18/11/2022
ကမ္ဘာ့ဖလားမတိုင်ခင် လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနား
နိုဝင်ဘာလ ၊ ၁၈ရက်
အာဂျင်တီးနားအသင်းဟာ ဒဏ်ရာပြဿနာတွေရှိနေကြတဲ့ နီကိုလက်စ် ဂွန်ဇာလက်ဇ်နဲ့ ဂျိုအာကွင်း ကော်ရီယာတို့ရဲ့နေရာမှာ အိန်ဂျယ် ကော်ရီယာနဲ့ သီယာဂို အယ်မာဒါတို့ကို အစားထိုးခေါ်ယူခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ဖီအိုရင်တီးနားကစားသမား ဂွန်ဇာလက်ဇ်ဟာ ယမန်နေ့က လေ့ကျင့်ခန်းအစီအစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်သလို အင်တာတိုက်စစ်မှူး ဂျိုအာကွင်း ကော်ရီယာကလည်း မသိရတဲ့ ဒဏ်ရာကြောင့် လူစာရင်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ၂၇နှစ်အရွယ် အိန်ဂျယ် ကော်ရီယာဟာ အက်သလက်တီကိုအတွက် ၂၁ပွဲ ကစားရာမှာ ၄ ဂိုး သွင်းယူခဲ့ပြီး ၂၀၂၁ ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနားအသင်းမှာ ပါဝင်ခဲ့ပါတယ်။
၂၁နှစ်အရွယ် သီယာဂို အယ်မာဒါကတော့ မေဂျာလိဂ် ပထမဆုံးရာသီမှာ အတ္တလန္တာယူနိုက်တက်အတွက် ၂၉နှစ်ကစားရာမှာ ၆ဂိုးသွင်း ၁၂ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အယ်မာဒါဟာ စက်တင်ဘာလက ဟွန်ဒူးရပ်စ်နဲ့ပွဲစဉ်မှာ အာဂျင်တီးနားအတွက် ပွဲဦးထွက် ပါဝင်ကစားခဲ့ပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ၂၂ရက်နေ့မှာ ဆော်ဒီနဲ့ ကစားရဖို့ ရှိနေပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယူအေအီးနဲ့ ကစားရာမှာ အာဂျင်တီးနားက ၅ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
အဆိုပါပွဲစဉ်အပြီးမှာ နည်းပြ စကာလိုနီက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လူစာရင်းအပြောင်းအလဲလုပ်မယ်လို့ ပြောသွားပြီးနောက် ယနေ့မှာ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခြင်းကို လက်ခံရန် ခက်ခဲသည်ဟု မန်စီနီ ဝန်ခံ
17 NOVEMBER 2022
အီတလီနည်းပြ မန်စီနီက မိမိတို့အသင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခြင်းကို လက်ခံနိုင်ရန် ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။
အီတလီအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ဆီမီးဖိုင်နယ်တွင် မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခွင့်ရခဲ့သင့်တာပါ။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။ ဘောလုံးမှာ ပျော်စရာတွေပြီးရင် စိတ်ညစ်စရာတွေ လာတတ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ဘာမှလုပ်လို့ မရတော့ပါဘူး''ဟု မန်စီနီက ပြောကြားခဲ့သည်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
ရိုနယ်ဒိုကို ထွက်စေချင်နေကြတဲ့ အသင်းဖော်များ
မန်ချက်စတာယူနိုက်တက် အသင်းသားအတော်များများဟာ ယခုကမ္ဘာ့ဖလား မပြီးဆုံးခင်မှာတင် အသင်းမှ ရိုနယ်ဒို ထွက်ခွါသွားဖို့ ဆန္ဒရှိနေကြကြောင်း သတင်းများအရ သိရပါတယ်။
အသင်းရဲ့ အတွင်းအရေးတွေကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တဲ့ ရိုနယ်ဒိုရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှု ပြင်းပြင်းထန်ထန် ပြုလုပ်နေကြသလို အချို့ပရိသတ်တွေကတော့ ရိုနယ်ဒိုရဲ့ လုပ်ရပ်အပေါ် ချီးမွမ်းအားရနေကြပြီး အသင်းသားတွေ တစ်ကြိမ်မှ မဖွင့်ဟခဲ့တဲ့ ဂလေဇာရဲ့ လုပ်ရပ်တွေကို ဖွင့်ချခဲ့တာကြောင့် ရိုနယ်ဒို ဘက်က ရပ်တည်ပေးနေကြတာ တွေ့ရပါတယ်။
