Burmese Fantasy Football

Burmese Fantasy Football

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burmese Fantasy Football, Sports, Yangon.

📲 BFF ဆိုတာကတော့ ဝါသနာတူ ဘောလုံးပရိတ်သတ်တွေနဲ့ ဘောလုံးပွဲတွေကို ခန့်မှန်းယှဉ်ပြိုင်နိုင်တဲ့ App ပါ။ Player ချင်း ပြိုင်ရတာဖြစ်လို့ ပိုပျော်ဖို့ကောင်းသလို ဘောလုံးပွဲတွေကို ပိုအရသာခံပြီးကြည့်ရှုနိုင်မှာပါ။ အခမဲ့ ဖြစ်တဲ့အပြင် ဆုကြေးတွေပါ ရနိုင်သေးတယ်နော်။

06/08/2026

နှစ်ရာသီဆက်တန်းဆင်းရမလိုဖြစ်ခဲ့ပြီးနောက် ခေတ်ေသစ်ထူထောင်တော့မယ့်စပါး

05/08/2026

ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်အသင်းဟာ နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်လူဟာ လက်ရှိမှာ ဆေးစစ်မှုခံယူဖို့ လန်ဒန်ကို သွားရောက်ခွင့် ရရှိထားပြီး အာဆင်နယ်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် ရေရှည်စာချုပ်ကို မကြာခင်မှာ တရားဝင် လက်မှတ်ရေးထိုးတော့မှာပါ။ ဒီပြောင်းရွှေ့ကြေးဟာ အပိုဆုကြေးတွေ မပါဝင်တဲ့ ပုံသေပြောင်းရွှေ့ကြေးဖြစ်ပြီး ဂီမာရေးစ်ကို ၂၀၂၂ ခုနှစ်က ပေါင် သန်း ၄၀ နဲ့ ရောင်းချခဲ့တဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းကလည်း အခုအပြောင်းအရွှေ့ကနေ နယူးကာဆယ် ရရှိမယ့် အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို သဘောတူညီချက်အတိုင်း ရရှိသွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉၅ ပွဲ ကစားပေးခဲ့ပြီး ၃၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဂီမာရေးစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ နည်းပြ မီကယ် အာတီတာ အနေနဲ့ ကွင်းလယ်ပိုင်းကို အဆင့်မြှင့်တင်ဖို့ သူ့ကို ကာလရှည် မျက်စိကျခဲ့တာဖြစ်ပြီး အခုလို ခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ကွင်းလယ်အင်အားဟာ သိသိသာသာ တောင့်တင်းလာတော့မှာ ဖြစ်ပါတယ်။ ဒက်ကလန် ရိုက်စ်၊ အိုဒီဂတ်၊ မယ်ရီနိုနဲ့ ဇူဘီမန်ဒီတို့လို ကစားသမားတွေ ရှိနေပြီးသား ကွင်းလယ်မှာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဂီမာရေးစ်ပါ ထပ်ရောက်လာတာကြောင့် လာမယ့်ရာသီမှာ အာဆင်နယ်ရဲ့ ကွင်းလယ်ဟာ ပြိုင်ဘက်အသင်းတွေအတွက် အတော်လေး ရင်ဆိုင်ရခက်မယ့် အနေအထားမှာ ရှိနေပါတယ်။

05/08/2026

ကဲ ဘောလုံး ပဟေဠိ မေးချင်ပါတယ်။ ဒီဆုဖလားတွေအားလုံးကိုရထားတဲ့ ကစားသမားကဘယ်သူလဲ။

အက်မင်ကတော့ ဒီ မေးခွန်းကို စက္ကန့် ၃၀ အတွင်းအဖြေထုတ်နိုင်ခဲ့ပါတယ်။ မခက်တဲ့အတွက် အားလုံးလည်း ဘယ်မှသွားမရှာပဲ တန်းစဉ်းစားပြီးခန့်မှန်းခဲ့ကြပါဦး။

