Moung556 Myanmar Agent

Moung556 Myanmar Agent

Share

ဘောလုံးပွဲများကိုအွန်လိုင်းကနေကိုယ်ပိုင်အကောက်ဖစ်ကစားချင်သူများViber09772469468ကို ဆက်သွယ်လို့ရပါပြိ

𝐕𝐢𝐛𝐞𝐫 = 𝟎𝟗 𝟕𝟕𝟐 𝟒𝟔𝟗 𝟒𝟔𝟖
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/oowatoke

20/05/2026

'စောင့်ရကျိုး နပ်ခဲ့သူများ'

၂၀၀၃-၀၄ မှာ ရွှေဖလားဆွတ်ခူးပြီးနောက်ပိုင်း (၂၁)နှစ်သောအချိန်ကာလမှာ အာဆင်နယ်ပရိသတ်ဖြစ်ရတာ ဒဏ်ရာတွေအထပ်ထပ်နဲ့ပါ။

ရာသီတစ်ခုစတင်တိုင်း အမှတ်ပေးချန်ပီယံဆုကို အကြိမ်ကြိမ်အဖန်ဖန်ငံ့လင့်ရင်း အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် (၂၁)ရာသီစလုံး ဆုဖလားနဲ့လွဲချော်ခဲ့ရတယ်။ ဂန်းနားပရိသတ်တွေရဲ့ဘဝဟာ သိမ်ငယ်စရာကောင်းလွန်းခဲ့တယ်။

ပြီးခဲ့တဲ့(၃)ရာသီဆိုရင် ပိုလို့တောင်ဆိုးတယ်။ ရာသီတစ်လျှောက်လုံးနီးပါး ထိပ်ဆုံးကနေလွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ပြီးမှ ရာသီကုန်ခါနီးခြေချော်မှုတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြိုင်ဘက်တွေလက်ထဲ ရင်နာနာနဲ့ထည့်ပေးလိုက်ရလို့ပါပဲ။

ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေဟာ အသင်းကိုစွန့်ပစ်မသွားကြဘူး။ "တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့"ဆိုတဲ့စိတ်ဓါတ်နဲ့ ယုံကြည်ချက်ခိုင်မာစွာ စောင့်မျှော်နေခဲ့ရာ အခုဆိုရင်တော့ သူတို့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့(၃)ရာသီကတည်းက အမှတ်ပေးချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့သင့်တဲ့ဂန်းနားတွေဟာ ဒီရာသီမှာတော့ ပိုမိုတောင့်တင်းကျစ်လျစ်လာတဲ့ခံစစ်နဲ့ game changer လို့ဆိုရမယ့် တည်ကန်ဘောတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာကြောင့် ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန်ကိုင်မြှောက်နိုင်ခဲ့ပါပြီ။

တကယ်တော့ ဒီရာသီဟာ ထူးဆန်းလွန်းပါတယ်။ (၂၁)နှစ်လုံး ဝမ်းနည်းမျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေ ဝမ်းသာမျက်ရည်နဲ့အဆုံးသတ်ခဲ့ရသလို (၂၉)နှစ်ထိ အချစ်ရဲ့လှည့်စားလိမ်ညာမှုတွေကြောင့် ချစ်ရမှာကိုအယုံအကြည်မရှိတော့သူ စာရေးသူ admin လည်း အချစ်စစ်နဲ့တွေ့သွားတဲ့အချိန်ကာလဖြစ်နေလို့ပါပဲ။

ဒါကြောင့်မို့ ၂၀၂၆ ခုနှစ်ဟာ admin နဲ့ အာဆင်နယ်ပရိသတ်တွေ စောင့်ရကျိုးနပ်တဲ့ မင်္ဂလာနှစ်သစ်လို့‌ဆိုရပါမယ်။

crd




20/05/2026

အာဆင်နယ်လူငယ်ကစားသမားလေး မက်ဒေါင်မန်ဟာ အသက် ၁၆ နှစ်နဲ့ ၁၃၉ ရက်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သူက ပရီးမီးယားလိဂ်ဖလား ရယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

Crd




20/05/2026

၂၂ နှစ်ကြာပြီးတဲ့နောက် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရယူနိုင်ခဲ့ပါပြီ။ ဘုန်းမောက်ကွင်းမှာ မန်စီးတီးက သရေသာ ကစားနိုင်ခဲ့တဲ့နောက် အာဆင်နယ်က ချန်ပီယံဖြစ်လာခဲ့တာပါ။ ဒီတခါတော့ အာဆင်နယ်တို့ အမှတ်ပေးဖလားနဲ့ မလွဲချော်တော့ပါဘူး။ စည်သူလွင်ဆိုတဲ့ ဘွဲ့ကိုလည်း ပယ်ဖျက်လိုက်နိုင်ပါပြီ။

မန်စီးတီးပွဲကို အာဆင်နယ်တသင်းလုံးရော၊ ပရိသတ်တွေပါ စောင့်ကြည့်နေခဲ့တာပါ။ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ အားလုံးအောင်ပွဲခံနိုင်ခဲ့ကြပါတယ်။ အာဆင်နယ်ပရိသတ်တွေက အသင်းရဲ့ အိမ်ကွင်းအမ်းမရိတ်စ်အပြင်မှာပါ စုစည်းခဲ့ပြီး ချန်ပီယံဖြစ်လာခဲ့တဲ့အပေါ်မှာ အောင်ပွဲခံခဲ့ပြီး လန်ဒန်ရဲ့ ညဟာ လှပသွားခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်လည်း ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနေခဲ့ပါတယ်။ အာတီတာလက်အောက်မှာ အမှတ်ပေးဖလားကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီအတွက် အာဆင်နယ်တို့ ကြိုးစားခဲ့ရသမျှတွေနဲ့ ထိုက်တန်တဲ့အရာလို့ ဆိုရပါလိမ့်မယ်။ အာဆင်နယ်အတွက်လည်း တကယ်ကို ထိုက်တန်လွန်းတယ်လို့ဆိုရင်း ဂုဏ်ပြုလိုက်ရပါတယ်။

Crd




19/05/2026

ဘယ်သူမှ လှန်လို့မရတဲ့ မော်ရင်ဟို

"ကျနော် ကလပ်အသင်းတော်တော်များများကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အကြောင်းရင်းက
အသင်းစီမံခန့်ခွဲသူတွေ အသင်းပိုင်ရှင်တွေရဲ့
ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ် မလုပ်ချင်လို့ပါ။

ခင်ဗျားတို့ ကျနော့်ကို အလုပ်တစ်ခုအတွက်
ငှားရမ်းတယ်ဆိုရင် ကျနော့်အလုပ်ကို
ကျနော့်ဘာသာ လွတ်လွတ်လပ်လပ်
လုပ်ခွင့်ပေးတာကိုပဲ လိုချင်ပါတယ်။

အကယ်၍ ခင်ဗျားတို့က ဒီအလုပ်ကို ကျနော့်ထက်
ပိုသိတယ်ဆိုရင်လည်း ခင်ဗျားတို့ဘာသာပဲ
လုပ်လိုက်ကြပါ၊ ဂျိုဆေး မော်ရင်ဟို ကို လာမငှားပါနဲ့။

​ကျနော်ကတော့ ကျနော့်ရဲ့ အတွေးအခေါ်၊
ခံယူချက်ကို ပြောင်းလဲမှာ မဟုတ်သလို၊
ကစားသမားက နာမည်ကြီးလား၊ ကလပ်အသင်းကနာမည်ကြီးလားဆိုတာတွေကိုလည်း ဂရုစိုက်မှာ
မဟုတ်ပါဘူး။

ကျနော်တို့အားလုံးဟာ လူသားတွေဖြစ်ပြီး
တန်းတူညီတူ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။
အကယ်၍ ကစားသမားတစ်ယောက်က ကျနော့်စကားကို နားမထောင်ဘူးဆိုရင် သူဟာ ဂျိုဆေး မော်ရင်ဟိုရဲ့
လူစာရင်းမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီတော့ပါဘူး။ ရှင်းရှင်းလေးပါ။ ဒါပါပဲ။

​ဘယ်ကစားသမားမှ အခြားလူတွေထက် ပိုပြီး
မကြီးကျယ်ပါဘူး။ လူတိုင်းက အရေးကြီးပါတယ်၊ ကစားသမားတွေ ဒဏ်ရာရတဲ့အခါ ပြုစုစောင့်ရှောက်ပေးရတဲ့ တခြားဝန်ထမ်းတွေအဆုံး အားလုံးက အရေးပါပါတယ်။ ဒါဟာ ကျနော့်ရဲ့ ခံယူချက်ဖြစ်ပြီး ဒါကို
ဘယ်သူ့အတွက်၊ ဘယ်ကလပ်အသင်းအတွက်မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။”

​အထက်ပါစကားတွေကတော့ မော်ရင်ဟိုပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။

မော်ရင်ဟိုက ဘယ်လောက်ပဲ ကမ္ဘာ့အဆင့် ကစားသမားဖြစ်ပါစေ၊ အသင်းထက် ပိုကြီးတယ်လို့ တွေးတဲ့
‘Ego’ မျိုးကို လုံးဝ လက်မခံတဲ့ မန်နေဂျာပါ။

​အရင်ကလည်း ရီးရဲလ်မှာတုန်းက ခရစ္စတီယာနို
ရော်နယ်ဒို၊ ကာဆီးလက်စ်တို့လို ဂန္ထဝင်တွေနဲ့တောင်
ခံယူချက်ချင်း မတူရင် မညှာတမ်း ထိပ်တိုက်တွေ့ခဲ့တဲ့နည်းပြပဲဖြစ်ပါတယ်။

​ကစားသမားတစ်ယောက်အနေနဲ့ မော်ရင်ဟိုလို
The Special Oneကို သွားပြီး ဆရာလုပ်ဖို့
ဒါမှမဟုတ် အာခံဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်တဲ့
ကိစ္စပါပဲ။

Crd




18/05/2026

အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးဟာ ဥရောပဝင်ခွင့်မရတော့ဖို့ သေချာသလောက်ရှိသွားခဲ့ပေမယ့်လည်း သူတို့မှာ မျှော်လင့်ချက်တော့ ရှိနေပါသေးတယ်။

- ဗီလာက ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး လိဂ်နောက်ဆုံးပွဲမှာ မန်စီးတီးကို ရှုံးခဲ့ရင်
- လီဗာပူးလ်က ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့ရင်
- ဘရိုက်တန်က ယူနိုက်တက်ကို သရေ ဒါမှမဟုတ် အရေးနိမ့်ခဲ့ရင်
- ဘုန်းမောက်က မန်စီးတီးနဲ့ ဖောရက်စ်ကို ရှုံးခဲ့ရင်
- ချယ်လ်ဆီးက စပါးနဲ့ ဆန်းဒါးလန်းကို အနိုင်ရခဲ့မယ်ဆိုရင်

အဲဒါတွေ အားလုံး ဖြစ်လာခဲ့မယ်ဆိုရင် ချယ်လ်ဆီးတို့ ဥရောပဝင်ခွင့်ကို ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Crd




17/05/2026

အယ်လ်နာဆာတို့ ဒုတိယဆုတံဆိပ်ကို လက်ခံရယူချိန်မှာ ရော်နယ်ဒို ပျောက်ကွယ်နေခဲ့ပါတယ်။ အသင်းကို သူ ဦးဆောင်လာရမှာဖြစ်ပေမယ့် နည်းပြဂျော့ဂျီးဆပ်နဲ့ ယာအိုဖိလစ်တို့က ဦးဆောင်ခဲ့ပြီး ဂုတ်ကြီးကို မတွေ့ခဲ့ရပါဘူး။

ဂမ်ဘာအိုဆာကာကို အရေးနိမ့်ပြီးနောက် ကွင်းထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ရော်နယ်ဒိုက ထွက်ခွာသွားခဲ့ပါတယ်။ ဒီနောက်မှာ သူ ဆုပေးပွဲမှာ အသင်းနဲ့ ပူးပေါင်းတာမျိုး မရှိခဲ့တာပါ။ ရှုံးပွဲအတွက် တော်တော်လေး စိတ်ပျက်နေခဲ့ဟန်ရှိပါတယ်။

ရော်နယ်ဒိုဟာ ခြေစွမ်းလည်းမပြနိုင်ခဲ့ပါဘူး။ အယ်လ်နာဆာနဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ သူ့အတွက်က ခဲယဉ်းနေခဲ့ပါတယ်။ အခုတော့ အမှတ်ပေးဖလားကို အရယူဖို့ပဲ လုပ်ရတော့မှာဖြစ်ပြီး ဒါမက်နဲ့ ကစားရမယ့်ပွဲကို အနိုင်ကစားဖို့ သူတို့အတွက် အရမ်းအရေးကြီးနေပါပြီ။ အဲဒီပွဲနိုင်တာနဲ့ အမှတ်ပေးဖလားကို ရတော့မှာပါ။

Crd




17/05/2026

'အသင်းအထက်မှာ ဘယ်သူမှမရှိဘူး'

ရီးယဲလ်မက်ဒရစ်တာဝန်ရှိသူတွေဟာ ကိုင်လီယန်အမ်ဘာပေရဲ့ မကြာသေးမီကအပြုအမူတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမြင့်တက်နေကြတယ်။

