Fast Forward

Fast Forward

Share

"It’s not how GOOD you are but how BAD you want it"

Let's Fast Forward ⏩

26/08/2026

⭐ FAST FORWARD STAR SEASON 01 — WEEK 1 ⭐
ကဲ… ပထမဆုံး Season Leaderboard ထွက်လာပါပြီ!🏆🔥

ပထမဆုံးအပတ်မှာတင် Runner 33 ယောက် Point တွေရရှိပြီး Star Season 01 Leaderboard ထဲပါလာကြပါပြီ 👏

👩 Leaderboard ထဲမှာ ပါဝင်နေကြတဲ့ အမျိုးသမီး Runner အားလုံးကိုလည်း အထူးအားပေးပါတယ် - ဆက်ပြေးကြပါ​နော် ❤️

နောက်ထပ် 9 ပတ် ကျန်ပါသေးတယ်…
Leaderboard ကလည်း အပတ်တိုင်း ပြောင်းလဲနိုင်ပါတယ် 👀

🏃‍♂️ ဆက်ပြေးကြမယ်၊ ⭐ Point တွေ ဆက်စုကြမယ်

10 ပတ်အပြီးမှာဘယ်သူက အပေါ်ဆုံးမှာရှိနေမလဲဆက်ပြီး​စောင့်ကြည့်ကြရ​င်း အား​ပေးကြရ​အောင်​နော်

FAST FORWARD STAR SEASON 01
10 Weeks. One Leaderboard.

25/08/2026

🏅 2026 FAST FORWARD RUN CLUB — WEEKLY STARS

Congratulations to our Week 34 Weekly Stars! 🎊👏

🏅 A Fourteen — Distance
🏅 Thiha Soe — Longest Run
🏅 Aung Tun Lin 🇲🇲🏃 — Average Pace

⭐ WEEKLY STARS
(Activities must be set to Everyone on Strava to be visible and counted.)

🏃 Distance - တစ်ပတ်အတွင်း စုစုပေါင်း Distance အများဆုံးပြေးသူ
🛣️ Longest Run - တစ်ပတ်အတွင်း တစ်ကြိမ်တည်း အဝေးဆုံးပြေးသူ
⚡ Average Pace - သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး Average Pace အမြန်ဆုံး Runner
(Average Pace အတွက် တစ်ပတ်အတွင်း အနည်းဆုံး 20 km၊ 3 Runs နှင့် Run တစ်ကြိမ်လျှင် အနည်းဆုံး 5 km ပြေးထားရန်လိုပါတယ်)

📌 Weekly Stars ရဲ့ အသေးစိတ်စည်းကမ်းချက်များကို ဒီမှာကြည့်နိုင်ပါတယ်
Weekly Stars Detailed Rules⁠ - https://www.facebook.com/share/p/1BcGbTCJ6k/

📱 Fast Forward Run Club ကို Strava မှာ Join ထားပြီး Weekly Results တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်
🔗 FFRC Strava Club — https://strava.app.link/h9CYkjpaT5b

Pace ဘယ်လောက်ပဲဖြစ်ဖြစ်၊ Distance ဘယ်လောက်ပဲရှိရှိ - ဆက်ပြေးနေခြင်းက အရေးကြီးဆုံးပါပဲ။
Run more. Have fun. Keep moving forward. ⭐️

24/08/2026

⭐️ Star Season 1 - Week 1/10

ပထမဆုံးအပတ်မှာတင် ​တော်​တော်​လေးကိုဝုန်းထားကြတာ ​တော်​တော်ကြမ်းတယ်​နော် 🏃‍♂️🏃‍♀️ 🔥

မင်မင်တို့ဘက်က​တော့ Star Season ရဲ့ Week 1အတွက် Category ၃ခုလုံးကိုဒီ​နေ့အားလုံးစစ်ပြီးအတည်ပြုလိုက်ပါပြီ 👀

အားလုံးအတွက်မ​ဖော်ပြ​ပေးခင်မှာ ခန့်မှန်းကြည့်ကြ​ပေးပါလား? 🤔
👉 Week 1 မှာ Point ရရှိတဲ့ Runner စုစု​ပေါင်းဘယ်နှစ်​ယောက်ရှိမလဲ?
Comment မှာ ခန့်မှန်းချက်​လေး​တွေ​ရေး​ပေးခဲ့ပါအုန်း...10? 20? 30? 40+?

FAST FORWARD STAR SEASON 01
10 Weeks. One Leaderboard.

23/08/2026

WORLD RECORD ‼️

"Yomif Kejelcha"

New Half-Marathon record - 56:51 min 🥇

Avg Pace 2:41min/km 😱

BACK WITH KEJELCHA 🫨

Former world record-holder Yomif Kejelcha reclaims the half marathon world record* from Jacob Kiplimo, clocking 56:51* in Buenos Aires 💪

That’s 29 seconds off the previous mark 💥

World record flash 🔗 bit.ly/4xiWcNZ

*Pending ratification procedures

19/08/2026

2026 Fast Forward Run Club Weekly Stars🏅

Congratulations to the weekly stars of Week 33 🎊

🏅A Fourteen (Distance)
🏅Rrosta Navarous (Longest Run)
🏅Merci Merci Merci (Avg Pace)

STARS🏅(Activity များ public visible ဖြစ်​အောင် Everyone လုပ်ထားဖို့လိုပါတယ်)
1. Distance - တစ်ပတ်လုံးစုစုပေါင်းပြေးထားတဲ့ ကီလိုအများဆုံးပြေးထားသူ
2. Longest Run - တစ်ပတ်ပြေးထားတဲ့အထဲက အဝေးဆုံးပြေးထားသူ
3. Average Pace - တစ်ပတ်ပြေးထားသမျှရဲ့ ပျမ်းမျှ pace အမြန်ဆုံးသူ
*(သတ်မှတ်ချက်ကတော့ တစ်ပတ်ကီလိုအနည်းဆုံး 20km၊ အပြေးအနည်းဆုံး 3 Run (၃ကြိမ်)၊ တစ်ကြိမ်မှာ အနည်းဆုံး 5km ပြေးထားမှသာ Avg Pace Star ရမှာပါ)

Strava မှာလည်း Join ထားပြီး Result ကိုကြည့်နိုင်ပါတယ်

TFF Strava club link -
https://www.strava.com/clubs/972356

Fast Forward 15/08/2026

⭐️ FAST FORWARD “STAR SEASON 0️⃣1️⃣” ⭐️

10 Weeks. One Leaderboard.

Fast Forward ရဲ့Weekly Star အစီအစဉ်လေးကို စတင်ခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါးရှိလာခဲ့ပါပြီ....အပတ်စဉ် Star ရရှိနေကြတဲ့ Runner တွေကိုလည်း အမြဲတွေ့မြင်နေရတာ အားရစရာကောင်းပါတယ် ❤️

ဒါကြောင့် ပုံမှန်ပြေးနေကြတဲ့ အပြေးသမားအပေါင်းတို့အတွက်Weekly Star အစီအစဉ်ပေါ်မှာ ထပ်တိုးပြီး ၁၀ ပတ်တာ Season တစ်ခုအနေနဲ့ ပုံစံအသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်

🗓17 August – 25 October 2026 (10 Weeks)

အပတ်စဉ်အနေနဲ့ အရင်အတိုင်း Category ၃ ခုအတွက် Star တွေ ဆက်ရှိနေမှာပါ....စည်းကမ်းချက်တွေကလည်း အရင်အတိုင်းပဲ ဖြစ်ပါတယ် (Weekly Star အ​ကြောင်း post - https://www.facebook.com/share/p/191Dgf6LQi/)

🏃‍♂️ Distance
🛣 Longest Run
⚡️ Average Pace

⭐️ Points ပေးမယ့်ပုံစံ
🏅Weekly Star ရရှိသူ ➡️3 Points
🥈–15thTop 15 ➡️1 Point
ဥပမာ — Runner A က Category တစ်ခုမှာ Star ရပြီး၊ ကျန် Category ၂ ခုမှာ Top 15 ဝင်ခဲ့ရင်တစ်ပတ်အတွင်း စုစုပေါင်း 5 Pointsရရှိမှာဖြစ်ပါတယ်

၁၀ ပတ်အတွင်း ရရှိတဲ့ Points တွေကို စုပေါင်းပြီးFast Forward Star Season Leaderboardကို အပတ်စဉ် Update လုပ်ပေးသွားမှာပါ

Season Leaderboard မှာတော့Point ရရှိထားတဲ့ Runner တွေထဲက Top 20ကိုသာ အပတ်စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

🏆 Season အပြီးမှာ
Point အများဆုံးရရှိသူများထဲမှ —
🥇 #1 — Season Champion
🥈 #2 — Runner-up
🥉 #3 — 3rd Place
⭐️ #4– #10 — Fast Forward Recognition Gift
♀️Highest-ranked Female — Special Women’s Award
Tie-breaker:Point အမှတ်တူနေပါက
1️⃣ Star ရရှိသည့်အကြိမ်အရေအတွက်
2️⃣ Top 15 ဝင်သည့်အကြိမ်အရေအတွက်
3️⃣ Top 3 ဝင်သည့်အကြိမ်အရေအတွက်
တို့ဖြင့် အဆင့်သတ်မှတ်ပေးသွားပါမယ်

📌 ပါဝင်ဖို့ ဘာမှ Register လုပ်စရာမလိုပါဘူး
Strava မှာ Fast Forward Run Club ကို Join ထားပြီး၊ ကိုယ့်ရဲ့ Running Activities တွေကို “Everyone” အနေနဲ့ Public ပြုလုပ်ထားရုံပါပဲ
🔑FFRC Strava: https://strava.app.link/Ssr4A1MiC5b

Fast Forward Page ကိုလည်းLike & Followလုပ်ထားမယ်ဆိုရင် Weekly Stars နဲ့ Season Leaderboard Update တွေကို မလွတ်တော့ဘူးပေါ့ 😉

ပြေးနေဖို့တော့ လိုတယ်နော်! 😁🏃‍♂️

🎁ဆုလက်ဆောင်တွေကိုတော့ Week 3 အပြီးမှာ ကြေညာပေးသွားပါမယ်....Fast Forward ရဲ့ ရည်ရွယ်ချက်က ပြိုင်ဆိုင်မှုထက်Running Community ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ပြေးဖြစ်အောင် အားပေးပေးဖို့ဖြစ်တာကြောင့် ဆု​ကြေး​တွေမဟုတ်ပဲ၊ အမှတ်တရလက်ဆောင်လေးတွေအနေနဲ့ပဲ စီစဉ်ပေးသွားမှာပါ (Collaboration ပြုလုပ်ချင်တဲ့ မိတ်ဖက်တွေ ပါဝင်လာခဲ့ရင်တော့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ Prize Package လေးတွေ ဖြစ်လာနိုင်ပါတယ်😁)

ကိုယ်ပြေးတဲ့ Pace ဘယ်လောက်ပဲဖြစ်ဖြစ်၊ Mileage ဘယ်လောက်ပဲရှိရှိ - အရေးကြီးတာက ပုံမှန်ပြေးဖြစ်ပြီး ဆက်လက်ကြိုးစားနေဖို့ပါပဲ

အတူတူပြေးကြမယ်။ Point တွေစုကြမယ်။ ပျော်ကြမယ်။

FAST FORWARD STAR SEASON 0️⃣1️⃣

🙏အပြေးဝါသနာရှင်တိုင်း ပါဝင်နိုင်အောင် ဒီ Post လေးကို Share ပေးပြီး သတင်းစကားလေး ဖြန့်ပေးကြပါဦးနော်

Fast Forward

14/08/2026

⭐️ FAST FORWARD WEEKLY STARS ⭐️

Weekly Stars ဆိုတာဘာလဲ? 🏃‍♂️

Fast Forward ရဲ့Weekly Stars အစီအစဉ်လေးကို စတင်ခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါးရှိလာခဲ့ပါပြီ

Fast Forward Run Club မှာ ပြေးနေကြတဲ့ Runner တွေရဲ့ အပတ်စဉ် Running Activities တွေကို Strava ကနေ စုစည်းပြီး Category ၃ ခုမှာ အကောင်းဆုံး Runner တွေကို Weekly Star အဖြစ် ရွေးချယ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်

အပတ်တိုင်းမှာ -
🏃‍♂️Distance Star
တစ်ပတ်အတွင်း စုစုပေါင်း Distance အများဆုံးပြေးသူ
🛣️Longest Run Star
တစ်ကြိမ်တည်းမှာ Distance အရှည်ဆုံး ပြေးသူ
⚡️Average Pace Star
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီပြီး Average Pace အမြန်ဆုံး Runner

📌 Weekly Stars မှာ ပါဝင်ဖို့
1️⃣ Fast Forward Run Club (FFRC) ကို Strava မှာ Join ထားရပါမယ်
FFRC ကအခမဲ့ Join လို့ရပါတယ်
2️⃣ Running Activities တွေကို “Everyone” အနေနဲ့ Public ပြုလုပ်ထားရပါမယ်
ဒါမှ Fast Forward အနေနဲ့ Activity တွေကို စစ်ဆေးပြီး Leaderboard ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်
❤️ Heart Rate Data ကိုလည်း ရနိုင်သလောက် Public ပြထားပေးပါ
👉 Route / Map နဲ့ Running Power တွေကိုတော့Public ပြထားဖို့ မလိုပါဘူး

🏃 ဘယ်လို Run မျိုးတွေ ပါဝင်နိုင်လဲ?
အားလုံးပါဝင်နိုင်ပါတယ်
🛣️ Road Run
🌲 Trail Run
🏟️ Track Run
🏠 Treadmill Run
Training Run ဖြစ်ဖြစ်၊ Race ဖြစ်ဖြစ်Running Activity အားလုံး ပါဝင်နိုင်ပါတယ်

🤝 Fair Play
Fast Forward Weekly Stars ကအချင်းချင်း အားပေးရင်း ပျော်ပျော်ရွှင်ရွှင် ယှဉ်ပြိုင်ကြဖို့ဖြစ်ပါတယ်
ဒါကြောင့်
🚫 စက်ဘီးစီးနေစဉ်၊ ကား/ဆိုင်ကယ် သို့မဟုတ် အခြား Motor Vehicle ပေါ်မှာ ရှိနေစဉ် Run အဖြစ် Record မလုပ်ကြပါနဲ့
🚫 ကိုယ့်ရဲ့ Running Record တွေကို ရည်ရွယ်ချက်ရှိရှိ Manipulate / Cheat မလုပ်ကြပါနဲ့
⌚️ Run ပြီးတဲ့နောက် Watch ကို Stop လုပ်ဖို့ မေ့သွားပြီး ဆက်ပြီး Record ဖြစ်နေတဲ့အခြေအနေမျိုးမှာ Vehicle နဲ့ ဆက်လက်သွားလာထားတာကို Strava မှာ ရှင်းလင်းစွာ တွေ့ရပါက အဆိုပါ Activity ကိုFlag လုပ်ပြီး Leaderboard မှာ ထည့်သွင်းတွက်ချက်မည်မဟုတ်ပါဘူး
Fast Forward Weekly Stars က Runner အချင်းချင်း ယုံကြည်မှုနဲ့ Fair Play ပေါ်မှာ အခြေခံထားတာပါ ❤️

📅 Weekly Schedule
တစ်ပတ်တာက Monday – Sundayဖြစ်ပါတယ်။
Strava မှာ ပြထားတဲ့ Activity Date/Time အတိုင်း သက်ဆိုင်ရာ Week ထဲမှာ ထည့်သွင်းတွက်ချက်ပေးမှာဖြစ်ပြီး...
📊Wednesday / Thursdayမှာ Weekly Stars နဲ့ Leaderboard ကို ထုတ်ပြန်ပေးသွားတာဖြစ်ပါတယ်...
Duplicate Activity တွေ၊ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားတဲ့ Activity တွေ၊ Running အစစ်အမှန်မဟုတ်ဘဲ မသေချာတဲ့ Activity တွေကို လိုအပ်ပါက Leaderboard မှာ ထည့်သွင်းတွက်ချက်ပေးမှာ မဟုတ်ပါဘူး

⚡️ Average Pace Star အတွက်
ဒီ Category မှာတော့ —
• တစ်ပတ်အတွင်းအနည်းဆုံး 3 ကြိမ်Run ရပါမယ်
• Run တစ်ကြိမ်စီအနည်းဆုံး 5 kmရှိရပါမယ်
• တစ်ပတ်စုစုပေါင်းအနည်းဆုံး 20 kmရှိရပါမယ်
ဒီစည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ Runner တွေအထဲကAverage Pace အမြန်ဆုံး Runnerကို Average Pace Star အဖြစ် ရွေးချယ်ပေးမှာပါ⚡️

Fast Forward Weekly Stars ရဲ့ ရည်ရွယ်ချက်ကဘယ်သူအမြန်ဆုံးလဲဆိုတာပြဖို့သက်သက်မဟုတ်ပါဘူး....
ကိုယ်တတ်နိုင်သလောက် ပုံမှန်ပြေးဖြစ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် အားပေးဖို့နဲ့ Running ကို Lifestyle တစ်ခုအနေနဲ့ ဆက်လက်ရှင်သန်စေဖို့ဖြစ်ပါတယ်။ ❤️

ဒါကြောင့် Pace ဘယ်လောက်ပဲဖြစ်ဖြစ်၊ Distance ဘယ်လောက်ပဲရှိရှိ— Keep Running. Keep Moving Forward.

​နောက်ထပ်အ​နေနဲ့ Weekly Stars အစီစဥ်ကိုအ​ခြေပြုပြီး ​ပိုစိတ်ဝင်စားစရာ​ကောင်း​အောင် FF Team က ကြိုးစားထားပါတယ်...မနက်ဖန်ကျရင် ပုံအသစ်​လေးတစ်ခုကိုမိတ်ဆက်​ပေးသွားမှာပါ

⭐️FAST FORWARD STAR SEASON 0️⃣1️⃣⭐️
10 Weeks. One Leaderboard

Stay tuned.......

13/08/2026

2026 Fast Forward Run Club Weekly Stars🏅

Congratulations to the weekly stars of Week 32 🎊

🏅A Fourteen (Distance)
🏅Rrosta Navarous (Longest Run)
🏅🇲🇲ℓωιи к๏🏃🏻🚴(Avg Pace)

STARS🏅(Activity များ public visible ဖြစ်​အောင် Everyone လုပ်ထားဖို့လိုပါတယ်)
1. Distance - တစ်ပတ်လုံးစုစုပေါင်းပြေးထားတဲ့ ကီလိုအများဆုံးပြေးထားသူ
2. Longest Run - တစ်ပတ်ပြေးထားတဲ့အထဲက အဝေးဆုံးပြေးထားသူ
3. Average Pace - တစ်ပတ်ပြေးထားသမျှရဲ့ ပျမ်းမျှ pace အမြန်ဆုံးသူ
*(သတ်မှတ်ချက်ကတော့ တစ်ပတ်ကီလိုအနည်းဆုံး 20km၊ အပြေးအနည်းဆုံး 3 Run (၃ကြိမ်)၊ တစ်ကြိမ်မှာ အနည်းဆုံး 5km ပြေးထားမှသာ Avg Pace Star ရမှာပါ)

Strava မှာလည်း Join ထားပြီး Result ကိုကြည့်နိုင်ပါတယ်

TFF Strava club link -
https://www.strava.com/clubs/972356

05/08/2026

2026 Fast Forward Run Club Weekly Stars🏅

Congratulations to the weekly stars of Week 31 🎊

🏅Thiha Soe (Distance)
🏅Thiha Soe (Longest Run)
🏅Aung Tun Lin (Avg Pace)

STARS🏅(Activity များ public visible ဖြစ်​အောင် Everyone လုပ်ထားဖို့လိုပါတယ်)
1. Distance - တစ်ပတ်လုံးစုစုပေါင်းပြေးထားတဲ့ ကီလိုအများဆုံးပြေးထားသူ
2. Longest Run - တစ်ပတ်ပြေးထားတဲ့အထဲက အဝေးဆုံးပြေးထားသူ
3. Average Pace - တစ်ပတ်ပြေးထားသမျှရဲ့ ပျမ်းမျှ pace အမြန်ဆုံးသူ
*(သတ်မှတ်ချက်ကတော့ တစ်ပတ်ကီလိုအနည်းဆုံး 20km၊ အပြေးအနည်းဆုံး 3 Run (၃ကြိမ်)၊ တစ်ကြိမ်မှာ အနည်းဆုံး 5km ပြေးထားမှသာ Avg Pace Star ရမှာပါ)

Strava မှာလည်း Join ထားပြီး Result ကိုကြည့်နိုင်ပါတယ်

TFF Strava club link -
https://www.strava.com/clubs/972356

31/07/2026

2026 Fast Forward Run Club Weekly Stars🏅

Congratulations to the weekly stars of Week 30 🎊

🏅A Fourteen (Distance)
🏅Thiha Soe (Longest Run)
🏅Chun Lian Avg Pace)

STARS🏅(Activity များ public visible ဖြစ်​အောင် Everyone လုပ်ထားဖို့လိုပါတယ်)
1. Distance - တစ်ပတ်လုံးစုစုပေါင်းပြေးထားတဲ့ ကီလိုအများဆုံးပြေးထားသူ
2. Longest Run - တစ်ပတ်ပြေးထားတဲ့အထဲက အဝေးဆုံးပြေးထားသူ
3. Average Pace - တစ်ပတ်ပြေးထားသမျှရဲ့ ပျမ်းမျှ pace အမြန်ဆုံးသူ
*(သတ်မှတ်ချက်ကတော့ တစ်ပတ်ကီလိုအနည်းဆုံး 20km၊ အပြေးအနည်းဆုံး 3 Run (၃ကြိမ်)၊ တစ်ကြိမ်မှာ အနည်းဆုံး 5km ပြေးထားမှသာ Avg Pace Star ရမှာပါ)

Strava မှာလည်း Join ထားပြီး Result ကိုကြည့်နိုင်ပါတယ်

TFF Strava club link -
https://www.strava.com/clubs/972356

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00