04/08/2026

မလုပ်သင့်တာသွားလုပ်မိလို့ ထိုင်ခုံပါလှုပ်နေပြီဖြစ်တဲ့ အင်ဖန်တီနိ

ကမ္ဘာ့ဖလားကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီ ရှယ်ယာခွဲရောင်းမယ့် FIFA Forward Enterprise (FFE) အစီအစဉ် (ပထမပို့စ်မှာဖတ်နိုင်ပါတယ်) ဟာ နောက်ဆုံးမှာတော့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နဲ့ မဟာမိတ်တွေရဲ့ အပြင်းအထန် ဖိအားပေးမှုတွေကြောင့် တရားဝင် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီနေရာမှာတင် ပြီးမသွားဘဲ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုအတွက်တော့ အိမ်မက်ဆိုးကြီးက အခုမှ တကယ့်ကို စတင်လာတာပါ။

ဇာတ်လမ်းက FFE စီမံကိန်း ဖျက်လိုက်ရုံနဲ့တင် ပြီးမသွားပါဘူး။ UEFA က FFE စီမံကိန်းကို တိတ်တဆိတ် ကြံစည်ခဲ့တဲ့ အင်ဖန်တီနိုနဲ့ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူဖို့ Legal Notice စာပါ ပို့ထားသလို၊ FIFA အတွင်းထဲမှာပါ ဂယက်ရိုက်သွားပြီး အင်ဖန်တီနိုရဲ့ အဓိက အကြံပေးဖြစ်သူ ကာလို့စ် ကော်ဒေးရိုးပါ တာဝန်ကနေ နုတ်ထွက်သွားခဲ့ရပါတယ်။
အဆိုးဆုံးကတော့ နိုင်ငံအဖွဲ့ချုပ်တွေက အင်ဖန်တီနိုကို ဝိုင်းကျောခိုင်းကုန်တာပါပဲ။ အင်္ဂလန် (The FA)၊ ဝေလ (FAW)၊ ဆားဘီးယား၊ ဆွီဒင်တို့က လာမယ့် ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အင်ဖန်တီနိုကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ကြသလို၊ အာရှ (AFC) နဲ့ မြောက်အမေရိက (CONCACAF) တို့ကပါ ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ရပ်တည်လာကြတာကြောင့် အင်ဖန်တီနိုတစ်ယောက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထီးကျန်သွားတဲ့ အနေအထား ဖြစ်နေပါပြီ။

သတင်းမီဒီယာ တချို့မှာတော့ အင်ဖန်တီနိုဟာ သူရဲ့ရာထူး မပြုတ်ရေးအတွက် ဒေါ်နယ်ထရမ့်ဆီ အကူအညီတောင်းခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် FIFA ဘက်ကတော့ ဒါကို ကောလာဟလအဖြစ် ငြင်းဆိုထားပါတယ်။

ပိုဆိုးလာတာက UEFA နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အင်ဖန်တီနိုသာ မထွက်ရင် FIFA ရဲ့ ထိန်းချုပ်မှုအောက်ကနေ လုံးဝခွဲထွက်ပြီး FIFA မပါဘဲ သီးသန့်ကျင်းပမယ့် ပြိုင်ဘက် ကမ္ဘာ့ဖလားအသစ် ကိုပါ ထကျင်းပဖို့အထိ စဉ်းစားဆွေးနွေးလာကြတာပါ။ တကယ်လို့ FIFA ဘက်က သဘောထားမလျော့ဘဲ အာဏာပြနေဦးမယ်ဆိုရင် FIFA ရဲ့ ကမ္ဘာ့ဖလားဆိုတဲ့ မူပိုင်ခွင့်ကိုပါ ဘေးချိတ်ပြီး အဖွဲ့ချုပ်ကြီးတွေ ပူးပေါင်းကာ ကမ္ဘာ့ဖလားသစ် ထူထောင်မယ့် သဘောပါ။ ဒါဟာ FIFA သမိုင်းမှာ သူတို့ရဲ့ မူပိုင်ခွင့်နဲ့ ဩဇာအာဏာကို အပြင်းထန်ဆုံး စိန်ခေါ်လိုက်တဲ့ တန်ပြန်ကစားကွက်လည်း ဖြစ်သွားပါတယ်။

ကမ္ဘာ့ဖလားကြီးကို စီးပွားရေးဆန်ဆန် ရောင်းစားချင်ခဲ့တဲ့ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုရဲ့ နိဂုံးကတော့ တကယ်ကို ရုပ်ပျက်ဆင်းပျက်နဲ့ ရာထူးကနေ ဆင်းပေးရတော့မယ့် ကိန်းဆိုက်နေပါပြီ...

01/08/2026

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြီးတော့ ကွန်ညာက ဇာတိ ဘရာဇီးလ်ကို ပြန်ပြီး အနားယူနေတုန်း လမ်းမှာ ကားထိုးရပ်ပြီး ပျက်သွားရော။ အဲဒါနဲ့ နီးစပ်ရာ ဒေသခံ ဝပ်ရှော့တစ်ခုမှာ ကားသွားပြပြီး နောက်ဘီးပါ လဲလိုက်ရတယ်။

ကားပြင်တာ ပြီးလို့ ကျသင့်ငွေပေးတော့ ဝပ်ရှော့ဆရာက တစ်ပြားမှ လက်မခံဘူး။ ဘာလို့လဲဆိုတော့ "ခင်ဗျား ကွင်းထဲမှာ ကစားပြနေတာတွေကတင် ကျွန်တော့်အတွက် ပျော်စရာတွေ အများကြီး ရနေပြီဗျာ" ဆိုပြီး ငြင်းတာကိုး။
ကူညာကလည်း အားနာတာနဲ့ ဘာပြန်ကူညီပေးရမလဲ မေးတော့ ဝပ်ရှော့ဆရာက သူတို့ ဆိုင်လေးကို Promote လုပ်ပေးဖို့ ပြောလာတယ်။ ဒါနဲ့ ကွန်ညာလည်း ချက်ချင်းပဲ ဆိုင်ရှေ့မှာ ဗီဒီယိုရိုက်ပြီး ကူညီပေးခဲ့တဲ့ ဝပ်ရှော့ဆရာကို ကျေးဇူးတင်စကားပြောရင်း ဒေသခံ လုပ်ငန်းလေးကို အားပေးကြဖို့ သူ့ရဲ့ Social Media ကနေ တကူးတက ကြော်ငြာပေးခဲ့ပါတယ်။

အွန်လိုင်းပေါ်က ပရိသတ်တွေကတော့ ပိုက်ဆံထက် တန်ဖိုးရှိတဲ့ နည်းလမ်းနဲ့ ကျေးဇူးဆပ်သွားတဲ့ သူ့ကို ချီးကျူးနေကြပြီး "အားလပ်ရက်မှာတောင် Assist ပေးတာ မနားဘူး" ဆိုပြီး စနောက်နေကြတယ်။ ကိုယ့်ဒေသက လူတွေကို တန်ဖိုးထားတတ်တဲ့ ကွန်ညာရဲ့ စိတ်ထားကတော့ တကယ် လေးစားစရာပါပဲ။ ❤️

31/07/2026

ကမ္ဘာ့ဖလားကြီးကို ရောင်းစားတော့မယ့် FIFA နဲ့ သပိတ်မှောက်မယ့် UEFA

အခုရက်ပိုင်း ဘောလုံးလောကမှာ အပြောင်းအရွှေ့သတင်းတွေထက် ပိုပြီး ပူညံပူညံဖြစ်နေတာကတော့ FIFA နဲ့ UEFA ကြားက ပြဿနာပါပဲ။
ဇာတ်လမ်းစတာက FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလား အပါအဝင် သူတို့ကျင်းပတဲ့ ပြိုင်ပွဲတွေရဲ့ ရှယ်ယာ ၂၀% လောက်ကို အပြင်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ ကြံစည်ရာကနေ စတာပါ။

FIFA ဘက်ကပေးတဲ့ အကြောင်းပြချက်ကတော့ ဒီလို ရှယ်ယာရောင်းချလိုက်လို့ ရလာမယ့် အကျိုးအမြတ်တွေကို ကမ္ဘာတစ်ဝန်းက ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးမယ်လို့ ဆိုပါတယ်။ ဥရောပနဲ့ တောင်အမေရိကလောက်ပဲ အဆင့်အတန်း မြင့်မားနေတာကို တခြားတိုက်ကြီးတွေပါ ရင်ပေါင်တန်းနိုင်အောင် ပံ့ပိုးပေးချင်တာဖြစ်ပြီး၊ ပြိုင်ပွဲတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလိုက်ရင် ဈေးကွက်ပိုကျယ်လာပြီး ဝင်ငွေ ပိုတက်လာမယ်လို့ FIFA က တွက်ဆထားပါတယ်။ ဒီအစီအစဉ်ကို ထောက်ခံတဲ့ နိုင်ငံတွေကို ဒေါ်လာ သန်း ၄၀ စီ ထောက်ပံ့ပေးမယ်ဆိုတဲ့ မက်လုံးကလည်း ဘဏ္ဍာရေးအရ ရုန်းကန်နေရတဲ့ သေးငယ်တဲ့ နိုင်ငံအဖွဲ့ချုပ်တွေအတွက်တော့ တကယ့်ကို အသက်ရှူချောင်စေမယ့် အခွင့်အရေးကြီး ဖြစ်နေပါတယ်။

