လွယ်ကူနေတဲ့အရာတွေကို နေ့စဉ်လုပ်ဆောင်နေရင် အနာဂတ်မှာ ခက်ခဲတဲ့ အရာတွေကို လုပ်ဆောင်နေရမှာပါ...
ငယ်တုန်း လုပ်ကိုင်နိုင်တုန်းမှာ ကြိုးစားပြီး လုပ်ဆောင်မနေရင် အသက်ကြီးတော့မှ ပင်ပန်းတဲ့ဒဏ်ကို ခံစားနေရမှာပါ...
အရာရာတိုင်းကို သေချာစဉ်းစားပြီး ရွေးချယ်လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်..
သင့်ရွေးချယ်လုပ်ကိုင်မှုတွေက သင့်အနာဂတ်ကို တည်ဆောက်ပေးနေတာပါ...
Nyein Ko Min - Marketing & Business Coach
Your Thinking Partner
လူတိုင်းက ခက်ခဲတယ်ဆိုတဲ့အရာကို ပြောတတ်တယ်။
ဒီတိုင်းငြီးတတ်တယ်။
- ဒါပေမဲ့ အဲဒီခက်ခဲတဲ့အရာထဲမှာမှ ငါ ဘာလုပ်လို့ရမလဲ?
- ငါဘယ်လိုရအောင်ကြိုးစားမလဲ ?
- ငါဘယ်လိုကြိုးစားလုပ်ဆောင်ပြီး ငါလိုချင်တဲ့အိမ်မက်ကို ရောက်အောင်သွားမလဲဆိုတဲ့ စဉ်းစားပုံ၊ စဉ်းစားနည်းကို စဉ်းစားတဲ့လူကတော့ အရမ်း အရမ်းကိုရှားပါတယ်။
အခက်ခဲဆိုတာကတော့ လူတိုင်းမှာရှိမှာပဲ။
အဲဒါကိုသင့်အနေနဲ့ကျော်လွှားမှာလား?
စိတ်ဆင်းရဲပြီး နေနေမှာလား?
ကြိုက်တဲ့အရာကို သင့်အနေနဲ့ ရွေးချယ်ပိုင်ခွင်ရှိပါတယ်။
လူတိုင်းလုပ်နိုင်တဲ့အရာကိုပဲလုပ်မှာလား?
လူတိုင်းမလုပ်နိုင်တဲ့အရာကိုလုပ်နိုင်မလား?
အရာရာတိုင်းက သင့်ရွေးချယ်မှုပေါ်မှာပါပဲ။
အောင်မြင်မှုဆိုတာကတော့ ခံနိုင်ရည်ရှိတဲ့ လူတွေမှာပဲ ရရှိတာပါ..
ကျွန်တော်တို့ ဘဝတွေမှာ အခက်အခဲတွေ ကြုံနေပြီဆိုရင် ကျွန်တော်တို့ အရေးအကြီးဆုံး ဘာလုပ်ရမလဲဆိုတဲ့အရာကို သိဖို့ဆိုရင် တခြားထူးထူးခြားခြားအရာတွေ ကျွန်တော်တို့အနေနဲ့ ပိုင်ဆိုင်နေဖို့မလိုဘူးပေါ့နော်။
ဦးနှောက်အဉာဏ်အရမ်းကောင်းရမယ်တို့၊ တခြားနောက်ပြီးကျရင် ခန္ဓာကိုယ်အရမ်းကြံ့ခိုင်ရမယ်။
အဲဒီလိုမျိုးအရာတွေထက်ဆိုင်ရင် ကျွန်တော်တို့အနေနဲ့ ဘာကိုသေချာသိဖို့လိုမလဲဆိုရင် ဒီအခက်အခဲကနေ ဘာလုပ်ရမလဲဆိုတဲ့ ရိုးရိုးရှင်းရှင်းအချက်ကလေးတွေကိုပဲ ကျွန်တော်တို့သိရှိဖို့လိုအပ်ပါတယ်။
အဲဒီအခါမျိုး ကျွန်တော်တို့သိတဲ့အခါမျိုးကျရင် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းရမလဲ။