ဒါပေမယ့် ရိုနယ်ဒိုက အသင်းရှိ လူငယ်တွေရဲ့ နိုင်ပွဲဆာလောင်မှု ကင်းမဲ့ပုံကိုပါ ထပ်မံဝေဖန်ခဲ့တာကြောင့် အဆိုပါ ကိစ္စအပေါ် နည်းပြနဲ့တကွ အသင်းသား အချို့က မကျေမနပ် ဖြစ်နေကြပြီး ရိုနယ်ဒိုကို အသင်းမှ ထုတ်ပယ်ပစ်နိုင်ဖို့ကိုသာ ဆန္ဒရှိလာကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် လူငယ်ကစားသမားတွေအနက် ရိုနယ်ဒို ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ ဒါလော့ဒ်ကတော့ ၎င်းရဲ့ အခင်ဆုံး စီနီယာကို အသင်းမှ ထွက်ခွါသွားစေချင်မှာ မဟုတ်သလို ရီးရဲလ်မှာကတည်းက လက်တွဲ ကစားခဲ့ဖူးတဲ့ နောက်ခံလူ ဗာရန်းကလည်း ရိုနယ်ဒိုကို ပြစ်တင် ဝေဖန်ခဲ့ခြင်း မရှိပဲ ရိုနယ်ဒိုနဲ့ အသင်းကြားက ကိစ္စသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တာတော့ တွေ့ရပါတယ်။
ရိုနယ်ဒိုဟာ ဖျားနာမှု ပြဿနာကြောင့် အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ရသူ တစ်ယောက်ဖြစ်သလို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကိုလည်း အစာအိမ် ပြဿနာကြောင့် ထပ်မံလွဲချော်ခဲ့ရပေမယ့် လာမယ့် ကမ္ဘာ့ဖလားမှာတော့ ပေါ်တူဂီအသင်းကို အပြည့်အ၀ ဆက်လက် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
အီရန်ကစားသမားများ လွတ်လပ်စွာဆန္ဒပြနိုင်သည်ဟု အသင်းနည်းပြ ကွီရော့ဇ် ဆို
17 NOVEMBER 2022
အီရန်ကစားသမားများအနေဖြင့် မိခင်နိုင်ငံ၏ အမျိုးသမီးများအခွင့်အရေးအတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိကြောင်း အသင်းနည်းပြဖြစ်သူ ကားလို့စ်ကွီရော့ဇ်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံတွင် အောက်တိုဘာ (၁၆)ရက်က မာဆာအာမီနီ(၂၂ နှစ်)ဆိုသူ အမျိုးသမီးကို Hijab မဆောင်းမှုဖြင့် ဘာသာရေးရဲများက ဖမ်းဆီးပြီးနောက် ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့ရာမှ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းဆန္ဒပြမှုအတွင်း ကလေးငယ် (၄၃)ဦး၊ အမျိုးသမီး (၂၅)ဦးအပါအဝင် သေဆုံးသူ (၃၂၆)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ယင်းအတွက် နိုင်ငံတကာဝေဖန်မှုများရှိနေပြီး အီရန်ကို ကမ္ဘာ့ဖလားမှထုတ်ပယ်ရန်ပင် တောင်းဆိုမှုများရှိခဲ့သည်။
ယခုအခါ အီရန်နည်းပြ ကွီရော့ဇ်က ကစားသမားများအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ စည်းမျဉ်းများနှင့်ကိုက်ညီစွာ ဆန္ဒထုတ်ဖော်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
သို့သော် ကစားသမားများအနေဖြင့် ပွဲကစားချိန်အတွင်း ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်ရန်အတွက်သာ စိတ်ထဲထည့်ထားရမည်ဟုလည်း ကွီရော့ဇ်က သတိပေးခဲ့သည်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
ယခုရာသီနှောင်းပိုင်းမှာ ကြီးမားတဲ့အားတက်စရာဖြစ်လာတော့မယ့် ဂန်းနားများ
အာဆင်နယ်ကွင်းလယ်ကစားသမား စမစ် ရိုးဟာ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး အားတက်စရာ သတင်းဖြစ်လာခဲ့ပြီး ဒူဘိုင်း စူပါဖလားပြိုင်ပွဲမှာ အာဆင်နယ်အတွက် ပါဝင်ကစားပေးသွားမယ်လို့ သတင်းတွေက ဖော်ပြခဲံပါတယ်။
စမစ် ရိုးဟာ ယခုရာသီအစောပိုင်း မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဒူဘိုင်းမှာ ကျင်းပမယ့်ပြိုင်ပွဲမှာ လေ့ကျင့်ရေးအပြည့် ပြန်ဆင်းနိုင်မှာမဟုတ်ဘူးလို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့်လည်း Evening Standard ရဲ့သတင်းအရ အသင်းနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။
ဒူဘိုင်းစူပါဖလားပြိုင်ပွဲကို ဒီဇင်ဘာလ အစောပိုင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်မကစားရတဲ့ ကစားသမားတွေက ပါဝင်ကစားပေးသွားမျာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးဟာ အေစီမီလန်၊ လိုင်ယွန်တို့နဲ့အတူ ပြိုင်ပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်း ကီဗင် ကမ်းဘဲလ်က အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ အသင်းအပေါ်မှာ ရှိလာနိုင်တဲ့ လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ လူစာရင်းတစ်ခုကို လိုအပ်လာတော့မှာပါ။ ကျွန်တော်တို့ အဲဒါကို ပိုအင်အားကောင်းအောင် လုပ်ဖို့ လိုအပ်လာတော့မှာပါ။ နားထောင်။ သူက လေ့ကျင့်နေခဲ့တယ်။ ကျွန်တော်တို့ စမစ် ရိုးကို လိုအပ်တော့မှာပါ။ သူက ကစားသမားသစ်ခေါ်ယူမှုလိုမျိုး ဖြစ်လာတော့မယ်။ ကျွန်တော်တို့ သူ့ကို ပြန်အသုံးပြုဖို့နဲ့ သွားကစားဖို့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်တော့မျာပါ။ သူက အရမ်းထင်ရှားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားတော့မှာပါ"လို့ ပြောကြားခဲ့ပါတယ်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
၂၀၂၂ ကမ္ဘာ့ဖလားတွင် ရွှေဖိနပ်ဆုကို ရယူရန် ဟာရီကိန်း ပစ်မှတ်ထားနေ
17 NOVEMBER 2022
အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဖိနပ်ဆုကို ရယူရန်ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။
ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် သွင်းဂိုး (၆) ဂိုးဖြင့် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို၊ ယခု ၂၀၂၂ ကမ္ဘာ့ဖလားတွင် ရွှေဖိနပ်ဆုကို (၂) ကြိမ်ဆက် ရယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ဟာရီကိန်းက ရွှေဖိနပ်ဆုမှာ မိမိအတွက် အဓိကထားကြိုးစားမည့်အရာမဟုတ်သော်လည်း အပိုဆုတစ်ခုအနေဖြင့် ရယူနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့့ခြင်းဖြစ်သည်။
ဟာရီကိန်းက '' ရွှေဖိနပ်ဆုက ကျွန်တော် အဓိကထား ကြိုးစားမယ့်အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ရွှေဖိနပ်ဆုရခဲ့မယ်ဆိုရင် အသင်းအတွက် ကောင်းမှာဖြစ်သလို၊ ကျွန်တော့်အတွက် အပိုဆုဖြစ်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ကျင်းပပြီးစီးခဲ့သည့် (၂၁) ကြိမ်တွင် ရွှေဖိနပ်ဆုကို (၂) ကြိမ်ဆက် ရယူနိုင်သည့် ကစားသမား မရှိသလို၊ ရွှေဖိနပ်ဆုကို (၂) ကြိမ်ရဖူးသည့် ကစားသမားပင် မရှိကြောင်း သိရှိရသည်။