ဒီကိစ္စကို UEFA ဥက္ကဋ္ဌ စီဖာရင်က လုံးဝကို လက်မခံပါဘူး။ ဥရောပ အဖွဲ့ဝင် ၅၅ နိုင်ငံလုံး အရေးပေါ် အစည်းအဝေးခေါ်ပြီး "ကမ္ဘာ့ဖလားဆိုတာ ရောင်းကုန်မဟုတ်ဘူး" ဆိုပြီး တညီတညွတ်တည်း ပြတ်ပြတ်သားသား ဆန့်ကျင်လိုက်ပါတယ်။
အဆိုးဆုံးကတော့ တကယ်လို့ FIFA သာ ဒီအစီအစဉ်ကို ဇွတ်ဆက်လုပ်မယ်ဆိုရင် ၂၀၃၀ ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲတွေ အားလုံးမှာ ဥရောပနိုင်ငံတွေ ဝင်မပြိုင်ဘဲ သပိတ်မှောက်မယ် (Boycott လုပ်မယ်) လို့ တရားဝင် ခြိမ်းခြောက်လိုက်တာပါပဲ။ စဉ်းစားကြည့်ဗျာ... အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီတို့လို အသင်းကြီးတွေ မပါတဲ့ ကမ္ဘာ့ဖလားကြီးက ဘာသွားကြည့်စရာ အရသာရှိတော့မလဲ။

တကယ်တော့ FIFA နဲ့ UEFA ဆိုတာ အရင်တည်းက မျက်စောင်းထိုးနေကြတဲ့ အဖွဲ့အစည်းတွေပါ။
UEFA က ဥရောပဘောလုံးဈေးကွက်ကို အမြဲတမ်း ဗိုလ်ကျစိုးမိုးထားချင်သူဖြစ်ပြီး၊ FIFA ဘက်က ဩဇာပိုကြီးလာမယ့် ကိစ္စမှန်သမျှကို လိုက်
ကန့်ကွက်လေ့ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဓိက အကြောင်းရင်းက ငွေ ပါပဲ။ ဘောလုံးစီးပွားရေး ဈေးကွက်မှ ဝင်ငွေ ခွဲဝေယူမှုပြဿနာပါ။ FIFA က ကမ္ဘာ့ဖလားကို (၂) နှစ်တစ်ကြိမ် ကျင်းပဖို့ ကြိုးစားတုန်းကလည်း UEFA က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးသလို၊ Club World Cup ပြိုင်ပွဲ ပုံစံသစ်ကိုလည်း UEFA ဘက်က သိပ်ဘဝင်မကျပါဘူး။ အခုလို ကမ္ဘာ့ဖလားရဲ့ ရှယ်ယာတွေကိုပါ အပြင်ကို ရောင်းထုတ်ပြီး အင်အားကြီးလာမယ့် FIFA ရဲ့ လုပ်ရပ်ကို UEFA က လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

မြောက်အမေရိက (CONCACAF) ကလည်း ငြင်းဆန်ထားသလို၊ အာရှ (AFC) ကလည်း ဒီကိစ္စအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း သတိပေးစာတွေ ထုတ်ထားပါတယ်။ FIFA ဘက်ကတော့ နိုင်ငံငယ်တွေအပါဝင် ကမ္ဘာတစ်ဝန်း ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့အကြောင်းပြပေမဲ့ ဒီကိစ္စက အင်ဖန်တီနို တစ်ယောက် သူ့ရာထူးပါ ပြုတ်သွားနိုင်တဲ့အထိ ကြီးမားတဲ့ အကျပ်အတည်းတစ်ခု ဖြစ်လာနေပါပြီ။

