YGN GYM - Ahlone

YGN GYM - Ahlone

Share

YOUR STARTING POINT

25/08/2026

ကဲ အရမ်းတန်တဲ့ 100 days challenge promotion ကုန်ဆုံးဖို့က 6ရက်ပဲလိုပါတော့တယ်နော်
ဒီ့ထက်တန်တဲ့‌ ဈေးနူန်းဘယ်မှာရှာမလဲမိတ်ဆွေတို့ရက်100day ဆိုတော့ 3လနဲ့10ရက်ကို 259000ks သာ ကျသင့်မှာမို့ August လမကုန်ခင် အမြန်ဆုံး လာသွင်းထားမှ စိတ်ချရပါမယ်နော် .....
အလုံလမ်းကြီးနဲ့ဗဟိုလမ်းထောင့်က🏢orchid condo
First floor 1sd🏢
☎️09267681436☎️

24/08/2026

Gym ကစားတဲ့ လူအများကြားမှာ အမြဲပြောလေ့ရှိကြတဲ့ ⤵️

1. Amino Acid ဆိုတာဘာလဲ?

Amino acid ဆိုတာက Protein ရဲ့ အခြေခံတည်ဆောက်ပစ္စည်း (building blocks) တွေကို ဆိုလိုခြင်း ဖြစ်ပါတယ် ။

ဥပမာ—

Protein → Amino Acids → ခန္ဓာကိုယ်က အသုံးပြု

ကြက်သား၊ ဥ၊ ငါး၊ နို့၊ ပဲ စတဲ့ Protein ပါတဲ့အစားအစာတွေကို စားတဲ့အခါ ခန္ဓာကိုယ်က ချေဖျက်ပြီး amino acids အဖြစ် အသုံးပြုကြပါတယ်။

Amino acids တွေက—

* 💪 Muscle များ ပြန်လည် တည်ဆောက်ပြုပြင်ခြင်း
* 🩹 တစ်ရှူးများ ပြန်လည် တည်ဆောက်ပြုပြင်ခြင်း
* 🧬 Enzymes နဲ့ Hormones အချို့ ဖွဲ့စည်းရာမှာ ပါဝင်ခြင်းသာမက
* ⚡ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် အရမ်းကို အရေးကြီးပါတယ်။



2. Amino Acid အမျိုးအစား 3 မျိုး

(A) Essential Amino Acids — EAA

ဒါတွေက ခန္ဓာကိုယ်က လုံလောက်အောင် ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ amino acids တွေပါ။ ဒါကြောင့် အစားအစာကနေ ရယူနိုင်ပါတယ်။

Essential amino acids 9 မျိုး ရှိပါတယ်—

1. Histidine
2. Isoleucine
3. Leucine
4. Lysine
5. Methionine
6. Phenylalanine
7. Threonine
8. Tryptophan
9. Valine

💡 Gym ဆော့သူတွေအတွက် Protein အလုံအလောက်စားခြင်း က အထက်က amino acids တွေကို ရရှိဖို့ အရမ်းအရေးကြီးပါတယ်။



(B) Non-Essential Amino Acids

ဒါတွေကို ခန္ဓာကိုယ်က ကိုယ်တိုင် ထုတ်လုပ်နိုင်ပါတယ်။

ဥပမာ—

* Alanine
* Asparagine
* Aspartic acid
* Glutamic acid
* Serine



(C) Conditionally Essential Amino Acids

ပုံမှန်အခြေအနေမှာ ခန္ဓာကိုယ်က ထုတ်လုပ်နိုင်ပေမယ့် အချို့အခြေအနေတွေမှာ လိုအပ်ချက်ပိုလာနိုင်တဲ့ amino acids တွေပါ။

ဥပမာ—

* Arginine
* Glutamine
* Cysteine
* Tyrosine
* Glycine
* Proline



3. BCAA ဆိုတာဘာလဲ? 💪

BCAA = Branched-Chain Amino Acids

BCAA မှာ ၃ မျိုးရှိပါတယ်—

① Leucine

Muscle protein synthesis ကို လှုံ့ဆော်ရာမှာ အရေးပါပါတယ်။

② Isoleucine

Energy metabolism နဲ့ muscle function တွေမှာ ပါဝင်ပါတယ်။

③ Valine

Muscle metabolism နဲ့ အခြားခန္ဓာကိုယ်လုပ်ငန်းစဉ်တွေမှာ ပါဝင်ပါတယ်။

အရေးကြီးတာက BCAA ဟာ amino acids ၃ မျိုးပဲ ပါတာပါ။ EAA ကတော့ essential amino acids ၉ မျိုးလုံး ပါဝင်ပါတယ်။



👉 Protein အလုံအလောက်မရရင် BCAA တစ်မျိုးတည်းထက် EAA သို့မဟုတ် Protein ပါတဲ့အစားအစာ က ပိုပြည့်စုံပါတယ်။



🚩Gym ဆော့သူအတွက် Protein က ဘာကြောင့်အရေးကြီးလဲ?

