Messix Football Prediction

Messix Football Prediction

Share

To Advertise>>> Contact our messenger.

06/07/2026

အီဂျစ်နှင့် မိုဆာလာ ဖန်များ ရုတ်တရက်တိုးပွားလာခြင်းအတွက် မနက်ဖြန်မှာကစားရမယ့် အီဂျစ်အသင်းနဲ့ပွဲစဥ် အတွက် အာဂျင်တီးနားစူပါစတား လီယိုမက်ဆီအကျပ်အတည်းကြုံနေရ။ 😆

06/07/2026

" အာဂျင်တီးနားကမ္ဘာ့ဖလားရတာက သာမန်ပါပဲ ၊ မက်ဆီမတိုင်ခင်ကတည်းက သူတို့ကရနေကျပဲလေ ၊ ဒါကသမန်ပါပဲ ၊ တကယ်လို့သာ ပေါ်တူဂီသာကမ္ဘာ့ဖလားကို အနိုင်ရခဲ့မယ်ဆိုရင် အဲ့တာက ကမ္ဘာကြီးကိုအံ့အားသင့်စေပါလိမ်မယ်"

ရိုလ်နာဒို [ ပီယာစ့်မော်ဂန်နဲ့အင်တာဗျူးမှ ]

06/07/2026

ရိုလ်နာဒိုနဲ့ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာပြီဖြစ်ပါတယ်။ ၁၆သင်းအဆင့်ပွဲစဥ်အဖြစ် စပိန်နဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ပွဲဟာ ပျင်းရိဖွယ်ကောင်းခဲ့ပါတယ်။
ရိုလ်နာဒိုကိုယ်တိုင်လည်း အသင်းအတွက် ထူးခြားတဲ့ စွမ်းဆောင်ရည်မျိုးမပြသနိုင်ခဲ့ပဲ စပိန်ဖက်ကလည်း ဘောလုံးပိုင်ဆိုင်မှု့ကိုသာ အရယူထားပြီး အဝေးကန်ချက်အလွဲတွေကိုပဲ တောက်လျှောက်ပြုလုပ်နေခဲ့တာပါ။

သို့ပေမယ့်လည်း တပွဲလုံးပျင်းရိနေခဲ့တဲ့ ပွဲဟာ နာကျင်အချိန်ပိုအရောက်မှာမှ စပိန်အသင်းရဲ့လူစားဝင်ကစားသမား မာရီနိုရဲ့ သွင်းဂိုးနဲ့ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးကပဲ ပေါ်တူဂီအသင်းကို အိမ်ပြန်ဖို့ လုံလောက်စေခဲ့ပါတယ်။

ပြိုင်ပွဲအပြီးမှာ ရိုလ်နာဒိုဟာ လက်ရွေးစက်ကစားသမားဘဝကနေ အနားယူမှာဖြစ်ပြီး ကမ္ဘာ့ဖလား ၆ကြိမ်ထိ ယှဥ်ပြိုင်ထားတဲ့မှတ်တမ်းနဲ့အတူ ၆ကြိမ်လုံး ဆုဖလားမရခဲ့ ၊ ဗိုလ်လုပွဲမရောက်ခဲ့တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။

06/07/2026

၇ရက် ၇လမှာ ၇ပွဲဖလားကနေ နံပါတ် ၇ ထွက်ခွာပြီ။
၇ ပွဲဖလားလေး ထွက်ရတာ -ိ မို့လို့ ငိုရမှာလားကွာ ၊ မလိုချင်လို့ တပွဲလုံးဘာမှမလုပ်ပြတာ ရှင်းလား ၊ စိတ်ကိုမဝင်စားတာ ဟျောင့်တွေ စိတ်ကိုမဝင်စားတာ ၊ ၇ပွဲ​ဖလားလေးများကွာ ရင်ကိုမခုန်တာ။

06/07/2026

ယနေ့ည ၁နာရီ ၃၀ မှာကစားမယ့် စပိန် ပေါ်တူဂီပွဲကနေ ဘာတွေဖြစ်လာနိုင်လဲ?