ထို့ကြောင့် ဟာရီကိန်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ရွှေဖိနပ်ဆုရယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ယင်းကဲ့သို့ စွမ်းဆောင်နိုင်ခဲ့မည်ဆိုပါက ကမ္ဘာ့ဖလားသမိုင်းတွင် ရွှေဖိနပ်ဆု (၂) ကြိမ်ဆက်တိုက်ရသည့် ပထမဆုံးနှင့် တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်မည်ဖြစ်သည်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
ရော်နယ်ဒိုရဲ့အင်တာဗျူးကို အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဗာရာနီ
နိုဝင်ဘာလ ၊ ၁၇ရက်
ယူနိုက်တက်နောက်ခံလူ ဗာရာနီက ရော်နယ်ဒိုရဲ့ပြောကြားချက်ဟာ အသင်းဖော်တွေကို အကျိုးသက်ရောက်မှုှုဖြစ်စေတယ်လို့ ပြောကြားခဲ့တဲ့ ပထမဆုံးတောာ့ တန်ဟက်ရဲ့ကစားသမားဖြစ်လာခဲ့ပြီး သူ့ရဲ့ပြောကြားချက်ကို အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ပေါ်တူဂီစူပါစတားက သူဟာ ယူနိုက်တက်အသင်းရဲ့သစ္စာဖောက်မှုကို ခံခဲ့ရတယ်လို့ပြောကြားခဲ့ပြီး တန်ဟက်ကလည်း လေးစားမှုမရှိကြောင်းပြောကြားခဲ့ပါတယ်။
ဗာရာနီဟာ ရော်နယ်ဒိုနဲ့အတူ ရီးရဲလ်အသင်းမှာ ကာလရှည်ကစားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့ပတ်သက်တဲ့သူ့အတွေးကို အခုလိုပြောကြားခဲ့ပါတယ်။
“အဲ့တာ ကျွန်တော်တို့ကို အကျိုးသက်ရောက်စေမှာပါ။ ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ဗာရာနီက ပြောကြားခဲ့ပါတယ်။
ပြင်သစ်သားဟာ သြစတြေးလျနဲ့ကစားမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ “ရော်နယ်ဒိုလိုစတားတစီးက အခုလိုမျိုးမပြောသင့်ဘူးလို့ထင်ပါတယ်။ အသင်းဘက်က ဘယ်လိုပဲဆုံးဖြတ်ဖြတ် ကျွန်တော်တို့ လက်ခံံသွားမှာပါ”လို့ ဗာရာနီက ပြောကြားခဲ့ပါတယ်။
မယ်ရာသတင်းဌာနရဲ့အဆိုအရ ရော်နယ်ဒိုရဲ့အသင်းဖော်တွေဟာ ကမ္ဘာ့ဖလားအပြီး ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပြန်မလာချင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက ဖူလ်ဟမ်အသင်းကို ဂါနာချိုရဲ့နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ ပေါ်တူဂီအသင်းမှာ ရောက်ရှိနေပြီး ယူနိုက်ကတ်အသင်းဖော်တွေဖြစ်တဲ့ ဒါလော့ ၊ ဖာနန်ဒက်စ်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 5% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
ယူကရိန်းနေမာဟု နာမည်ကြီးနေသည့် မူဒရစ်အား ရှက်တာဒိုးနက်အသင်း ယူရို သန်း(၁၀၀) ရမှ ရောင်းချမည်
17 NOVEMBER 2022
ရှက်တာဒိုးနက်အသင်းသည် ယူကရိန်းနေမာဟု နာမည်ကြီးနေသည့် လူငယ်တိုက်စစ်ကစားသမား မူဒရစ်အား ယူရိုသန်း (၁၀၀) ရမှ ရောင်းထုတ်ရန်စီစဉ်နေကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် (၂၁) နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင်တိုက်စစ်ကစားသမား မူဒရစ်သည် ယခုနှစ်ပိုင်းတွင် ခြေစွမ်းပြနိုင်ခြင်းကြောင့် ဘရာဇီးလ်တိုက်စစ်မှူး နေမာလက်သစ်ဟု တင်စားခံနေရပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ မန်စီးတီးနှင့် နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
ယင်းအခြေအနေကြောင့် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းသည် မူဒရစ်အတွက် ငွေကြေးများစွာရရှိရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။
