06/08/2026
Emotions တွေကို သိရှိရာကနေ ထိန်းချုပ်၊ ထိန်းချုပ်ရာကနေ ကိုင်တွယ်၊ ကိုင်တွယ်ရာကနေ ရင့်ကျက်လာတဲ့ အဆင့်ထိရောက်ဖို့ဆိုရင်
၁။ ကိုယ့်ရဲ့ inner signals တွေ၊ patterns တွေကို သိပါ။
၂။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ မပေါက်ကွဲမိအောင်၊ လူကြားထဲ သတိမထားမိဘဲ ကလေးကို အော်မိ၊ အရှက်ခွဲမိတာတွေ မလုပ်မိအောင်၊ လုပ်ငန်းခွင်မှာ ရုတ်တရက် email တွေ မဆင်မခြင်ပို့မိတာ၊ social media ပေါ် မဆင်မခြင် တင်မိလို့ လုပ်ငန်းခွင်မှာ နောင်ပြဿနာတက်တာမျိုးမဖြစ်အောင် PAUSE လုပ်တတ်ရပါမယ်။
Pause လုပ်တယ်ဆိုတာ ခဏလေးကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်တာပါ။ နည်းမျိုးစုံနဲ့ လုပ်ပါ။ တချို့က အသက်ပြင်းပြင်းရှူတာ၊ တချို့က tapping လုပ်တာ (KNOT စာအုပ်မှာလည်း တော်တော်ေလး ရှင်းပြထားပါတယ်။) တချို့က ခဏလေး excuse လုပ်ပြီးထွက်သွားလိုက်တာ၊ ကားပေါ်သွားထိုင်နေတာကစလို့ journal ရေးတာတွေအထိ ပါဝင်ပါတယ်။
၃။ Emotional Boundary ချတတ်ပါစေ။ ကိုယ့်စိတ်ထဲ ထိထိခိုက်ခိုက် ခံစားရတဲ့ အရာအားလုံးကို ကိုယ်က လိုက်ဖြေရှင်းပေးနေရမယ့် တာဝန်မရှိပါဘူး။ ခံစားချက်ကပေးတဲ့ သတင်းအချက်အလက်ကို ယူပြီး လုပ်စရာရှိတာ အကောင်းဆုံးလုပ်ရမှာပါ။
၄။ Social awareness ရှိရပါမယ်။ ဘယ်သူက စကားအနေနဲ့ ထုတ်မပြောပေမဲ့ ခံစားချက်တွေရှိနေလဲ။ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပြီး ဘယ်သူကတော့ မထိန်းနိုင်ဘူးလဲ။ ကိုယ်က leader အနေနဲ့ဆိုရင် ကိုယ့်ရဲ့ productivity သာမက အောက်ကလူတွေရဲ့ productivity ကိုပါ ဟန်ချက်ညီအောင် ကြိုးစားရမှာမို့ group လိုက် ဆက်ဆံရေးတွေနဲ့ လုပ်ဆောင်ချက်တွေ အဆင်ပြေအောင် ငါဘယ်လို ကိုင်တွယ်ရမလဲဆိုတာကိုလည်း တတ်ကျွမ်းဖို့၊ လေ့ကျင့်ဖို့လိုပါတယ်။
ထက်ရည်
21/07/2026
နေ့စဥ်နေ့တိုင်းမှာ ကျွန်မတို့နှုတ်က ထုတ်ပြောနေတဲ့ စကားတွေအပြင် ပါးစပ်က ထုတ်မပြောဘဲ ကျွန်မတို့ အကြောင်း၊ ကျွန်မတို့ ဘယ်လိုလူဆိုတာ သိနိုင်တဲ့ အချက်အလက်တွေအများကြီးရှိပါတယ်။
ကိုယ်ဝတ်တဲ့အဝတ်အစား၊ သုံးတဲ့အရောင်တွေ၊ လက်ဟန်ခြေဟန်၊ မျက်နှာအမူအယာ၊ လမ်းလျှောက်ပုံ၊ လေယူလေသိမ်း၊ စိတ်အဆင်မပြေတဲ့အချိန်မှာ ဘာတွေလုပ်လဲ၊ ကိုယ်မကြိုက်တဲ့အရာ၊ မမျှော်လင့်တဲ့ အခြေအနေ စသဖြင့်ကြုံလာတဲ့အခါ ဘယ်လိုတုန့်ပြန်လဲ စတဲ့ ကိုယ့်အကြောင်းကိုယ် ပြောပြနေတဲ့ အရာတွေ အများကြီးရှိပါတယ်။
ဒါတွေကို သတိထားမိမယ်ဆိုရင် ကိုယ်ဘယ်လို ပုံရိပ် image နဲ့ နာမည်ကောင်း Personal Brand မျိုး တည်ဆောက်ချင်တာလဲ။ ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။ ရေရှည် ကိုယ်ကျင်လည်မဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူ့တွေရဲ့ လေးစားမှုကို လိုချင်တာလဲ စသဖြင့် စဥ်းစားပြီး တည်ဆောက်လို့ရပါတယ်။
ကိုယ်အားနည်းနေတဲ့၊ တိုးတက်ချင်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုခု ရှိနေတယ်ဆိုရင်လည်း အပေါ်မှာ ပြောထားတဲ့ အချက်တွေထဲက တစ်ခုခုကို သုံးပြီး ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲနိုင်ပါတယ်။
ဥပမာ ကိုယ်က အားငယ်တတ်တယ်၊ အားနာတတ်တယ်၊ အမြဲအနိုင်ကျင့် ခံရတတ်တယ်ဆိုရင် ကိုယ့်ရဲ့ authority level ကို မြှင့်တင်ပေးတဲ့ အရောင်တွေကို ဝတ်ဆင်တာ။
(ပြောင်တွေ၊ အသားမာ တောင့်တဲ့အင်္ကျီကို ရွေးချယ်ဝတ်ဆင်တာမျိုး၊ စိတ်ကိုအေးစေတဲ့ အပြာ၊ အစိမ်း၊ cool colors ဘက်သွားတဲ့ အရောင်တွေကို ရွေးချယ်ဝတ်ဆင်တာ၊ အပေါ်ကနေ ဂျက်ကက်တစ်ထပ် ထပ်ဝတ်တာ စသဖြင့်)။
နောက်ပြီး personal boundary set လုပ်တတ်အောင် သင်ယူတာမျိုး၊ ယဥ်ယဥ်ကျေးကျေးလေးနဲ့ နားခံသာလွယ်အောင် No ပြောတတ်ဖို့ သင်ယူတာမျိုးတွေ လုပ်လို့ရပါတယ်။
တစ်ဖက်မှာလည်း ကိုယ်က မျက်နှာကြောမာလို့ဖြစ်စေ၊ မျက်နှာတည်ဆောက်ပုံ၊ မေးရိုးတည်ဆောက်ပုံအရ မာနကြီးတယ် ထင်ကြပြီး ဆက်ဆံရေးမှာ အဆင်မပြေတာ၊ မိတ်ဆွေကောင်း မရှိတာတွေ ဖြစ်နေတယ်ဆိုရင် ချစ်ခင်နှစ်သက်နိုင်စွမ်း likability level ကိုမြှင့်တင်ဖို့လိုပါတယ်။
Warm color ဘက်သွားတဲ့အရောင်တွေ (ကျွန်မ color psychology သင်ရင် အလွယ်တကူ ပြောလေ့ရှိတာက ညနေခင်းနေရောင်ခြည်နားက အရောင်တွေ ဥပမာ - အဝါရောင်၊ ကြက်ဥနှစ်ရောင်၊ လိမ္မော်ရောင်လို နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေတဲ့ အရောင်မျိုးတွေ)
အသားဆိုလည်း ပါးပါးပျော့ပျော့၊ အဆင်အကွက် ပါတာလေးတွေ၊ formal dressing ဝတ်မယ်ဆိုရင် ကုတ်အကျီ အနက်ရောင်၊ ခဲရောင် ရင့်ရင့်၊ အဖြူရောင်စစ်စစ်တွေအစား ခဲရောင်ဖျော့ဖျော့၊ အသားရောင်၊ အဖြူဖျော့ဖျော့စသဖြင့် ရွေးချယ်ဝတ်ဆင်တာ၊
မျက်နှာပေးကို ဖြီးနေတာမျိုး မဟုတ်ဘဲ ချိုသာယဥ်ကျေးတဲ့ ပုံစံလေး ဖြစ်အောင် လေ့ကျင့်ယူတာ (မှန်ရှေ့မှာ လေ့ကျင့်တာမျိုး)၊ သူများစကားပြောတဲ့အခါ ယဥ်ကျေးဖွယ်ရာစွာ နားထောင်ပေးတတ်တာ၊ သူများရဲ့ခံစားချက်တွေကို စာနာပေးတာ စသဖြင့် ပြုလုပ်လို့ရပါတယ်။
ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ကြီးပဲ ကောင်းတယ်ထင်နေပေမဲ့ ကျွန်မတို့ ပြောတဲ့ စကားလုံး Words တွေအပြင် တခြားသော ဘာသာစကား Language တွေနဲ့လည်း ဆက်သွယ်ချိတ်ဆက်နေတာမို့ ကိုယ့်ပုံရိပ်ကို တည်ဆောက်တဲ့အခါ၊ ကိုယ့်ရဲ့ တန်ဖိုးတွေကို ပြတဲ့အခါ၊ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ လူတွေနဲ့ ဆက်သွယ်တဲ့အခါ သတိပြုနိုင်ဖို့ မျှဝေလိုက်ရပါတယ်။
