K Fitness Studio

K Fitness Studio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Fitness Studio, Gym/Physical Fitness Center, No. 253, Room (101), First Floor, Corner of 45th Street & Mahar Bandhoola Road, Yangon.

19/08/2026

Trainer ပျောက်လို့ လိုက်ရှာနေစရာမလိုအောင် ပတ်ကြည့်ပေးတဲ့ Gym မျိုးရှာနေရင် K Fitness Studio & Gym ကိုသာ လာခဲ့လိုက် 😎

ပတ်ကြည့်ပေးနေရင်းနဲ့ အလေးချနားတဲ့အချိန်မှ အံကိုက်ပြန်ရောက်လာပြီး "ကဲ စကြရအောင်"ဆိုရင်တော့ စိတ်မဆိုးကြေး 🌚


Photos from K Fitness Studio's post 11/08/2026

"Pump check with the squad 💯💥"


Photos from K Fitness Studio's post 10/08/2026

တနင်္လာညနေ Gym ရဲ့ Free Class ဖြစ်တဲ့ Yoga အတန်း
Free Class ပေမယ့် သင်ပေးတဲ့ Yoga Instructor Tr. Thu Zar ရဲ့ စေတနာအပြည့် သင်ကြားမှုနဲ့ အများကြီး ပိုတော်လာတဲ့ K Fitness Memberများ 🥰

Classတွေစုံနေအာင် Joinချင်ရင်
K Fitness Studio & Gym ကိုလာခဲ့လိုက်ပါ 🥰

09/08/2026

🕸️🕷️Spider Man ကားအကြည့်များ
သွားသောအခါ🌚 🕸️


08/08/2026

Gym အပ်ပြီးမှ sport wear ဝယ်ဖို့ ကြည့်မိသောအခါ🤧

စပန့် wearနဲ့လည်း ရမလားပဲ 🌚


07/08/2026

TGIF မှာ ဆိုင်ထိုင်ချင်ပေမယ့်
Gym မှာ ဆော့နေရသောအခါ 🤧


05/08/2026

Gym သွားတာ ခဏနားလိုက်မိလို့ ပြန်စဖို့ ပျင်းနေပြီလား… 🧡
🚙ခရီးသွားလို့ပဲဖြစ်ဖြစ်၊
🤯အလုပ်တွေ အရမ်းရှုပ်သွားလို့ပဲဖြစ်ဖြစ်
ဒါမှမဟုတ် 🤒နေမကောင်းဖြစ်လိုက်လို့ပဲဖြစ်ဖြစ် Gym ကို ရက်ပိုင်း/သီတင်းပတ်ပိုင်းလောက် ခဏနားလိုက်မိရာကနေ… ပြန်စဖို့ သတ္တိမရှိတော့သလိုမျိုး ဖြစ်နေပြီလား ???
🤔"ပြန်စရင် အစကနေ ပြန်ပင်ပန်းရတော့မှာ"၊ "ငါ့ကြွက်သားတွေ ပြန်နာမလား မသိဘူး" ဆိုတဲ့ အတွေးတွေနဲ့ သက်ပြင်းချနေမိတယ်ဆိုရင် ဒီစာလေးကို ခဏလောက် ဖတ်ကြည့်ပေးပါ🤗

✅နံပါတ် ၁ အချက်

ခနလေးမဆော့ဖြစ်ရုံနဲ့ အရင်ကရလဒ်တွေ အကုန်ပျောက်မသွားပါဘူး
"ငါ အရင်က ကြိုးစားထားတာတွေ အလကား ဖြစ်သွားပြီ" လို့ မတွေးပါနဲ့။
ခန္ဓာကိုယ်မှာ "Muscle Memory" ဆိုတာ ရှိပါတယ်။
အရင်က လေ့ကျင့်ထားဖူးရင် မဆော့ဖူးတဲ့သူတွေထက် မြန်မြန်ဆန်ဆန် မူလပုံစံကို ပြန်ရောက်နိုင်ပါတယ်။ ဒီတော့ အစကနေ ပြန်စရတာမဟုတ်ပါဘူး၊ ခဏရပ်ထားတဲ့နေရာကနေ ဆက်သွားတာပါ။