ပရိသတ်ကြီးတို့ရော... ကမ္ဘာ့ဖလားကြီးကို စီးပွားရေးအရ ရှယ်ယာခွဲရောင်းမယ့် FIFA ရဲ့ လုပ်ရပ်အပေါ် ဘယ်လိုမြင်လဲ? ဥရောပအသင်းကြီးတွေ သပိတ်မှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကရော မှန်တယ်လို့ ထင်လား? ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။

30/07/2026

မနေ့က ပြောခဲ့တဲ့အတိုင်း ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးကစားသမား (၃) ဦးကို မှန်အောင် ခန့်မှန်းနိုင်ခဲ့တဲ့ BFF ပရိသတ်တွေထဲက ကျန်ရှိနေတဲ့ ကံထူးရှင် (၂) ဦးကို Spin Wheel လှည့်ပြီး ရွေးချယ်ပေးလိုက်ပါပြီ။

အစဉ်လိုက် ကွက်တိမဟုတ်ပေမဲ့ ကစားသမား (၃) ဦးလုံးကို အတိအကျ မှန်အောင် ခန့်မှန်းနိုင်ခဲ့သူ စုစုပေါင်း (၁၁) ဦးအထိ ရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ မဲနှိုက်ရွေးချယ်မှုအရ ဖုန်းဘေလ် ၁၀,၀၀၀ ကျပ်စီ ရရှိသွားတဲ့ ကံထူးရှင် (၂) ဦးကတော့ Facebook အကောင့်ပိုင်ရှင်
Theo နဲ့
Thae Su တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Telegram မှာ Vote ပေးရာမှာ ပါဝင်ခဲ့တဲ့သူ (၂၃) ဦး (BFF အကောင့်ကို ဖယ်လိုက်ရင် ၂၂ ဦး) ထဲက ကံထူးရှင်တွေကိုလည်း မဲဖောက်ပေးခဲ့ပါတယ်။ ပထမဆုံးအကြိမ် Spin Wheel လှည့်ရာမှာ စာရင်းထဲကနေ ဖယ်ဖို့မေ့သွားတဲ့ Admin ရဲ့အကောင့် လာပေါက်နေတာကြောင့် နောက်ထပ် (၃) ခါ ပြန်လှည့်ပြီး Winner (၃) ဦးကို ရွေးချယ်ပေးခဲ့ပါတယ်။
Vote ပေးသူများထဲမှ ကံထူးသွားတဲ့ Winner (၃) ဦးကတော့ Tg အကောင့်-
ÄLH
Florie
Thet Naung တို့ပဲ ဖြစ်ပါတယ်။

ကံထူးရှင်များအားလုံးကို Congratulations ပါခင်ဗျာ 🎉
🎁 ဆုလက်ဆောင်ထုတ်ယူရန် -
ခန့်မှန်းချက် အဖြေမှန်လို့ ကံထူးသွားတဲ့ Winner တွေက BFF page Messenger မှာ လာရောက်ဆက်သွယ်နိုင်ပါတယ်။
Vote ပေးရင်း ကံထူးသွားတဲ့ Winner တွေကတော့ Admin ရဲ့ Telegram မှာ လာရောက်ထုတ်ယူနိုင်ပါတယ်ခင်ဗျာ။

29/07/2026

BFF ပရိသတ်တွေ ရွေးချယ်လိုက်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးကစားသမား (၃) ဦး ထွက်ပေါ်လာပါပြီ! 🏆⚽

BFF ပရိသတ်တွေ ပါဝင်ရွေးချယ်ပေးခဲ့ကြပြီး ရလဒ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

🥇 ပထမ (၁၆ မဲ) - လီယွန်နယ် မက်ဆီ (Lionel Messi)
အများဆုံးမဲအရေအတွက်နဲ့ ပရိသတ်တွေရဲ့ အကောင်းဆုံးကစားသမားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

🥈 ဒုတိယ (၁၂ မဲ) - ကီလီယန် အမ်ဘာပေ (Kylian Mbappe)
ဒီနှစ် ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ ဒုတိယနေရာမှာပါ။

🥉 တတိယ (၇ မဲ) - ရိုဒရီ (Rodri)
တကယ့်ပြိုင်ပွဲရဲ့ Golden Ball ဆုရှင် Rodri ကတော့ စတုတ္ထနေရာက Jude Bellingham ထက် (၁) မဲအသာနဲ့ တတိယနေရာကို ရရှိသွားပါတယ်။

ဒါကြောင့် BFF ပရိသတ်တွေရဲ့ အဖြေအရ အကောင်းဆုံးဆုရှင် (၃) ဦးကတော့...
🥇 Golden Ball - Lionel Messi
🥈 Silver Ball - Kylian Mbappe
🥉 Bronze Ball - Rodri
တို့ပဲ ဖြစ်ပါတယ်။

🎁 အထူးဆုမဲ အစီအစဉ်များ

ဒီဆုရှင် (၃) ဦးကို အစဉ်လိုက် အတိအကျ ခန့်မှန်းနိုင်သူ (၃) ဦးကို ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်စီ မဲဖောက်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Facebook နဲ့ Tiktok နှစ်ခုလုံးမှာ အစဉ်လိုက် ကွက်တိမှန်အောင် ဖြေဆိုနိုင်ခဲ့သူဆိုလို့ Sayar Thet တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။ ဂုဏ်ယူပါတယ်ဗျာ! 🥳 (Sayar Thet အနေနဲ့ ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်ကို Page Messenger/Admin ထံမှာ လာရောက်ထုတ်ယူနိုင်ပါပြီခင်ဗျာ။)

ကျန်ရှိနေတဲ့ ဖုန်းဘေလ်ဆု (၂) ဆုအတွက်ကိုတော့ အစဉ်လိုက် မဟုတ်ပေမဲ့ ဒီကစားသမား (၃) ဦးလုံးကို အမှန်ရွေးချယ်နိုင်ခဲ့သူတွေထဲကနေ မဲဖောက်ရွေးချယ်ပေးသွားမှာပါ။ (Edit လုပ်ထားသော cmt များမပါ)
ဒါ့အပြင် ပါဝင် Vote ပေးခဲ့ကြသူတွေထဲကနေလည်း နောက်ထပ် (၃) ဦးကို ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်စီ ထပ်မံမဲဖောက်ပေးသွားပါဦးမယ်။ 🎉

မဲဖောက်ပေးတဲ့ Video ကို မကြာခင် ပြန်လည်တင်ဆက်ပေးသွားမှာမို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦး။ 🤩

နောက်ထပ်လည်း အခုလို စိတ်ဝင်စားစရာအစီအစဉ်တွေ၊ giveawayတွေ လာဖို့ရှိတာကြောင့် Cmt က BFF ရဲ့ Tg Channel ကို ဝင်ထားနိုင်ပါတယ်။

27/07/2026

Like and Share တွေ မလိုတဲ့ Giveaway? 🤔🎁

BFF က Giveaway တွေ ပေးချင်နေတာကို ယူမယ့်သူ တွေကနည်းနေတယ်ဗျာ! ခက်ခဲတဲ့ Share တာတွေ၊ Mention ခေါ်တာတွေ ဘာမှမလိုဘူး၊ လွယ်လွယ်လေးနဲ့ ဖုန်းဘေလ် (၁) သောင်း ရမယ့် အခွင့်အရေးပါ။ 💸

ဘယ်လို ပါဝင်ရမလဲ?

၂၀၂၆ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးဖြစ်မယ်လို့ ကိုယ်ထင်တဲ့ အကောင်းဆုံး ကစားသမား (၃) ဦးကို အစဉ်လိုက် Comment မှာ ရေးခဲ့ပေးပါ။ ⚽

BFF ပရိသတ်တွေရဲ့ အမြင်နဲ့ ထပ်တူအကျဆုံးဖြစ်တဲ့ (၃) ဦးကို ရွေးချယ်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်စီ လက်ဆောင်ပေးသွားပါမယ်။
ဒါ့အပြင် ပိုသေချာအောင် ထပ်ပြီး ကံစမ်းချင်သေးတယ်ဆိုရင်...