ထက်ရည်
~~~
မိမိရဲ့ စစ်မှန်တဲ့ဖြစ်တည်မှု (Authenticity) နဲ့ ထိရောက်တဲ့ အရှိန်အဝါ (Executive Presence) ကို ဟန်ချက်ညီညီ ပေါင်းစပ်ချင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေအတွက် September မှာဖွင့်မယ့်ဖြစ်တဲ့"Executive Presence Program" for women leaders, business owners and entrepreneurs" In person class မှာလည်း Appearance ကို အသုံးပြုပြီး professional image ကောင်းတစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာကို အသေးစိတ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 2 ရက်တာ Program ပြီးသွားတဲ့အခါ ကိုယ့်ရဲ့ position, ကိုယ်လိုချင်တဲ့ results တွေအပေါ်မူတည်ပြီး လိုအပ်သလို ဘယ်လိုအသုံးပြုမလဲဆိုတာတွေကို ပြည့်ပြည့်စုံစုံ နားလည်သွားမှာ ဖြစ်ပါတယ်။ တက်ရောက်သူတွေအတွက် တကယ့်ကို အကျိုးများမယ့် program ဖြစ်တာမို့ အသေးစိတ်လေးကို message ပို့ပြီးစုံစမ်းနိုင်ပါတယ်။
19/07/2026
"Executive Presence Program" for Women leaders & Business owners
In-person Class
▫️အလုပ်လုပ်နိုင်ပေမဲ့ ကိုယ့်ရဲ့ Leadership & Confidence ကိုပြသဖို့ လိုအပ်နေသူတွေ
▫️Visibility & influence ကို တည်ဆောက်လိုသူတွေ
▫️First impression မှာတင် လေးစားမှုကို ရယူလိုတဲ့သူတွေ
▫️Industry ထဲမှာ ရေရှည် ကောင်းမွန်တဲ့ Image တည်ဆောက်လိုသူတွေအတွက်
ကိုယ့်ရဲ့ Professional Image ကို အဆင့်မြှင့်တင်ပြီး ဩဇာရှိတဲ့ Executive Presence ကို တည်ဆောက်နိုင်မယ့် “Executive Presence Program” ကို In-person အတန်းအဖြစ် ဖွင့်လှစ်လိုက်ပါပြီ။
ဒီ Program ကို ဘယ်သူတွေတက်သင့်ပါသလဲ။
▫️လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုပုံရိပ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်လိုတဲ့ Women Leaders တွေ
▫️ထင်ပေါ်ပြီး ယုံကြည်မှုရှိတဲ့ Public Presence ကို တည်ဆောက်လိုတဲ့ Coaches & Trainers တွေ
▫️ကိုယ့်ရဲ့ Personal Brand ကို ကိုယ်တိုင် ကိုယ်စားပြုပြီး Business Image ကို တည်ဆောက်လိုတဲ့ Business Owners တွေတက်ရောက်သင့်ပါတယ်။
2 Days Program ကနေ ဘာတွေလေ့လာရမလဲ။
▫️Color Psychology for Power & Visibility
အရောင်ရဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကို နားလည်ပြီး ကိုယ့်ရဲ့ Personal, Professional, Career & Digital Brand ကို အားကောင်းစွာ တည်ဆောက်နိုင်မှာပါ။
▫️Signature Executive Styling