ပေါ်တူဂီသာ စပိန်ကိုနိုင်သွားမယ်ဆိုရင် သမိုင်းတလျှောက် ပထမဦးဆုံးကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့အတွက် လက်ကျန်၃ပွဲကို အင်တိုက်အားတိုက် ကစားဖို့ပြင်ဆင်ပါ လိမ့်မယ်။

နောက်တစ်ခုကတော့ အနာဂတ်ဘလွန်ဒေါဆုရှင်ဟာ အဘိုးကြီးရိုလ်နာဒိုကိုတောင် မယှဥ်နိုင်သေးကြေင်း လေမုန်တိုင်းထန်ကြမှာပါ။ အထူးသဖြင့် စပိန်ဟာ ပေါ်တူဂီရဲ့ ငယ်နိုင်အသင်းအဖြစ် လေတိုက်ခံမှာဖြစ်ပါတယ်။

တစ်ကယ်လို့သာ စပိန်ကအနိုင်ရပြီး ကွာတားဖိုင်နယ်တက်ခဲ့မယ်ဆိုရင် ပေါ်တူဂီပရိသတ်နဲ့ အသင်းကစားသမားတစ်ချို့ဟာ

နံပါတ် ၁ - မက်ဆီကို ပစ်မှတ်ထားတိုက်ခိုက်ပါမယ်
နံပါတ် ၂ - ယာမဲလ်ကို တိုက်ခိုက်ကြပါမယ်
နံပါတ် ၃ - ဘရူနိုဖာနန်ဒက် အဆဲခံရပါမယ်
နံပါတ် ၄ - ဂျာအိုဖီးလစ်နဲ့ နိဗက်တို့ အဆဲခံရပါမယ်
နံပါတ် ၅ - ကန်ဆယ်လို အဆဲခံရပါမယ်
နံပါတ် ၆ - ကွင်းလယ်ဒိုင်လူကြီးဘက်လိုက်လို့ပါ
နံပတ် ၇ - ဖီဖာမကောင်းလို့ဖြစ်တာလို့ပြောကြမှာဖြစ်ပါတယ်။

06/07/2026

အသင်းကိုထမ်းတင်တယ်ဆိုတာ ဒါမျိုးနော် မှတ်ထားကြ။

06/07/2026

သတင်းထောက် " ခင်ဗျားက ၇ဂိုးနဲ့ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရေပန်းစားတဲ့အထဲမှာပါတယ်နော် ရွှေဖိနပ်ဆုရသွားမယ်ထင်လား ?

ဟာလန်း " လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားက အာဂျင်တီးနားမှာ ကစားနေပြီး သူတို့အသင်းဟာ ပြိုင်ပွဲမှာရှိနေသေးပါတယ်။ မက်ဆီရှိနေသမျှတော့ ဒီဆုကိုကျွန်တော်မမျှော်မှန်းသေးပါဘူး "

06/07/2026

ရွှေဖိနပ်ဆုကတော့ အတော်ကလေးအကြိတ်အနယ်ရှိလာမှာပါ။ လက်ရှိမှာ ဟာလန်းနဲ့ ဘာပေတို့နဲ့အပြိုင် အဘိုးကြီးမက်ဆီကလည်း ၇ ဂိုးသွင်းထားပါတယ်။

06/07/2026

Egypt နဲ့ ကစားဖို့အတွက် အတ္တလန်တာမြို့ကို ထွက်ခွာပါပြီ။

05/07/2026

🎙️ သတင်းထောက် - “မိုဆာလာရေ၊ ရှုံးထွက် (၁၆) သင်းအဆင့်မှာ အီဂျစ်က အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမှာပါ။ လီယို မက်ဆီနဲ့လည်း တွေ့ဆုံကစားရတော့မယ်။ ဒီစိန်ခေါ်မှုအပေါ် ဘယ်လိုမြင်လဲ?”

🚨🗣️ - မိုဆာလာ

“နောက်တစ်ဆင့်မှာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားနဲ့ ရင်ဆိုင်ခွင့်ရတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။”

“မက်ဆီက အသက် (၃၉) နှစ်အရွယ်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်နေဆဲဆိုတာကို သက်သေပြထားပါတယ်။”

“ကျွန်တော်တို့ကတော့ အီဂျစ်အတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ။ ဒါပေမယ့် မက်ဆီလို ဂန္ထဝင်ကစားသမားတစ်ယောက်နဲ့ ကွင်းတစ်ကွင်းတည်းမှာ ကစားခွင့်ရတာက ဘောလုံးသမားတိုင်း တန်ဖိုးထားရတဲ့ အတွေ့အကြုံတစ်ခုလို့ ထင်ပါတယ်။” 🇪🇬🤝🇦🇷

🐐 ပြိုင်ဘက်ဖြစ်ပေမယ့် ဂန္ထဝင်တစ်ဦးအပေါ် ထားရှိတဲ့ လေးစားမှုကို မိုဟာမက် ဆာလာက အခုလို ဖော်ပြခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


44street
Yangon