Asia Queen

Asia Queen

Share

နေ့စဥ် Update ဘော်လုံးသတင်းတွေဖတ်ရှုခံစားချင်တယ်ဆို Asia Queen ကို Like လုပ်ထားကြပါစို့

1xbet PromoCode 👉NN1099

29/08/2026

စပါး 0 - 0 နယူးကာဆယ် HT

ရလဒ်က ဂိုးမရှိသရေ၊ ပွဲအနေအထားက ဝိုးခနဲဝါးခနဲ ဖြစ်ရလောက်တဲ့အထိ မမြိုင်ပေမဲ့လည်း မဆိုးပါဘူး၊ လက်ခံပေးလို့ရတဲ့ အနေအထားလို့ ပြောရမယ်။ နှစ်သင်းလုံးက ကွင်းလယ်မှာ Battle ဆိုင်ကြတာများတယ်။

ဒီဇာဘီရဲ့ စပါးကတော့ တိုက်စစ်သွားတဲ့နေရာမှာ ဘယ်ညာ Balance ဖြစ်ပြီး ရင်ဖိုအောင် ကိုင်လှုပ်နိုင်တဲ့ အခိုက်အတန့်လေးတွေရှိခဲ့တယ်။ ကစားပုံကလည်း ပိုပြီးတော့ ကောင်းခဲ့တယ်။

ဒီအတိုင်းဆိုရင် ကြက်ဖကြီးဟာ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေတွေ့နိုင်ခြေ အများကြီး ရှိနေပါတယ်...

29/08/2026

လီဗာပူးလ် 2 - 2 ဖောရက်စ် FT

နည်းပြအီရာအိုလာရဲ့ လီဗာပူးလ်ကတော့ ရာသီအဖွင့် ၂ ပွဲဆက်တိုက် ၂ ဂိုးစီသရေ ထွက်ထားပြီးတော့ ရမှတ် ၂ မှတ်သာ စုဆောင်းထားနိုင်ပါသေးတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပေမဲ့ လီဗာပူးလ် ပရိသတ်တွေအဖို့ ကျေနပ်စရာ ရလဒ်တော့ မဟုတ်ခဲ့ဘူး။

ဒီကြားထဲမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ 92 ကြောင်ချက်ကြီးက လီဗာပူးလ်ကို သရေ မဖြစ်ဖြစ်အောင် ဆွဲချသွားခဲ့တယ်လို့ ဆိုရမှာပါ။ ပရီးမီးယားလိဂ်ရဲ့ ဒိုင် တလွဲကိစ္စတွေကတော့စပြီ။

လီဗာပူးလ်အနေနဲ့ ၂၀၂၃ နောက်ပိုင်းတည်းက အန်ဖီးလ်မှာ ဖောရက်စ်ကို အနိုင် တီးထုတ်နိုင်ခြင်း မရှိသေးပါဘူး...

Photos from Asia Queen's post 29/08/2026

ပင်နယ်တီပေးလိုက်တဲ့ အနေအထားက လက်မခံနိုင်စရာပဲ။ ဒိုင်လူကြီးကလည်း အရမ်းအရမ်းကိုမှ တယူသန်တဲ့ ပုံစံနဲ့ ဆုံးဖြတ်သွားခဲ့တယ်။ ဆိုတော့ လက်ရှိမှာတော့ ဖောရက်စ်က 1-2 နဲ့ ပြန်ဦးဆောင်သွားခဲ့ပါပြီ...

Photos from Asia Queen's post 29/08/2026

လီဗာပူးလ်အတွက် လိုအပ်နေတဲ့ ချေပဂိုးကို အီဆက်ခ်က သွင်းယူသွားခဲ့ပါပြီ...

ဂတ်ပိုရဲ့ ညာခြမ်းမှာ လှည့်ထွက်ပြီးတော့ အရမ်းသပ်ရပ်ကောင်းမွန်တဲ့ Cross Ball ကို အီဆက်ခ်က ခူးပြီးခပ်ပြီးအသင့် ပိတ်သွင်းသွားခဲ့တာပါ...

လက်ကျန် မိနစ် ၃၀၊ အန်ဖီးလ်မှာ အမှန်တီးကြတော့မှာပါ...

Photos from Asia Queen's post 29/08/2026

လီဗာပူးလ် 0 - 1 ဖောရက်စ် HT

အိမ်ရှင်အသင်းက လီဗာပူးလ်လား၊ ဖောရက်စ်လား မသဲကွဲဘူး။ ထုံးစံအတိုင်း ပွဲအစတည်းက အိမ်ရှင် လီဗာပူးလ်ထက် ပိုထိရောက်တဲ့ ခြိမ်းခြောက်မှုတွေကို လုပ်ထားနိုင်ခဲ့တဲ့ ဖောရက်စ်က ၁ ဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်တယ်။

ဂိုးပေးလိုက်ရချိန်မှာ လီဗာပူးလ်ဟာ ဘောလုံးပိုကိုင်ပြီးတော့ ခြိမ်းခြောက်နိုင်ဖို့ ပိုကြိုးစားခဲ့သလို အခွင့်အရေးအချို့လည်း ရခဲ့တယ်။ လူကျွံနေခဲ့သလို ဖောရက်စ် ဂိုးသမားကလည်း အရမ်းကောင်းနေတော့ ဂိုးမရခဲ့ဘူး...

ဆိုပေမဲ့ ဒီအခြေအနေထိ ပိုကောင်းတဲ့အသင်းက ဖောရက်စ်ဖြစ်နေပြီးတော့ နာကျင်အချိန်ပိုမှာ အလစ်ဆင်သာ ဖောရက်စ်ရဲ့ အပိုင်အလုံးကို မပုတ်နိုင်ခဲ့ရင် သေချာပေါက် ပွဲပြတ်သလောက် ဖြစ်သွားခဲ့မှာပါ...

လီဗာပူးလ်ဟာ အားရစရာတစ်ကွဲမှ မရှိနေခဲ့ပေမဲ့ အခွင့်အရေးက ရှိနေဆဲပါပဲ..အီရာအိုလာ ဘာတွေများ လုပ်ပြနိုင်မလဲ

Photos from Asia Queen's post 29/08/2026

အသည်းအသန် ကြိုးစားပြီးရခဲ့တဲ့ ချေပဂိုးဟာ လူကျွံနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်...

Photos from Asia Queen's post 29/08/2026

ဂိုးပြီခင်ဗျာ...

အိမ်ရှင် လီဗာပူးလ်ဘက်ကို နော်တင်ဟမ်ဖောရက်စ်က လှလှပပသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်....

အန်ဖီးလ်ဆိုတာ ဖောရက်စ်အတွက်တော့ အောင်မြေလိုကို ဖြစ်နေပါပြီ...

29/08/2026

ဖာရန်တောရက်စ်ကို ချန်ပီယံလိဂ် ၃ နှစ်ဆက်အိပ်မက်အတွက် တိုက်စစ် အဆင်မြှင့်တင်မှုတစ်ခုအဖြစ် ပီအက်ဂျီအသင်းက မရမကခေါ်ခဲ့တယ်။ အဖွင့်ပွဲမှာတင် ၂ ဂိုးရှုံးနေတဲ့ ပီအက်ဂျီအတွက် ချေပဂိုး ၂ ဂိုး သွင်းယူပြီးတော့ အစွမ်းအစကို ထုတ်ပြခဲ့တယ်။

ဆိုပေမဲ့ ဖာရန်တောရက်စ်ဟာ အဖွင့်ပွဲက ချေပဂိုးကြောင့် ပီအက်ဂျီအတွက် လာခြင်းကောင်းသလိုလိုနဲ့ လက်တွေ့မှာတော့ လာခြင်းမကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် အဖြစ် သတ်မှတ်ခံနေရပါတယ်။ သူ ရောက်လာပြီးတည်းက ပီအက်ဂျီဟာ တစ်ပွဲမှကို မနိုင်သေးပါဘူး။

❌ သူတို့တွေ အဖွင့်ပွဲမှာ လန်းစ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။
❌ ပြင်သစ် လီဂူးဝမ်း (Ligue 1) ပြိုင်ပွဲမှာ လက်ရှိအချိန်ထိ နိုင်ပွဲ လုံးဝ မရသေးပါဘူး။
📉 အဲဒီအပြင် အမှတ်ပေးဇယားရဲ့ အောက်ခြေအဆင့်တွေဆီအထိ တဖြည်းဖြည်းချင်း ကျဆင်းလို့ နေပါတယ်။

ဒါဟာ တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲလား... ဒါမှမဟုတ် ဖာရန်တောရက်စ်တစ်ယောက် ပြင်သစ်မြေမှာ သူ့ရဲ့ ကျိန်စာရာဇဝင် စတင်ရေးထိုးနေတာလား...ဒါကတော့ ပြောဖို့ခက်ပါတယ်။ အင်းနရစ်ရဲ့ ပီအက်ဂျီ အသင်းက ရာသီအစမှာ ဒါမျိုးဖြစ်တတ်တာ ခဏခဏပါပဲ။

အချိန်တန်ရင်တော့ ဗိုလ်နေမြဲကျားနေမြဲ ပြန်ကြမ်းလာမှာဖြစ်လို့ ဖာရန်တောရက်စ်ကြောင့် ဆိုပြီးတော့ ခေါင်းစဉ်တပ်နေတာတွေလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။

29/08/2026

ပြီးခဲ့တဲ့ပွဲမှာ တစ်ယောက်လျော့နေချိန် လူစားလဲခံလိုက်ရလို့ ပေါက်ကွဲခဲ့ရတဲ့ ဂုတ်ကြီး ရော်နယ်ဒိုကတော့ ဒီမနက် အယ်လ်တာဝမ်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂိုးသွင်းပြီးတဲ့ ရော်နယ်ဒိုဟာ ကလေးတစ်ယောက်လို ပျော်ရွှင်နေခဲ့တာပါ။

သူ့ရဲ့ ကစားသမားဘဝ ၉၇၈ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ဂိုး ၁၀၀၀ အိပ်မက်နဲ့လည်း ၂၂ ဂိုးသာ လိုပါတော့တယ်။ တဖြည်းဖြည်းနဲ့ ဂုတ်ကြီးကတော့ နီးစပ်လာခဲ့ပါပြီ။

ဒီနေ့သွင်းဂိုးအတွက် သူကိုယ်တိုင်လည်း အရမ်းပျော်ရွှင်နေခဲ့သလို ကတောက်ကဆလေးတွေ ရှိခဲ့ဖူးတဲ့ နည်းပြအန့်ဂျ်နဲ့လည်း ပြုံးပြုံးပျော်ပျော်စကားတွေ ပြောနေခဲ့တာပါ။ ထုံးစံအတိုင်း Siuuu အောင်ပွဲခံဖို့ မေ့နေခဲ့လို့ မာနေးက သတိပေးရတဲ့အထိပါပဲ။

ဂန္ထဝင်ကစားသမားကြီးက သူ့ရဲ့ထုံးစံအတိုင်း ဂိုးတွေသွင်း အသင်းအတွက် နိုင်ပွဲရှာဖွေးရင်း ဘယ်သူမှ မဖြစ်နိုင်ပါဘူး ပြောနေတဲ့ ဂိုး ၁၀၀၀ အိပ်မက်ကိုလည်း တစ်လှမ်းချင်း လှမ်းနေခဲ့ပြီ ဖြစ်ပါတယ်။

29/08/2026

မာရက်စ်ကာရဲ့ မန်စီးတီး Era အသစ်ကတော့ ကစားရခက်ပါတယ်ဆိုတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ 1-4 ဂိုးပြတ်နဲ့ တစ်ဖက်သတ်ဆန်လွန်းတဲ့ အသင်းလိုက်ခြေစွမ်းကို ပြသပြီး ရာသီသစ်မှာ အဆင်သင့်ဖြစ်နေကြောင်းကို ပြသသွားခဲ့ပါပြီ။

ပြင်သစ်မှာပဲ Line-up Out လို့ရမယ်။ မန်စီးတီးမှာတော့ ရိုင်ယန်ချာကီကို ပွဲထွက်လူစာရင်းကနေ ဖယ် ထုတ်ထားလို့ မရဘူးဆိုတာကို ဆရာသမားက ၂ ဂိုးသွင်းပြီးတော့ ခြေစွမ်းပြကစားသွားခဲ့တယ်။

ဆံတိုကေအသစ်နဲ့ မောင်ဟာလန်းကလည်း ရာသီအသစ်အတွက် အဖွင့်ဂိုးတွေကို ခေါင်းတိုက်တစ်ဖုံ၊ သပ်ရပ်တိကျတဲ့ ဘယ်ခြေနဲ့ အနီးကပ်အဆုံးသတ် သွင်းဂိုးတစ်လုံးနဲ့ စုစုပေါင်း ၂ ဂိုးသွင်းယူပြီးတော့ ခြေစွမ်းပြကစားသွားခဲ့တယ်။

Clean Sheet မဖြစ်ခဲ့တာကလွဲရင် မာရက်စ်ကာရဲ့ ကစားပုံကတော့ မထင်ထားလောက်အောင် အားရဖို့ ကောင်းတယ်။ ရာသီအသစ်မှာ မန်စီးတီးဟာ အဆင်သင့်မဖြစ်သေးဘူး ပြောခဲ့တဲ့သူတွေ မှားကြောင်း မာရက်စ်ကာက သက်သေပြသွားခဲ့ပြီ။

မန်စီးတီးဟာ ၂ ပွဲကစား ၆ မှတ်အပြည့်သိမ်းပိုက်ပြီးတော့ ဂိုးကွာခြားချက် +၄ နဲ့ တစ်ပွဲပိုကစားထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Taunggyi