ကိုယ့်ရဲ့ အလုပ်အကိုင်၊ ရာထူးနှင့် ကိုယ်ပိုင်ဟန်ကို ကိုယ်စားပြုနိုင်တဲ့ Executive Style, အချိန်တိုင်း ယုံကြည်မှုရှိပြီး Professional ဆန်တဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ဖန်တီးတည်ဆောက်ကြဖို့အတွက် မထက်ရည်ရဲ့ တစ်ဦးချင်း personal guidance ကိုရရှိမှာပါ။ ဒါကြောင့် လူဦးရေ အတော်လေး ကန့်သတ်ထားပါတယ်ရှင်။
▫️Body Structure & Alignment
ကိုယ့်ရဲ့ Body Structure နှင့် အချိုးအစားကို နားလည်လာတဲ့အခါ လိုက်ဖက်တဲ့ အဝတ်အစားပုံစံတွေကို ရွေးချယ်တတ်လာမယ်။ ကိုယ့်ရဲ့ အားသာချက်တွေကို ပိုမိုထင်ရှားစေမယ်။ ယုံကြည်မှုရှိတဲ့ Trusted Appearance ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
▫️Professional Level of Dressing & Etiquettes
လုပ်ငန်းခွင်နဲ့ Executive Level မှာ လိုက်နာသင့်တဲ့ Dress Code နှင့် Professional Etiquette တွေကို လေ့လာသင်ယူရမှာပါ။ အရေးကြီးတဲ့ Meeting တွေ၊ Presentation တွေနဲ့ Networking တွေမှာ ကိုယ်ဖန်တီးလိုတဲ့ ပုံရိပ်ကို တည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။
▫️Facial Shapes, Lines & Pattern
မျက်နှာပုံသဏ္ဍာန်နှင့် Personal Design Elements တွေကို နားလည်သွားမယ်ဆိုရင် Hairstyle၊ Accessories၊ Eyewear နှင့် Neckline တွေကို မှန်ကန်စွာ ရွေးချယ်နိုင်သွားမှာဖြစ်ပါတယ်။
▫️Professional Self-Make Up
လုပ်ငန်းခွင်အတွက် သင့်တော်တဲ့ Natural & Professional Makeup ကို ကိုယ်တိုင် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိုင်စေရန် proessional make-up artist က သင်ကြားပေးမှာ ဖြစ်ပါတယ်။ နေ့စဉ်ရုံးတက်ခြင်း၊ အစည်းအဝေးနှင့် Public Appearance တွေအတွက် သန့်ရှင်းသပ်ရပ်သော Look ကို ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်။
▫️Professional Photoshoot
သင်ယူထားတဲ့ Image & Styling အားလုံးကို လက်တွေ့အသုံးချ၍ Professional Photoshoot လုပ်ကြည့်ရမှာ ဖြစ်ပါတယ်။
LinkedIn၊ Company Profile၊ Speaker Profile နှင့် Personal Branding အတွက် အသုံးပြုနိုင်သော အရည်အသွေးမြင့် Professional Portrait တွေကို ဖန်တီးကြမှာ ဖြစ်ပါတယ်။
မထက်ရည်ရဲ့ ၁၃ နှစ်ကြာ Image & Branding creation experiences တွေကို လူကိုယ်တိုင် စာတွေ့လက်တွေ့ သင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
Program Details
Date: 17th & 18th October 2026
Time: 9:00 AM – 1:00 PM
Venue: Sagawa Meeting Space