ရှက်တာဒိုးနက်အသင်းသည် အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် မူဒရစ်အတွက် ယူရိုသန်း (၁၀၀) အထိ အလိုရှိနေခြင်းဖြစ်သည်။
ရှက်တာဒိုးနက်အားကစားဒါရိုက်တာက မူဒရစ်ကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ငွေကြေးအသုံးပြုရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
မေဆင်မောင့်နဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စမှာ တိုးတက်မှု ရှိနေတဲ့ ချဲလ်ဆီး
နိုဝင်ဘာလ ၊ ၁၇ရက် 🏅🏅🏅🏅🏅
မေဆင်မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စကို ဆွေးနွေးနေပါတယ်။ အစီရင်ခံစာတွေအရ စာချုပ်သစ်ဆွေးနွေးမှုဟာ တိုးတက်မှုရှိလာတယ်လို့ သိရပါတယ်။
အကယ်ဒမီထွက်ဖြစ်တဲ့ ရီးစ်ဂျိမ်းကလည်း ပြီးခဲ့တဲ့ စက်တင်ဘာမှာ အသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်းတိုးထားပြီး အသင်းမှာ လစာငွေအများဆုံးရရှိတဲ့ နောက်တန်းကစားသမား ဖြစ်လာပါတယ်။ The Athletic ရဲ့ အဆိုအရ မေဆင်မောင့်ဟာလည်း အသင်းနဲ့ မကြာခင် စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အစပိုင်းမှာညှိနှိုင်းမှုတွေဟာ မတိုးသာ မလှုပ်သာတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပြီး ကစားသမားရဲ့ အနာဂတ်က မသေချာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့အပတ်မှာတော့ တော့ဘိုလီနဲ့ ဘန်ဒက်အန်ဘာလီတို့ဟာ မေဆင်မောင့်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အခြေအနေတိုးတက်မှုရှိတယ် လို့သိရပါတယ်။
ထိုဆွေးနွေးမှုအရ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး လာမယ့် ဇန်နဝါရီမှာ စာချုပ်သစ် သက်တမ်းတိုးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
သို့သော်လည်း စာချုပ်ချုပ်ဆိုဖို့အတွက် အပြီးသတ်ညှိနှိုင်းစရာ အချို့လဲ ရှိနေပါသေးတယ်။ မောင့်ဟာ ချဲလ်ဆီး အသင်းထံ အသက် ၆ နှစ်အရွယ်ထဲက စတင်ရောက်ရှိခဲ့ပြီး သူရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၁၉ ခုနှစ်ကထဲက ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။
ထိုအချိန်ကထဲက သူဟာ နည်းပြ လမ်းပတ် ၊ သောမတ်တူချယ်နဲ့ ဂရေဟမ်ပေါ်တာ လက်ထက်တွေမှာ အသင်းအတွက် ဦးစားပေး ကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။သူဟာ ဒီရာသီ ချဲလ်ဆီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲတိုင်း ကစားထားရတဲ့ တစ်ဦးထဲသော ကစားသမားဖြစ်ကာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ထားပါတယ်။
ထို့ကြောင့် စာချုပ်သစ်မှာ မောင့်က လစာငွေ တိုးမြင့်ခံစားချင်သလို အသင်းအတွက် ပိုမိုတဲ့ ပွဲထွက်ခွင့် အခွင့်အရေးကို အလိုရှိနေတာ ဖြစ်ပါတယ်။ သူဟာ အသင်းပြောင်းဖို့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်နေခဲ့တာ ၇ နှစ်အထိရှိပြီလို့လဲ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မေဆင်မောင့်ဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားကို အာရုံစိုက်နေပါတယ်။ သူ့အတွက် ကာတာ ကမ္ဘာ့ဖလားဟာ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နေပြီး လာမယ့် အင်္ဂါနေ့မှာ အုပ်စု အဖွင့်ပွဲ ကစားရမှာပါ။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်
17/11/2022
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာရာဒိုနာရဲ့သမိုင်းဝင်စံချိန်နှစ်ခုကို ရိုက်ချိုးနိုင်ဖွယ်ရှိတဲ့ မက်ဆီ
နိုဝင်ဘာလ ၊ ၁၇ရက်
ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ်မက်ဆီက သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုမျိုးစုံကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အခုကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မာရာဒိုနာ ရယူထားတဲ့ သမိုင်းဝင်စံချိန်နှစ်ခုကို ရိုက်ချိုးနိုင်မယ့် အခွင့်အရေးတစ်ခု ရရှိနေပါပြီ။
တစ်ခုကတော့ မာရာဒိုနာက အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားပွဲစဉ် ၂၁ ပွဲကစားကာ ကမ္ဘာ့ဖလားပွဲစဉ် အများဆုံးကစားထားနိုင်တဲ့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဆိုတဲ့ စံချိန်ပဲဖြစ်ပါတယ်။ မက်ဆီအနေနဲ့ မာရာဒိုနာရဲ့ ဒီစံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်ဖို့ ကမ္ဘာ့ဖလားပွဲစဉ် ၃ ပွဲမှာ ပါဝင်ကစားဖို့ပဲ လိုအပ်ပါတယ်။ ဒဏ်ရာပြဿနာတစ်ခုခုကို ရှောင်လွှဲနိုင်မယ်ဆိုရင် အာဂျင်တီးနားရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေအပြီးမှာ မက်ဆီက သူ့ရဲ့နိုင်ငံအတွက် ကမ္ဘာ့ဖလားပွဲစဉ်အများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။
နောက်ထပ်စံချိန်တစ်ခုကတော့ မာရာဒိုနာရဲ့ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဂိုးဖန်တီးမှု အများဆုံးကစားသမားဆိုတဲ့ စံချိန်ပဲဖြစ်ပါတယ်။ မာရာဒိုနာက အာဂျင်တီးနားဗိုလ်စွဲခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ရရှိထားလို့ အခုကာတာနိုင်ငံမှာကျုင်းပမယ့် ပြိုင်ပွဲမှာ အသင်းဖော်တွေအတွက် ၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့မယ်ဆိုရင် မာရာဒိုနာရဲ့ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဂိုးဖန်တီးမှုအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှဲရယူနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက ဆော်ဒီ၊ ပိုလန်၊ မက္ကဆီကိုတို့နဲ့ အုပ်စုတူ ကျရောက်နေပြီး လာမယ့် နိုဝင်ဘာ ၂၃ ရက်မှာ သြစတြေးလျအသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
အာဂျင်တီးနားအနေနဲ့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးအခွင့်အရေးရရှိခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပြိုင်ဘက်ဂျာမနီအသင်းကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
( ibet789)
(1 Unit ) - (1,000 ကျပ် )
(10 Unit ) - (10,000 ကျပ် ) မှစ၍ Acc ဖွင့်ကစားနိုင်ပါသည်။
Acc သစ်ဖွင့်Wellcome 10% Bonus လက်ဆောင်ရရှိမှာဖြစ်ပြီး Daily bonus 10% တစ်နေ့တစ်ကြိမ် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ...
Viber. - 09 785 6000 64
hotline - 09 888 6848 48
KBZ / CB / AYA / YOMA/ Wave Money / Kpay တို့ဖြင့် ( 24 ) နာရီ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်