ကျွန်တော်တို့အနေနဲ့ ဘယ်လိုပိုကောင်းအောင်သွားရမလဲဆိုတဲ့ အချက်တွေကိုသိသွားမှာဖြစ်တဲ့အတွက်ကြောင့် ဒါက ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။
အဲဒီတော့ သင့် ဘဝမှာ အခက်အခဲတွေရှိနေတယ်ဆိုရင် အဲဒီအခက်အခဲကိုဖြေရှင်းဖို့ ကျွန်တော်တို့ အရေးကြီးဆုံးကတော့ ဘာလုပ်ရမလဲဆိုတဲ့ ရိုးရိုးရှင်းရှင်း အချက်လေးတွေကိုပဲသင် ရှာဖွေဖို့ပဲ လိုအပ်ပါတယ်။
လေ့လာနေရုံနဲ့ မတိုးတက်နိုင်ပါဘူး။
ဖတ်ထားတဲ့စာအုပ်တွေ၊
တက်ထားတဲ့သင်တန်းတွေ၊
နားထောင်ထားတဲ့အကြံဉာဏ်တွေက—
လက်တွေ့အသုံးမချမချင်း အသိပညာအဖြစ်ပဲ ကျန်နေပါလိမ့်မယ်။
တိုးတက်ချင်ရင်—
သင်ယူပါ။
အသုံးချပါ။
အမှားတွေ့ရင် ပြင်ပါ။
ပြီးရင် ထပ်လုပ်ပါ။
အကုန်လုံးသိအောင် စောင့်နေဖို့ မလိုပါဘူး။
သိထားတာတစ်ခုကို ဒီနေ့ကစပြီး လက်တွေ့လုပ်ကြည့်ပါ။
အသိပညာက လမ်းကိုပြပေးနိုင်ပါတယ်။
ဒါပေမယ့် လုပ်ဆောင်မှုကသာ ကိုယ်သွားချင်တဲ့နေရာကို ရောက်အောင် ခေါ်ဆောင်ပေးနိုင်ပါတယ်။
လုပ်ငန်းရှင်တစ်ယောက် ရှုံးနိမ့်တာက မသိလို့တစ်ခုတည်း မဟုတ်ပါဘူး။
“ငါသိပြီးပြီ” လို့ထင်ပြီး ဆက်မလေ့လာတော့တာကလည်း အန္တရာယ်အကြီးဆုံး အကြောင်းရင်းတစ်ခုထဲပါပါတယ်...
လုပ်ငန်းအတွေ့အကြုံတွေက ကျွန်တော့်ကို အရေးကြီးတဲ့ အချက်တစ်ချက် သင်ပေးခဲ့ပါတယ်။
လုပ်ငန်းတစ်ခုကို စတင်နိုင်ဖို့ လုပ်ရဲတဲ့ သတ္တိလိုပေမယ့် ဆက်လက်တိုးတက်နိုင်ဖို့ကတော့ လေ့လာမှု အားကောင်းဖို့ လိုပါတယ်။
စျေးကွက်က အမြဲပြောင်းလဲနေတယ်။
ဖောက်သည်တွေရဲ့ အကြိုက်ကလည်း ပြောင်းလဲနေတယ်။
နည်းပညာနဲ့ ပြိုင်ဘက်တွေလည်း တိုးတက်ပြောင်းလဲနေပါတယ်။
ကိုယ်တစ်ယောက်တည်း လိုက်မပြောင်းလဲဘဲ ရပ်နေရင်
ကိုယ်က နောက်ဆုတ်နေတာ မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။
တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်က အရှိန်အဟုန်နဲ့ ရှေ့ကိုရွေ့နေတဲ့အတွက် ကိုယ်က တဖြည်းဖြည်း နောက်ကျကျန်နေခဲ့တာပါ။