ဒီ program ပြီးသွားတဲ့အခါမှာ ကိုယ့်ရဲ့ professional image နဲ့ visibility ကို ကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ဖို့ နည်းစနစ်တွေကို ကိုယ်တိုင်သေချာလေးနားလည်သွားမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် program အသေးစိတ်ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်။ အပြင်အတန်းလေးဖြစ်တာမို့ရော သေချာလေးအသေးစိတ်သွားချင်တာမို့ လူဦးရေအကန့်အသတ်လေးရှိပါမယ်။
✨Alumni Specials
✨Brand You Academy ရဲ့ Alumni တွေအတွက် Special Benefits လေးရှိတာမို့ သင်တန်းအပ်တဲ့ အချိန်မှာ alumni ဖြစ်ကြောင်းလေး ပြောပေးမယ်ဆိုရင် တက်လိုတဲ့ အတန်းလေးကို 5% off ရရှိမှာ ဖြစ်ပါတယ်။
✨Appearance, Dressing & Image Creation Class Alumni တွေက အပြင်အတန်းလေးကို ထပ်ပြီး join လိုတယ်ဆိုရင် အထူး special rate လေးတွေ စီစဥ်ပေးထားပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
Brand You Academy Team
16/07/2026
Brand You Life Mastery Coaching ရဲ့ 'Business Strategy Pathway' ကတော့ Business Owners တွေ၊ Small Businesses Owners တွေ၊ Entrepreneurs တွေအတွက် ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Business ကို သေချာတည်ဆောက်လိုသူတွေအတွက် အခြေခိုင်ခိုင်နဲ့ သေချာတဲ့ result တစ်ခုရဖို့အတွက် တည်ဆောက်ထားတဲ့ framework နဲ့ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
Business owners တွေအနေနဲ့ စတင်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အခြေအနေတစ်ခုရောက်လာတဲ့ အချိန်မှာဖြစ်ဖြစ် ပြန်စဉ်းစားရတာတွေ Redesign ပြန်လုပ်ရတာတွေ ရှိပါတယ်။
- Business က ကိုယ့်ကိုရေရှည်မှာဘယ်လောက်ထိအောင် support ပေးမှာလဲ။
- ကိုယ်သွားနေတဲ့ direction ကမှန်ရဲ့လား၊ ကိုယ်တိုင်နဲ့ကိုယ့်ရဲ့ internal team ကရော ကိုယ့်ရဲ့ business ရဲ့ umbrella အောက်မှာ တစ်ပြိုင်နက်တည်းပါနေရဲ့လား။
စသည်ဖြင့် အများကြီးကို စဥ်းစားရပါတယ်။
ဘယ်အဆင့်မှာမဆို ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ team ကို အကောင်းဆုံးတည်ဆောက်ချင်တဲ့ Business Owners တွေအတွက် 6 လ လုံးမှာ တစ်ဦးချင်း အနီးကပ် System, Structure, Process, Strategy တွေမှာ ဘာတွေလိုအပ်သလိုဆိုတာတွေကို တစ်ခုချင်းစီကို အသေးစိတ် coaching ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Business Nature အပေါ်၊ Owner ရဲ့ Personality အပေါ်မူတည်ပြီး တစ်ဦးချင်း specialized ပြုလုပ်ပေးမယ့် program ပဲဖြစ်ပါတယ်။
ဒီ pathway ကိုရွေးတဲ့သူတွေက Business Brand တစ်ခု၊ Business ကိုအခြေခိုင်စေတဲ့ Strategic Pathway တစ်ခုကိုရလာမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် program အသေးစိတ်ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
