World Snooker - Myanmar

World Snooker - Myanmar

Share

မြန်မာပြည် တွင် စနူကာ အားကစားလောက တိုးတက်စေရန် ရည်ရွယ် သည်

18/08/2026

2026 တရုတ်အိုးပင်း 🇨🇳 ချန်ပီယံ 🏆 Mark Selby 🏴󠁧󠁢󠁥󠁮󠁧󠁿

16/08/2026

ပထမပိုင်း ရလဒ် အပီးမှာ သရေရလဒ် ထွက်ပေါ်နေတဲ့ တရုတ်အိုးပင်းဖိုင်နယ်
****************************************************



🏴󠁧󠁢󠁥󠁮󠁧󠁿 Mark Selby 4️⃣🆚4️⃣ Noppon Saengkham 🇹🇭
( After the first session )



▪️တရုတ်အိုးပင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ် အဖြစ် Mark Selby 🏴󠁧󠁢󠁥󠁮󠁧󠁿 နဲ့ Noppon Saengkham 🇹🇭 တို့ တွေ့ဆုံခဲ့ပီး ပထမပိုင်းအပီးမှာတော့ တဖက် ၄ ပွဲ စီ သရေရလဒ် ၄-၄ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ပွဲစဉ် ရဲ့ နောက်ဆုံးပိုင်း ကိုတော့ ယနေ့ ညနေ မြန်မာစံတော်ချိန် ၆:၀၀ မှာ ပြန်လည် စတင် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။



𝐁𝐑𝐄𝐀𝐊𝐒 ( 50+ )🔥 💯
************************

Selby 🤡 - 138 : 53
Noppon 🇹🇭 - 80 : 51 : 57






16/08/2026

China 🇨🇳 Open ဖိုင်နယ်
***********************

🏴󠁧󠁢󠁥󠁮󠁧󠁿 Mark Selby 🆚 Noppon Saengkham 🇹🇭
( Best of 19 frames )

ချန်ပီယံ 👑 ဆုကြေးငွေ 💰 စတာလင်ပေါင် 250,000 💷

မြန်မာ 🇲🇲 စံတော်ချိန် ⏰ နေ့လယ် ☀️ ၁၂:၃၀ 🕧 ( ပထမပိုင်း )

မြန်မာ 🇲🇲 စံတော်ချိန် 🕰️ ညနေ ☁️ ၆:၀၀ 🕕 ( နောက်ဆုံးပိုင်း )

15/08/2026

တရုတ်အိုးပင်း ချန်ပီယံ ၃ ကြိမ် ရ Selby 🤡 ဖိုင်နယ် တက်ရောက်
****************************************************



🏴󠁧󠁢󠁥󠁮󠁧󠁿 Mark Selby 6️⃣🆚2️⃣ Stuart Bingham 🏴󠁧󠁢󠁥󠁮󠁧󠁿



▪️တရုတ်အိုးပင်း ပြိုင်ပွဲ မှာ ချန်ပီယံ 👑 ဆု ၃ ကြိမ် အထိ ရရှိထားတဲ့ Mark Selby 🏴󠁧󠁢󠁥󠁮󠁧󠁿 ဟာ တရုတ်အိုးပင်း ပြိုင်ပွဲ ဆီမီးဖိုင်မယ်အဆင့် မှာ Stuart Bingham 🏴󠁧󠁢󠁥󠁮󠁧󠁿 ကို ၆ ပွဲ ၂ ပွဲ ဆိုတဲ့ ပွဲပြတ် ရလဒ် နဲ့ အနိုင်ရရှိပီး ဖိုင်နယ် ကို တက်ရောက်သွားခဲ့ပီ ဖြစ်ပါတယ်။

▪️မနက်ဖြန် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် Best of 19 frames 1️⃣9️⃣ ဖိုင်နယ် ပွဲစဉ် မှာတော့ Selby 🤡 ဟာ Noppon Saengkham 🇹🇭 နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။



𝐁𝐑𝐄𝐀𝐊𝐒 ( 50+ )🔥 💯
************************

Selby 🤡 - 74 : 102 : 72
Bingham 🎱 - 130






15/08/2026

Zhou 🇨🇳 ကို အနိုင်ရရှိပီး ဖိုင်နယ်ရောက်တဲ့ Noppon 🇹🇭
*************************************************