မနေ့ညကကစားသမားရဲ့ ပြောကြားချက်တချို့အတွက် အသင်းဥက္ကဋ္ဌဖလော်ရန်တီနိုပီးရက်ဇ်ဟာ အမ်ဘာပေနဲ့မျက်နှာချင်းဆိုင်ဆွေးနွေးဖို့အထိ စီစဉ်နေပါပြီ။ အသင်းဖော်တွေရဲ့စိတ်ထဲမှာလည်း အမ်ဘာပေဟာအဝတ်လဲခန်းရဲ့အဝေး တဖြည်းဖြည်းရှောင်ခွာလာတယ်လို့ ခံစားနေမိကြတယ်။

အမ်ဘာပေရဲ့မလိုလားအပ်တဲ့ အချိုးပြောင်းမှုတွေကြောင့် ကစားဖော်တွေလည်းစိတ်ရှုပ်ရပြီး ဒေါသထွက်နေကြတယ်။ အမ်ဘာပေဟာ ဂျုဒ်ဘယ်လင်ဂမ်ဦးဆောင်တဲ့ ကစားသမားတွေနဲ့မတည့်သလို ဗင်နီစီးယပ်စ်ဂျူနီယာနဲ့လည်း အတွင်းကြိတ်ပြိုင်ဆိုင်နေသူပါ။

သူကနည်းပြဖြစ်သူ အယ်ဗာရိုအာဘီလိုအာကိုလည်း ရောက်မလာခင်ကတည်းကမလေးစားဘဲ လက်ရှိအချိန်ထိလည်း သူတို့နှစ်ဦးကြားဆက်ဆံရေး ဆိုးရွားနေပါတယ်။ အမ်ဘာပေဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားဆိုပေမယ့် ရီးယဲလ်ဘက်ကရှင်းပါတယ်။

တော်ဝင်တွေဟာ "အသင်းအထက်မှာ ဘယ်သူမှမရှိစေရ" ဆိုတဲ့ဆောင်ပုဒ် ကျင့်သုံးနေတဲ့အသင်းပီပီ အဲအချက်နဲ့ပဲ ခရစ္စတီယာနိုရော်နယ်ဒို၊ ဆာဂျီယိုရာမို့စ်တို့ကိုတောင် လက်လွှတ်ခဲ့ဖူးရာ အမ်ဘာပေကိုလည်း အချိုးမပြင်ရင် ဆက်လက်ဆွဲထားစရာအကြောင်းမရှိပါဘူး။

crd




17/05/2026

ဆယ်မီညိုကတော့ မန်စီးတီးကို အက်ဖ်အေဖလား ယူပေးလိုက်ပါတယ်။ သူ့ရဲ့လှပတဲ့ အဆုံးသတ်ကန်ချက်က မန်စီးတီးကို ဖလားရစေခဲ့တာပါ။ ဟာလန်းရဲ့ ပေးပို့မှုကို အကောင်းဆုံး အဆုံးသတ်ခဲ့ပြီး တလုံးတည်းသော အနိုင်ဂိုးပါ ဖြစ်ခဲ့တာပါ။

မန်စီးတီးတို့ ကာရာဘောင်နဲ့ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့ပြီး တဖက်မှာတော့ ချယ်လ်ဆီးက ဖလားလက်မဲ့ဖြစ်သွားခဲ့ပါတယ်။ ဥရောပဝင်ခွင့်အတွက်ပါ တော်တော်လေးစိုးရိမ်သွားရပြီး လာမယ့်ရာသီမှာ ဝင်ကစားခွင့်တောင် ရဖို့ မလွယ်တော့ပါဘူး။

အခွင့်အရေးအသုံးချနိုင်တဲ့အသင်းက အနိုင်ရခဲ့ပြီး ပွဲရလဒ်ကို အပြောင်းအလဲလုပ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုများတဲ့ မန်စီးတီးက အသာစီးရခဲ့တာပါပဲ။

Crd




15/05/2026

ရှယ်ကြမ်းပြသွားတဲ့ မက်ဆီ

မက်ဆီရဲ့ ခြေစွမ်းတွေကတော့ အံ့မခန်းစရာပါပဲ။
အင်တာမီယာမီအသင်းဟာ စင်စင်နတီကို ၃ဂိုးလ်
၅ဂိုးလ်နဲ့နိုင်တဲ့ပွဲမှာ မက်ဆီဟာ ရှယ်ပလန်နဲ့ကြမ်းပြသွားခဲ့ပြီး မအိုသေးကြောင်း ပြသသွားခဲ့ပါတယ်။
ဒီပွဲမှာ မက်ဆီဟာ ဟက်ထရစ်သွင်းယူခဲ့တဲ့အပြင်
ဖန်တီးမူပါပြုလုပ်ပေးသွားခဲ့ပါတယ်။

ဒီဟက်ထရစ်နဲ့ဆိုရင် မက်ဆီရဲ့ဘဝမှာ
ဟက်ထရစ်၆၂ကြိမ်ရရှိသွားပြီဖြစ်ပါတယ်။
ဇရာသာကျလာပေမယ့် ခြေစွမ်းကတော့ ကျမသွားဘဲ
ကောင်းမြဲ ကောင်းနေဆဲဆိုတာ မက်ဆီက
ပြသသွားတာဖြစ်ပါတယ်။

​ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝ မှတ်တမ်းကို
ခမ်းနားစွာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
​ကစားခဲ့သည့်ပွဲပေါင်း-------- ၁၁၅၃ ပွဲ
​သွင်းဂိုလ်း------------ ၉၁၀ ဂိုး
​ဂိုးလ်ဖန်တီးမှု (Assists)-------- ၄၁၁ ကြိမ်
​စုစုပေါင်း ဂိုးလ်ပါဝင်ပတ်သက်မှု------- ၁၃၂၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

​ စင်စင်နတီနဲ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်များ

​ဟက်ထရစ် (၃ ဂိုးလ်) သွင်းယူ
​ဂိုးလ်ဖန်တီးမှု ၁ ကြိမ်
​ဂိုးလ်ကန်သွင်းမှု ၆ ကြိမ်
​ဂိုးလ်ရနိုင်ခြေ အခွင့်အရေး ၄ ကြိမ် ဖန်တီးပေး။


​ဒီစာရင်းဇယားတွေအရ မက်ဆီဟာ အသက်အရွယ်
ရလာပေမဲ့လည်း အသင်းအတွက် အရေးပါတဲ့ ဂိုးလ်
တွေနဲ့ ဖန်တီးမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
Crd




14/05/2026

တန်းဆင်းရမယ့်အရေးကို စိတ်ပူနေခဲ့ရပြီး အသားကုန်ရုန်းကန်ခဲ့ရတဲ့ ဆီဗီလာဟာ ညက ဗီလာရီးရဲလ်ကို ၂-၀ အရှုံးကနေ ၃ ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့လို့ ဥရောပဝင်ခွင့်ကိုပါ မျှော်လင့်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါပြီ။ အဆင့် ၁၀ နေရာအထိ ဆီဗီလာက တက်သွားခဲ့ကာ လက်ကျန် ၂ပွဲစလုံးကို အနိုင်ရခဲ့မယ်ဆိုရင် ဆအင့် ၇ ကိုပါ မျှော်လင့်နိုင်မယ့် အနေအထားဖြစ်လာပါတယ်။

ပွဲစဉ် ၃၄ လောက်အထိ တန်းဆင်းရမယ့် အရေးကို သူတို့ရင်ဆိုင်ခဲ့ရတာပါ။ အခုအခါမှာ သူတို့ကစားသမားဟောင်းကြီး ရာမို့စ်က အသင်းပိုင်ရှင်သစ်ဖြစ်လာပြီး ရလဒ်ကလည်း ကောင်းလာတာမို့ ဆီဗီလာအတွက် ပျော်ရွှင်စရာနေ့ရက်တွေပါပဲ။ လိဂ် ၃ပွဲဆက်တိုက်နိုင်ခဲ့ကာ တန်းမဆင်းရဖို့လည်း သေချာသွားပြီဖြစ်ပါတယ်။

အရေးကြီးတဲ့အချိန်မှာ ဆီဗီလာတို့ အသားကုန်ကစားခဲ့ပြီး နိုင်ပွဲတွေဆက်တိုက်ယူနိုင်ခဲ့တာပါ။ ရာမို့စ်အတွက်လည်း ကောင်းသောလာခြင်းဖြစ်လာခဲ့ပါတယ်။ သူ့အသင်းဟောင်းကို ပြန်လည်ဝယ်ယူပြီး တည်ဆောက်ပေးဖို့ လုပ်ချိန်မှာပဲ အသင်းက ရလဒ်ကောင်းတွေနဲ့ ဆီးကြိုခဲ့တာပါ။

Crd




Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon