Pure Fitness - Yankin

Pure Fitness - Yankin

Share

Never Give Up

29/08/2026

“ဘယ်လောက်ဆော့ရင် Body ပြောင်းလာမလဲ?” ဆိုတာ Gym စဆော့သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါ။ ကိုယ်စိုက်ထုတ်လိုက်တဲ့ Effort အတွက် Result အမြန်မြင်ချင်ကြတာ သဘာဝဆိုပေမဲ့ Fitness ဆိုတာ အချိန်တိုအတွင်း ရနိုင်တဲ့အရာ မဟုတ်ပါဘူး 💪

တစ်ရက်ကောင်းကောင်း Workout လုပ်လိုက်တာထက် တစိုက်မတ်မတ် ဆက်သွားဖို့၊ ကိုယ့်ရဲ့ Training, Nutrition နဲ့ Lifestyle ကို စည်းကမ်းရှိရှိ ထိန်းသိမ်းသွားဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် Result ကိုပဲ အလျင်မလိုဘဲ မိမိရဲ့ Fitness Journey ကို Pure မှာ ဒီနေ့ပဲ အတူတူ စတင်လိုက်ရအောင်နော် 🤗💜

27/08/2026

ပြီးခဲ့တဲ့ Monday က Sharing Session ကို တက်ရောက်ပေးခဲ့ကြတဲ့ Members အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ 👏💜

ဒီ Session ကနေ နေ့စဉ် စားသောက်နေထိုင်မှု Lifestyle အတွက် အသုံးဝင်မယ့် ဗဟုသုတတွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ Members တွေရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် အခုလို Session လေးတွေကို ရှေ့ဆက်ပြီး ပြုလုပ်ပေးသွားဦးမှာမို့ ပိုမိုကောင်းမွန်တဲ့ Lifestyle ကို PURE နဲ့ အတူတူ တည်ဆောက်ကြရအောင်ပါ။ 🤗

24/08/2026

မင်းမရှိလည်းဖြစ်တယ် 🫵




ဖြစ်ချင်တိုင်း 🥲

Photos from Pure Fitness - Yankin's post 20/08/2026

The energy hits different when we dance together! 💃
တစ်ယောက်တည်း workout လုပ်တာထက် အတူတူကခုန်၊ အတူတူချွေးထွက်ပြီး အတူတူပျော်ရတဲ့အချိန်တွေက ပိုပြီးအမှတ်တရဖြစ်စေပါတယ် 🥳

Instructor – Sir Leo
Days – Tuesday & Thursday
Time – 5:00 PM – 6:00 PM

ဒီလို Energy အပြည့်နဲ့ ပျော်ရွှင်စရာ Zumba Vibe ကို ခံစားချင်တယ်ဆိုရင်တော့ membership သွင်းရုံနဲ့ FOC join နိုင်မယ့် PURE ရဲ့ Zumba Class မှာ အပတ်စဉ်တိုင်းဆုံကြမယ်နော် 🤗💜

19/08/2026

ကျန်းမာပြီး ရေရှည်တည်တံ့တဲ့ Body Transformation တစ်ခုအတွက် Workout တစ်ခုတည်းမဟုတ်ဘဲ ကိုယ်စားသောက်တဲ့ အစားအစာကိုလည်း နားလည်ဖို့လိုပါတယ်...

ဒိတခေါက်မှာတော့ ဆရာကောင်းနဲ့အတူ Weight Loss နှင့် Nutrition အကြောင်း သိသင့်သိထိုက်တဲ့ အချက်များကို အတူတူဆွေးနွေးပေးသွားမှာဖြစ်ပါတယ် 🤗

ဒီ Discussion မှာ—
✨ Calories Deficit ဆိုတာ တကယ်ဘာလဲ?
✨ ဘာတွေစားသင့်ပြီး ဘာတွေကို ထိန်းသင့်လဲ?
✨ Calories ကို ဘယ်လို track လိုက်ရမလဲ
✨ Workout နဲ့ Nutrition ကို ဘယ်လို Balance လုပ်မလဲ
✨ အိပ်စက်ခြင်းနဲ့ Recovery က Fat Loss အတွက် ဘာကြောင့်အရေးကြီးလဲ?
✨ အဆီချရာမှာ လူအများယုံကြည်နေကြတဲ့ အမှားများ
စတဲ့ အကြောင်းအရာတွေကို နားလည်လွယ်အောင် ဆွေးနွေးပေးသွားမှာပါ။

ဆွေးနွေးမှုများအပြီးမှာ သိလိုတဲ့အကြောင်းအရာတွေကိုလည်း မေးမြန်းလို့ရမှာဖြစ်တာမို့
⏰ လာမယ့် တနလာ်နေ့ (24.8.2026) ညနေ ၅:၃၀ အချိန် PURE မှာ ဆုံကြမယ်နော် 🤗💪

17/08/2026

all I can smell is that Gym's smell...😫

10/08/2026

တစ်ခါတလေကျရင် စိတ်ရှုပ်စရာတွေကို စကားတွေနဲ့ အကြာကြီး မဖြေရှင်းချင်တော့ဘူးမဟုတ်လား...

အဲဒီလိုအချိန်ဆို Gym ထဲဝင်၊ နားကြပ်လေးတပ်ပြီး ချွေးထွက်အောင် ဆော့လိုက်တာက အကောင်းဆုံး Healing ပါပဲ 🎧💪

တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ဒီမှာပဲ ထားခဲ့ပြီး၊ စိတ်သစ်ကိုယ်သစ်နဲ့ အရှေ့ဆက်ဖို့ PURE Fitness က အမြဲ အဆင်သင့်ရှိနေပါတယ်နော် ✨

07/08/2026

PURE မှာ Gym Member ကြေးသွင်းရုံနဲ့ ဒီ Class တွေအားလုံးကို လုံးဝ Free Join နိုင်တယ်ဆိုတာ သိပါသလား?

တစ်ယောက်တည်းworkout လုပ်တာထက် အတူတူလှုပ်ရှား အတူတူ ချွေးထွက် အတူတူအားပေးရင်း workout လုပ်ရတဲ့ Group Fitness Class ရဲ့ vibe က မတူပါဘူးနော် 🤗

_ Class Schedule _ (Only on 5PM to 6PM)
✨ Cardio class - Monday
✨ Zumba class - Tuesday & Thursday
✨ Tabata class - Wednesday

ဒါကြောင့်မို့ ပုံမှန် Gym member ကြေးသွင်းရုံနဲ့တင် ဒီလို Fun ဖြစ်ပြီး Energy အပြည့်ရမယ့် Class တွေကို FOC ေဆာ့ရင်း သင့်ရဲ့ Fitness journey ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ကြမယ်နော် 💜

03/08/2026

Healthy Choice, Double Rewards! 🎁💜
ကျန်းမာခြင်းဟာ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုတစ်ခုပါ။ ဒီလအတွက် PURE မှာ Fitness နဲ့ Healthcare ကို ပေါင်းစည်းထားတဲ့ သင့်ကျန်းမာရေးခရီးစဉ်ကို ပိုပြီးပြည့်စုံစေမယ့် အစီစဉ်လေးရှိပါတယ်...

August လမှာ Gym အပ်နှံသူတိုင်းကို Membership Discounts တွေအပြင်

3 months to 6 months - (10% OFF to 25% OFF
+ Golden Health Gift Card)

Gift Card နဲ့ဆိုရင် ရွှေကျန်းမာဆေးခန်းမှာ
ဆေးကုသမှုများအတွက် 15% OFF
ဆေးဝါး၀ယ်ယူမှုများအတွက် 5% OFF ကိုDecember လကုန်အထိ အကြိမ်ရေအကန့်သတ်မရှိအသုံးပြုနိုင််မှာဖြစ်ပါတယ်။

ဒါကြောင့် PURE မှာ ခုပဲ Gym အပ်ပြီး ကိုယ်ခန္ဓာ ကျစ်လစ်လှပဖို့နဲ့ ကျန်းမာသန်စွမ်းဖို့အတွက် အထူးအခွင့်ရေးတွေကိုရယူလိုက်ကြမယ်နော် 🤗💜

31/07/2026

Gym မှာ အသက်အရွယ်၊ နောက်ခံမတူတဲ့သူတွေ အများကြီး ရှိကြပါတယ်။ ဒါပေမဲ့ အားလုံးမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ "မနေ့ကထက် ဒီနေ့ ပိုကျန်းမာပြီး ပိုကောင်းတဲ့ ကိုယ်တိုင်ဖြစ်လာဖို့" ပါပဲ...

Gym ဆော့တယ်ဆိုတာ ငယ်သေးလို့လည်း မစောသလို၊ အသက်ကြီးသွားလို့လည်း နောက်ကျသွားတာ မဟုတ်ပါဘူး။ အဓိကက စတင်ဖို့ ဆုံးဖြတ်လိုက်ဖို့နဲ့ တစိုက်မတ်မတ် ဆက်သွားဖို့ပါပဲ 🤗💪

ရလဒ်ဆိုတာ တစ်ရက်တည်းနဲ့ မရနိုင်ပေမဲ့၊ နေ့တိုင်းစိုက်ထုတ်နေတဲ့ သင့်ရဲ့ အလေ့အကျင့်တွေက သင့်ကို ပိုမိုသန်မာပြီး တောက်ပတဲ့ ကိုယ်တိုင်အဖြစ် ပြောင်းလဲပေးသွားမှာ အသေအချာပါပဲနော် 🤗💜

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 3, Thitsar (Kanbae) Road, Yankin Township
Yangon
11082