Lethwei Journey

Lethwei Journey

Share

Myanmar Traditional Fighting Organization(Non Gov;)

Photos from Lethwei Journey's post 15/08/2026

လက်အိတ်မစွပ်ပဲ ပါတ်တီးပါတ်တာ၊ ခေါင်းတိုက်ခွင့်ရှိပြီး အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်တာဟာ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ထူးခြားမှုနဲ့အမှတ်အသားဖြစ်ပါတယ်။

မြန်မာရိုးရာလက်ဝှေ့နဲ့ မွေထိုင်းကို အမြင်အားဖြင့်ခွဲခြားမယ်ဆို မွေမှာ လက်အိတ်စွပ်တယ် သတ်ရှစ်သတ်ကို အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်တယ်။ ရိုးရာမှာ လက်အိတ်မစွပ်ပဲ ပါတ်တီးပါတ်တယ် သတ်ကိုးသနဲ့ အလဲထိုးစနစ်နဲ့ ယှည်ပြိုင်တယ်။

နဂါးနီ

#လက်ဝှေ

#မြန်မာ့ရိုးရာလက်ဝှေ့
#မွေ

23/09/2023
18/09/2023

လက်ခမောင်း

မူပိုင်ဟန်
လက်ခမောင်းခတ်ခြင်းမှာ မြန်မာတို့၏မူပိုင် ဟန်ပဲဖြစ်ပါတယ်။
ခုချိန်မှာတော့ ရိုးရာလက်ဝှေ့ရဲ့ သင်္ကေတ တစ်ခုပေါ့။
ကျွန်တော့်သဘောပြောရမယ်ဆိုရင်တော့ မြန်မာပြည်သားတိုင်း လက်ခမောင်းခတ်တတ်သင့်တယ်လို့ မြင်ပါတယ်။
မြန်မာစကားပုံမှာ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုတဲ့ စကားပုံကို တွေ့မြင်ရတာကြောင့် ခေတ်အခြေအနေမငြိမ်သက်ချိန်မှာ သူခိုးဓားပြများ၊ မသမာသူများ အကြိုက်တွေ့ကာ အခွင့်အလမ်းရရှိသည်ဟု စကားပြေမှတ်ယူရသဖြင့် လက်ခမောင်းခတ်ခြင်းနှင့်ပါတ်သက်ပြီး ရေးဖွဲ့သုံးနှုန်း ကြပုံကို တွေ့ရှိရပါတယ်။ (စကားပုံနှင့် ဖော်ပြခြင်းသာဖြစ်ပြီး အခြားနေရာများမှာလည်း သုံးစွဲကြတာ တွေ့ရပါတယ်။)

လက်ခမောင်း အမျိုးအစား
လက်ခမောင်းခတ်ခြင်းကို ပုံသဏ္ဌာန်အားဖြင့် (၂) မျိုးတွေ့ရပါသည်။
၁။ သိုင်းလက်ခမောင်း
ဘယ်ဒူးကိုမြှောက်၊ ညာချိုင်းအောက်ကို ဘယ်လက်ဖ၀ါးထည့်၊ လက်မကို ချိုင်းထိပ်မှာပိတ်ထားပြီး ညာလက်ဖဝါးကို ညာနဖူးစွန်းနားထင်နားမှာတင်ပြီး ဘယ်လောက်မောင်နှင့် လက်ဖျံကြားကြား အကွေးလေးကြား ကို ညာလက်ဖဝါး (ကြာဖူးပုံ) ဖြင့် အသံမည်အောင်ရိုက်ခတ်ခြင်း
၂။ ရိုးရာလက်ဝှေ့လက်ခမောင်း
ဘယ်ဒူးကိုမြှောက် ညာဘက်ရင်အုံအပေါ် ဘယ်လက်သီးခပ်ဖွဖွဆုပ်တင်ထားပြီး ညာလက်ဖဝါးကို မျက်နှာနားထိမတင်ပြီး ဘယ်လက်မောင်းနဲ့ လက်ဖျံကြားကြား အကွေးလေးကြားကို ညာလက်ဖဝါး (ကြာဖူးပုံ) ဖြင့် အသံမည်အောင်ရိုက်ခတ်ခြင်း

အချိန်အားဖြင့် လက်ခမောင်းခတ်ခြင်းကို မိမိစိတ်ကြီးစွာလိုလားသော အောင်မြင်မှုကိုရသည့်အခါ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ငါလိုလူ ဇဗ္ဗူမှာရှိသေးလားဟု ကြိမ်းဝါးသောအခါ၊ တစ်စုံတစ်ခု တစ်ဦးတစ်‌ယောက်ကို စိန်ခေါ်လိုသောအခါ၊ မိမိအား လောကဓံ သို့မဟုတ် ပြိုင်ဘက်မှ ထုထောင်းတိုက်ခိုက်ခံရသောအခါ၊ အခြားသူ တစ်ဦးတစ်‌ယောက်မှ စိန်‌ခေါ်မှ စိန်ခေါ်လာသောအခါမျိုးတွင် ဟယ် ဒီလောက်တော့ ငါမမှုပါဘူး လာစမ်းဆိုပြီး ကြုံလာသမျှကို အံကြိတ်ခံရင်း တန်ပြန်ရင်ဆိုင်ရန် မာန်တင်းခြင်း၊ စိန်ခေါ်လာသူအား ပြန်လည်စိန်ခေါ်ခြင်း၊ စိန်ခေါ်မှုကို လက်ခံခြင်း စသည့် အခြေအနေများတွင် ပြုလုပ်လေ့ရှိသည်။

သိုင်းသမားများအနေဖြင့် မိမိသိုင်းစွမ်းပြသသည့်အခါမျိုးနဲ့ စိန်ခေါ်ခြင်း၊ စိန်‌ခေါ်မှုအား လက်ခံသည့်ပြီး ပြန်လည်စိန်ခေါ်ခြင်း၊ တဖက်မှ တိုက်ခိုက်မှုအားခံရသည့်အခါ မင်းအစွမ်းက ဒါအကုန်ပဲလား လာစမ်းဟု မထီဟန်ပြသခြင်းများတွင် အသုံးပြုလေ့ပြီး ယခုအခါသုံးနည်းလာပါသည်။
သိုင်းပြောင်းပြန် ဖောင်တစ်ခုတွင် ထည့်သွင်းစကားထားသည်ကို တွေ့ရှိရပါသည်။
လက်ဝှေ့သမားများအနေဖြင့် လက်ဝှေ့စင်မြင့်ပေါ်သို့ စတင်တက်ရောက်ချိန်၊ လက်ဝှေ့ရေးစတင်ပြသချိန် နှင့် ပြီးဆုံးချိန်၊ တဖက်မှ တိုက်ခိုက်မှုအားခံရပြီး လာခဲ့သူငယ်ချင်း ထပ်စမ်းကြည့်ပါအုံးဆိုသည့် သဘောနှင့် ပြန်လည်စိန်ခေါ်ခြင်းများတွက် လက်ခမောင်းသံ ဖြောင်းဖြောင်းညံအောင် ရိုက်ခတ်ကြလေသည်။
ရှေးက ရိုးရာထိုးကွင်းထိုးနှံရာတွင် ထိုးကွင်းထိုးပြီး ငါဟဲ့ယောက်ျား၊ ယှဉ်ရသူထွက်ခဲ့ဟုဆိုကာ လောကကြီးကို စိန်ခေါ်သည့်သဘောဖြင့် လက်ခမောင်းသုံးကြိမ်ခတ်သည့်ဟု သိရှိရပါသည်။
ဒါကတော့ ဆရာ့ဆရာကြီးများနှင့် သက်ကြီးစကား သက်ငယ်ကြားရ၊ စာအုပ်စာပေများစွာမှာ ဖတ်မှတ်ခဲ့ရတဲ့ ကျွန်တော်နားလည်သိရှိသလောက်သာဖြစ်ပါတယ်။
တကယ်တော့ လက်ခမောင်းဆိုတာ မြန်မာတွေရဲ့ လက်တွေ့ဘဝထဲမှာ အကျွမ်းတဝင်နဲ့ သုံးစွဲခဲ့ကြတဲ့ စကားရပ်တစ်ခုလဲ ဖြစ်ပါတယ်။
လက်ခမောင်းခတ်ခြင်းအကြောင်းကို ရိုးရာလက်ဝှေ့မှာ ဆရာများနှင့် ဆွေးနွေးမေးမြန်းမှုများကိုလည်း ပြုလုပ်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြဖို့နှင့် မိမိတို့ သိရှိနားလည်ထားသည်များ အထောက်အထားများကိုလည် Comment မှာ အသိပေး ဆွေးနွေးနိုင်ပါသည်။

နဂါးနီ

#လက်ခမောင်း

Credit

မျိုးဆက်သစ် ပြန့်ပွားရေးအတွက်
ဧရာဝတီတိုင်း ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ "မျိုးဆက်သစ် ပြန့်ပွားရေး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ" ကို မြန်အောင်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ရာ

မင်းထက်ကျော် (နဂါးမာန်) vs ကြယ်စင်ထွန်း (Lethwei Warriors) တို့ (၅)ချီစိန်ခေါ်ပွဲအဖြစ်ယှဉ်ပြိုင်ကြရာထိုးသတ်ခဲ့ကြပြီး

#မင်းထက်ကျော် (နဂါးမာန်)မှ
စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သလို
# #အကောင်းဆုံးရိုးရာ‌လက်ဝှေ့ ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

10/09/2023

2023 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 10 ( 𝑺𝒖𝒏𝒅𝒂𝒚)
360 Sports ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ် ...ပွဲစဉ်(၂)
#စောကဲဒို (Holly Power) VS #ထူးစေးဝါး (ရွှေဖူး)

လာမယ့် စက်တင်ဘာလ ၁၀ရက်(တနင်္ဂနွေ)နေ့မှာ ကျင်းပမယ့် 360 Fight Club မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် လက်ဝှေ့ကျော် စောကဲဒို (Holly Power) နဲ့ ထူးစေးဝါး (ရွှေဖူး) တို့ရဲ့ ပွဲစဉ်ကို ကျနော်တို့ရဲ့ RIO Sports Apps ထဲမှာ ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးရင်း RIO Sports App ကို မဒေါင်းရသေးရင် အခုပဲ Download လုပ်ထားလိုက်တော့နော်

Download here ==>> https://www.rio-sports.com/

10/09/2023

2023 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 10 ( 𝑺𝒖𝒏𝒅𝒂𝒚)
360 Sports ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ် ...ပွဲစဉ်(၃)
#လောကွာဒူး(တော်ဝင်ရိုးရာ) VS #ဝင်းဗိုလ်(ရာဇာဓိရာဇ်)

ပွဲစဉ်ကို ကျနော်တို့ရဲ့ RIO Sports Apps ထဲမှာ ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးရင်း RIO Sports App ကို မဒေါင်းရသေးရင် အခုပဲ Download လုပ်ထားလိုက်တော့နော်

Download here ==>> https://www.rio-sports.com/

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Insein Road
Yangon