AAT Healvice

AAT Healvice

Share

The Words You Speak Become The House You Live In🪷✨

24/08/2026

✨ MINDSET & MANIFESTATION BLUEPRINT — DAY 2 ✨

ဒီနေ့မှာတော့ Mindset & Manifestation Blueprint Class ရဲ့ Day 2 ကို ဆက်လက်သွားကြပါမယ်

DAY 1 ကသင်ယူခဲ့တာတွေကို ပြန်လည်ချိတ်ဆက်ပြီး
ကိုယ့်ရဲ့ Mindset နဲ့ Manifestation Journey ကိုပိုမိုနက်ရှိုင်းစွာ ဆက်လက်လေ့လာသွားမယ့်နေ့လေးပါ

🗓️ Today 24.08.2026 — Day 2
⏰ 7:30 PM – 9:00 PM
📍 Zoom Session

ဒီနေ့လည်း ကိုယ့်အတွက် အချိန်ပေးပြီး
စိတ်အေးအေးနဲ့ ပါဝင်ပေးကြပါနော်။ ✨

See you tonight at 7:30 PM

22/08/2026

ARIGATO — DAY 25 🤍

Arigato Post လေးတွေမတင်ဖြစ်တော့ မေ့သွားကြပြီလား?

ကျေးဇူးတင်ခြင်းဆိုတာ Daily Post တစ်ခုလို မဖြစ်မနေ ပြောပြနေဖို့ မလိုပါဘူး

တစ်ခါတလေ—

ကိုယ့်အတွက် ကော်ဖီတစ်ခွက် ဖျော်ပေးခဲ့တဲ့သူ

လိုအပ်တဲ့အချိန်မှာ ရောက်လာတဲ့ Message တစ်စောင်

ကိုယ့်ဘက်ကနေ မလှည့်ထွက်သွားခဲ့တဲ့သူ

ကိုယ့်ကို ယုံကြည်ပေးခဲ့တဲ့သူ

သာမန်လေးထင်ရပေမယ့်
တကယ်တော့ တန်ဖိုးရှိခဲ့တဲ့ ကောင်းမွန်တဲ့နေ့တစ်နေ့ ကိုပဲ

ကျေးဇူးတင်နေတာလဲ ဖြစ်နိုင်ပါတယ်

ဒါကြောင့် ဒီနေ့
“ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ?” လို့ မမေးဘဲ—

“ဘာကို ငါ တန်ဖိုးမထားဘဲ မဖြတ်သန်းခဲ့မိတာလဲ?”

လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

အဖြေက ထင်ထားတာထက်
ပိုနီးနေပါလိမ့်မယ်❤️

20/08/2026

မနေ့က Mindset & Manifestation Blueprint – Day 1 ကို အတူတူ ဖြတ်သန်းခဲ့ကြပြီးပြီနော် ....

မနေ့က Session လေးပြီးတဲ့နောက်မှာ တစ်ယောက်ချင်းစီရဲ့ ခံစားချက်နဲ့ ရရှိသွားတဲ့အရာလေးတွေကို Aye Thein သိချင်ပါတယ်

မနေ့က Class ကနေ
ကိုယ့်အတွက် ဘာတွေရသွားလဲ?

ဘယ်အရာလေးက ကိုယ့်အတွက် အထိရောက်ဆုံးဖြစ်ခဲ့လဲ?

ကိုယ့်ရဲ့ Mindset ဒါမှမဟုတ် အတွေးအမြင်ထဲမှာ ဘာလေးတွေ သတိထားမိသွားလဲ?

Class မတက်ခင်နဲ့ တက်ပြီးနောက် ကိုယ့်အတွင်းမှာ ဘာလေးတွေ ကွာခြားသွားလဲ?

အကြီးကြီးရေးပေးစရာမလိုပါဘူးနော် ကိုယ်တကယ်ခံစားရတာ၊ ရသွားတာလေးကို ကိုယ့်စကားနဲ့ပဲ ရိုးရိုးလေး comment မှာမျှဝေပေးရုံပါဘဲနော်.....

