26/08/2026
🚨 BREAKING! 💣
Sunderland အသင်းနဲ့ Igor Paixão တို့အကြား ကိုယ်ရေးကိုယ်တာ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ 🇧🇷
🤝 အခုအခါ Sunderland နဲ့ Igor Paixão ရဲ့ လက်ရှိကလပ် တို့ကြားမှာလည်း ဘရာဇီးလ်တောင်ပံကစားသမားအတွက် အပြောင်းအရွှေ့သဘောတူညီချက် ရရှိဖို့ နီးစပ်နေပါပြီ။
ℹ️
26/08/2026
🚨🗣️ Bruno Fernandes
Carlos Baleba အကြောင်း ပြောကြားချက်
“သူက စွမ်းအင်အပြည့်နဲ့ ကစားနိုင်တဲ့ ကစားသမား တစ်ယောက်ပါ။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာလည်း အားကောင်းပါတယ်။ ဘောလုံးကို ကိုယ်တိုင်ဆွဲယူပြီး ကျွန်တော်တို့အသင်းကို ကွင်းအပေါ်ဘက် ပိုမိုတက်ကစားနိုင်အောင် တွန်းပို့ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။
သူက လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အသင်းကလည်း သူ့ကို ၂ နှစ်လောက်ကတည်းက စောင့်ကြည့်နေခဲ့တာပါ။ ကျွန်တော်ထင်တာတော့ ပရိသတ်တွေက သူ့ကို အရမ်းသဘောကျကြမှာပါ။” ❤️🔴
Source: via~ []
PhotoCredit
25/08/2026
Manchester United အသင်းဟာ ဘရိုက်တန် ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး Carlos Baleba ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Carlos Baleba ဟာ ယူနိုက်တက်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်ပါတယ်။
Source: OFFICIAL
PhotoCredit
25/08/2026
🚨💣 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 !
Carlos Baleba ရဲ့ Manchester United သို့ ပြောင်းရွှေ့မှုကို ဒီနေ့မှာ တရားဝင်ကြေညာသွားမယ်လို့
သိရှိရပါတယ်! 🔴🔥
Source:[]
PhotoCredit
.
25/08/2026
🚨 BREAKING NEWS
Aston Villa အသင်းဟာ AC Milan အသင်းနဲ့ Rafael Leão ကို ခေါ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ 🦁
ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား Leão ကိုယ်တိုင်ကလည်း အင်္ဂလန်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေပါတယ် လို့ Gianluca Di Marzio က ဖော်ပြထားပါတယ်။ 👀
အခြားတစ်ဖက်မှာတော့ Galatasaray အသင်းကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း Milan ထံ Leão အတွက် ကမ်းလှမ်းမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် Milan အသင်း မျှော်မှန်းထားတဲ့ ပမာဏအထိ မရောက်ရှိသေးတာကြောင့် ကမ်းလှမ်းချက်တွေကို လက်မခံခဲ့ပါဘူး။ 🇹🇷
Source: Gianluca Di Marzio
25/08/2026
🚨𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒
Manchester Unitedအသင်း ဟာ Crystal Palace အသင်းနဲ့ Jean-Philippe Mateta ကို ခေါ်ယူနိုင်ရေးအတွက် အသင်းချင်း တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။
🔴 ဆွေးနွေးမှုတွေကို ဒီမနက်မှာပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
⚽️ Mateta ကိုယ်တိုင်ကလည်း Old Trafford ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို အပြင်းအထန် ဖိအားပေးနေတယ် လို့ သိရပါတယ်။
