Myat Thu ya

Myat Thu ya

Share

မင်္ဂလာပါ အားလုံးပဲစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကျပါစေ

01/02/2024

အစေ့စားမိရင်ဗိုက်ထဲမှာ အပင်ပေါက်မယ်ဆိုတာကိုပေါ့ 😂😂

Crd #

10/01/2024

Today Special 👨‍🍳

09/01/2024

ဘာများမှားလို့လဲ 😟

21/12/2023

မူစကူအကြာကြီးမဒူးရရှာတော့ဖူး 😞😞

26/09/2023

ဆိုင်ကယ် ကယ်ရီတစ်နေကုန်ဆွဲရမဲ့ ယောက်ကျားအား

အိမ်ကမိန်းက ထမင်းချိုမ့် မလုပ်ပေးနိုင်သောအခါ 😷

17/09/2023

#သထုံမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်း‌ကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံ တွေ့ရှိ #

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေတူးရာမှ မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ် နှင့် အကျိုးအပဲ့ ရှေးဟောင်းအုတ်ခွက်ဘုရားများကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ထပ်မံတူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကျောင်းဝင်အတွင်း ကျောင်းအဆောင်သစ် ဆောက်လုပ်ရန် မြေတူးရာမှ ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့က ရှေးဟောင်းအုတ်ခွက်ဘုရား ၁၉ ဆူအား စတင်တွေ့ရှိခဲ့ရပြီး၊ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းကလည်း အပြည့်အစုံ ၁၃၈ ဆူနှင့် အကျိုးအပဲ့ ၂၂၄ ဆူ၊ စုစုပေါင်း ၃၆၂ ဆူအား ထပ်မံ တွေ့ရှိခြင်းဖြစ်သည်။

"ယခင်က တွေ့ရှိခဲ့တဲ့ အုတ်ခွက်ဘုရား ၁၉ ဆူကို မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံ အပ်နှံထားပြီးဖြစ်ပါတယ်။ ထပ်မံတူး‌ဖေါ်တွေ့ရှိတဲ့ အုတ်ခွက်ဘုရားတွေကိုတော့ လက်ရှိမှာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှာဘဲ ခေတ္တထိန်းသိမ်းထားပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူ‌တွေ လိုအပ်သလိုဆောင်ရွက်နိုင်ဖို့အတွက် ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယခုတူးဖေါ်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများမှာ ယခင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ဇူလိုင်လ ၁၅ ရက်၊ ဩဂုတ်လ ၈ ရက် နှင့် စက်တင်ဘာလ ၁၅ ရက်များက စတုဘုမ္မိကမဟာသတိပဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း တူးဖေါ်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားပေါင်း (၆၅၀) ကျော်၊ အကျိုးအပဲ့ (၉၀၀) နီးပါးတို့နှင့် ပုံစံတူ၊ လက်ရာတူ အုတ်ခွက်ဘုရားများဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၅ နှစ်ကျော်ခန့်ကလည်း ယခုအုတ်ခွက်ဘုရား တူးဖေါ်တွေ့ရှိရာ အ.ထ.က (၄) ကျောင်းအနီးရှိ၊ အ.ထ.က (၂) ကျောင်းဝင်းအတွင်း၌လည်း အုတ်ခွက်ဘုရားပေါင်း (၁၀၀၀) ကျော်ကို ပထမအကြိမ်အဖြစ်တူးဖေါ်တွေ့ရှိခဲ့ရဖူးကြောင်း၊ ဒုတိယအကြိမ်အဖြစ် ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်း အဆူရေ (၁၀၀၀) ကျော်၊ တတိယအကြိမ်အဖြစ် ငှက်တွင်းကျောင်းတိုက်အနီးရှိ မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရားအဆူရေ (၂၄၀) ကျော်၊ စတုတ္တအကြိမ်အဖြစ်၊ အ.ထ.က (၂) ကျောင်းဝင်းအတွင်း၌ အဆူရေ (၂၁၀) ကျော် နှင့် ယခုတူးဖေါ်တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပ ဉ္စမအကြိမ်မြောက် တူးဖေါ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

17/09/2023

ဘုန်းမောက် - ချယ်လ်ဆီး (တနင်္ဂနွေည ရး၃၀ နာရီ)

နိုင်ငံတကာ ပွဲစဉ်တွေအပြီး ပြန်ကစားမယ့်ပွဲမှာ ချယ်လ်ဆီးအတွက် နိုင်ပွဲတစ်ပွဲက မဖြစ်မနေ လိုအပ်နေပြီ။ ဒီပွဲပြီးရင် ဗီလာကို ခက်ခက်ခဲခဲကစားရမယ်ဆိုရင်တောင် ဖူလ် ဟမ်၊ ဘန်လေဆက်ကစားရမယ့် ပွဲစဉ်အနေအထားက ချယ်လ်ဆီးကို ရလဒ်ကောင်းတွေ ဆီကို ပြန်ဦးတည်လာစေနိုင်တယ်။ အရေးကြီးတာက ဒီပွဲမှာ နိုင်ပွဲပျောက်ပြီး ဖိအားမတိုး ဖို့ပါပဲ။ ချယ်လ်ဆီး နိုင်ပွဲယူလိမ့်မယ်။

အဲဗာတန် - အာဆင်နယ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

အာတီတာကတော့ သူ့ရဲ့ ကစားသမားဘ၀ အသင်းဟောင်းနဲ့ ပြန်တွေ့တာဖြစ်ပြီး အဲဗာတန်ကလည်း ပုံမှန်အားဖြင့်တော့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိတယ်။ မနှစ်က တော်တော်လေး ဆိုးရွားနေတဲ့အခြေအနေမှာလည်း အာဆင်နယ်ကို ဒုက္ခပေးခဲ့ ဖူးတယ်။ ဒါပေမဲ့ အာဆင်နယ်က ပိုပြီး ရင့်ကျက်လာပါတယ်။ ဒီလိုပွဲမျိုးတွေအတွက် ပိုပြီး စိတ်ချလာရတယ်။ အာဆင်နယ် နိုင်ပွဲယူလိမ့်မယ်။

17/09/2023

ဂီတာဖေး - အိုဆာဆူနာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဂီတာဖေးရဲ့ အိမ်ကွင်းမာရေကျောရေရှိမှုကို အိုဆာဆူနာ ယှဉ်နိုင်ဖို့ ခက်မယ်ထင်တယ်။ အိုဆာဆူနာ အဝေးကွင်းမှာ ထိန်း ကစားတတ်တဲ့အသင်းဆိုပေမဲ့ အစဉ်အလာအရတော့ ဂီတာ ဖေးကို ယှဉ်နိုင်တာမတွေ့ရဘူး။ ဂီတာဖေးနဲ့ဂိုးအနည်းပါပဲ။

ဗီလာရီးယဲလ် - အယ်မယ်ရီယာ (တနင်္ဂနွေည ၈း၄၅ နာရီ)

နည်းပြသစ် ပါချီတာအတွက် သူ့ရဲ့ပွဲဦးထွက်ကို အိမ်ကွင်း မှာ အယ်မယ်ရီယာလိုအသင်းနဲ့ကစားရလို့ ကံကောင်းတယ်လို့ ပဲဆိုရမယ်။ အယ်မယ်ရီယာရဲ့ ရာသီအစခြေစွမ်းက အားရစရာမရှိ တဲ့အပြင် ခံစစ်ကစားပုံလည်း အားနည်းနေလို့ ဗီလာရီးယဲလ်ရဲ့ အိမ်ကွင်းနိုင်ပွဲရလိုမှုကို တားဆီးနိုင်ဖို့မလွယ်လှဘူးထင်တယ်။ အခုပွဲသာ အနိုင်မရခဲ့ရင် နည်းပြ ပါချီတာအတွက်လည်း ဖိအား များသွားနိုင်လို့ အနိုင်(၃)မှတ်အတွက်ပဲ အားထုတ်လာမှာပါ။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲရွေးထားရမယ်။

ဆီဗီလာ - လက်စ်ပါမားစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဆီဗီလာ နိုင်ပွဲပြန်ရှာရမယ့်အချိန်မျိုး ရောက်နေပါပြီ။ ဒါ ပေမဲ့ ဒီပွဲအပြီး ချန်ပီယံလိဂ်ပွဲလည်း နွှဲရတော့မှာဆိုတော့ ပြိုင်ပွဲ (၂)ခုကြား အာရုံလည်းများနေနိုင်သေးတယ်။ လက်စ်ပါမားစ် အဝေးကွင်းအားနည်းတာရယ်၊ အစဉ်အလာမှာ ဆီဗီလာကို မယှဉ်သာသေးတာရယ်ကြောင့်သာ ဆီဗီလာတို့ ဒီရာသီ ပထမ ဆုံးနိုင်ပွဲဖြစ်လာဖို့ နီးစပ်နေလိမ့်မယ်။ အိမ်ကွင်းလည်းဖြစ်နေသ လို၊ နိုင်ပွဲရယူပြီး ဖိအားတွေတွန်းလှန်ရမယ့် ဆီဗီလာကိုပဲ ရွေး ထားချင်တယ်။ ဂိုးတော့နည်းမယ်။

ရီးယဲလ်မက်ဒရစ် - ဆိုစီဒက် (တနင်္လာနံနက် ၁း၃၀ နာရီ)

ပွဲကောင်းတစ်ပွဲဖြစ်မှာ သေချာနေတယ်။ ရီးယဲလ်က ရာ နှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင် နေသလို၊ ဆိုစီဒက်ကလည်း ရာသီအစ ရှုံးပွဲမရှိသေးတဲ့အသင်း ဖြစ်နေတယ်။ ဆိုစီဒက်ကစားပုံကလည်း တစ်ပွဲပြီးတစ်ပွဲ တိုး တက်မှုပြလာနေပြီး တိုက်စစ်အားနည်းသလို ရှိနေသေးပေမဲ့ ခံစစ်ကစားပုံကတော့ ပိုပြီးငြိမ်လာနေတာ တွေ့ရတယ်။ ဒါကြောင့် ရီးယဲလ် အိမ်ရှင်ဆိုပေမဲ့ ဂိုးရဖို့ရုန်းကန်ရမယ်ထင်တယ်။ ရီးယဲလ် မှာ တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းအားထက် ကွင်းလယ်လူ ဘယ် လင်ဟမ်ရဲ့ သွင်းဂိုးတွေက အဓိကပိုကျသလိုဖြစ်နေလို့ ဆိုစီဒက် ခံစစ်ကသာ ဘယ်လင်ဟမ်ကို ထိန်းချုပ်ထားနိုင်ရင် ရီးယဲလ်ဂိုးရဖို့ အခက်တွေ့သွားနိုင်တယ်။ ရီးယဲလ်ခံစစ်ကစားပုံကလည်း မငြိမ် လှလို့ ဆိုစီဒက်က ကူဘိုရဲ့လျင်မြန်အကွက်မြင်မှုကို မနည်းထိန်း ရမယ်ထင်တယ်။ ဂိုးအနည်းနဲ့ သရေကျသွားနိုင်တဲ့ပွဲများပါပဲ။

17/09/2023

ကာဂလီယာရီ - အူဒီးနီးစ် (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

စီးရီးအေ (၃)ပွဲကစားပြီးချိန်အထိ (၂)သင်းစလုံး နိုင်ပွဲမရ သေးဘူး။ အားရစရာလည်း မရှိဘူး။ ဒါပေမဲ့ အူဒီးနီးစ်ထက်စာရင် ကာဂလီယာရီက ပိုမာကျောပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ကာဂလီယာရီဘက်က ရပ်တည်သင့်တယ်။

ဖရိုဆီနိုနီ - ဆာဆူအိုလို (တနင်္ဂနွေည ရး၃၀ နာရီ)

ဖရိုဆီနိုနီကို တန်းတက်အသင်းတွေထဲမှာ အတည်ငြိမ် ဆုံးအသင်းလို့ ဆိုရမှာဖြစ်ပြီး အတ္တလန်တာလိုအသင်းကိုတောင် အနိုင်ရခဲ့တယ်။ ဆာဆူအိုလိုက အသင်းကောင်းတစ်သင်း ဆို ပေမဲ့ အိမ်ရှင်ကို အရဲစွန့်ရွေးချယ်ချင်တယ်။

မွန်ဇာ - လက်ချီ (တနင်္ဂနွေည ရး၃၀ နာရီ)

မွန်ဇာက အင်တာမီလန်၊ အတ္တလန်တာတို့လို အသင်း တွေနဲ့ ပွဲကျပ်ကစားခဲ့ရတယ်။ လက်ချီရဲ့ အခုရာသီခြေစွမ်းက လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ မွန်ဇာ နိုင်ပွဲပြန် ရှာလိမ့်မယ်။

ဖီအိုရင်တီးနား - အတ္တလန်တာ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး သွင်း ဂိုးတွေလည်း မြင်ရနိုင်တယ်။ တိုက်စစ်အားသန် (၂)သင်း ထိပ် တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး ခြေစွမ်းချင်းကွာဟချက်လည်း သိပ်မရှိ ပါဘူး။ ဒါ့အပြင် နောက်ပိုင်းတွေ့ဆုံမှုတွေမှာ တစ်သင်းနဲ့ တစ် သင်း အရမ်းအသာရနေတာမျိုးလည်း မရှိဘူး။ ဒါပေမဲ့ ဖလောရင့် မှာ ကစားရမယ့်ပွဲဖြစ်လို့ ဖီအိုရင်တီးနားကို ရွေးချယ်ချင်တယ်။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်တယ်။

ရိုးမား - အမ်ပိုလီ (တနင်္လာနံနက် ၁း၁၅ နာရီ)

မော်ရင်ဟိုရဲ့ ရိုးမားက အခုအချိန်အထိ အားနည်းချက် တွေနဲ့ပဲ။ ပွဲတိုင်း ဂိုးတွေပေးနေရပြီး ဘယ်လော့တီဦးဆောင်တဲ့ တိုက်စစ်ကလည်း ရုန်းကန်နေရဆဲပဲ။ အမ်ပိုလီကလည်း ပျက် ယွင်းနေတဲ့ အသင်းပါ။ ဒီပွဲတော့ ရိုးမားအသင်း အိမ်ကွင်းမှာ နိုင်ပွဲစရမယ်ထင်တယ်။

RELATED ARTICLES

15/09/2023

ဘယ်လိုသုံးရလဲမသိလို့ လင်းပေးပါအုံး 😞

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon
11041