Comment မှာချပေးထားတဲ့ Link ကနေတဆင့် ဝင်ပြီး ကိုယ်တိုင် Vote ပေးလို့ရပါတယ်။ 🗳️

Vote ပေးတဲ့သူတွေထဲကမှ ကံထူးရှင် (၃) ဦးကိုလည်း နောက်ထပ် ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်စီ မဲဖောက်ပေးသွားဦးမှာပါ။

ဆိုတော့... ဘာတွေ စဉ်းစားတွေဝေနေဦးမှာလဲ? အချိန်သိပ်မရှိတော့လို့ အခုပဲ Comment ပေး Vote ပေးပြီး အမြန်ဆုံး ဝင်ရောက်ကံစမ်းလိုက်တော့!
အရင်ပို့စ်မှာ ရေးပြီးသားသူတွေက ထပ်ရေးစရာမလိုဘူးနော်⏳👇

25/07/2026

🏆 BFF ပရိတ်သတ်တွေရဲ့ အဖြေကို ခန့်မှန်းရင်း ဖုန်းဘေလ် (Giveaway) ရယူကြမယ် 🎁

ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးကစားသမားဆု (World Cup Golden Ball) ဆိုတာ ချန်ပီယံအသင်းက ကစားသမားတွေပဲ အမြဲရလေ့ရှိတယ်လို့ ထင်နေကြပါသလား? တကယ်တော့ လုံးဝမဟုတ်ပါဘူး။
၂၀၂၂ ခုနှစ်အထိ သမိုင်းတစ်လျှောက် Golden Ball ပေးအပ်ခဲ့တဲ့ (၁၂) ကြိမ်မှာ (၅) ကြိမ်သာ ချန်ပီယံအသင်းက ကစားသမားတွေ ရရှိခဲ့တာပါ။ တတိယနဲ့ စတုတ္ထရတဲ့ အသင်းတွေဆီက ကစားသမားတွေတောင် ဒီဆုကို ဆွတ်ခူးသွားဖူးပါတယ်။ ဒီ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာတော့ ချန်ပီယံ စပိန်အသင်းက ရိုဒရီ (Rodri) ကပဲ ဆွတ်ခူးသွားခဲ့ပါတယ်။

🤔 ဒါပေမဲ့... BFF ပရိတ်သတ်တွေရဲ့ အမြင်မှာကော ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးကစားသမားက ဘယ်သူဖြစ်မလဲ?
သင့်ရင်ထဲက အကောင်းဆုံးကစားသမားဆုရှင် (၃) ဦး ဘယ်သူတွေဖြစ်မလဲဆိုတာကို အစဉ်လိုက် မန့်ခဲ့ပေးပါ။
📝 ဥပမာ -
* Golden Ball - Rodri
* Silver Ball - Messi
* Bronze Ball - Mbappe
🎁 အစီအစဉ်တွင် ပါဝင်ပုံနှင့် ဆုမဲများ -
* မန့် ရေးပြီး ကံစမ်းရန် - BFF ပရိတ်သတ်တွေ တကယ်ရွေးချယ်မယ့် ကစားသမားတွေကို သိရဖို့ Tg မှာ Vote ကောက်သွားပါမယ်။ Tg ကနေ အများဆုံးမဲရရှိတဲ့ ကစားသမား (Top 3) နဲ့ သင့်ရဲ့ ကွန်မန့် က အစဉ်လိုက် ထပ်တူကျခဲ့ရင် ဖုန်းဘေလ် ၁၀,၀၀၀ ကျပ် ရရှိမှာပါ။ (အဖြေမှန်သူ ၃ ဦးထက် ပိုများနေခဲ့ရင်တော့ မဲဖောက်ရွေးချယ်သွားပါမယ်။)
* Vote ပေးပြီး ကံစမ်းရန် - ကိုယ်တိုင်ဝင်ရောက် Vote ပေးချင်သူတွေအနေနဲ့လည်း Cmt က လင့်မှာ သွားရောက် Vote ပေးနိုင်ပါတယ်။ Vote ပေးတဲ့သူတွေထဲကမှ (၃) ဦးကိုလည်း ဖုန်းဘေလ် ၁၀,၀၀၀ ကျပ် ထပ်မံ မဲဖောက်ပေးသွားဦးမှာပါ။
👉 အခုပဲ ဝင်ရောက်ခန့်မှန်းပြီး ကံထူးနိုင်ကြပါစေ!

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon