04/08/2026
■ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) ရလဒ်
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from icon 7, Sports, Yangon.
04/08/2026
■ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) ရလဒ်
03/08/2026
■ ၂၀၂၆ Esports World Cup ပြိုင်ပွဲ Mobile Legends: Bang Bang ပွဲစဉ်မှာ ဒုတိယရခဲ့တဲ့ Yangon Galacticos အသင်း ပြန်လည်ရောက်ရှိ
ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ ၂၀၂၆ Esports World Cup ပြိုင်ပွဲရဲ့ Mobile Legends: Bang Bang ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းဟာ သြဂုတ် ၃ ရက်က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဂုဏ်ပြုဆုချီးမြင့်ပွဲပါ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းဟာ အုပ်စုအဆင့်မှာ နှစ်ပွဲစလုံးအနိုင်ရပြီး နောက်တစ်ဆင့်တက်ရောက်ခဲ့သလို ကွာတားဖိုင်နယ်မှာ ကမ္ဘောဒီးယားအသင်းဖြစ်တဲ့ PRO Esports အသင်းကို ၃-၀ ပွဲ၊ ဆီမီးဖိုင်နယ်မှာ ဖိလစ်ပိုင်အသင်းဖြစ်တဲ့ Team Falcons PH အသင်းကို ၃-၂ ပွဲနဲ့ အနိုင်ရရှိပြီး Grand Final တက်ရောက်နိုင်ခဲ့ပါတယ်။ Grand Final မှာ ရုရှားအသင်းဖြစ်တဲ့ Team Spirit အသင်းကို ၄-၃ ပွဲနဲ့ အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ Team Spirit အသင်းက ဆုကြေး ဒေါ်လာတစ်သန်း၊ ဒုတိယဆုရရှိတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းက ဆုကြေး ဒေါ်လာငါးသိန်း ရရှိခဲ့ပါတယ်။
03/08/2026
■ ရန်ကုန်စီးတီးအသင်း ထိုင်းခြေစမ်းခရီးစဉ် ခြေစမ်းပွဲ ငါးပွဲကစားအပြီးမှာ သုံးပွဲနိုင်၊ နှစ်ပွဲရှုံးထား
ရာသီသစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ လေ့ကျင့်နေတဲ့ ရန်ကုန်စီးတီးအသင်းဟာ သြဂုတ် ၃ ရက်အထိ ခြေစမ်းပွဲ ငါးပွဲကစားထားရာမှာ သုံးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ ထိုင်းလိဂ်-၃ ကလပ် Pluak Daeng United အသင်းကို ၂-၁ ဂိုး၊ ထိုင်းလိဂ်-၃ ကလပ် ပတ္တရားစီးတီးအသင်းကို ၁-၀ ဂိုး၊ ထိုင်းလိဂ်-၃ ကလပ် ဟွာဟင်းစီးတီးအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရထားပြီး ထိုင်းလိဂ်-၁ ကလပ် ရရောင်းအသင်းကို ၃-၀ ဂိုး၊ ထိုင်းလိဂ်-၃ ကလပ် ဘူရာဖာအသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ထားပါတယ်။
ထိုင်းနိုင်ငံမှာ တစ်လကြောလေ့ကျင့်နေတဲ့ ရန်ကုန်စီးတီးအသင်းဟာ နောက်ထပ် ခြေစမ်းပွဲလေးပွဲကစားမှာဖြစ်ပြီး သြဂုတ် ၆ ရက်မှာ ဟောင်ကောင်ထိပ်သီးကလပ် ကစ်ချီအသင်း၊ သြဂုတ် ၉ ရက်မှာ ထိုင်းလိဂ်-၁ ကလပ် ဘန်ကောက်ယူနိုက်တက်အသင်း၊ သြဂုတ် ၁၂ ရက်မှာ ထိုင်းလိဂ်-၃ ကလပ် မြောင်နော့သ်အသင်း၊ သြဂုတ် ၁၅ ရက်မှာ ထိုင်းလိဂ်-၂ ကလပ် မြောင်တောင်ယူနိုက်တက်အသင်းတို့နဲ့ ထပ်မံကစားမှာပါ။
25/07/2026
■ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု B ရလဒ်
18/07/2026
■ နည်းပြသစ် အန်ဒါဆင်လက်ထက် ပထမဆုံးပွဲ မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံး
16/07/2026
■ ၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စုခွဲဝေမှု
15/07/2026
■ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ယှဉ်ပြိုင်ခွင့်ရထားတဲ့ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုမဲခွဲပွဲ ဇူလိုင် ၂၃ ရက် ပြုလုပ်မယ်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက် ဂျပန်နိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်။
အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့အသင်းတွေကိုသာ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပေမယ့် ခြေစစ်ပွဲအောင် အသင်းတွေထဲက အီရန်နဲ့ အိန္ဒိယအသင်း နုတ်ထွက်ခဲ့သလို သြစတြေးလျအသင်းကလည်း အာရှအိုလံပစ်ကောင်စီ OCA အဖွဲ့ဝင်မဟုတ်လို့ မြန်မာ၊ ထိုင်းနဲ့ ဟောင်ကောင်အသင်း အစားထိုး ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်းစုစုပေါင်း ၁၂ သင်းနဲ့ ကျင်းပမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ ပြုလုပ်မှာပါ။ လက်ရှိချန်ပီယံနဲ့ အိမ်ရှင် ဂျပန်နဲ့အတူ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် ယှဉ်ပြိုင်ခွင့်ရထားပါတယ်။
မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ၂၀၂၂ ခုနှစ်မှ ပထမဆုံးယှဉ်ပြိုင်ခဲ့ပြီး တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဟောင်ကောင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ကာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနဲ့ အုပ်စုကနေ ထွက်ခဲ့ရပါတယ်။
15/07/2026
■ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းမယ့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်ဒါဆင်ဟာ ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ကစားသမား ၂၆ ဦးစာရင်း ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းမှာ ပုံမှန်ပါဝင်နေတဲ့ ကစားသမားတွေအပြင် မျက်နှာသစ်ကစားသမားတွေလည်း ပါဝင်လာပါတယ်။
ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်း ခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။
15/07/2026
■ MNL ယူ-၂၀ လူငယ်လိဂ် ပွဲစဉ် ၈ အပြီး အား/ကာသိပ္ပံအသင်း ထိပ်ဆုံးရောက်လာ
15/07/2026
■ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံနဲ့ ရန်ကုန်စီးတီးအသင်း နိုင်ငံခြားသားကစားသမား ခေါ်ယူ
မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံနဲ့ ရန်ကုန်စီးတီးအသင်းတို့ဟာ နိုင်ငံခြားသားကစားသမားတွေ ထပ်မံခေါ်ယူခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ လိုင်ဘေးရီးယားလက်ရွေးစင်ဟောင်း ကွင်းလယ်ခံစစ်ကစားသမား သီအိုနင်မလီကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် နိုင်ငံခြားသားကစားသမားသစ် ငါးဦး ခေါ်ယူထားပြီး ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ ဂျပန်ကစားသမား ဆိုင်တိုကို သက်တမ်းတိုးထားလို့ ခြောက်ဦး ရှိသွားပြီဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ သီအိုနင်မလီမတိုင်ခင်က ရုရှားကွင်းလယ်ကစားသမား ဒန်နီရယ်၊ ဘရာဇီးနောက်ခံလူ သီယာဂိုသောမတ်၊ ကင်မရွန်းတိုက်စစ်မှူး မူစတာဖာ၊ ကင်မရွန်းကွင်းလယ်ကစားသမား ဂိုင်းမစ်ချယ်တို့ကို ခေါ်ယူထားပါတယ်။
ကာလအတန်ကြာ နိုင်ငံခြားသားကစားသမား အသုံးမပြုခဲ့တဲ့ ရတနာပုံအသင်းဟာ အသင်းပိုင်ရှင်အပြောင်းအလဲနဲ့အတူ နိုင်ငံခြားသားကစားသမား ပြန်လည်အသုံးပြုမှာဖြစ်ပြီး ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဂီနီတိုက်စစ်မှူး တိုရေးကို ခေါ်ယူခဲ့ပါတယ်။ ပြည်တွင်းကစားသမား အများအပြားခေါ်ယူထားတဲ့ ရတနာပုံအသင်းဟာ နိုင်ငံခြားသားကစားသမားသစ်တွေ ခေါ်ယူဖို့ရှိနေပါတယ်။
အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားနေတဲ့ ရန်ကုန်စီးတီးအသင်းဟာ ရှမ်းယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ဂျပန်နိုင်ငံသား ယူဂျီကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ရန်ကုန်စီးတီးအသင်းဟာ နိုင်ငံခြားသားကစားသမား သုံးဦး ခေါ်ယူထားပြီး ယူဂျီမတိုင်ခင်က ဘရာဇီးနောက်ခံလူနှစ်ဦးဖြစ်တဲ့ ပတ်ဒရိုနဲ့ ဂီလ်မာတို့ကို ခေါ်ယူထားပါတယ်။