CEO/MD ဖြစ်လာပြီဆိုတာ လေ့လာမှု ပြီးဆုံးသွားပြီလို့ မဆိုလိုပါဘူး။
ပိုကြီးတဲ့တာဝန်ရှိလာတာဖြစ်တဲ့အတွက်လ ပိုပြီးလေ့လာဖို့ လိုတယ်ဆိုတာကိုပြောပြတာပါ။
ဖောက်သည်တွေကို နားလည်ဖို့ လေ့လာရမယ်။
ဝန်ထမ်းတွေကို ကောင်းကောင်းဦးဆောင်နိုင်ဖို့ လေ့လာရမယ်။
ငွေကြေးနဲ့ စနစ်တွေကို စီမံခန့်ခွဲနိုင်ဖို့ လေ့လာရမယ်။
ပြောင်းလဲနေတဲ့စျေးကွက်ထဲမှာ အခွင့်အရေးအသစ်တွေကို မြင်နိုင်ဖို့လည်း လေ့လာရပါမယ်။
ဒါပေမယ့် စာအုပ်တွေဖတ်ပြီး သိထားရုံနဲ့တော့ မလုံလောက်ပါဘူး။
လေ့လာပြီးရင် လက်တွေ့စမ်းသပ်ပါ။
အလုပ်မဖြစ်ရင် အကြောင်းရင်းကို ဆန်းစစ်ပါ။
လိုအပ်တာကို ပြင်ဆင်ပြီး ထပ်မံစမ်းသပ်ပါ။
တိုးတက်မှုဆိုတာ အားလုံးကို သိထားခြင်းမဟုတ်ပါဘူး။
မသိသေးတာကို ဝန်ခံနိုင်ခြင်း၊ မေးခွန်းမေးနိုင်ခြင်းနဲ့ နေ့တိုင်းအသစ်တစ်ခု သင်ယူနိုင်ခြင်းပါ။
“ငါသိပြီးပြီ” ဆိုတဲ့အတွေးက တိုးတက်မှုကို ရပ်တန့်စေတယ်။
“ငါဘာတွေ ထပ်လေ့လာဖို့လိုသေးလဲ” ဆိုတဲ့မေးခွန်းကတော့ နောက်ထပ်အဆင့်တစ်ခုဆီ ခေါ်ဆောင်ပေးပါတယ်။
လုပ်ငန်းကို ကြီးထွားစေချင်ရင် လုပ်ငန်းရှင်ကိုယ်တိုင် အရင်ကြီးထွားဖို့ လိုပါတယ်။
ခေါင်းဆောင်ရဲ့ လေ့လာမှုရပ်သွားတဲ့နေ့ကစပြီး လုပ်ငန်းရဲ့တိုးတက်မှုလည်း တဖြည်းဖြည်း ရပ်တန့်လာနိုင်ပါတယ်။
ဒါကြောင့် အောင်မြင်ပြီးတဲ့နောက်မှာတောင် လေ့လာခြင်းကို မရပ်လိုက်ပါနဲ့။
သင်လေ့လာနေသရွေ့ သင့်လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေကို ဆက်လက်မြင်နိုင်ပါလိမ့်မယ်။
လေ့လာခြင်းကို ဘယ်တော့မှ ရပ်လိုက်လို့မရပါဘူး။
ဒီနေ့မှာ အသုံးဝင်နေတဲ့ နည်းလမ်းတစ်ခုဟာ မနက်ဖြန်မှာ အသုံးမဝင်တော့တာလည်း ဖြစ်နိုင်ပါတယ်။
နည်းပညာတွေ နေ့စဉ်ပြောင်းလဲနေတယ်။
စျေးကွက်ကလဲ နေ့စဉ်ပြောင်းလဲနေတယ်။
ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကလဲ ပြောင်းလဲနေတတ်ပါတယ်။
အလုပ်လုပ်ပုံနဲ့ စီးပွားရေးလုပ်ပုံတွေပါ လိုက်ပြောင်းလဲနေပါတယ်။
ဒီလို မြန်ဆန်စွာ ပြောင်းလဲတိုးတက်နေတဲ့ခေတ်မှာ မလေ့လာတော့တဲ့သူဟာ ရပ်ကျန်နေတာ မဟုတ်ပါဘူး။ တဖြည်းဖြည်း နောက်ကျ ကျန်ရစ်နေတဲ့သူဖြစ်သွားတာပါ။
လေ့လာခြင်းလို့ပြောတဲ့အခါမှာ စာဖတ်ခြင်းတစ်ခုတည်း ပါဝင်တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့အမှားတွေကနေ ပြန်သင်ယူတာ၊
အတွေ့အကြုံရှိသူတွေဆီက နားထောင်မျိုးတွေ
မေးခွန်းကောင်းတွေ မေးခြင်း၊
အခြေအနေအသစ်တွေကို စမ်းသပ်လုပ်ကိုင်ကြည့်ခြင်း၊
ရလာတဲ့ရလဒ်တွေကို ပြန်လည်သုံးသပ်ခြင်းတွေဟာလည်း လေ့လာခြင်းပါပဲ။
အသိပညာရှိရုံနဲ့တော့ မလုံလောက်ပါဘူး။
သိထားတာတွေကို လက်တွေ့အသုံးချမှ ကျွမ်းကျင်မှုဖြစ်လာပါတယ်။
အသုံးချပြီး ရလာတဲ့အမှားတွေကို ပြင်ဆင်မှုတွေလုပ်ဆောင်မှ တိုးတက်မှုဖြစ်လာပါတယ်။
လေ့လာပါ။
လက်တွေ့လုပ်ဆောင်ပါ။
အမှားကို ပြန်သုံးသပ်ပါ။
လိုအပ်တာကို ပြန်ပြင်ဆင်ပါ။
ပြီးရင် ထပ်မံလေ့လာပါ။
ဒီလုပ်ငန်းစဉ်ကို အမြဲလုပ်နိုင်တဲ့သူက အခြားသူတွေထက် ပိုမြန်မြန်တိုးတက်လာပါလိမ့်မယ်။
ဘွဲ့တစ်ခုရပြီးတာနဲ့ လေ့လာခြင်း မပြီးဆုံးသွားပါဘူး။
ရာထူးတစ်ခုရပြီးတာနဲ့လည်း လေ့လာခြင်း မရပ်သင့်ပါဘူး။
အောင်မြင်မှုတစ်ခုရပြီးချိန်မှာတောင် ဆက်လက်လေ့လာဖို့ လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့—
လက်ရှိသိထားတဲ့အရာတွေက လက်ရှိရလဒ်အထိပဲ ပို့ဆောင်ပေးနိုင်လို့ပါ။
နောက်ထပ်အဆင့်တစ်ခုကို ရောက်ချင်ရင် အတွေးအသစ်၊ အသိပညာအသစ်နဲ့ ကျွမ်းကျင်မှုအသစ်တွေ လိုအပ်ပါတယ်။
နေ့တိုင်း အချိန်အများကြီး မလိုပါဘူး။
စာမျက်နှာအနည်းငယ်ဖတ်ခြင်း၊
သင်ခန်းစာတိုတစ်ခု လေ့လာခြင်း၊
ကျွမ်းကျင်မှုတစ်ခုကို မိနစ်အနည်းငယ် လေ့ကျင့်ခြင်းကနေ စတင်နိုင်ပါတယ်။
သေးငယ်တဲ့လေ့လာမှုတွေကို နေ့တိုင်း စုဆောင်းသွားတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။
သင့်မှာ ဘယ်လောက်သိပြီးသားလဲဆိုတာထက် ဆက်လက်လေ့လာလိုစိတ် ဘယ်လောက်ရှိသလဲဆိုတာက ပိုအရေးကြီးပါတယ်။
လေ့လာခြင်းကို မရပ်လိုက်ပါနဲ့။
သင်လေ့လာနေသရွေ့ သင်တိုးတက်နေပါလိမ့်မယ်။
အခြေအနေကောင်းလာမှ စတင်မယ်လို့ မစဉ်းစားပါနဲ့...
ဘဝမှာ အရာအားလုံး အဆင်သင့်ဖြစ်နေတဲ့အချိန်ဆိုတာ မရှိပါဘူး။
အချိန်မလုံလောက်တာတွေ
ငွေကြေးအခက်အခဲရှိတာတွေ
အတွေ့အကြုံနည်းတာတွေ
အခွင့်အရေးမရှိတာတွေ
ကူညီပေးမယ့်သူမရှိတာတွေ ဖြစ်နိုင်ပါတယ်။
ဒီအခက်အခဲတွေက တကယ်ရှိနေနိုင်တာပါ။
ဒါပေမယ့် အခြေအနေတွေကို အပြစ်တင်နေရုံနဲ့ အခြေအနေတွေက ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ် စိုးရိမ်ပြီး အချိန်ကုန်မခံပါနဲ့။
ကိုယ်လုပ်နိုင်တဲ့အရာတွေက ဘာလဲဆိုတာကို ရှာဖွေဖို့လိုပါတယ်။
အတွေ့အကြုံမရှိရင် လေ့လာလို့ရပါတယ်။
ကျွမ်းကျင်မှုမရှိသေးရင် လေ့ကျင့်လို့ရပါတယ်။
အခွင့်အရေးမရသေးရင် ကိုယ်တိုင်ဖန်တီးယူ လို့ရပါတယ်။
နည်းလမ်းတစ်ခု အလုပ်မဖြစ်ရင် နည်းလမ်းများစွာကို စမ်းသပ်လို့ရပါတယ်။
စတင်ဖို့အတွက် ပြီးပြည့်စုံနေဖို့ မလိုပါဘူး။
စတင်ပြီးနောက်မှာ ပြန်သုံးသပ်ပြီး ပိုကောင်းအောင် ပြင်ဆင်ရင်းနဲ့ ပိုကောင်းလာတာမျိုးပါ။
လူတော်တော်များများက အဆင်သင့်ဖြစ်လာဖို့ကို စောင့်နေရင်း အချိန်တွေကုန်သွားတတ်ကြပါတယ်။
တိုးတက်တဲ့သူတွေကတော့ ရှိနေတဲ့အရင်းအမြစ်၊ ရောက်နေတဲ့နေရာနဲ့ လုပ်နိုင်သလောက်ကို အရင်စတင်လုပ်တာပါ။
သေးငယ်တဲ့လုပ်ဆောင်မှုတစ်ခုက ချက်ချင်းကြီးမားတဲ့ရလဒ်ကို မပေးနိုင်ပါဘူး။
ဒါပေမယ့် ရပ်နေတဲ့နေရာကနေ ရှေ့ကို စတင်ရွေ့လျားစေပါတယ်။
လမ်းတစ်လျှောက်မှာ အခက်အခဲတွေရှိမယ်။
အမှားတွေအများကြီးလည်း လုပ်မိမယ်။
ရလဒ်မကောင်းတဲ့နေ့တွေလည်း များစွာရှိမယ်။
အဲဒါတွေက သင့်ကို ရပ်တန့်ဖို့ အကြောင်းပြချက် မဟုတ်ပါဘူး။
သင်ယူဖို့၊ ပြင်ဆင်ဖို့နဲ့ ပိုကောင်းတဲ့နည်းလမ်းတွေကိုရှာဖွေဖို့အတွက် ရရှိတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
အခြေအနေတွေကောင်းလာမှ ကောင်းကောင်းလုပ်နိုင်မယ်လို့ မစောင့်ပါနဲ့။
ကိုယ်စတင်လုပ်ဆောင်လိုက်တဲ့အခါမှ အခြေအနေတွေက တဖြည်းဖြည်း ကောင်းလာနိုင်ပါတယ်။
အကြောင်းပြချက်တွေကို ပြောနေမယ့်အစား လုပ်နိုင်တဲ့အရာတစ်ခုကို စလုပ်ဖို့ ရွေးချယ်ပါ။
ပြီးရင် ဒီနေ့ပဲ စတင်လိုက်ပါ။
သင့်ရဲ့ဘဝကို ပြောင်းလဲစေမှာ ကောင်းမွန်တဲ့အခြေအနေတစ်ခု ရောက်လာခြင်းမဟုတ်ပါဘူး။
လက်ရှိအခြေအနေထဲမှာပဲ ကိုယ်လုပ်နိုင်တာကို စတင်လုပ်ဆောင်လိုက်ခြင်းပါ။
အခုရောက်နေတဲ့နေရာက အရင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကနေ ရရှိနေတာပါ..
အနာဂတ်မှာ အခုထက်ပိုကောင်းတဲ့ နေရာ ၊ အရာတွေကို ရချင်ရင် အရင်လုပ်နေကြအတိုင်းလုပ်နေလို့ မရပါဘူး...
ပိုကောင်းတာတွေကို လိုချင်ရင် ပိုကောင်းတဲ့အရာတွေ ၊ လုပ်ရပ်တွေကို လုပ်နေမှ ရမှာပါ...
နေ့စဉ်လုပ်နေကြအရာတွေကိုပဲ လုပ်ကိုင်နေပြီး ပိုကောင်းတဲ့ အရာတွေကို မျှော်လင့်နေလို့မရပါဘူး...
သင်ဖြစ်ချင်တဲ့ အနာဂတ်ကို သေချာသတ်မှတ်ထားပါ..
သင်လုပ်ရပ်တွေကို သေချာပြန်သုံးသပ်ပါ..
ပိုကောင်းတာတွေကို နေ့စဉ်လုပ်ဆောင်ပါ...
နေ့စဉ် သင်ယူလေ့လာမူတွေကို လုပ်ဆောင်ပါ...
သင့်အိမ်မက်ကို မဖြစ်ဖြစ်အောင် မရပ်မနား ကြိုးစားလုပ်ကိုင်ပါ...
လူတိုင်းတွေးတတ်တဲ့အရာတွေကိုပဲ တွေးနိုင်နေရင် အဲ့ဒါက အခွင့်အရေးမဟုတ်တော့ပါဘူး..
သူများမမြင်တဲ့အရာ ၊ မလုပ်တတ်သေးတဲ့အရာကို တွေ့အောင်ရှာဖွေပြီး လိုအပ်ချက်ကို ဖြည့်ပေးနိုင်ရင် ပိုပြီးကြီးပွားတိုးတက်တဲ့ သူဖြစ်လာမှာပါပဲ..
နေရာတိုင်း ၊ စျေးကွက်တိုင်းမှာ လိုအပ်ချက်ဆိုတာ ရှိစမြဲပါပဲ...
ရအောင်ရှာနိုင်ဖို့ ၊ ရအောင်ဖြည့်ဆည်းပေးနိုင်ဖို့ကတော့ ကြိုးစားရမှာပါပဲ...
လူတိုင်းလုပ်ပေးနိုင် ၊ ဖြည့်ဆည်းပေးနေနိုင်တတဲ့ Level မှာနေပြီး ပိုအောင်မြင်ချင်နေလို့မရပါဘူး...
သူများ မမြင်တဲ့အရာတွေကို မြင်အောင်ကြည့်နိုင်မှ တိုးပွားလာမှာပါ...
အမြင်တွေ ၊ အတွေးတွေ စူးရှထက်မြက်ဖို့ဆိုတော့ လေ့ကျင့်မှု ၊ လေ့လာမှုတွေ အများကြီးလိုအပ်ပါတယ်...
အခွင့်အရေးမရှိတာမဟုတ်ပါဘူး
စဉ်းစားနိုင်စွမ်း အားနည်းနေတာပါ...
နေရာတိုင်း၊စျေးကွက်တိုင်းမှာ တိုးတက်ဖို့အခွင့်အလန်းက ရှိပါတယ်..
မြင်အောင် ရအောင် ရှာဖွေတတ်ဖို့လိုအပ်ပါတယ်...
အခွင့်အရေးကို ရအောင် စဉ်းစားနိုင်စွမ်း ၊ ရအောင်ပုံဖော်နိုင်စွမ်းတွေ အရေးကြီးလိုအပ်ပါတယ်...
အလွယ်တကူရှာဖွေတွေ့နေရင်တော့ လူတိုင်းလုပ်နိုင်တဲ့အရာဖြစ်နေတော့ သာမာန်ဆိုတာပဲ ဖြစ်နေမှာပါ...
သာမာန်ဆိုတာကို လူတွေက စိတ်မဝင်စားပါဘူး...
ပိုကောင်းအောင် ဘယ်လိုဖန်တီးလုပ်ဆောင်နိုင်မလဲဆိုတာကို သေချာစဉ်းစားပြီး ပုံဖော်ရမှာပါ...
အခွင့်အရေးတွေကို မြင်အောင်ရှာဖွေတတ်ဖို့ လေ့လာသင်ယူ ၊ ကြိုးစားရှာဖွေ လုပ်ဆောင်သွားရမှာပါ...
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No. 13/C, Baho Road, Near MMM Car Showroom, Kamayut Township
Yangon
11041