🇹🇭 Noppon Saengkham 6️⃣🆚5️⃣ Zhou Yuelong 🇨🇳



▪️တရုတ်အိုးပင်း ပြိုင်ပွဲ ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်-၁ အဖြစ် Noppon Saengkham 🇹🇭 နဲ့ Zhou Yuelong 🇨🇳 တို့ ယှဉ်ပြိုင်ကစားခဲ့ကြပီး Noppon 🇹🇭 က Zhou 🇨🇳 ကို ၆ ပွဲ ၅ ပွဲ ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရရှိပြီး သူ့ ကစားသမားဘဝ ရဲ့ ဒုတိယအကြိမ်မြောက် ဖိုင်နယ်ပွဲစဉ် ကို ကစားရတော့မှာ ဖြစ်ပါတယ်။



𝐁𝐑𝐄𝐀𝐊𝐒 ( 50+ )🔥 💯
************************

Noppon 🇹🇭 - 86 : 56 : 56 : 134
Zhou 🇨🇳 - 56 : 99 : 74






Photos from World Snooker - Myanmar's post 15/08/2026

China 🇨🇳 Open ဆီမီးဖိုင်နယ်ပွဲစဉ်များ
************************************
( Aug 15,2026 ) Saturday




မြန်မာ 🇲🇲 စံတော်ချိန် ⏳ နေ့လယ် ☀️ ၁၂:၃၀ 🕧

🇹🇭 Noppon 𝐒𝐚𝐞𝐧𝐠𝐤𝐡𝐚𝐦 🆚 𝐙𝐡𝐨𝐮 Yuelong 🇨🇳



မြန်မာ 🇲🇲 စံတော်ချိန် 🕰️ ညနေ ☁️ ၆:၀၀ 🕕

🏴󠁧󠁢󠁥󠁮󠁧󠁿 Mark 𝐒𝐞𝐥𝐛𝐲 🆚 Stuart 𝐁𝐢𝐧𝐠𝐡𝐚𝐦 🏴󠁧󠁢󠁥󠁮󠁧󠁿



▪️𝐂𝐡𝐢𝐧𝐚 𝐎𝐩𝐞𝐧 ပြိုင်ပွဲ ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကို Best of 11 frames 1️⃣1️⃣ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပီး ပထမ ပွဲငယ် ၄ ပွဲ ကစားပီးတိုင်း mid-session interval ၁၅ မိနစ် နားမှာ ဖြစ်ပါတယ်။





Photos from World Snooker - Myanmar's post 14/08/2026

Murphy 🪄 ကိုပါ ထပ်တီးလိုက်ပြန်တဲ့ Noppon
********************************************



🏴󠁧󠁢󠁥󠁮󠁧󠁿 Shaun Murphy 4️⃣🆚6️⃣ Noppon Saengkham 🇹🇭



▪️ကမ္ဘာ့ 🌍 အဆင့် ၄၅ 4️⃣5️⃣ ရှိ ထိုင်း စနူကာ ကစားသမား Noppon Saengkham 🇹🇭 ဟာ သူ့ ကစားသမား ဘဝ ရဲ့ အကောင်းဆုံးပြိုင်ပွဲ အဖြစ် Judd Trump 🏴󠁧󠁢󠁥󠁮󠁧󠁿 / Ronnie O’Sullivan 🏴󠁧󠁢󠁥󠁮󠁧󠁿 နဲ့ Shaun Murphy 🏴󠁧󠁢󠁥󠁮󠁧󠁿 တို့ကို ဖြတ်ကျော်ပီးနောက် တရုတ်အိုးပင်း ပြိုင်ပွဲ ရဲ့ ဆီမီးဖိုင်နယ်အဆင့် ကို တက်ရောက်သွားခဲ့ပီ ဖြစ်ပါတယ်။

▪️Noppon 🇹🇭 ဖြတ်ကျော်ခဲ့တဲ့ ကစားသမား ၃ ဦး ဟာ ၃ ဦးပေါင်း အမှတ်​ပေးဖလား 🏆 စုစုပေါင်း ၈၅ လုံး အထိ ရရှိထားတဲ့ ထိပ်တန်းကစားသမားကြီးတွေ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် စကော့တစ် အိုးပင်းပြိုင်ပွဲ တခု မှာ သာ ဖိုင်နယ်အဆင့် ကို တက်ရောက်ခဲ့ဖူးတဲ့ Noppon 🇹🇭 ဟာ မနက်ဖြန် ကစားရမယ့် ဆီမီးဖိုင်နယ်အဆင့် မှာ ရော ဆီမီးဖိုင်နယ် မှာ တွေ့ဆုံရမယ့် Zhou Yuelong 🇨🇳 ဒါမှမဟုတ် David Gilbert 🏴󠁧󠁢󠁥󠁮󠁧󠁿 တို့ကို ဖြတ်ကျော်နိုင်အုံးမလား စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