✅နံပါတ်၂အချက်

ပထမရက်မှာ အပြည့်အဝ မဆော့ပါနဲ့ဦး ။
Gym ပြန်သွားတဲ့ ပထမဆုံးရက်မှာ အရင်က မနိုင်မနင်း မနိုင်ခဲ့တဲ့ အလေးတွေကို ချက်ချင်း ပြန်မမပါနဲ့ဦး။
ပေါ့ပေါ့ပါးပါး Cardio လေး လုပ်တာမျိုး၊ ခန္ဓာကိုယ် သွေးပူလေ့ကျင့်ခန်း လေးတွေပဲ စလုပ်ပါ။
"Gym ကို ခြေလှမ်းလှမ်းလိုက်နိုင်ရုံ" နဲ့ပဲ အမှတ်ပြည့်ပေးဖို့ကောင်းနေပါပြီ🤗

✅ နံပါတ် ၃ အချက်

Gym က ပျော်စရာ ၊ စိတ်အပန်းဖြေစရာ နေရာတစ်ခုပါ။
Gym ကို အလုပ်တစ်ခုလို၊ ဝတ္တရားတစ်ခုလို မတွေးဘဲ ကိုယ့်ကိုယ်ကိုအချိန်ပေးတဲ့၊ စိတ်ထွက်ပေါက်ရတဲ့ ပျော်စရာ နေရာတစ်ခုအဖြစ်ပဲ စိတ်ထဲမှာ ပြန်ပြောင်းတွေးပေးပါ။ ကိုယ်ကြိုက်တဲ့ သီချင်းအမိုက်စားလေး နားထောင်ရင်း ချွေးထွက်အောင် ဆော့လိုက်တဲ့အခါ ရမယ့် စိတ်ပေါ့ပါးမှုကို အာရုံစိုက်ကြည့်ပါ။

✅နံပါတ် ၄ အချက်
Gymသွားဖို့ပျင်းနေလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့☺️
ခဏနားလိုက်မိတဲ့အတွက် ငါကတော့ ပျင်းလိုက်တာ၊ ငါ့မှာ စည်းကမ်းမရှိဘူးဆိုပြီး စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။
ဘဝမှာ ခန္ဓာကိုယ်နဲ့ စိတ်ကို ခဏအနားပေးရတဲ့ ကာလဆိုတာ သဘာဝအတိုင်း ရှိစမြဲပါပဲ။

💯ကဲ နောက်နေ့ရောက်ရင် Gym အင်္ကျီလေး လဲလိုက်ပြီး ၁၅ မိနစ်/ မိနစ် ၂၀ လောက်ပဲ သွားဆော့ရင်တောင်မှ အဲဒါဟာ ကိုယ့်ကိုယ်ကိုပြန်ချစ်ပေးရာ ရောက်ပါတယ်။

💪 Gymကိုရောက်တာနဲ့ သင်ပြန်ရောက်လာတာကို ဝမ်းသာအားရကြိုဆိုနေကြတဲ့ Gymမိတ်ဆွေတွေ နဲ့ Trainer တွေလည်းရှိနေလို့ လအစမှာ အမြန်ဆုံးသာ Gymကို အရောက်ပြန်သွားလိုက်ပါ🤗



30/07/2026

အလေးတွေ အများကြီး မချင်ပေမယ့်
မိမိ နိုင်သော အလေးကို
လူသိမှာစိုးတဲ့အခါ🌚

28/07/2026

မနက်ဖြန် (၂၉.၇.၂၀၂၆) ရက်နေ့တွင်
ကျရောက်သော ဝါဆိုလပြည့်နေ့တွင်
Gym တစ်ရက်ပိတ်ပါမည် ဖြစ်ကြောင်း
အသိပေးအပ်ပါသည်။
ကြာသာပတေးနေ့ (၃၀.၇.၂၀၂၆) တွင်
ပုံမှန်အတိုင်း Gymပြန်ဖွင့်ပါမည်☺️


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 253, Room (101), First Floor, Corner Of 45th Street & Mahar Bandhoola Road
Yangon
11161

Opening Hours

Monday 06:00 - 20:30
Tuesday 06:00 - 20:30
Wednesday 06:00 - 20:30
Thursday 06:00 - 20:30
Friday 06:00 - 20:30
Saturday 06:00 - 20:30