28/08/2023
⛔ဒညင်းသီး ဆိုတာရာဇဝင်ရှိတယ်ဗျ⛔
ပုဂံခေတ်....
နရသီဟပတေ့မင်း လက်ထက်
ဘုရင်က တိုင်းခန်းလှည့်လည်ရင်း
ကောင်မလေးတစ်ယောက်ကို
တော်ကောက်လာရာမှအစပြုခဲ့ပါတယ်။
နန်းတော်ရောက်လို့
ညဖက်ဆောင်တော်ကူးတော့
ကောင်မလေးက သူ့ရီးစားကလွဲရင် No ပါ၊
ဘုရင်ဆိုလည်း မပေးနိုင်ဘူး ဆိုပီး
ဇွတ်ငြင်းလေတော့
ဘုရင်ကြီးခမျာ ဒေါသတွေထွက် ၊ အရှက်တွေကွဲပြီး
လက်မရွံ့တွေကို ချက်ချင်းခေါ်
သူ့ကို ငြင်းတဲ့ နေရာကို
ဓားနဲ့ကွက်လှီးပီး သတ်စေဆိုပြီး
အမိန့်ပေးတော့တာဘဲ။
လက်မရွံ့တွေက
အလောင်းကိုမြို့ပြင်မှာမြှုပ်နှံပြီးပြန်ခဲ့တော့မှ
သူတို့ဓားနဲ့ ကွက်လှီးထားတဲ့ ပစ္စည်း
နန်းတော်ထဲမှာမေ့ ကျန်ရစ်ခဲ့တာကို ပြီးမှသိလိုက်ကြတယ် ။
ဒါနဲ့ မထူးပါဘူးကွာဆိုပြီး
နန်းတွင်းထဲက ဒေါင့်တနေရာမှာမြှုပ်လိုက်
ကြပါတော့တယ်။
လအတန်ကြာတော့...
အဲဒီနေရာက အပင်တစ်ပင်ပေါက်လာပါတယ်။
အပင်ကြီးလာလို့အသီးသီးလာတော့
စားလို့ ကောင်း,မကောင်း သိရအောင်
မြည်းကြည့်ကြတယ်။
ပြုတ်ပြီးစားလည်း Good
မီးဖုတ်ပြီး စားလည်း Good
ဆားရေစိမ်ပီးစားလည်း Good
သူ့အနံ့က တစ်မျိုးလဲထူးတယ်။
ဒါဘာသီးလည်းလို့ သိချင်လို့
ဘုရင်ကမေးမြန်း စုံစမ်းကြည့်တော့
အကြောင်းစုံ ပေါ်လာတာပေါ့။
ဒါကြောင့်....
ဘုရင်က အဲဒီကိစ္စကို
အခုထိ အစာမကြေသေးလေတော့..
"အပင်ကို ငါကိုယ်တော်နာမည်ပေးမယ်
ဒင်းက ငါ့ကိုငြင်းလို့ ဖြစ်လာတဲ့အပင်မို့
အဲဒီအပင်ကို...
( ဒင်းငြင်းပင် ၊ အသီးကိုလည်း ဒင်းငြင်းခဲ့လို့
ဒင်းငြင်းသီး) လို့ ခေါ်တွင်စေရမယ်ဆိုပြီး
အမိန့်တော်ချမှတ်လိုက်ရာမှစတင်ခဲ့ပြီး
နောင်ကာလ အတန်ကြာသော်
( ဒညင်းပင် ၊ ဒညင်းသီး ) ဆိုပြီး ဖြစ်ပေါ်လာရပါကြောင်း
နှောင်းလူအပေါင်းတို့ မှတ်သားကြပါကုန်။
😀
10/08/2023
10/08/2023
09/08/2023