08/07/2026
လှပတဲ့ Yoga Pose တစ်ခုရဖို့ထက်
ကိုယ့်ရဲ့ အသက်ရှူသံ၊ လှုပ်ရှားမှုနဲ့ စိတ်အခြေအနေကို
သတိထားမိလာတာက ပိုအရေးကြီးပါတယ်။
Instructor Wendy ရဲ့ လေ့ကျင့်မှုတိုင်းဟာ
Yoga ဆိုတာ အမြဲတမ်း သင်ယူနေတဲ့ Journey တစ်ခုဖြစ်ကြောင်း သက်သေပြနေပါတယ်. 🌿
07/07/2026
Weekend Reset Starts Here. ✨
Weekend ကို အနားယူရုံမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်ဖို့ အချိန်ပေးလိုက်ပါ။
Instructor May Pyone နဲ့အတူ သင့်ရဲ့ Saturday & Sunday ကို Energy နဲ့ Balance နှစ်မျိုးလုံး ပြည့်စုံစေမယ့် Class နှစ်ခုက စောင့်နေပါတယ်။
☯️ Yin & Yang Yoga Flow
🕦 11:30 AM – 12:30 PM
တစ်ဖက်မှာ နူးညံ့စွာ အနားယူခြင်း၊
တစ်ဖက်မှာ ခွန်အားကို ပြန်လည်နိုးထစေခြင်း။
Yin & Yang Yoga Flow က ခန္ဓာကိုယ်နဲ့ စိတ်ကို Balance ပြန်ရစေပြီး၊ တစ်ပတ်လုံး စုဆောင်းထားတဲ့ တင်းမာမှုတွေကို ဖြည်းဖြည်းချင်း လွှတ်ချပေးပါတယ်။
🌿 Vinyasa Yoga
🕓 3:45 PM – 4:45 PM
အသက်ရှူသံနဲ့ လှုပ်ရှားမှုကို တစ်သားတည်း ချိတ်ဆက်ရင်း Flow တစ်ခုချင်းစီမှာ Strength, Focus နဲ့ Flexibility ကို တည်ဆောက်ပေးမယ့် Practice ဖြစ်ပါတယ်။
ဒီ Weekend မှာ…
ကိုယ့်ကိုယ်ကို Recharge လုပ်ဖို့၊
Balance ပြန်ရှာဖို့၊
Yoga Mat ပေါ်မှာ ပြန်တွေ့ကြရအောင်။ 🤍
06/07/2026
AV Yoga Studio မှ Instructor May Pyone ရဲ့ Practice အချိန်အချို့။ 🤍
သင်ကြားပေးနေသူတစ်ယောက်အတွက်လည်း ကိုယ်တိုင်အမြဲလေ့ကျင့်နေခြင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
04/07/2026
Ebb & Flow with Candle Light ✨🕯️
Ebb & Flow with Candle Light ဆိုတာက Friday evening မှာ တစ်ပတ်လုံး စုဆောင်းလာခဲ့တဲ့ အတွေးတွေ၊ စိတ်ဖိစီးမှုတွေ၊ ခန္ဓာကိုယ်တင်းမာမှုတွေကို ဖြည်းဖြည်းချင်း လွှတ်ချပြီး ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်နိုင်ဖို့ ဖန်တီးထားတဲ့ Yoga Practice ဖြစ်ပါတယ်။
ဒီ Class မှာ
• Breath-led Gentle Vinyasa Flow
• Relaxing Stretch
• Candle Light Atmosphere
• Candle Gazing Meditation (Trataka)
တို့ကို ပေါင်းစပ်ထားပါတယ်။
✨ရည်ရွယ်ချက်က Pose တွေကို အတင်းအကျပ် ပြီးမြောက်ဖို့ မဟုတ်ဘဲ အသက်ရှူမှု၊ လှုပ်ရှားမှုနဲ့ ကိုယ်ခန္ဓာရဲ့ ခံစားချက်တွေကို သတိထားပြီး Practice လုပ်နိုင်ဖို့ ဖြစ်ပါတယ်။
🕯️ Class မှာ ဘာတွေ လုပ်မလဲ?
အစပိုင်းမှာ breathing focus နဲ့ gentle Vinyasa Flow ဖြင့် စတင်ပါမယ်။
အသက်ရှူမှုနဲ့ လှုပ်ရှားမှုကို ချိတ်ဆက်ပြီး ခန္ဓာကိုယ်ကို နွေးထွေးစေကာ စိတ်နဲ့ ကိုယ်ခန္ဓာကြား ဆက်သွယ်မှုကို ပိုမိုခံစားလာစေပါမယ်။
Practice တစ်လျှောက် calming music နဲ့ breath rhythm ကို လိုက်ပြီး movement တစ်ခုချင်းစီကို mindfully Flow လုပ်သွားမှာ ဖြစ်ပါတယ်။
အဆုံးပိုင်းမှာတော့ Gentle Stretching နဲ့ Stillness အချိန်လေးတွေဖြင့် ခန္ဓာကိုယ်နဲ့ စိတ်ကို ဖြေလျှော့ပေးပြီး၊ Candle Gazing Meditation (Trataka) နဲ့ အေးချမ်းစွာ ပိတ်သိမ်းပါမယ်။
🕯️Candle Light နဲ့ Practice လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်
Class ကို အလင်းရောင်နည်းနည်းနဲ့ Candle Light/ Dim Light အောက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီလို Environment က -
• အပြင်က အာရုံပျံ့လွင့်မှုတွေကို လျော့ချပေးနိုင်ခြင်း
• စိတ်ကို inward focus ပြန်လည်အာရုံစိုက်နိုင်ခြင်း
• Relax ဖြစ်ပြီး Present Moment ကို ပိုခံစားနိုင်ခြင်း
• Busy day ကနေ Calm state ဆီ ပြောင်းလဲနိုင်ခြင်း
🕯️ Trataka (Candle Gazing Meditation) ဆိုတာကရောဘာလဲ?
Trataka ဆိုတာ Yoga tradition ထဲက Meditation Practice တစ်မျိုးဖြစ်ပြီး Candle Flame ကို နူးညံ့စွာ အာရုံစိုက်ကြည့်ရှုခြင်း ဖြစ်ပါတယ်။
အဓိကက -
• စိတ်တည်ငြိမ်မှု
• အာရုံစူးစိုက်နိုင်မှု
• စိတ်ရှင်းလင်းမှု
• Inner awareness
တို့ကို တိုးပွားစေဖို့ ဖြစ်ပါတယ်။
ဘယ်သူတွေ တက်ရောက်လို့ရလဲ?
• Beginner / Regular Yoga Practitioners
• အလုပ်ပြီးနောက် Relax လုပ်ချင်သူများ
Meditation အတွေ့အကြုံ မရှိသူများလည်း တက်ရောက်နိုင်ပါတယ်။
သတိပြုရန် 🕯️
အများစုအတွက် ဒီ Class ကို တက်ရောက်နိုင်ပါတယ်။ သို့သော် မကြာသေးခင်က မျက်လုံးခွဲစိတ်ထားသူများ၊ မျက်လုံးဆိုင်ရာ ပြဿနာရှိသူများ၊ အလင်းရောင်ကို အလွန် Sensitive ဖြစ်သူများ၊ သို့မဟုတ် အလင်းရောင်နည်းတဲ့ နေရာတွင် လေ့ကျင့်ရာ၌ မသက်မသာဖြစ်ခြင်း၊ ခေါင်းမူးခြင်းများ ဖြစ်တတ်သူများအနေဖြင့် မိမိအခြေအနေကို ထည့်သွင်းစဉ်းစားပြီး လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။
Contact Lens မျက်ကပ်မှန်တပ်သူများအနေဖြင့်လဲ candle gazing အပိုင်းတွင် မျက်ကပ်မှန်ချွတ်၍ practice လုပ်ရန် အားပေးအကြံပြုပါတယ်၊ ထို့ကြောင့် မျက်ကပ်မှန်ချွတ်သိမ်းရန် box လေးတွေသယ်လာဖို့ နဲ့ မျက်မှန်ယူလာခဲ့ပေးဖို့ အကြံပြုပါတယ်။
Candle Gazing (Trataka) အပိုင်းတွင် မျက်လုံးကို အတင်းဖွင့်ထားရန် သို့မဟုတ် အကြာကြီး အားစိုက်ကြည့်ရန် မလိုအပ်ပါ။ comfortable မဖြစ်ပါက မျက်လုံးကို မှိတ်ပြီး breathing exercises နှင့်အတူ စိတ်ကို တည်ငြိမ်စေသော Meditation အဖြစ်ဆ ဆက်လက်လေ့ကျင့်နိုင်ပါတယ်
03/07/2026
🌿 တစ်စုံတစ်ယောက်ဆီကနေ မျှော်လင့်နေမိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်မှုတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးလို့ရတယ်ဆိုတာ နားလည်လက်ခံတတ်လာတဲ့နေ့ကစပြီး April တို့ရဲ့ ကမ္ဘာလေးဟာ ပိုပြီး ငြိမ်းချမ်းလာခဲ့ပါတယ်။
🌿 လူဆိုတာ လူ့သဘာဝအရ မျှော်လင့်တတ်ကြတာပါပဲ။ ကိုယ်က အလေးအနက် ချစ်ပေးခဲ့သလိုမျိုး ကိုယ့်ကိုလည်း ပြန်ပြီး မြတ်မြတ်နိုးနိုး ချစ်တာ ခံချင်ကြတယ်၊ ဂရုစိုက်ခံချင်ကြတယ်၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အလိုက်တသိ နားလည်ပေးစေချင်ကြတာဟာ လူတိုင်းရဲ့ အလိုဆန္ဒပါပဲ။
🌿 ဒါပေမဲ့ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာတော့ ဒဏ်ရာတွေနဲ့ နာကျင်ရတယ်၊ ဝမ်းနည်းရတယ်။ မျှော်လင့်ချက်တွေ ကြီးလေလေ နာကျင်ရလေလေပဲမို့ ဘယ်အရာကိုမဆို လိုတာထက်ပိုပြီး မမျှော်လင့်ထားတာကပဲ ကိုယ့်စိတ်ကို အကာအကွယ်ပေးရာ ရောက်မှာပါ။
🌿 အဲဒီအစား သူတစ်ပါးဆီကနေ ရဖို့ မျှော်လင့်နေမဲ့အစား ကိုယ်လိုအပ်နေတဲ့ အရာတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်အောင် ကြိုးစားကြည့်ဖို့ April တွေးမိခဲ့တယ်။ သူတစ်ပါးဆီက လိုချင်တဲ့ အချစ်တွေ၊ နားလည်မှုတွေနဲ့ ဂရုစိုက်မှုတွေကို ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြန်ပေးလို့ မရနိုင်ဘူးလားပေါ့။ သေချာပေါက်ကို ရနိုင်တာ ဖြစ်ပါတယ်။
🤍 အခုနောက်ပိုင်းမှာ April ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ ပိုပေးဖြစ်လာတယ်။ တောင်းတမှုတွေ၊ မျှော်လင့်ချက်တွေအားလုံးကို Surrender လုပ်ပြီး လက်ရှိအခြေအနေလေးမှာပဲ ငြိမ်းချမ်းစွာ နေထိုင်တတ်လာခဲ့ပါတယ်။
🤍 ညအိပ်ခါနီးတိုင်း တရားထိုင်တယ်၊ နေ့စဉ်နေ့တိုင်းမှာ ယောဂကို သေချာ လေ့ကျင့်တယ်။ ယောဂသင်တဲ့နေရာမှာလည်း အရင်ကထက်ပိုပြီး စိတ်နှစ်သင်ပေးတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့ အရာလေးတွေအတွက် ကျေးဇူးတင်တတ်တဲ့ (Gratitude practice) လေးတွေကို ပုံမှန်လုပ်တယ်။ ပြီးရင်တော့ Butterfly hugလေးနဲ့ ကိုယ့်ကိုယ်ကိုယ် နွေးနွေးထွေးထွေး ဖက်ထားပြီး လိုအပ်နေတဲ့ မေတ္တာတွေကို ကိုယ့်ဘာသာ ပြန်ဖြည့်ပေးဖြစ်တယ်။
🤍 ကိုယ်ကိုယ်တိုင်က ချစ်ခြင်းမေတ္တာတွေ စတင်မြစ်ဖျားခံရာ နေရာဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အပြည့်အဝ မချစ်နိုင်၊ မေတ္တာမထားနိုင်ဘဲ သူတစ်ပါးအပေါ် ဘယ်လိုလုပ် စစ်မှန်တဲ့ မေတ္တာ ထားနိုင်မှာတဲ့လဲ။
🤍 တစ်ခါတလေမှာ April တို့တွေ ကိုယ်မရနိုင်တဲ့ အရာတွေအတွက် ပူဆွေးသောက ရောက်နေမဲ့အစား၊ ကိုယ့်ဆီကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်တဲ့ မေတ္တာတရားတွေ၊ ဂရုစိုက်မှုတွေနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်တာက ပိုပြီး အေးချမ်းလှပါတယ်။
02/07/2026
Headstand လုပ်နိုင်တာထက် Confidence ရဖို့က ပိုအရေးကြီးပါတယ်.
Headstand ဆိုတာ Pose တစ်ခုကို အောင်မြင်ဖို့သက်သက် မဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်ကို ယုံကြည်လာဖို့၊ Fear ကို တဖြည်းဖြည်း ကျော်ဖြတ်ဖို့၊ Strength နဲ့ Balance ကို စနစ်တကျ တည်ဆောက်ဖို့ Practice လုပ်ရတဲ့ Journey တစ်ခုပါ။
AV Yoga ရဲ့ Headstand & Arm Balance Class မှာ
Foundation ကနေ စတင်ပြီး တစ်ဆင့်ချင်း လုံခြုံစွာ သင်ယူနိုင်ပါတယ်။
✨ တစ်ခါတလေ…
Headstand လုပ်နိုင်တာထက်
ကိုယ့်ကိုယ်ကို ယုံကြည်လာတာက
ပိုပြီး တန်ဖိုးရှိပါတယ်။
💛 Yogiတို့ရော Headstand ကို စမ်းကြည့်ဖို့ စိတ်ဝင်စားဖူးလား?
01/07/2026
Open Your Hips, Open Your Body.
AV Yoga မှာ Hip Opening Class လေးတွေလည်း ရှိပါတယ်။
တစ်နေ့လုံး ထိုင်အလုပ်လုပ်တာ၊ ကားမောင်းတာ၊ လေ့ကျင့်ခန်းမလုပ်ဖြစ်တာတွေကြောင့် Hip တစ်ဝိုက်က ကြွက်သားတွေ တင်းကျပ်လာတတ်ပါတယ်။
Hip Opening Practice ကတော့—
✨ Hip နဲ့ Lower Back တင်းကျပ်မှုတွေကို လျော့ပါးစေတယ်။
✨ တင်ပါး၊ ပေါင်နဲ့ Pelvis ရဲ့ Flexibility ကို တဖြည်းဖြည်း တိုးတက်စေတယ်။
✨ Posture နဲ့ Body Alignment ကို ပိုမိုကောင်းမွန်စေတယ်။
✨ လှုပ်ရှားမှုတွေကို ပိုမိုလွတ်လပ်ပြီး ပေါ့ပါးစေတယ်။
✨ အသက်ရှူနဲ့ တွဲဖက်လေ့ကျင့်တဲ့အခါ စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေတယ်။
Hip Opening ဆိုတာ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖွင့်လှစ်ပေးပြီး၊ လှုပ်ရှားမှုတိုင်းကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေဖို့ပါ။
Join our Hip Opening Class at AV Yoga.
တဖြည်းဖြည်းဖွင့်လှစ်ပြီး ပိုမိုလွတ်လပ်တဲ့ Movement ကို အတူတကွ ရှာဖွေကြရအောင်။ 🤍
30/06/2026
July အတန်းသစ်လေးတွေ စတင်ပါပြီ။
ဒီလမှာလည်း Yogaကို ခုမှစတင်ချင်သူတွေအတွက် Beginner Class တွေ၊ ကိုယ့်ကိုယ်ကို ပိုနက်နက်ရှိုင်းရှိုင်းလေ့ကျင့်ချင်သူတွေအတွက် Level အလိုက် Program တွေနဲ့ ဖွင့်လှစ်ထားပါတယ်။
ခန္ဓာကိုယ်ကို သန်မာစေဖို့သာမက စိတ်ကိုလည်း ငြိမ်သက်စေမယ့် Practice တွေကို July လမှာ AV Yoga နဲ့အတူ စလိုက်ရအောင်။
29/06/2026
Backbending
Backbend မှာ
ဘယ်လောက်ကွေးနိုင်လဲဆိုတာထက်
ဘယ်လောက်ငြိမ်ငြိမ်သက်သက်
အသက်ရှူနိုင်လဲဆိုတာက
ပိုအရေးကြီးပါတယ်။
အသက်ရှူသံနဲ့အတူ
ခန္ဓာကိုယ်က တဖြည်းဖြည်း ပွင့်လာသလို
စိတ်ကလည်း ပိုပြီး တည်ငြိမ်လာပါတယ်။
Yoga ဆိုတာ
ခန္ဓာကိုယ်ကို ပျော့ပြောင်းသန်မာစေရုံမဟုတ်ဘဲ
စိတ်ကို အေးချမ်းစေပြီး
ကိုယ့်ကိုယ်ကို ပိုနက်နက်ရှိုင်းရှိုင်း
နားလည်လာစေတဲ့ အလေ့အကျင့်တစ်ခုပါ။
27/06/2026
Not every hour has to be productive.
တစ်ခါတလေ
ကိုယ့်အတွက် အချိန်ပေးထားတဲ့ တစ်နာရီက
တစ်နေ့လုံးရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်တတ်ပါတယ်.
Moment to Mindfulness
A simple practice.
A meaningful pause.