Workout လုပ်တဲ့အခါ muscle tissue တွေမှာ stress ဖြစ်ပါတယ်။ Training ပြီးနောက်—

Protein + Essential Amino Acids + လုံလောက်တဲ့အာဟာရ + Rest

တို့က recovery နဲ့ muscle growth အတွက် အရေးကြီးပါတယ်။

ဒါပေမယ့် Amino acid supplement သောက်တာတစ်ခုတည်းနဲ့ ကြွက်သားကြီးလာမယ် မဟုတ်ပါဘူး။ Training နဲ့ အစားအသောက် အခြေခံက ပိုအရေးကြီးပါတယ်။



🚩Amino Acid ကို ဘယ်အစားအစာတွေကနေ ရနိုင်လဲ? 🍗🥚🐟

Complete Protein များ

Essential amino acids ကို ကောင်းကောင်းရနိုင်တဲ့ အစားအစာများ—

* 🍗 ကြက်သား
* 🥩 အသား
* 🐟 ငါး
* 🥚 ဥ
* 🥛 နို့၊ ဒိန်ချဉ်
* 🫘 Soy နဲ့ soy products

Plant protein တွေကလည်း amino acids ပေးနိုင်ပါတယ်။ အစားအစာအမျိုးမျိုးကို မျှတစွာစားခြင်းက amino acid profile ကို ပိုပြည့်စုံစေနိုင်ပါတယ်။



🚩လူတိုင်း Amino Acid Supplement လိုအပ်လား?

Protein ကို နေ့စဉ်အစားအစာကနေ လုံလောက်အောင်ရနေတယ်ဆိုရင် Amino Acid supplement က မဖြစ်မနေလိုအပ်တာ မဟုတ်ပါဘူး။

ဥပမာ—

🍗 ကြက်သား
🥚 ဥ
🐟 ငါး
🥛 နို့
🫘 ပဲ

တို့ကနေ Protein လုံလောက်နေပြီဆိုရင် EAA/BCAA supplement ထပ်သောက်လို့ ရနိုင်တဲ့အကျိုးကျေးဇူးက အကန့်အသတ်ရှိနိုင်ပါတယ်။

ဦးစားပေးသင့်တဲ့အစဉ်

1️⃣ မျှတတဲ့အစားအစာ
2️⃣ လုံလောက်တဲ့ Protein
3️⃣ Training ကို စနစ်တကျလုပ်ခြင်း
4️⃣ Recovery နဲ့ အိပ်ရေးဝခြင်း
5️⃣ လိုအပ်မှ Supplement စဉ်းစားခြင်း



အကျဉ်းချုပ်အားဖြင့် ပြောရရင် ⤵️

Protein = Amino Acids တွေနဲ့ ဖွဲ့စည်းထားတယ်

💎EAA = ခန္ဓာကိုယ်ကနေ လုံလောက်အောင်မထုတ်နိုင် → အစားအစာမှရယူ
💎BCAA = Leucine + Isoleucine + Valine
💎EAA = Essential amino acids 9 မျိုးလုံး
💎Gym ဆော့သူအတွက် အရေးကြီးဆုံးက နေ့စဉ်အာဟာရကို မျှတစွာရရှိခြင်းနဲ့ Protein လုံလောက်စွာစားခြင်းသည်ကသာ အကောင်းဆုံးပါ လို့ အကြံပြုပါရစေ ။

See You Next Topics 🤝

22/08/2026

🤝

🏋️‍♂️ YGN GYM မှ Personal Trainer / Fitness Coach များ ခေါ်ယူနေပါသည်။

Fitness ကို ဝါသနာပါပြီး မိမိရဲ့ Fitness Career ကို အဆင့်မြှင့်တင်လိုပါသလား?

YGN GYM နှင့်အတူ Member များရဲ့ ကျန်းမာရေးနှင့် Body Goal များကို ကူညီပေးရင်း ကောင်းမွန်တဲ့ဝင်ငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ရယူလိုက်ပါ။

Trainer / Fitness Coach (ကျား/မ)

💰 ရရှိမည့်လစာနှင့် ခံစားခွင့်များ

✅ အခြေခံလစာ — ၄၅၀,၀၀၀ ကျပ်မှ စတင်မည်
✅ PT Commission — 45%
✅ Additional Commission — 5%
✅ Performance Bonus
✅ Gym Membership အခမဲ့
✅ လုပ်ငန်းခွင် Training ပေးမည်
✅ ရာထူးနှင့်ဝင်ငွေတိုးတက်နိုင်မည့် အခွင့်အလမ်း

စုစုပေါင်းSalary သည် ရရှိသည့် PT Client နှင့် Performance ပေါ်မူတည်၍ အခြေခံလစာထက် ပိုမိုရရှိနိုင်ပါသည်။

👤 Requirements

• Fitness နှင့် ကျန်းမာရေးကို စိတ်ဝင်စားဝါသနာပါသူ
• Member များနှင့် ဖော်ရွေစွာ ဆက်ဆံပြောဆိုနိုင်သူ
• တာဝန်ယူမှုရှိပြီး အချိန်တိကျသူ
• သင်ယူလိုစိတ်နှင့် တိုးတက်လိုစိတ်ရှိသူ
• အပြုသဘောဆောင်သော စိတ်နေသဘောထားရှိသူ
• Personal Trainer အတွေ့အကြုံ သို့မဟုတ် Certificate ရှိသူများကို ဦးစားပေးမည်
• အတွေ့အကြုံမရှိသေးသော်လည်း Fitness Knowledge အခြေခံရှိပြီး စိတ်အားထက်သန်သူများ လျှောက်ထားနိုင်သည်

📌 အဓိကတာဝန်များ

• Member များကို စက်အသုံးပြုပုံနှင့် လေ့ကျင့်ခန်းပုံစံမှန်ကန်စွာ သင်ကြားပေးခြင်း
• Member များ၏ Fitness Goal နှင့်ကိုက်ညီသော Workout Plan များ ရေးဆွဲပေးခြင်း
• Member များ၏ Body Condition နှင့် Progress ကို မှတ်တမ်းတင်စောင့်ကြည့်ပေးခြင်း
• လေ့ကျင့်ခန်းလုပ်နေစဉ် ဘေးကင်းလုံခြုံမှုရှိစေရန် ကြီးကြပ်ပေးခြင်း
• Member များကို အားပေးကူညီပြီး ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ခြင်း
• Gym ၏ Service Standard နှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်း

📲 လျှောက်ထားရန်

CV ရှိပါက Viber မှ ပေးပို့နိုင်ပါသည်။

CV မရှိသေးပါကလည်း—

• အမည်
• အသက်
• နေရပ်မြို့နယ်
• Fitness/Trainer အတွေ့အကြုံ
• လက်ရှိဓာတ်ပုံတစ်ပုံ

တို့ကို Viber မှ ပေးပို့ပြီး လျှောက်ထားနိုင်ပါသည်။

Viber — 09 450 527 778
Viber — 09 450 527 779

Fitness ကို ဝါသနာအဖြစ်သာမက Career တစ်ခုအဖြစ် တည်ဆောက်လိုသူများကို YGN GYM မှ ကြိုဆိုနေပါတယ်။ 💪

19/08/2026

မိတ်ဆွေတို့ရဲ့gymမှာပဲဖြစ်ဖြစ် အမြဲတမ်းကြား‌ေလ့ရှိတဲ့Hypertrophy
“Muscle Hypertrophy ဆိုတာ ကြွက်သားအရွယ်အစား တိုးလာအောင် လေ့ကျင့်ခြင်းပါ။ ဝိတ်တက်ချင်ရင် Gym ဆော့ရုံနဲ့မပြီးဘဲ ကိုယ်သုံးစွဲတဲ့ Calories ထက် အနည်းငယ်ပိုစားပေးရမယ်။ Protein လုံလောက်စွာစား၊ Progressive Overload နဲ့ လေ့ကျင့်ပြီး အိပ်ရေးဝဝအနားယူပေးရင် ကြွက်သားတိုးလာပြီး ကိုယ်အလေးချိန်လည်း တဖြည်းဖြည်းတက်လာနိုင်ပါတယ်။”
💪Pro lavelတွေရှိတဲ့ဆရာတွေနဲ့body transformation 💪တွေ့ကိုYgm gym Ahlone branchမှာ စတင်နိုင်ပါပြီ

အလုံမြို့နယ်၊ အလုံလမ်းမပေါ်ရှိ
orchid condo ပထမထက်တွင်လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပတ်
☎️09267 681 436☎️

14/08/2026

August လကုန်ထိပဲ ရမှာဖြစ်လို့ ခုပဲ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ

#ဝါတွင်း (၃)လမှာ ဆေးလိပ် ၊ ဘီယာ ၊ အရက် ရှောင်ကြမဲ့ ညိုကီတို့အတွက် ရုပ်ခန္ဓာ ကျန်းမာနေဖို့ အတန်ဆုံး 100 Day challenge promotions ယူလိုက်ရအောင်။ လူဦးရေ ကန့်သက်ထားတာကြောင့် အမြန်ဆုံးလာခဲ့လိုက်တော့နော်...

100 Day challenge promotions လေးက 8လပိုင်းထိပဲ​ရှိမယ်​နော်။🤗

💛 WE STRONGER TOGTHER 💛

📍အမှတ် ၂၃၂၊Orchid Condo၊ ပထမထပ်၊ အလုံလမ်း၊ အလုံမြို့နယ်။(ဗဟိုလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းကြား)
📞-Ph: 09 267 681 436





11/08/2026

💪 အရင်နဲ့မတူတဲ့ Renovation အသစ်နဲ့အတူ… ပိုကောင်းမွန်တဲ့ Fitness Experience အသစ်ကို စတင်လိုက်ပါပြီ။

Gym တစ်ခုကောင်းဖို့ဆိုတာ Equipment ကောင်းရုံနဲ့ မလုံလောက်ပါဘူး။
သန့်ရှင်းမှု၊ သက်တောင့်သက်သာရှိမှု၊ Service ကောင်းမွန်မှုနဲ့ အတွေ့အကြုံရှိတဲ့ Trainer တွေကလည်း အရေးကြီးပါတယ်။

🛠️ RENOVATION အသစ်ကြောင့် ခုဆိုရင်

✨ ကျွန်တော်တို့ Ygn Gym Ahlone Branch မှာ —

❄️ Air-Con များ အေးစက်ပြီး Workout လုပ်ရာမှာ သက်တောင့်သက်သာရှိစေခြင်း

🧹 Gym Floor Area သန့်ရှင်းသပ်ရပ်ခြင်း

🏋️ Gym Equipment များကို ပုံမှန်သန့်ရှင်းထိန်းသိမ်းထားပေးခြင်း

🦟 ခြင်အနှောင့်အယှက်လဲ ကင်းပြီဖြစ်သောကြောင့် ပိုမိုသက်တောင့်သက်သာ Workout လုပ်နိုင်ခြင်း

🏊 သန့်ရှင်းပြီး ကျယ်ဝန်းတဲ့ Swimming Pool ရှိခြင်း

👨‍🏫 အတွေ့အကြုံရင့် ဝါရင့် Trainer များ ထားရှိပေးထားခြင်း

⭐ Personal Training ကိုလည်း မိမိရဲ့ Goal နဲ့အညီ Professional ဆန်ဆန်၊ ယုံကြည်စိတ်ချစွာနဲ့ 💎 Premium Fitness Experience ရရှိအောင် လေ့ကျင့်နိုင်ခြင်း

သင့်ရဲ့ Fitness Journey ကို ပိုမိုကောင်းမွန်တဲ့ Environment တစ်ခုနဲ့ စတင်လိုက်ပါ။

🔥 New Renovation. Better Environment. Better Experience.

Your Fitness. Your Journey. Your New Experience.

📍Address - အလုံလမ်းမကြီးပေါ်ရှိ Orchid Condo 1st Floor 📍

09/08/2026

🏋️‍♂️ YGN GYM IS HIRING!

PERSONAL TRAINER

💪 Fitness ကို စိတ်အားထက်သန်စွာ ချစ်မြတ်နိုးပြီး လူတွေရဲ့ ဘဝကို ပြောင်းလဲပေးချင်ပါသလား?

YGN GYM မှာ Personal Trainer အဖြစ် လာရောက်လျှောက်ထားနိုင်ပါပြီ။

💰 Benefits

✅ လစာ 400,000 - 500,000 Ks

✅ PT Commission

✅ Performance Bonus

✅ Free Gym Membership

✅ Career Growth Opportunity

✅ Training Provided

📋 Requirements

✔ Fitness ကို စိတ်ဝင်စားသူ

✔ Communication Skills ကောင်းသူ

✔ Positive Attitude ရှိသူ

✔ Teamwork ကောင်းသူ

✔ Experience ရှိသူ ဦးစားပေး
(မရှိလည်း Training ပေးမည်)



🎯 YGN GYM မှာ အလုပ်လုပ်ရုံသာမက Professional Coach တစ်ယောက်အဖြစ် တိုးတက်လာနိုင်မည့် Career Path ကို ရရှိနိုင်ပါသည်။

📩 Send Your CV Now

Viber : 09 450527778 / 09 450527779

🏋️ YGN GYM



08/08/2026

📢 NOTICE ⚠️

Please be informed that the Swimming Pool will be temporarily closed for 2 days (Saturday & Sunday) for cleaning and decoration/maintenance.

🏊 Swimming Pool: CLOSED — Saturday & Sunday
🏋️ Gym: OPEN DAILY as usual — NOT CLOSED

We apologize for any inconvenience caused and appreciate your kind understanding and support.

Thank you!🙏

03/08/2026

YGN GYM Ahlone Branch August Schedule 👏



Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 232 ၊Orchid Condo၊ ပထမထပ်၊ အလုံလမ်း၊ အလုံ။ (အလုံလမ်းနှင့်ဗဟိုလမ်းထောင့်) Ph: 09 781 434 666
Yangon
11121