပ်တတ်တာက စတင်ဖို့ အဟန့်အတား မဟုတ်ပါဘူး။ နီးစပ်ရာ Instructor တစ်ဦးဦး နဲ့ လေ့ကျင့်ရင်း တဖြည်းဖြည်း တိုးတက်လာမှာပါ။ 🧘‍♀️💚

နောက်ဆုံးတော့… Yoga ကျင့်ဖို့ အလိုအပ်ဆုံးအရာက "စတင်ဖို့ ဆုံးဖြတ်ချက်" တစ်ခုပါပဲ။ 🤍
ဒီနေ့မှာ 100% Perfect ဖြစ်နေဖို့ မလိုပါဘူး။
မနေ့ကထက် ဒီနေ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်လေး နည်းနည်း ပိုပေါ့ပါးသွားဖို့ပဲ လိုပါတယ်။ 🌱

📩 Yoga ခရီးစဉ်ကို စတင်ဖို့ ပြင်ဆင်နေပြီဆိုရင်…
Akasha Yoga Studio မှာ အသက်အရွယ်မရွေး၊ Beginner ဘာမှ မလုပ်တတ်သေးသူများပါ စိတ်အေးချမ်းသာစွာ လာရောက်လေ့ကျင့်နိုင်ပါတယ်။
📲 Ph: 09 430 985 18
📍 Location: အမှတ် (၁၅၈၈)၊ (၄) လွှာ၊ ဇင်္ဂမလမ်းမပေါ်၊ ထူပါရုံလမ်းထောင့်၊ ထူပါရုံကားမှတ်တိုင်အနီး၊ သာကေတမြို့နယ်၊ ရန်ကုန်။

Photos from Akasha Yoga Myanmar's post 13/08/2026

🪑 Chair Yoga — Yoga ကို လွယ်လွယ်ကူကူနဲ့ စတင်ကြမယ် 🤍

Yoga ဆိုတာ Mat ပေါ်မှာပဲ လုပ်ရမယ်လို့ မဟုတ်ပါဘူး။

တစ်ခါတလေ Chair တစ်လုံးကလည်း Yoga Practice အတွက် အကောင်းဆုံး Support တစ်ခု ဖြစ်နိုင်ပါတယ်။ 🧘🏻‍♀️✨

Chair ကိုအသုံးပြုပြီး Yoga Pose တွေကို လေ့ကျင့်ခြင်းက
🌿 Balance ပိုကောင်းစေခြင်း
🌿 ခန္ဓာကိုယ်တင်းကျပ်မှုတွေကို လျော့စေခြင်း
🌿 Mobility ပိုကောင်းစေခြင်း
🌿 Stretching ကို ပိုမိုလုံခြုံစွာ လုပ်နိုင်ခြင်း
🌿 စိတ်နဲ့ခန္ဓာကိုယ်ကို Relax ဖြစ်စေခြင်းတို့အတွက် အထောက်အကူပြုနိုင်ပါတယ်။

Yoga က ခန္ဓာကိုယ်ဘယ်လောက် Flexible ဖြစ်လဲဆိုတာထက်
ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ဂရုစိုက်ပေးနိုင်လဲဆိုတာ ပိုအရေးကြီးပါတယ်။ 🤍

Chair တစ်လုံးနဲ့တောင်
“I can still move. I can still stretch. I can still take care of myself.” 🌿

Photos from Akasha Yoga Myanmar's post 07/08/2026

အသက်က အတားအဆီး မဟုတ်ဘူး… စိတ်ကပဲ အရေးကြီးတာပါ။” 🤍

ဒီနေ့ မိတ်ဆက်ပေးချင်တဲ့သူကတော့ အသက် (၅၉) နှစ် အရွယ် ရှိတဲ့ Akasha Yoga Studio ရဲ့ သင်တန်းသူတစ်ယောက်ပါ။

လူတော်တော်များများက…

“အသက်ကြီးပြီ… Yoga မလုပ်နိုင်တော့ဘူး။”
“အကြောတင်းလွန်းလို့ Yoga နဲ့ မကိုက်ဘူး။”
“ခန္ဓာကိုယ်မာနေပြီ… အခုမှစလို့ မရတော့ဘူး။”

ဆိုတဲ့ အတွေးတွေနဲ့ ယောဂ မစရသေးခင်ကတည်းက ကိုယ့်အတွေး နဲ့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ပြီးသား ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့်…

ဒီသင်တန်းသူကတော့ အဲ့ဒီအယူအဆကို ကြိုးစားမှုနဲ့ သက်သေပြခဲ့ပါတယ်။ ✨

အစမှာ မလွယ်ကူခဲ့ပါဘူး။
Pose တိုင်းကိုလည်း အစကတည်းက မလုပ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်…

အတန်းတိုင်းကို ပုံမှန်တက်တယ်။
❌အတန်း ချိန်မှန် ၊အတန်းလုံးဝမပျက် ဘူး
💪🏾 အလျှော့မပေးဘူး။
ကိုယ့်မနေ့ကထက် ဒီနေ့ နည်းနည်းပိုကောင်းလာဖို့ပဲ အာရုံစိုက်ပြီး ဆက်လေ့ကျင့်ခဲ့တယ်။

ဒီနေ့မှာတော့ ကျွန်မတို့ လို လူငယ်တွေနဲ့အတူ Yoga Pose တွေကို ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်နေပါပြီ။ 🧘‍♀️💚

Yoga မှာ အရေးကြီးတာက အသက်အရွယ် မဟုတ်ပါဘူး။

✔️ စတင်ဖို့ သတ္တိရှိတာ။
✔️ ကိုယ့်ကိုယ်ကို ဂရုစိုက်ချင်တဲ့ စိတ်ရှိတာ။
✔️ မလျှော့ဘဲ ဆက်ကြိုးစားနိုင်တာ။

Yoga ကို လုပ်နိုင်လို့ စတာ မဟုတ်ပါဘူး…
စလို့ လုပ်နိုင်လာတာပါ။ 🌿

ဒါကြောင့်…

“အကြောတင်းလို့ မလုပ်နိုင်ဘူး” လို့ မပြောခင်…
Yoga က အကြောပြေလာအောင် ကူညီပေးနိုင်တယ်ဆိုတာကို အရင်အခွင့်အရေးပေးကြည့်ပါ။

“အသက်ကြီးလို့ မလုပ်နိုင်ဘူး” လို့ မဆုံးဖြတ်ခင်…
သင့်ရဲ့ ခန္ဓာကိုယ်ကို အခွင့်အရေးတစ်ခါလောက် ပေးကြည့်ပါ။

တစ်ခါတစ်ရံ…
ကျွန်မ တို့ကို တားနေတာ အသက်အရွယ် မဟုတ်ပါဘူး။

“ငါမလုပ်နိုင်ဘူး” ဆိုတဲ့ အတွေးကသာ အကြီးမားဆုံး အတားအဆီး ဖြစ်နေတတ်ပါတယ်။ 🤍

It’s never too late to begin.

သင် စတဲ့နေ့က…
သင့်ရဲ့ အကောင်းဆုံးနေ့ ဖြစ်လာနိုင်ပါတယ်။ 💚

⸝

📲 09 430 985 18

📍 အမှတ် (၁၅၈၈)၊ (၄) လွှာ၊ ဇင်္ဂမလမ်းမပေါ်၊ ထူပါရုံလမ်းထောင့်၊ ထူပါရုံကားမှတ်တိုင်အနီး၊ သာကေတမြို့နယ်။

Akasha Yoga Myanmar
အသက်အရွယ်မရွေး၊ အတွေ့အကြုံမရှိသေးသူများကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ 💚

01/08/2026

💧 ရေပိုသောက်ပေးပါ…

ကျွန်မတို့ရဲ့ 𝑩𝒐𝒅𝒚 & 𝑴𝒊𝒏𝒅 ကျန်းမာဖို့အတွက် ရေဟာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။

လူအများစုက အစားအသောက်ကို အာရုံစိုက်ကြပေမယ့် ရေလုံလောက်စွာ သောက်ခြင်း ကိုတော့ မေ့နေတတ်ကြပါတယ်။

ရေကို လုံလောက်စွာ သောက်ပေးခြင်းက…

🌿 ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းကို ကောင်းမွန်စွာ လည်ပတ်စေတယ်။

🌿 ကြွက်သားနဲ့ အဆစ်အမြစ်တွေကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးတယ်။

🌿 ဦးနှောက်ကို ကြည်လင်စေပြီး အာရုံစူးစိုက်မှု ပိုကောင်းစေတယ်။

🌿 စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကို တည်ငြိမ်စေဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။

🧘‍♀️ Yoga လေ့ကျင့်နေသူများအတွက်တော့ ရေဟာ ပိုပြီး အရေးကြီးပါတယ်။

Yoga လေ့ကျင့်ချိန်မှာ ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ရေလုံလောက်စွာ သောက်ထားမှ ကြွက်သားတွေ အလုပ်လုပ်နိုင်စွမ်း ပိုကောင်းလာပြီး၊ လေ့ကျင့်ခန်းပြီးနောက် Recovery လည်း ပိုမြန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ 𝑭𝒍𝒆𝒙𝒊𝒃𝒊𝒍𝒊𝒕𝒚 နဲ့ 𝑶𝒗𝒆𝒓𝒂𝒍𝒍 𝑷𝒆𝒓𝒇𝒐𝒓𝒎𝒂𝒏𝒄𝒆 ကိုလည်း အထောက်အပံ့ ဖြစ်စေပါတယ်။

💙 တစ်နေ့တာမှာ ရေကို လုံလောက်စွာ သောက်ပေးခြင်းက သင့်ရဲ့ 𝑩𝒐𝒅𝒚 ကိုသာမက 𝑴𝒊𝒏𝒅 ကိုပါ ဂရုစိုက်ပေးနေခြင်း ဖြစ်ပါတယ်။

🌻 ဒီနေ့ကစပြီး…
ရေငတ်မှ မသောက်ဘဲ၊ အချိန်မှန်မှန် ရေသောက်တဲ့ အလေ့အကျင့်လေး စလုပ်ကြရအောင်နော်။

💦 ကျန်းမာတဲ့ ခန္ဓာကိုယ်ဆိုတာ အလေ့အကျင့်ကောင်းလေးတွေက စတင်တာပါ။ 🌿 💧

31/07/2026

⚠️ဒီ Post ကိုမြင်ရင် မကျော်သွားပါနဲ့… ၁ မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်ပါ။ ကိုယ့်အတွက်ရော၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ အကျိုးရှိနိုင်ပါတယ်။

💰 နှစ် (၃၀) ရှာထားတဲ့ငွေတွေ…
👨‍⚕️ ဆရာဝန်ကို (၃) မိနစ်အတွင်း ပေးလိုက်ရတယ်…

ဒီစကားက နည်းနည်း ခါးသလို ခံစားရပေမယ့်…
ဘဝမှာ တကယ်ဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခုပါ။

တစ်ချိန်က…
ကျွန်မကိုယ်တိုင်လည်း ဆေးရုံမှာ အချိန်အတော်ကြာ ကုသမှုခံယူခဲ့ဖူးပါတယ်။

ရောဂါဝေဒနာကို ခံစားခဲ့ဖူးတယ်။
ဆေးရုံအခန်းထဲမှာ ကုန်ဆုံးခဲ့တဲ့ နေ့တွေကိုလည်း မမေ့နိုင်ပါဘူး။

အဲဒီအချိန်မှာ ကျွန်မ နားလည်လာခဲ့တယ် ကျန်းမာ ရေးက အဒိက ဆိုတာ ဘာဘဲ

လူတစ်ယောက်က…

“အခုအချိန်မှာ အလုပ်များနေလို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူး။”

လို့ ပြောတယ်။

နောက်လူတစ်ယောက်ကတော့…

“ကျန်းမာရေးပျက်သွားတဲ့အခါ…
ဆေးရုံသွားဖို့ အချိန်ရော၊ ငွေရော မဖြစ်မနေ ပေးရတာပဲ။”

လို့ ပြန်ပြောတယ်။

အဲဒီစကားက ရိုးရိုးလေးပေမယ့် အဓိပ္ပာယ်အများကြီး ပါပါတယ်။

ကျွန်မ တို့က…
💼 ငွေရှာဖို့ အချိန်ပေးတယ်။
🏠 မိသားစုအတွက် ကြိုးစားတယ်။
💰 အနာဂတ်အတွက် စုဆောင်းတယ်။

ဒါပေမယ့်…

ကိုယ့်ကျန်းမာရေးအတွက်တော့ တစ်နေ့ မိနစ် (၃၀) ပေးဖို့တောင် နှမြောနေတတ်ကြတယ်။

တကယ်တော့…

🧘‍♀️ လေ့ကျင့်ခန်းလုပ်တာက အချိန်ဖြုန်းတာ မဟုတ်ဘူး။
💚 ကိုယ့်ခန္ဓာကိုယ်ကို ကာကွယ်နေတာပါ။

ဒီနေ့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးတာက…
မနက်ဖြန် ဆေးရုံမှာ အချိန်နဲ့ ငွေအများကြီး မကုန်ရအောင် ကူညီပေးနိုင်ပါတယ်။

✨ ကျန်းမာရေးက ပျောက်သွားမှ တန်ဖိုးကို သိရတဲ့အရာ မဖြစ်ပါစေနဲ့။

ဒီနေ့ကစပြီး…
ကိုယ့်ကိုယ်ကို အချိန်နည်းနည်းလေး ပေးလိုက်ရအောင်။ 🤍

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 1588, 4th Floor, Zingama Road, Thakaeta Tsp. , Near HtuparYone Bus Stop
Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00