တစ်ယောက်ချင်းစီရဲ့ Sharing လေးတွေကို ဖတ်ဖို့ Aye Theinစောင့်နေပါတယ်နော်......❤️

19/08/2026

Mindset & Manifestation Blueprint သင်တန်းလေးဒီနေ့စပါမယ်နော်
Zoom session - 7:30 pm to 9:00 pm

Class information အားလုံးကို Aye Thein ပို့ပေးထားပါတယ် မရသေးသူများ Aye Thein ကိုပြန်ဆက်သွယ်ပေးပါနော်

Class အပ်ချင်တဲ့သူတွေလဲ လာအပ်လို့မှီပါတယ်နော် .....

18/08/2026

✨ Mindset & Manifestation Blueprint — We Begin Tomorrow ✨

မနက်ဖြန်ကစပြီး ကိုယ့်ရဲ့ Mindset, Thoughts, Beliefs နဲ့ Vision တွေကို ပိုပြီးရှင်းလင်းစွာ နားလည်တည်ဆောက်ဖို့ ခရီးလေးတစ်ခုကို အတူတူ စတင်ကြတော့မယ်နော်🤍

Mindset & Manifestation Blueprint – 5 Days Class ကို

📅 19 August 2026 မှာ စတင်သွားမှာဖြစ်ပြီး

💻 Zoom Live Online Session လေးဖြစ်ပါတယ်

အတူတူ လေ့လာပြီး တဖြည်းဖြည်း ပြောင်းလဲတည်ဆောက်သွားကြမယ်

Class Fee ပေးသွင်းပြီးသားသူများအတွက်

Class information, Zoom details နဲ့ လိုအပ်တဲ့ updates တွေကို မလွတ်သွားစေဖို့ Telegram မှာ Aye Thein ကိုဆက်သွယ်ပေးပါနော်❤️

မနက်ဖြန်မှာ အားလုံးနဲ့ တွေ့ရဖို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်🥰

ဒီ 5 ရက်ဟာ Class တစ်ခုတက်ရုံထက်ပိုပြီး

ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့၊ ကိုယ်လိုချင်တဲ့ direction ကို ပိုရှင်းလင်းလာဖို့နဲ့ ကိုယ့်ဘဝအတွက် intention အသစ်တစ်ခု စတင်ဖို့ အချိန်လေးဖြစ်ပါတယ်

16/08/2026

✨ Mindset & Manifestation Blueprint ✨

ကိုယ်လိုချင်တဲ့ဘဝတစ်ခုကို ဖန်တီးဖို့ဆိုတာ ဆန္ဒရှိရုံနဲ့ မပြီးပါဘူး

ကိုယ့်ရဲ့ Mindset, Beliefs နဲ့ Actions တွေကလည်း ကိုယ်သွားချင်တဲ့နေရာနဲ့ တစ်သားတည်းဖြစ်နေဖို့ လိုပါတယ် 🤍

Mindset & Manifestation Blue Print – 5 Days Class လေးကို မကြာခင် စတင်တော့မှာပါ

ဒီ 5 Days Journey မှာ

ကိုယ့်ရဲ့ Mindset ကို ပြန်လည်တည်ဆောက်ရင်း၊

ကိုယ်တကယ်လိုချင်တဲ့အရာတွေကို ပိုရှင်းလင်းစွာ သိမြင်လာဖို့နဲ့

ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်နိုင်ဖို့ အတူတူ လေ့လာသွားကြမယ်

📅 Class Dates — 19.8.2026
21.8.2026
24.8.2026
26 .8.2026
28 .8.2026
💻 Live Zoom Class

ဒီ Class ကို အပ်ပြီးသားသူတွေက
Comment မှာ “ENROLL” လို့ ရေးခဲ့ပေးပါနော်❤️

August 19 ရက်နေ့မှာ Zoom မှာစုံကြမယ်နော်

Think. Align. Believe. Manifest.

ကိုယ်လိုချင်တဲ့ Change ကို ကိုယ့်အတွင်းကနေ စတင်ကြရအောင်

14/08/2026

21 Days Money Glow Journey –
Batch 12

Batch 12 — ဒီတစ်ခေါက်တော့ ပိုနက်နက်ရှိုင်းရှိုင်း သွားကြမယ်

ပိုက်ဆံပိုရချင်တာက မမှားဘူး

ဒါပေမယ့် ပိုက်ဆံရဖို့ ကြိုးစားနေရင်း
ကိုယ့်အတွင်းမှာ ပိုက်ဆံနဲ့ပတ်သက်ပြီး ဘာတွေယုံကြည်ထားလဲဆိုတာကို မေ့နေတတ်ကြတယ်

“ရလာရင် ပြန်ကုန်မှာပဲ”

“ငါ့အတွက် ဒီလောက်နဲ့ပဲ လုံလောက်တယ်”

“ပိုလိုချင်တာ မကောင်းဘူး”

“ငါက ဒီလိုဘဝမျိုးနဲ့ မထိုက်တန်ပါဘူး”

တချို့ beliefs တွေက ကိုယ်တောင် မသိလိုက်ဘဲ နှစ်တွေအကြာကြီး ရှိနေခဲ့တာ

21 Days Money Glow Journey က21 ရက်နဲ့ ချမ်းသာသွားမယ်လို့ ကတိပေးတဲ့ Journey မဟုတ်ဘူး

ကိုယ့်ရဲ့ Money Story ကို သတိထားမိဖို့

ကိုယ့်ကိုတားထားတဲ့ beliefs တွေကို ပြန်ကြည့်ဖို့

Receiving နဲ့ Abundance ကို ကိုယ့်အတွင်းကနေ စတင်လေ့ကျင့်ဖို့ပါ

တစ်နေ့နည်းနည်းစီ ကိုယ့်အတွက် ကိုယ်ရွေးချယ်ပြီး လုပ်သွားမယ့် 21 ရက်

Batch 12 မှာ ကိုယ့်ကိုယ်ကို နောက်တစ်ဆင့် ခေါ်သွားကြမယ်

Start Date : 15.8.2026

Time : 6:00 AM

Zoom ID : 73321 41304

Passcode : 136147

Arigato challenge လေးလဲ Day - 17
အထိအတူတူ ပါဝင်ပေးကြတဲ့သူတိုင်းကို‌ ကျေးဇူးတင်ပါတယ်ရှင့်......❤️

12/08/2026

တစ်ခါတလေ… ဘဝက မစသေးခင် စိတ်ထဲမှာ အရင်စတတ်ပါတယ်......

မနက်အိပ်ရာနိုးတဲ့အချိန်လေးမှာ ကိုယ်လိုချင်တဲ့ဘဝကို ခဏလောက် မြင်ကြည့်ဖူးလား

အေးချမ်းတဲ့အိမ်လေး၊ စိတ်ချမ်းသာစေတဲ့အလုပ်လေး၊ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ပြုံးနေတဲ့ပုံလေး…
အဲ့ဒီပုံတွေကို စိတ်ထဲမှာ နေ့တိုင်းပြန်မြင်ပေးတာက Visualization ပါ........

“ဖြစ်ပါ့မလား” လို့ တွေးနေမယ့်အစား “ဖြစ်လာရင် ဘယ်လိုခံစားရမလဲ” ဆိုတာကို အရင်ခံစားကြည့်ပါ

စိတ်က ယုံကြည်လာတဲ့အရာတွေကို ခြေလှမ်းတွေက တဖြည်းဖြည်း လိုက်သွားတတ်ပါတယ်

ဒီနေ့ မျက်လုံးမှိတ်ပြီး ကိုယ့်အနာဂတ်ကို ခဏလောက် တွေ့ကြည့်ပါ

တစ်နေ့မှာ “စိတ်ကူးယဉ်ခဲ့ဖူးတဲ့ဘဝ” က ကိုယ့်ရှေ့မှာ တကယ်ရပ်နေမယ့်နေ့ ရောက်လာမှာပါ.....

11/08/2026

21 Days Money Glow Journey – Batch 11 လည်း ပြီးသွားပါပြီ.......❤️

ဒီ Journey လေးနဲ့အတူ သွားလာခဲ့တာ 11 လတောင်ရှိသွားပါပြီ

Batch တစ်ခုပြီးတိုင်း Aye Thein အကြိုက်ဆုံးအပိုင်းက Aye Thein ရဲ့ချစ်ရတဲ့မိသားစုဝင်‌ လေးတွေ ပြန်ပြောပြကြတဲ့ အတွေ့အကြုံလေးတွေ ဖတ်ရတာပဲ။

တစ်ယောက်နဲ့တစ်ယောက် ရတာချင်းလည်း မတူဘူး။

တချို့က money နဲ့ပတ်သက်တဲ့အတွေးတွေ ပြောင်းလာတယ်၊

တချို့က ကိုယ့်ကိုယ်ကို ပိုယုံကြည်လာတယ်၊

တချို့ကတော့ ကိုယ်တိုင်ပဲ သိတဲ့ အပြောင်းအလဲသေးသေးလေးတွေ ရှိလာတယ်။

ဒီ Batch 11 ပြီးသွားတဲ့အချိန်မှာတော့

Aye Thein ပြောတာထက် Aye Thein မိသားစုဝင်တွေ ပြောတာကို ပိုကြားချင်တာပါ

ဒီ 21 ရက်အတွင်း

ကိုယ့်မှာ ဘာတွေပြောင်းသွားလဲ?
ဘာတွေသိလာလဲ?

ဘာတွေရခဲ့လဲ?

အရင်ကနဲ့ မတူတော့တဲ့ ခံစားချက်လေးတွေ ရှိလား?

ကိုယ်တကယ်ခံစားရတာလေးပဲ ပြောပြပေးပါနော်

ပြီးတော့ နောက် Batch တွေဝင်ဖို့ စဉ်းစားနေတဲ့သူ‌တွေရှိရင်လဲ ဒီ Journey အကြောင်း ဘာပြောချင်လဲ?

Aye Thein က ဒီတစ်ခါ မိသားစုဝင်တို့ရဲ့ real experience လေးတွေ ဖတ်ချင်တာပါ

10/08/2026

💰 သင့်ရဲ့ Money Personality က ဘာလဲ?

ပိုက်ဆံနဲ့ပတ်သက်ရင် လူတိုင်းရဲ့ပုံစံ မတူကြဘူး။

① Saver — ပိုက်ဆံစုထားမှ စိတ်အေးတယ်။

② Spender — ရှိတုန်း သုံးပြီး ဘဝကိုခံစားချင်တယ်။

③ Avoider — ငွေစာရင်း၊ အကြွေးတွေကို မကြည့်ချင်ဘူး။

④ Giver — ကိုယ့်အတွက်ထက် သူများအတွက် ပိုသုံးပေးတတ်တယ်။

အခု ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

“ငါက Saver, Spender, Avoider, Giver ဘယ် Type နဲ့ အနီးစပ်ဆုံးလဲ?”

တစ်မျိုးတည်းဖြစ်စရာမလိုပါဘူး။ နှစ်မျိုး၊ သုံးမျိုး ရောနေနိုင်ပါတယ်။

ပြီးတော့ အရေးကြီးဆုံးမေးခွန်းတစ်ခုရှိတယ်—

“ငါ့ရဲ့ Money Personality က ငါ့ကို ကူညီပေးနေတာလား၊ ဒါမှမဟုတ် ငါ့ကို ထိန်းချုပ်နေတာလား?”

ဒီမေးခွန်းရဲ့အဖြေက ကိုယ့်ရဲ့ Money Healing Journey ကို စတင်ဖို့ နေရာကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

💬 1, 2, 3, 4 — ကိုယ့်နံပါတ်ကို Comment မှာရေးခဲ့ပါ။

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Taunggyi