12/12/2024
လူငယ်ကစားသမားအများစု ကို စီနီယာကစားသမားအချို့နဲ့ ဝန်းရံပွဲထွက် လာခဲ့တဲ့ ချလ်ဆီး။ GUIU ဂိုးသွင်းသွားနိုင်မလား ဆိုတာကို မျှော်လင့်ရင်း 💪💪💪
Blue is a color
12/12/2024
လူငယ်ကစားသမားအများစု ကို စီနီယာကစားသမားအချို့နဲ့ ဝန်းရံပွဲထွက် လာခဲ့တဲ့ ချလ်ဆီး။ GUIU ဂိုးသွင်းသွားနိုင်မလား ဆိုတာကို မျှော်လင့်ရင်း 💪💪💪
လေးနှစ်ဆက် ချန်ပီယံအား လန်ဒန်ခြေင်္သေ့မှငုတ်တုတ်မေ့အောင်ဆုံးမတော်မူမည့်Sunday ည 💪💪💪Vamos
မက်ဒူအကေး❤️❤️🚀🚀🚀သုံးစားမရတဲ့ဂျက်ဆင်ကတော့ ပေါတောတောနဲ့ ဘောလုံး မခင်းပေးလို့ အသင်းဖော်ကိုစောဒကတက်နေပြန်တယ် 😡နိုင်သင့်တဲ့ပွဲက်ုနိုင်နေတယ်ဆိုပေမယ့်ဒုတိယပိုင်းဂိုးတွေထပ်မျှော်လင့်မိဆဲ💪💪
တိုက်စစ်မှူးရဲ့အရည်အသွေးမမှီတဲ့ကစားသမားကို ပွဲတိုင်းထည့်နေတယ့်နည်းပြကိုလဲအံ့ဩမိတယ်ကွာ ပထမပိုင်းမှာ အတိုးအလှုပ်တွေနဲ့ အကျိုးပြုနေတဲ့ sterling ရဲ့ဂိုးလေးသာselfish မဖြစ်ရင် အနဲငယ်စိတ်ပူရသက်သာစေမှာပါ။ 18ကိုက်ထဲ အခွင့်ရေးတိုင်း ဖြုန်းနေပြီး ball controlပါမရတဲ့ ဂျက်စင်နဲ့ ဘရိုဂျာတို့နဲ့တော့ဂိုးရဖို့မရှိပါဘူး ဟူးးးးးးးး ဒုတိယပိုင်းအန်ကွန်ကူ ပါမှဖြစ်မယ်
20/12/2023
မသိအုံးဟ မသိအုံးဟဆိုပြီးတီးလွှတ်ကာ အားအင်အသစ်နဲ့ နိုးထလာပြီဖြစ်တဲ့ လန်ဒန်ရဲ့ စစ်မှန်တဲ့ သခင်ကြီး🤣🤣
16/12/2023
ဒီနေ့ပွဲအတွက် အိမ်ကွင်းမှာ အနိုင်ရခဲ့သလို အပြုသဘောဆောင်တဲ့တိုးတက်မှုတွေနဲ့ ပြိုင်ဘက် အသင်းကို dominateလုပ်နိုင်လာတဲ့ ကစားဟန်ဟာ ဖန်တွေအတွက် အားရစရာပါ။ အထူးသဖြင့် ကလယ်ဂါပြန်ပါလာတဲ့ ကွင်းလယ်ဟာ ကွင်းလယ်အသားစီးရယူဖို့ အထောက်အကူဖြစ်ခဲ့သလို ကိုင်စီဒို ရဲ့ deep lying ဆော့ကစားပုံကိုသက်တောင့်သက်သာ ကစားခဲ့ရတာကလည်း ကော်နာ effectလို့ပြောလို့ရပါတယ်။ မူဒရစ်နဲ့ အယိမ်းအနွဲ့အလိမ်အခေါက်တွေကိုတွေ့ခဲ့ရသလို ချီးကျူးရမယ့် ကစားသမားအနေနဲ့ စတားလင်းကိုလည်း မဖြစ်မနေအသိမှတ်ပြုရပါလိမ့်မယ်။ သူရဲ့ အားသာချက်ဖြစ်တဲ့ အမြန်နှုန်းကိုအသုံးချကာ ခံစစ်အထိball wining တွေ counter တွေ ကိုcoverလိုက်လုပ်ပေးပြီး တိုက်စစ်မှာလည်း ဂိုးဖန်တီးကာအားကိုးရခဲ့ပါတယ်။ရွှေပေါလ်မာလေးကတော့ ရွှေခြင်္သေ့ လေးပီပီ ဂိုးပိုက်ကို မာန်ဖီပြနိုင်ခဲ့ပြီး မွေးစားသားလေး ဂျက်ဆင်ကတော့ ဂိုးသွင်းတာကလွဲပြီး ထွေထွေထူးထူး မရှိခဲ့ပါဘူး။ ဘာဘဲဖြစ်ဖြစ် နိုင်ရမယ့်ပွဲကို အနိုင်ယူနိုင်ခဲ့ကာ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ခဲ့ကာ အန်ကွန်ကူလည်း ပြန်ပါလာတော့မှာဖြစ်လို့လာမဲ့ပွဲစဉ်တွေအတွက် စိတ်လှုပ်ရှားရင်း …….
10/12/2023
ဟုတ်ကဲ့ ရှူံးပြန်ပါပြီနည်းပြအပေါ်ရော ကစားသမားတွေ အပေါ် ပါ ပြောစရာ ဝေဖန်စရာဖြစ်လာခဲ့ပါပြီ ချလ်ဆီးအသင်းရဲ့ DNA ကို ပြန်မရနိုင်တော့မှန်းသိပေမယ့် အနီးစပ်ဆုံးလောက်မျှော်လင့်မိတာ ချလ်ဆီးဖန်တိုင်းပါဘဲ လိုအပ်တဲ့နေရာ ကို အံ့ဝင်မယ့် ကစားသမား မခေါ်တတ်ဘဲ ကောင်းနိုးရာရာ လောင်ကြေးထပ်လူခေါ်ယူနေမှုဟာလည်း ရလဒ်တွေပိုဆိုးလာဖို့ဘဲ ရှိပါတယ်။ ဂျက်ဆင် နေရာ ဘရိုဂျာ ပွဲထွက်ပေမယ့် လောက်လောက်လားလားမထူးရှားခဲ့ပါပြီ အသင်း ရလဒ်မကောင်းရင်တောင် ကစားဟန်တစ်ခုတော့ တည်ဆောက်နိုင်သင့်နေပါပြီ။ ကျွန်တော်တို့ ချလ်ဆီးဖန်တွေအနေနဲ့လဲ နန်းကျဘုရင် အဖြစ်က နေ ဘယ်ချိန်နန်းပြန်တက်မလဲ မျှော်နေရမယ့်အစား ပြည်နှင်ဒဏ်မပေးရဖို့ဘဲ ဆုတောင်းနေရမယ့်ပုံပါ ဟူးးးးးးးး🥺🥺
10/12/2023
ကွင်းလယ်နေရာ Thiago Silva ကိုအနားပေးကာ ဒီဇာဆီနဲ့ဘက်စတာချီတို့ကိုပွဲထွက်စေခဲ့ပါတယ် line upလေးတော့ကြိုက်မိသား 🌚🌚
10/12/2023
ကော်နာပါလာတဲ့ကွင်းလယ်အတွက် အန်ဇိုအတွက်ကစားရသက်သာပြီး progressive passes တွေပေးနိုင်မလား
မွေးစားသားလေး ဂျက်ဆင်မပါခဲ့တာနဲ့ line upကတော့ ကြိုက်မိပါတယ်အန်ကွန်ကူမပါသေးတာတော့ ဝမ်းနည်းစရာပါ anyway အနိုင်ပိုင်းမယ့် ခြေင်္သေ့ မင်းနဲ့ အတူတူ hypeကြမယ်💪💪💪💪vamos
ဒီနေ့ထိ ဦးနှောက်ပါဖျတ်သေသွားသလိုဘဲ နိုင်ရမယ့်ပွဲလည်းမနိုင်ဘူး နိုင်မယ့်မထင်တဲ့ပွဲလဲမနိုင်ဘူး ဆိုသလိုဖြစ်နေပြီ attacking overload နဲ့ effective playstyleဆော့တယ့်မန်ယူနဲ့ပွဲမှာJames ပွဲမပယ်ဘဲ ကူကူရေလာကို rwbထားပြီး ဆော့တယ် လီဗိုင်းကိုးဝဲလ်ကိုပါ ဖျတ်ဆီးနေသလိုဘဲဗျာ ဟူးးးးးး