07/07/2026
Brand You Life Mastery Coaching ရဲ့ 'Personal Branding Coaching Pathway' ကတော့ Personal Branding & Professional Branding ကို focus ထားလိုသူတွေအတွက် ဖြစ်ပါတယ်။
✨ကိုယ့်ရဲ့ innerself, ကိုယ့်ရဲ့ inner values တွေနဲ့ကိုက်ညီတဲ့ Brand တစ်ခု၊ ရေရှည်ခံတဲ့ နာမည်ကောင်းတစ်ခုကို society ထဲမှာ၊ professional industry ထဲမှာ တည်ဆောက်ချင်တဲ့လူတွေအတွက် ရည်ရွယ်ပါတယ်။
ဒီ pathway အတွက်ကတော့ BRAND U Framework နဲ့ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
Branding ကို ဘယ်ကနေစရမလဲ၊ ဘယ်ကိုသွားချင်တာ၊ ဘယ် strategy သုံးမှာလဲ စတဲ့ အသေးစိတ်တွေကစလို့ တစ်ဦးချင်း coaching ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ (၆) လ တာ ပြီးသွားတဲ့အခါ ကိုယ့်အတွက် Professional Brand ကောင်းကောင်း၊ Personal Brand ကောင်းကောင်းတစ်ခု တည်ဆောက်နိုင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီလိုနာမည်ကောင်းတည်ဆောက်ထားလိုက်ပြီဆိုရင် ကိုယ့်ရဲ့ရေရှည်ဆက်သွားချင်တဲ့ပန်းတိုင်တွေအတွက်ကို အများကြီး အထောက်အကူဖြစ်စေမှာ သေချာပါတယ်။
ကိုယ်က Personal Brand , Professional Brand ကို အချိန်အတိုင်းအတာတစ်ခုထဲမှာ အမြန်ဆုံးနဲ့ တကယ့်ကိုစနစ်အကျဆုံးတည်ဆောက်ချင်တဲ့လူတွေအတွက် ရွေးချယ်သင့်တဲ့ pathway လေးပဲ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်လေးကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
~~~
Coaching Client တစ်ဦးရဲ့ testimonial လေး ဖြစ်ပါတယ်ရှင်။
"ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမှုတွေ လုပ်လိုတာကြောင့် မထက်ရည်နဲ့ Coaching စယူဖြစ်ခဲ့တယ်။ နှစ်ကုန် Reflection လုပ်လိုက်တဲ့အခါ မထက်ရည် ရဲ့ ပံ့ပိုးမှုတွေကြောင့် အများကြီး တိုးတက်ပြောင်းလဲတာ တွေ့ရလို့ တော်တော်လေးပျော်သွားရတယ်။
✨ကိုယ့်ကိုယ်ကိုယ် တိုးတက်ချင်တဲ့စိတ်ကနေ အများကိုပါ တိုးတက်အောင် လုပ်ပေးတဲ့စိတ်ကိုလည်း ပြောင်းလဲလာခဲ့တယ်။
✨Root Causes တွေ ကို တည့်တည့်မတ်မတ် ကြည့်နိုင်အောင်လည်း လုပ်နိုင်ခဲ့တယ်။
✨Leadership Skill တွေ တိုးတက်လာတယ်။
✨Personal Brand Image တစ်ခုကိုလည်း တည်ဆောင်လာနိုင်တယ်။
နောက်ထပ် တိုးတက်ပြောင်းလဲလာတဲ့အချက်တွေ အများကြီးရှိပါသေးတယ်။ မထက်ရည်နဲ့ ဆုံတွေ့ခွင့်ရတာလည်း အရမ်းဝမ်းသာမိပါတယ်။
ကျေးဇူးများကြီးတင်ပါတယ်။"
02/07/2026
Brand You Life Mastery Coaching ရဲ့Destiny & Strategy Pathway က ဘယ်သူတွေအတွက်လဲဆိုရင်
✨Life မှာ Transformation Stage တစ်ခုကို ဖြတ်သန်းနေရသူတွေ
✨စစ်မှန်တဲ့ ကိုယ့်ရဲ့ Life Purpose ကိုပြန်ပြီးရှာဖွေချင်တဲ့သူတွေ
✨Vision ကိုပြန်ပြီးတည်ဆောက်ချင်သူတွေ
✨ကိုယ့်ရဲ့အားသာချက်တွေကိုသုံးပြီးတော့ Life Redesign ပြန်လုပ်ချင်သူတွေ၊ Design စပြီးတော့လုပ်လိုသူတွေ
✨ကိုယ့်အတွက် fullfillment ကိုရှာချင်သူတွေ၊ ကိုယ့်ကို fullfill မဖြစ်အောင်၊ မအောင်မြင်အောင် တားဆီးထားတဲ့ patterns တွေကိုကျော်လွှားလိုသူတွေအတွက် ဖြစ်ပါတယ်။
တစ်လချင်းစီကို Framework နဲ့ အလုပ်လုပ်ရပါမယ်။
ဒီ pathway ကို ရွေးချယ်သူတွေက
✨ကိုယ့်အကြောင်းကိုယ်အများကြီးပိုသိလာမယ်၊ ကိုယ့်ရဲ့ reactions တွေ၊ ကိုယ့်ရဲ့ actions တွေကဘယ်ပေါ်မှာမူတည်နေတာလဲ ဆိုတာပိုသိလာမယ်။
✨ကိုယ်တကယ်လျှောက်ချင်တဲ့ လမ်းကြောင်းနဲ့ ဘဝမှာ တကယ်လိုအပ်တာ ဘာလဲဆိုတာကို ပြတ်ပြတ်သားသား တွေ့မြင်လာရမယ်။
အနီးကပ် တစ်ဦးချင်း coaching ပြုလုပ်ပေးမှာဖြစ်လို့ ဒီ ၆ လပြီးသွားတဲ့အခါမှာ ရှင်းရှင်းလင်းလင်း Confidence ရှိရှိနဲ့ ဘဝလမ်းကြောင်းအသစ်ကို လျှောက်လမ်းလာနိုင်မှာပဲ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်ကို page မှာ message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။
ထက်ရည်
July 2026
~~~
Personal Coaching Client တစ်ဦးရဲ့ ပြောပြထားတာလေး ဖြစ်ပါတယ်ရှင်။
ဘဝမှာလမ်းပျောက်နေတဲ့အချိန် အမထက်ရည်နဲ့တွေ့ရဖို့ဖြစ်လာခဲ့တယ်။အခြားသူတွေဆီကပြန်ကြားရတာ 2025 ဟာသူတို့တော်တော်လေးရုန်းကန်ခဲ့ရတဲ့နှစ်တဲ့လေ။ ညီမတော့ အမနဲ့တူတူဖြတ်သန်းခဲ့ရလို့ 2025 ဟာ blessing တွေနဲ့ပြည့်နေတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။
အမရဲ့စေတနာအပြည့်နဲ့လမ်းညွှန်မှုတွေကြောင့် ညီမဟာကိုယ့်ကိုယ်ကိုပိုသိလာခဲ့ရတယ်။ ကိုယ့်ကိုယ်ဘယ်အရာတွေကပျော်ရွှင်စေတာလဲ၊ ကိုယ့်ရဲ့ boundary တွေဘယ်လိုချရမလဲ၊ ငွေကြေးဘယ်လိုစီမံခန့်ခွဲရမလဲစသဖြင့် အဓိကကစိတ်ထားတတ်လာတာပါပဲ။
အမနဲ့တူတူလျှောက်လှမ်းနေရင်းကနေ ကိုယ်ဟာကိုယ့်ကိုယ်ကိုပြောင်းလဲသွားမှန်းမသိပြောင်းလဲနေခဲ့တာ။ ကိုယ်ကိုယ်တိုင်ကပြောင်းလဲသွားတော့ ကိုယ့်ဘေးကလူတွေနဲ့အရင်ကအဆင်မပြေနေခဲ့တာတွေကလည်းအဆင်ပြေလာခဲ့တယ်။ အမနဲ့ coaching ယူပြီးနောက်ပိုင်း စိတ်ညစ်ကြောတိုပြီး ၊ပိုပျော်တတ်လာ၊ကိုယ့်ကိုယ်ကိုပိုချစ်တတ်လာတာပါပဲ။
အမနဲဲ့ coaching ယူချင်ခဲ့တဲ့ဆန္ဒလေးအမြဲရှိနေခဲ့တာ။ အမနဲ့တွေ့လိုက်ရရင် ငါတော့လမ်းကြောင်းမှန်ပေါ်ရောက်သွားမှာဆိုတဲ့ မျှော်လင့်ချက်လေးပြည့်စေခဲ့ရလို့ အမထက်ရည်ကိုတကယ်ကျေးဇူးတင်ရပါတယ်။ ♥️
29/06/2026
“Mastering Your Life” Webinar
ကိုယ့်ဘဝရဲ့ ဘယ် areas တွေကို master ဖြစ်နေပြီလဲ။ Career, Health, Relationships, Finance, Personal Growth စသည်ဖြင့် ကိုယ့်အတွက် အရေးကြီးတဲ့ နေရာတွေကို အမှတ်ပေးကြည့်ပါ။ ဘယ်နေရာတွေမှာ အဆင်ပြေနေပြီး ဘယ်နေရာတွေမှာ ဂရုစိုက်ဖို့ လိုနေပြီလဲ။
Brand You Academy Webinar Series ရဲ့ July လ အတွက် webinar လေးဖြစ်ပါတယ်။
ဘဝရဲ့ အရေးကြီးတဲ့ Life Areas တွေကို ဟန်ချက်ညီညီနဲ့ စနစ်တကျဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
✨ကိုယ်တကယ်လိုချင်တဲ့ ရလဒ်လည်းရပြီး ကိုယ်လည်းပျော်ရွှင်ရတဲ့ ဘဝကို တည်ဆောက်နိုင်ဖို့ ဘယ်လို strategies တွေနဲ့ သွားမလဲ။
✨ နေ့စဉ်ဆုံးဖြတ်ချက်တွေ၊ အလေ့အကျင့်တွေကို ကိုယ့်ရဲ့ vision နဲ့ ကိုက်ညီအောင် လက်တွေ့ဘယ်လိုစနစ်တကျ တည်ဆောက်မလဲ။
✨အပြောင်းအလဲတွေကြားမှာလည်း လမ်းလွဲမသွားဘဲ လိုချင်တဲ့ results တွေရအောင် အကောင်းဆုံးဘယ်လို navigate လုပ်မလဲ ဆိုတာလေးတွေကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်သူတွေတက်ရောက်သင့်လဲ။
✨ ကိုယ့်ရဲ့ Business သို့မဟုတ် Career နဲ့ Personal Growth ကို ဟန်ချက်ညီညီ တိုးတက်ချင်သူတွေ
✨Clarity ရှိရှိနဲ့ ကိုယ့်ရဲ့ Life ကို စနစ်တကျ တည်ဆောက်ချင်သူတွေ
✨ ကိုယ်တိုင်ကျေနပ်ရတဲ့ ဘဝတစ်ခု တည်ဆောက်ချင်သူတွေအတွက် ရည်ရွယ်ပါတယ်။
Date : 4 July 2026
Time: 7:00 PM
Speaker: Dr. Htet Yie
Zoom ကနေ ပြုလုပ်မှာမို့ limited seat ဖြစ်ပါတယ်ရှင်။ စိတ်၀င်စားသူတွေက Google Form လေးကနေ Zoom Information ရယူနိုင်ပါတယ်။
https://forms.gle/DYqAJuRmAtGQFbJ89
ကျေးဇူးတင်ပါတယ်။
Brand You Academy Team
23/06/2026
Brand You Life Mastery Coaching Program မှာ Model ၃ ခု ရှိပါတယ်။
Personal Branding အတွက်ဆိုရင်
BRAND-U Framework
Business အတွက်ဆိုရင်
BRAND-B Framework
Destiny & Life coaching အတွက်က
DESTIN Framework
ဘယ်လိုပဲရှိရှိ အဓိက အနှစ်က ၂ မျိုးထဲပါ။
အတွင်းမှာ တကယ့် စစ်မှန်တဲ့ ကိုယ့်ရဲ့ values တွေ၊ goals တွေကနေ လုပ်ဆောင်ရမယ်။ အဲဒီအတွက် Innerself ကို ပြန်ကြည့်ရတာတွေရှိမယ်။
အပြင်ပန်းမှာ လူတွေမြင်တဲ့ Outer Results လည်း ရရမယ်။
ဒါက ကြွားဖို့မဟုတ်ဘူး။ ငါတကယ်လုပ်နိုင်တယ်ဆိုတဲ့ ထိထိမိမိ ရလဒ်တစ်ခု ပြနိုင်ဖို့ပဲ။
အဲတော့ ကျွန်မရဲ့ session တွေက နည်းနည်းတော့ Deeper level သွားတယ်။ အပြင်မှာလည်း တကယ်အလုပ်လုပ်ရတယ်။ ပျင်းတာတို့ drama တို့ဆိုတာတော့ ကိုယ်လည်း ရှိတယ်။ ဖြတ်ကျော်ခဲ့ဖူးတာမို့ တတ်နိုင်သလောက်တော့ အကြံဥာဏ်ပေးတာပေါ့လေ။ Transformation ဆိုတာ တကယ် စိတ်နှစ်ပြီး လုပ်ရင် တကယ်ရတယ်ဆိုတာ သိစေချင်တာပါ။
ထက်ရည်
June 2026