▪️Noppon 🇹🇭 ဟာ ဆီမီးဖိုင်နယ်အဆင့် ကို တက်ရောက်သွားခဲ့တဲ့ အတွက် ဆုကြေးငွေ 💰 စတာလင်ပေါင် ၅၀၀၀၀ 💷 ရရှိသွားခဲ့ပီး ဒါ ဟာ သူ့ ကစားသမားဘဝ အတွက် အများဆုံး ရရှိတဲ့ ဆုကြေးငွေ 💰 လည်း ဖြစ်လာခဲ့ပီ ဖြစ်ပါတယ်။



𝐁𝐑𝐄𝐀𝐊𝐒 ( 50+ )🔥 💯
************************

Noppon 🇹🇭 - 81 : 58 : 51 : 67 : 85
Murphy 🪄 - 51 : 50






Photos from World Snooker - Myanmar's post 14/08/2026

China 🇨🇳 Open ကွာတားဖိုင်နယ်ပွဲစဉ်များ
***************************************
( Aug 14,2026 ) Friday




မြန်မာ 🇲🇲 စံတော်ချိန် ⏳ နေ့လယ် ☀️ ၁၂:၃၀ 🕧

🏴󠁧󠁢󠁥󠁮󠁧󠁿 Shaun 𝐌𝐮𝐫𝐩𝐡𝐲 🆚 Noppon 𝐒𝐚𝐞𝐧𝐠𝐤𝐡𝐚𝐦 🇹🇭

🇨🇳 𝐙𝐡𝐨𝐮 Yuelong 🆚 David 𝐆𝐢𝐥𝐛𝐞𝐫𝐭 🏴󠁧󠁢󠁥󠁮󠁧󠁿



မြန်မာ 🇲🇲 စံတော်ချိန် 🕰️ ညနေ ☁️ ၆:၀၀ 🕕

🇦🇺 Neil 𝐑𝐨𝐛𝐞𝐫𝐭𝐬𝐨𝐧 🆚 Mark 𝐒𝐞𝐥𝐛𝐲 🏴󠁧󠁢󠁥󠁮󠁧󠁿

🏴󠁧󠁢󠁥󠁮󠁧󠁿 Stuart 𝐁𝐢𝐧𝐠𝐡𝐚𝐦 🆚 𝐙𝐡𝐚𝐧𝐠 Anda 🇨🇳



▪️𝐂𝐡𝐢𝐧𝐚 𝐎𝐩𝐞𝐧 ပြိုင်ပွဲ ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်များ ကို Best of 11 frames 1️⃣1️⃣ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပီး ပထမ ပွဲငယ် ၄ ပွဲ ကစားပီးတိုင်း mid-session interval ၁၅ မိနစ် နားမှာ ဖြစ်ပါတယ်။





Photos from World Snooker - Myanmar's post 13/08/2026

China 🇨🇳 Open Day-6 6️⃣
**************************
( Aug 13,2026 ) Thursday




မြန်မာ 🇲🇲 စံတော်ချိန် ⏳ နေ့လယ် ☀️ ၁၂:၃၀ 🕧

🇦🇺 𝐍𝐞𝐢𝐥 Robertson 🆚 𝐒𝐢 Jiahui 🇨🇳

🏴󠁧󠁢󠁥󠁮󠁧󠁿 Stuart 𝐁𝐢𝐧𝐠𝐡𝐚𝐦 🆚 Hossein 𝐕𝐚𝐟𝐚𝐞𝐢 🇮🇷



မြန်မာ 🇲🇲 စံတော်ချိန် 🕰️ ညနေ ☁️ ၆:၀၀ 🕕

🏴󠁧󠁢󠁥󠁮󠁧󠁿 Mark 𝐒𝐞𝐥𝐛𝐲 🆚 Kyren 𝐖𝐢𝐥𝐬𝐨𝐧 🏴󠁧󠁢󠁥󠁮󠁧󠁿

🏴󠁧󠁢󠁥󠁮󠁧󠁿 Chris 𝐖𝐚𝐤𝐞𝐥𝐢𝐧 🆚 𝐙𝐡𝐚𝐧𝐠 Anda 🇨🇳



▪️𝐂𝐡𝐢𝐧𝐚 𝐎𝐩𝐞𝐧 ပြိုင်ပွဲ ရဲ့ ဒုတိယအဆင့် ( round-2 ) ပွဲစဉ်များ ကို Best of 11 frames 1️⃣1️⃣ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပီး ပထမ ပွဲငယ် ၄ ပွဲ ကစားပီးတိုင်း mid-session interval ၁၅ မိနစ် နားမှာ ဖြစ်ပါတယ်။





