24/06/2026
လေးစားရပါသော ဂေါက်သီးရိုက်ဝါသနာရှင် မိတ်ဆွေများရှင်၊
လာမည့် (၁.၇.၂၀၂၆) ရက်နေ့မှစတင်၍ ဂေါက်ကွင်း၏ဝန်ဆောင်မှု နှုန်းထားများကို အနည်းငယ် ပြောင်းလဲပြင်ဆင် သတ်မှတ်သွားမည်ဖြစ်ပါကြောင်းလေးစားစွာဖြင့် အသိပေးအပ်ပါတယ်ရှင်
အမြဲအစဉ်တစိုက်ယုံကြည်စွာဖြင့်လာရောက်အားပေးမှုကိုလည်း AYE THAR YAR GOLF CLUBမှအထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ်ရှင်🙏🙏
゚viralシ
13/04/2026
💛🌿Happy Thingyan & Myanmar New Year 💛🌿
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အခါသမယ
Aye Thar Yar Golf Club မှ
လေးစားရသော မိတ်ဆွေများနှင့် ဧည့်သည်တော်ကြီးများအားလုံး
နှစ်သစ်အခါသမယတွင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
အေးချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့်
လုပ်ငန်းရေးရာများတွင်လည်း တိုးတက်အောင်မြင်မှုများ
အမြဲတမ်း ရရှိကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏🙏
🌿 Wishing you peace, happiness, and prosperity in the New Year 🌿
🌿 နှစ်သစ်မှာ စိတ်သစ်၊ အားသစ်များဖြင့်ပျော်ရွှင်ချမ်းမြေ့သော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ 🌿
02/03/2026
💛 🌾 ပြည်သူတို့၏ ဝမ်းရေးအတွက် နေပူမရှောင် မိုးရွာမရှောင် ကြိုးစားအားထုတ်ပေးနေကြသော ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံးကို ယနေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့မှစ၍ အစဉ်ထာဝရ အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သီးနှံများ အထွက်တိုးကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း
AYE THAR YAR GOLF CLUBမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🌾💛
#တောင်သူလယ်သမားနေ့
peasant’s day🌾
23/02/2026
Congratulations 🎊
⛳⛳၂၀၂၆နှစ်၊ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင်
ကစားသမား ဦးအောင်မြတ်မိုးမှ ဒုတိယအကြိမ်မြောက် အဖြစ်
တွဲဖက်ကစားသမား
ဦးထွန်းအေး
ဦးနေမျိုးအောင်
ဦးသားချော
ဦးသီဟတို့နှင့်
ကျင်းအမှတ်-၁၂ # Par # 3, Length # 180Yards ) တွင် 🏆HOLE IN ONE🏆ဝင်သွားပါသဖြင့်
အေးသာယာဂေါက်ကွင်းမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆု လက်ဆောင် များ ချီးမြင့်အပ် ပါသည်။
12/02/2026
⛳️ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့်ကျေးဇူးတင်လွှာ ⛳️
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ (၁၁) ရက်နှင့်
(၁၂) ရက်၊ နှစ်ရက်တိုင်တိုင် ကျင်းပ
ပြုလုပ်ခဲ့သော (၁၄) ကြိမ်မြောက်
MYANMAR GURKHA GROUP (MGG)
Golf Tournament ကြီး အောင်မြင်စွာ
ပြီးဆုံးသွားခဲ့ပြီဖြစ်ပါသည်။
ဤပြိုင်ပွဲကြီး အောင်မြင်ချောမွေ့စွာ
ပြီးမြောက်အောင် စနစ်တကျ စီစဉ်
ဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိလူကြီး
မင်းများ၊ကူညီပံ့ပိုးပေးကြသူများနှင့်
ပြိုင်ပွဲဝင်များအားလုံး ကို AYE THAR YAR
GOLF CLUBမှအထူးပင် ကျေးဇူးတင်ရှိ
ကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်
ပါသည်။
နောင်များမှာလည်း ယခုလိုစည်းလုံးညီညွတ်မှု
များဖြင့် ပြိုင်ပွဲကောင်းများကို ဆက်လက်
ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်း
တောင်းလိုက်ရပါတယ်ရှင်
12/02/2026
ယနေ့ကျရောက်သော၇၉ကြိမ်မြောက်
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်
တိုင်းရင်းသားညီအစ်ကို မောင်နှမများ
အားလုံးနှင့်တကွ ဂေါက်သီးအားကစား
ဝါသနာရှင်များအားလုံး ကိုယ်စ်တ်နှစ်ဖြာ
ကျန်းမာရွှင်လန်းကြပါစေကြောင်း
AYE THAR YAR GOLF CLUB မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အားလပ်ရက်မှာ ဂေါက်ရိုက်ရင်း အပန်းဖြေဖို့
လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်🤍 ⛳️