🤝 လက်ရှိမှာတော့ နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
Source: []
PhotoCredit
24/08/2026
🚨💣𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 📌📌
မန်ချက်စတာယူနိုက်တက်ဟာ Alejandro Balde ကို ခေါ်ယူနိုင်မယ်ဆိုရင် တစ်ရာသီအငှား + အပြီးသတ်ဝယ်ယူခွင့် (Option to Buy) ပါဝင်တဲ့ သဘောတူညီချက်မျိုးနဲ့ ညှိနှိုင်းဖို့ ပိုမိုနှစ်သက်နေတယ်လို့ သိရပါတယ်။
🔴 Balde အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာခွင့်ရရှိပြီး မန်ယူနိုက်တက်ဆီကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိမှသာ အဆိုပါအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
🔵 ဘာစီလိုနာက Balde ရဲ့တန်ဖိုးကို £26–34 သန်းဝန်းကျင် သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Sour: [, ]
PhotoCredit
24/08/2026
🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒:
ယူနိုက်တက်ဘက်က Alejandro Balde အတွက်
ဘာစီလိုနာအသင်းထံ ကမ်းလှမ်းမှုစတင်ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်
ဘာစီလိုနာရဲ့ ဆုံးဖြတ်ချက်နဲ့ ကစားသမားရဲ့
တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်းသိရပါတယ်။
နောက်လာမယ့်နာရီအနည်းငယ်အတွင်း ဒီအပြောင်းအရွှေ့အတွက် အဖြေထွက်မှာကို
စောင့်နေပါတယ်....
Source: [ Mundo Deportivo | Sport Witness ]
PhotoCredit
24/08/2026
Toni Kroos ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝသံသယမရှိပါဘူး—
“Ballon d’Or ဆုကို Khvicha Kvaratskhelia ရသင့်တယ်။” 🌕🇬🇪
“သူက ဒီဆုကို ရနိုင်မယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ လုံးဝသံသယမရှိဘဲ နံပါတ် ၁ ပါပဲ။” ⭐️
“ကမ္ဘာ့ဖလားမှာ အကောင်းဆုံးကစားခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ Messi၊ Jude၊ Mbappé နဲ့ Rodri တို့ဟာ သူတို့ရဲ့ ကလပ်အသင်းတွေအတွက်တော့ ပျမ်းမျှလောက်ပဲ စွမ်းဆောင်နိုင်ခဲ့ကြတယ်။”
“Kvara ကတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေတဲ့ ကလပ်အသင်းကနေ အကောင်းဆုံးကစားသမား ဖြစ်ခဲ့တယ်။” ❤️💙
✨
Kroos အမြင်မှာ Ballon d’Or ကို ဆုံးဖြတ်ရာမှာ ကမ္ဘာ့ဖလားတစ်ခုတည်းမဟုတ်ဘဲ ကလပ်အသင်းအတွက် တစ်ရာသီလုံး စွမ်းဆောင်ရည်ကိုပါ အလေးထားသင့်ပြီး Kvaratskhelia က အဲဒီအချက်မှာ ထိပ်ဆုံးဖြစ်တယ် လို့ ဆိုပါတယ်
Source: FabrizioRomano
PhotoCredit
24/08/2026
အကွက်မြင်လွန်းတဲ့ Enrique အတွက် Ferran Torres ဟာ အကောင်းဆုံး Super Sub?
PSG အသင်းဟာ Rennes အသင်းကို ၂-၀ နဲ့ ဂိုးပြတ်ရှုံးမိမ့်နေခဲ့ပါတယ်။ အဲဒီနောက် Luis Enrique က Ferran Torres ကို လူစားဝင်ကစားစေခဲ့ပြီး၊ ပွဲထဲဝင်လာပြီးနောက် သူ့ရဲ့ PSG ပွဲဦးထွက်ပွဲမှာပဲ ၂ ဂိုးတိတိ သွင်းယူနိုင်ခဲ့ပါတယ်။ 🦈
Ferran Torres လူစားဝင်လာပြီး သူ့ရဲ့ ပွဲဦးထွက်မှာပဲ ၂ ဂိုးသွင်းကာ အသင်းကို ပြန်လည်ကယ်တင်ပေးခဲ့ပါတယ်” 🦈🔥
PhotoCredit