Photos from World Snooker - Myanmar's post 12/08/2026

ကောင်းပါတယ်ဆိုတဲ့ သူတွေ ကို တီးထုတ်ပီး ကွာတားတက်တဲ့ Noppon 🇹🇭
****************************************************



🏴󠁧󠁢󠁥󠁮󠁧󠁿 Ronnie O’Sullivan 4️⃣🆚6️⃣ Noppon Saengkham 🇹🇭



▪️လက်ရှိ ထိုင်း ရဲ့ အကောင်းဆုံး စနူကာ ကစားသမားတွေ ထဲ က တဦး ဖြစ်တဲ့ Noppon Saengkham 🇹🇭 ဟာ ယနေ့ ည ယှဉ်ပြိုင်ကစားခဲ့တဲ့ Ronnie O’Sullivan 🏴󠁧󠁢󠁥󠁮󠁧󠁿 နဲ့ ပွဲစဉ်မှာ ၆ ပွဲ ၄ ပွဲ ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရရှိပီး တရုတ်အိုးပင်းပြိုင်ပွဲ ရဲ့ ကွာတားဖိုင်နယ်အဆင့် ကို တက်ရောက်သွားခဲ့ပီ ဖြစ်ပါတယ်။

▪️လက်ရှိ ပြိုင်ပွဲ မှာတော့ top 🔝 seed ကစားသမား အတော်များများကို ပြိုင်ပွဲ ကနေ စောစီးစွာထွက်ခွါနေရပီး O’Sullivan 🚀 ကတော့ top 🔝 seed ကစားသမားတွေ ထဲ က မှ ပြိုင်ပွဲ ကနေ စောစီးစွာထွက်ခွါရတဲ့ ၇ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပီ ဖြစ်ပါတယ်။ ယနေ့ ည အထိ Top 🔝 seed ကစားသမား ၁၆ ယောက် မှာ ၈ ယောက် ပြိုင်ပွဲ ကနေ ထွက်ခွါသွားရပီး withdraw ၁ ယောက် နဲ့ ဆို စုစုပေါင်း ၉ ယောက် ရှိသွားခဲ့ပီ ဖြစ်ပါတယ်။

▪️O’Sullivan 🚀 ကို အားပေးတဲ့ ကမ္ဘာ 🌍 တဝန်း က ပရိသတ်တွေ အဖို့တော့ ယခု ည 🌖 ရလဒ် ဟာ စိတ်ပျက်ဖွယ်ရာ ရလဒ် ဖြစ်ခဲ့ပီး 😔 O’Sullivan 🚀 ဆုဖလား 🏆မရရှိတာလည်း ❌ ၂၉ လ ( ၂ နှစ် နဲ့ ၅ လ ) အထိ ရှိသွားခဲ့ပီ ဖြစ်ပါတယ်။ အသက် ၅၀ ကျော်ပီ 👴 ဖြစ်တဲ့ O’Sullivan 🚀 နောက်ဆုံး ရရှိခဲ့တဲ့ ဆုဖလား 🏆 ကတော့ ၂၀၂၄ ခုနှစ် က World 🌍 Grand Prix ပြိုင်ပွဲ မှာ Judd Trump ကို ၁၀-၇ နဲ့ အနိုင်ရရှိပီး ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

▪️Noppon 🇹🇭 ဟာ ကွာတားဖိုင်နယ်အဆင့် ကို ကမ္ဘာ့ 🌎 အဆင့် ၁ 1️⃣ Judd Trump 🏴󠁧󠁢󠁥󠁮󠁧󠁿 နဲ့ စနူကာ GOAT 🐐 ကြီး ဖြစ်တဲ့ Ronnie O’Sullivan 🏴󠁧󠁢󠁥󠁮󠁧󠁿 တို့ကို အကောင်းဆုံး အနိုင်ယူ ကျော်ဖြတ်ပီး တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့် မှာတော့ Xiao Guodong 🇨🇳 ကို ၆-၄ နဲ့ အနိုင်ရရှိလာတဲ့ Shaun Murphy 🏴󠁧󠁢󠁥󠁮󠁧󠁿 နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။



𝐁𝐑𝐄𝐀𝐊𝐒 ( 50+ )🔥 💯
************************

Noppon 🇹🇭 - 81 : 88
O’Sullivan 🚀 - 64 : 95 : 77






Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon