SUKHA YOGA

SUKHA YOGA

Share

FLOW IN EASE 🌿

14/08/2026

Yoga Sutra မှာ Yoga ကို
“Citta Vritti Nirodhah” လို့ ပြောထားပါတယ်…

ရိုးရိုးရှင်းရှင်းပြောရရင်
စိတ်ထဲက လှုပ်ရှားမှုတွေကို ငြိမ်သက်လာအောင် လေ့ကျင့်ခြင်း ဆိုတဲ့သဘောပါ…

ဥပမာ…

ခန္ဓာကိုယ်က Yoga mat ပေါ်မှာရှိနေပေမယ့်
စိတ်ကတော့ မနက်ဖြန်အလုပ်အကြောင်းတွေးနေတယ်…

ပြီးခဲ့တဲ့အကြောင်းတစ်ခုကို ပြန်တွေးနေတယ်…

ဖုန်းကို ကြည့်ချင်နေတယ်…

ဒါတွေက စိတ်ရဲ့ Vritti တွေပေါ့…

Yoga ကျင့်တယ်ဆိုတာ
အဲဒီအတွေးတွေကို အတင်းပိတ်ပစ်ဖို့ မဟုတ်ဘူး…

စိတ်က ဘယ်လောက်လှုပ်ရှားနေတယ်ဆိုတာ သိလာပြီး
ဖြည်းဖြည်းချင်း ပြန်ငြိမ်အောင် လေ့ကျင့်တာပါ… 🧘🏻‍♀️

ဒါကြောင့် Yoga က
ကိုယ်ခန္ဓာကို flexible ဖြစ်အောင်လုပ်တာထက်…

စိတ်ကို ကိုင်တွယ်တတ်လာအောင် လေ့ကျင့်ပေးတဲ့ practice တစ်ခုလည်း ဖြစ်ပါတယ်… 🤍

14/08/2026

Forward Bend ငုံ့တဲ့အခါ…

​"ငါ့ ပေါင်နောက်ကြွက်သားတွေ အရမ်းတင်းနေပါလား" ဆိုပြီး

​ဒူးကို အတင်း ဆန့်ငုံ့နေတုန်းပဲလား?

​Forward Bend ရဲ့ လျှို့ဝှက်ချက်က

​ခါးကို ငုံ့တာ မဟုတ်ဘူး၊ Pelvis (ဆီးစပ်ရိုး) ကို လှည့်ပေးတာပါ…

​ဒါပေမဲ့ ပေါင်နောက်ကြွက်သား (Hamstrings) တွေ တင်းနေရင်

​Pelvis က ရှေ့ကို ငုံ့မပေးတော့ဘဲ ခါးဆစ်ပေါ် ဒဏ်အကုန်ကျလာပါတယ်…

​ဒါကို ဘယ်လို ရှင်းမလဲ? ✨

​👉 Knees ကို အနည်းငယ် ကွေးပေးလိုက်ပါ…

​ဒူးလေး နည်းနည်း ကွေးပေးလိုက်တာနဲ့👇

​▫️ Hamstrings ရဲ့ တင်းအားချက်ချင်း လျော့သွားမယ်…

▫️ Pelvis က Hip Joint ကနေ အလွယ်တကူ ရှေ့ကို Pivot ဖြစ်သွားမယ်…

▫️ Lumbar Spine (ခါးဆစ်) ဒဏ်ပိတာ ကင်းသွားမယ်…

​Mat ပေါ်ရောက်ရင် ဒါလေးပဲ သတိထားပါ👇

​❎ ခေါင်းနဲ့ ဒူး ထိဖို့ မလိုပါဘူး

❎ Hamstrings တင်းရင် ဒူးကို မဆန့်ပါနဲ့

❎ Hip Joints ကနေပဲ လှုပ်ရှားပေးပါ

​🧘🏻‍♀️

​“Hinge from the hips.”

​“Soften the knees.”

​“Protect the hamstrings.”

​ဒူးကို နည်းနည်း လျှော့ပေးတာဟာ ခါးနဲ့ Hamstrings ကို အကောင်းဆုံး ကာကွယ်ပေးတာပါပဲနော် 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

10/08/2026

Yoga Sutra ကို စဖတ်လိုက်ရင်
ပထမဆုံးတွေ့ရတဲ့ စကားလုံးက…

“Atha Yoga Anushasanam” ပါ…

အဓိပ္ပါယ်ကို ရိုးရိုးပြောရရင်
“အခုကစပြီး Yoga အကြောင်းကို လေ့လာကြမယ်” ဆိုတဲ့သဘောမျိုးပါပဲ…

ဒါပေမယ့် ကျွန်မအနေနဲ့ ဒီစာကြောင်းကို ပိုသဘောကျတာက…

Yoga ကို စတင်ဖို့
ခန္ဓာကိုယ်က perfect ဖြစ်နေဖို့ မလိုဘူး…

Flexibility ကောင်းနေဖို့လည်း မလိုဘူး…

“အခု စလေ့လာမယ်” ဆိုတဲ့စိတ်ရှိရင်
အဲဒီနေရာက Yoga စတဲ့နေရာပဲ… 🌿

Yoga ဆိုတာ
Mat ပေါ်မှာ pose လုပ်တဲ့အချိန်တင် မဟုတ်ဘူးနော်…

ကိုယ့်စိတ်ကို ကိုယ်ပြန်လေ့လာတဲ့ process တစ်ခုလည်း ဖြစ်တယ်…

ဒါကြောင့် Yoga ကို စချင်နေတယ်ဆိုရင်
Perfect ဖြစ်တဲ့နေ့ကို မစောင့်ပါနဲ့…

အခုကပဲ စလို့ရပါတယ်… 🤍

09/08/2026

"Cobra Pose ပဲလုပ်လုပ်၊ Wheel Pose ပဲလုပ်လုပ် ခါးအောက်ပိုင်းက စူးခနဲ နာကျန်ခဲ့ဖူးလား?" 🧘‍♀️

​အများစုက Backbend လုပ်တဲ့အခါ ခါးအောက်ပိုင်း (Lumbar) တစ်ခုတည်းကိုပဲ

​အတင်း ဖိပြီး ကွေးချလိုက်ကြလို့ပါ …

​ဒီနေ့ ခါးမနာဘဲ ရင်ဘတ်ပွင့်ပွင့်နဲ့ Backbend လုပ်နည်းကို

​Anatomy လေးနဲ့ ရှင်းပြပေးမယ်နော် …

​ခန္ဓာကိုယ်ရဲ့ ကျောရိုးဆစ်တွေမှာ ကွေးနိုင်စွမ်း မတူကြပါဘူး …

​✨ Lumbar Spine (ခါးဆစ်) က အလွယ်တကူ ကွေးနိုင်ပေမဲ့ အတင်းဖိရင် ဒဏ်ဖြစ်လွယ်ပါတယ်

​✨ Thoracic Spine (ကျောဆစ်) က နံရိုးတွေရှိလို့ တင်းနေတတ်ပေမဲ့ အထက်ဆီ ဆန့်ထုတ်ပြီး ဖွင့်ပေးရမယ့်နေရာဖြစ်ပါတယ်

​ဒါကြောင့် ခါးမနာတဲ့ Backbend ဖြစ်ဖို့ဆိုရင် 👇

​❎ Lumbar spine ကိုပဲ အတင်း ဇွတ်ဖိ မကွေးပါနဲ့

​✅ Thoracic Spine (ကျောဆစ်) နဲ့ ရင်ဘတ်ကို အပေါ်နဲ့ ရှေ့ဆီ Lift လုပ်ပြီး ဖွင့်ပေးရပါမယ်

​ခါးဆစ်တွေပေါ် ဖိအားမပိစေဖို့အတွက် ✨

​👉 Hip Extension (ပေါင်ရှေ့ပိုင်းနဲ့ တင်ပဆုံ) ကို အသုံးပြုပြီး Lift လုပ်ပါ

​👉 Core muscles တွေကို သေချာ Engage လုပ်ထားပြီး ခါးအောက်ပိုင်းကို ကာကွယ်ပေးပါ

​ကျောဆစ်ကပါ ဝိုင်းကူပေးပြီး ရင်ဘတ်ပွင့်သွားတဲ့အခါ

​ခါးနာတာ လုံးဝ မရှိတော့ဘဲ အသက်ရှူရတာပါ လန်းဆန်းသွားမှာပါ …

​ဒါလေး သတိထားကြည့်ရအောင် 👇

​❎ ခါးအောက်ပိုင်း (Lumbar) တစ်ခုတည်းမှာ အကွေးအားလုံး စုမနေပါစေနဲ့

​❎ ပခုံးတွေကို နားရွက်ဆီ တွန့်မထားဘဲ အောက်ကို လျှော့ချထားပါ

​❎ Glutes နဲ့ Core ကို မသိမသာ ထိန်းထားပေးပါ

​🧘🏻‍♀️

​“Lift the chest before you bend.”

​“Distribute the curve evenly.”

​“Protect the lower back.”

​Backbend ဆိုတာ ခါး‌နေရာတစ်ခုတည်းကို

ကွေးချတာမဟုတ်ဘဲ

​ခန္ဓာကိုယ် အရှေ့ဘက်ခြမ်း တစ်ခုလုံးကို ဖွင့်ပေးတာဖြစ်ပါတယ်နော် 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

07/08/2026

"Yoga ရဲ့ အစွမ်းထက်ဆုံး Seal လို့ ခေါ်ကြတဲ့ Mahamudra ကို ကျင့်ဖူးကြတယ်မလား?" 🧘‍♀️

​ဒီ pose က ရိုးရိုး Forward Bend လိုမျိုး ထင်ရပေမဲ့

​Yoga Anatomy အရ ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေနဲ့ Alignment ကို

​အံ့ဩဖို့ကောင်းအောင် ချိတ်ဆက်ပေးထားတာပါ …

​Mahamudra ဆိုတာ Spine ရဲ့ လှုပ်ရှားမှု ၃ ခုကို

​တစ်ပြိုင်နက်တည်း ပေါင်းစပ်ထားတာဖြစ်ပါတယ် …

​✨ Axial Extension (ကျောရိုးကို အထက်ဆို့ ရှည်ဆန့်ထုတ်ခြင်း)

​✨ Mild Twisting (ကျောရိုး၏ သိမ်မွေ့သော လိမ်အား)

​✨ Bandhas (Mula, Uddiyana နဲ့ Jalandhara Bandha များ)

​ဒါကြောင့် ဒီ pose မှာ အတင်း အောက်ကို ငုံ့ချလိုက်ရင် 👇

​❎ Spine ရဲ့ Lengthening အား မရှိတော့ဘဲ ကျောကွေးသွားနိုင်ပါတယ်

​✅ Spine ကို အပေါ်ကို အရင် ရှည်ဆန့်ထုတ်ပြီးမှ Core နဲ့ Bandhas တွေကို Lock လုပ်ပေးရပါမယ်

​ခန္ဓာကိုယ်ထဲက Prana (စွမ်းအင်) တွေကို ထိန်းညှိပေးဖို့ … ✨

​👉 Sit bones ပေါ်မှာ သေချာ Ground လုပ်ပါ

​👉 Cervical spine (လည်ပင်း) ကို ပိတ်မထားဘဲ Lengthen ဖြစ်နေပါစေ

​ကျောရိုးတစ်လျှောက်မှာ Lengthening နဲ့ Bandhas တွေ ပေါင်းစပ်သွားတဲ့အခါ

​စိတ်ရော ခန္ဓာပါ ငြိမ်သက်ပြီး သဘာဝအတိုင်း ထိန်းညှိသွားမှာပါ …

​ဒီနေ့ Mat ပေါ်ရောက်ရင် ဒါလေး သတိထားကြည့်ရအောင် 👇

​❎ ခေါင်းကို ဒူးနဲ့ ထိဖို့ပဲ မကြိုးစားပါနဲ့နော်

​❎ Spine အရှည်ကို ထိန်းထားပြီးမှ Bandha များကို Engage လုပ်ပါ

​❎ Shoulders တွေကို နားရွက်ဆီ ကြွမထားပါနဲ့

​🧘🏻‍♀️

​“Extend the spine.”

​“Engage the seals.”

​“Find inner stillness.”

​Mahamudra ဆိုတာ ခန္ဓာကိုယ်အပြင်ဘက် လှုပ်ရှားမှုထက်

​အတွင်းပိုင်း Alignment ကို အဓိကထားတဲ့ Practice တစ်ခုပါပဲနော် 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

06/08/2026

"Twist တွေ လုပ်တိုင်း ခါးအောက်ပိုင်းကိုပဲ အတင်းလှည့်ပြီး လိမ်နေမိသလား?" 🧘‍♀️

​အမှန်တော့ ခါးဆစ် (Lumbar Spine) ဆိုတာ

​လိမ်ဖို့ သဘာဝအတိုင်း ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါ ...

​ကျောရိုးတစ်လျှောက်မှာ လှုပ်ရှားနိုင်စွမ်းချင်း မတူကြပါဘူး …

​✨ Lumbar Spine (ခါးဆစ်) က Flexion/Extension (ရှေ့ငုံ့/နောက်လှန်) ကိုပဲ အဓိက လုပ်နိုင်တာပါ

​✨ Thoracic Spine (ကျောဆစ်) ကမှ Axial Rotation (လိမ်ခြင်း) ကို အဓိက လုပ်ပေးနိုင်တာဖြစ်ပါတယ်

​ဒီတော့ Twist လုပ်တဲ့အခါ ခါးဆစ်ကိုပဲ အတင်းဆွဲလိမ်လိုက်ရင် 👇

​❎ Lumbar Intervertebral Disc တွေပေါ်မှာ မလိုအပ်တဲ့ ဖိအားတွေ ရောက်သွားနိုင်ပါတယ်

​✅ Pelvis (ဆီးစပ်) ကို အရင်ဆုံး Stable ဖြစ်အောင် ထိန်းထားပေးရပါမယ်

​ခါးမနာဘဲ Twist ကြော့ကြော့လေး ရချင်ရင် … ✨

​👉 Axial Extension အရင်လုပ်ပါ (Spine ကို အပေါ်ကို အရင် ဆန့်ထုတ်ပါ)

​👉 ပြီးမှ ရင်ဘတ်နဲ့ Thoracic Spine (ကျောဆစ်) ကနေ စတင်ပြီး ဖြည်းဖြည်းချင်း လိမ်ပေးပါ

​ရင်ဘတ် (Chest) ပွင့်ပြီး ကျောဆစ်ကနေ လိမ်သွားတဲ့အခါ

​အသက်ရှူရတာလည်း မွန်းမနေဘဲ ခါးလည်း လုံးဝ ဘေးကင်းသွားမှာပါ …

​ဒီနေ့ Mat ပေါ်ရောက်ရင် ဒါလေး သတိထားကြည့်ရအောင် 👇

​❎ Pelvis ကို လိုက်မရွေ့ပါစေနဲ့ (Lower body ကို မြဲမြံအောင် ထားပါ)

​❎ ခါးအောက်ပိုင်းကို ဇွတ်မလိမ်ဘဲ Rib cage နားကနေ စပြီး လှည့်ပါ

​❎ Spine ကို အပေါ် အရင် ဆန့်မထုတ်ဘဲ မလိမ်ပါနဲ့

​🧘🏻‍♀️

​“Extend before you twist.”

​“Rotate from the thoracic spine.”

​“Keep the pelvis grounded.”

​ခန္ဓာကိုယ်ရဲ့ သဘာဝ Structure ကို နားလည်ပေးတာဟာ

​ဘေးကင်းတဲ့ Twist Practice ရဲ့ အစပဲဖြစ်ပါတယ်နော် 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

04/08/2026

Revolved Triangle Pose...

Parivrtta Trikonasana...

ဒီ pose ကို လုပ်တဲ့အခါ

လူတော်တော်များများက

ပခုံးကိုပဲ အတင်းလှည့်ဖို့ ကြိုးစားကြတယ်...

ဒါပေမယ့်

Twist က

ပခုံးတစ်ခုတည်းကနေ မစပါဘူး...

Yoga Anatomy အရ

ကောင်းတဲ့ Twist တစ်ခုမှာ

Thoracic Spine က အဓိက လှည့်ပေးတယ်...

Pelvis က တည်ငြိမ်နေတယ်...

Core က ကျောရိုးကို Support ပေးတယ်...

ဒီ pose မှာ

▫️ Thoracic Rotation ပိုကောင်းလာတယ်...

▫️ Hamstrings နဲ့ Calves ကို Stretch ဖြစ်စေတယ်...

▫️ Hip Stability ကို လေ့ကျင့်ပေးတယ်...

▫️ Balance နဲ့ Core Control ကို တိုးတက်စေတယ်...

အရေးကြီးဆုံး anatomy point ✨

👉 Twist ကို ခါးကနေ အတင်းမလှည့်ပါနဲ့...

👉 ကျောရိုးကို အရင်ရှည်အောင် ဆန့်ပြီးမှ လှည့်ပါ...

👉 Rotation က ရင်ဘတ်ပိုင်းကျောရိုး (Thoracic Spine) ကနေ စသင့်တယ်...

စမ်းကြည့်ပါ 👇

အသက်ရှူသွင်းပြီး...

ကျောရိုးကို ရှည်ရှည်ဆန့်လိုက်ပါ...

အသက်ရှူထုတ်တဲ့အချိန်

ရင်ဘတ်ကို ပျော့ပျော့လေး လှည့်ကြည့်ပါ...

ပိုလှည့်ဖို့ထက်...

ပိုရှည်နေဖို့ကို အရင်အာရုံစိုက်ပါ...

Yoga မှာ

Twist ဆိုတာ

ကိုယ့်ကိုယ်ကို အတင်းလှည့်တာ မဟုတ်ဘူး...

နေရာပေးလိုက်တဲ့အခါ

ခန္ဓာကိုယ်က သဘာဝအတိုင်း လှည့်သွားတာ ဖြစ်တယ်...

Flow in ease 🌿

Namaste 🙏

Ref: Yoga Anatomy — Leslie Kaminoff

03/08/2026

"Yoga အတန်းပြီးလို့ Savasana မှာ အနားယူတော့မယ်ဆိုရင် ခါးကတင်းပြီး ညောင်းကျန်ခဲ့ဖူးလား?" 🧘‍♀️

​အိပ်နေတာတောင် ခါးက ဘာလို့ မနားရတာလဲဆိုတာ

​ဒီနေ့ Anatomy လေးနဲ့ ပေါ့ပေါ့ပါးပါး ပြောပြပေးမယ်နော် …

​ခန္ဓာကိုယ်ကို ဖျာပေါ် လဲချလိုက်ရုံနဲ့ Savasana မဖြစ်သွားပါဘူး …

​✨ ကျောဆစ်နဲ့ တင်ပဆုံလို Primary Curves တွေရယ်

​✨ လည်ပင်းနဲ့ ခါးဆစ်လို Secondary Curves တွေရယ်

​မျှမျှတတ ဖျာနဲ့ ထိစပ်နားခိုနိုင်မှ တကယ့် အနားရတာပါ …

​အိပ်လိုက်တဲ့အခါ ခါးနဲ့ ဖျာကြားမှာ ဟာနေတယ်ဆိုရင် 👇

​❎ "ခါးကွာနေပါလား" ဆိုပြီး ဖျာပေါ် အတင်း ဖိမချပါနဲ့နော်

​✅ ဒူးခေါက်ကွေးအောက်မှာ Bolster (သို့) ခေါင်းအုံး လေး တစ်လုံး ခံပေးလိုက်ပါ

​ဒါဆိုရင် ခါးနဲ့ ပေါင်ကို ချိတ်ဆက်ထားတဲ့ Psoas Muscle (ခါးတွင်းကြွက်သား) တင်းအားတွေ ပြေလျော့သွားပြီး …

​👉 Lumbar Spine (ခါးဆစ်) က ဖျာပေါ် သဘာဝအတိုင်း သက်ဆင်းသွားပါမယ်

​👉 Nervous System (အာရုံကြောစနစ်) ကလည်း "ငါ အပြည့်အဝ နားလို့ရပြီ" ဆိုပြီး Relax ဖြစ်သွားမှာပါ …

​အရေးကြီးဆုံး anatomy point ✨

​👉 "Savasana ဆိုတာ ကျောရိုးဆစ်တွေကို Gravity ရဲ့ အကူအညီနဲ့ ဖိအားလျော့စေပြီး Body Awareness ကို အပြည့်အဝ ခံစားတာပါ"

​ဒီနေ့ကစပြီး Mat ပေါ်မှာ ဒါလေး စမ်းကြည့်ရအောင် 👇

​❎ ပခုံးတွေကို နားရွက်ဆီ တွန့်မထားဘဲ လျှောချထားပါ

​❎ အသက်ရှူတာကို ထိန်းမထားဘဲ သူ့အလိုလို ရှူသွင်း/ရှူထုတ်ပါစေ

​❎ ခါး မသက်သာရင် ဒူးအောက်မှာ အခုအခံလေး အမြဲသုံးပေးပါ

​🧘🏻‍♀️

​“Rest into gravity.”

​“Let the spine settle.”

​“Release all effort.”

​ဒီလိုလေး နားတတ်သွားရင် Savasana ရဲ့ အနှစ်သာရကို ပိုခံစားရမှာပါနော် 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

02/08/2026

Yoga သင်တန်းမှာ Side Bending တွေ ကျင့်တဲ့အခါ

​"ခါးဆစ်ထဲမှာ ထုတ်ခနဲ ညှပ်သွားသလို ခံစားဖူးကြလား…" 🧘‍♀️

​ဒီနေ့ အဲ့ဒီ Side Bend လုပ်ရင်း ခါးမနာစေဖို့

​Anatomy လျှို့ဝှက်ချက်ကို ရှင်းပြပေးမယ်နော် …

​ခန္ဓာကိုယ်ကို ဘေးစောင်းတဲ့အခါ

​စောင်းတဲ့ဘက်က ခါးဆစ်တွေကိုပဲ အတင်းဖိကျပ်လိုက်တာ မဟုတ်ပါဘူး …

​✨ Spine (ကျောရိုး) ရဲ့ Lateral Flexion နဲ့

​Rib cage (နံရိုး) တွေရဲ့ လှုပ်ရှားမှု ညီညွတ်ရတာပါ …

​ဒါကြောင့် Side Bend လုပ်တဲ့အခါ 👇

​❎ စောင်းတဲ့ဘက်ကိုပဲ အောက်ကို အတင်း ဖိမချပါနဲ့

​✅ ဆန့်ကျင်ဘက် အပေါ်ဘက်ခြမ်းကို ရှည်ရှည် Lengthen ဆန့်ထုတ်ပေးဖို့ လိုတာပါ

​ခါးဆစ် Intervertebral Disc တွေပေါ် ပိအား မသက်ရောက်ချင်ရင်

​ကျောရိုးဆစ်တွေကို အရင်ဆုံး အပေါ်ကို ဆန့်ထုတ်ပေးရပါမယ် …

​အဲ့ဒီအတွက် ✨

​👉 Sit bones / Feet ပေါ်မှာ သေချာ Ground လုပ်ထားပါ

​👉 အောက်ကို မစောင်းခင် Spine ကို အပေါ်ကို အရင် Lift လုပ်ပါ

​အပေါ်ဘက်ခြမ်းက နံရိုးကြား ကြွက်သားတွေ (Intercostals) ပွင့်လာတဲ့အခါ

​အသက်ရှူရတာလည်း ပိုဝပြီး ခါးနာတာလည်း လုံးဝ မရှိတော့ပါဘူး …

​အရေးကြီးဆုံး anatomy point ✨

​👉 "Side Bend ဆိုတာ အောက်ကို ဖိချတာ မဟုတ်ဘူး၊ အပေါ်ကို အရင် ဆန့်ထုတ်ပြီးမှ ဘေးကို လိုက်ပါသွားတာပါ"

​Mat ပေါ်မှာ သတိထားရမယ့်အချက် 👇

​❎ စောင်းတဲ့ဘက်က ခါးကို တွန့်ကျုံ့မထားပါနော်

​❎ ရင်ဘတ်ကို မှောက်မချပါနဲ့ (Chest open ထားပါ)

​❎ Pelvis (ဆီးစပ်) မရွေ့စေဘဲ Stable ထားပေးပါ

​🧘🏻‍♀️

​“Lengthen before you bend.”

​“Create space between the ribs.”

​“Keep both sides long.”

​Spine ကို ရှည်ရှည်လေး ဆန့်ပြီးမှ စောင်းပေးတာဟာ

​ခါးဆစ်တွေကို Protect လုပ်ပေးတာပါပဲ 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

29/07/2026

အကြောတွေ ဘာလို့ မပျော့တာလဲ? 🧘🏻‍♀️🌿

Yoga ကျင့်တဲ့အခါ

​"ငါ့အကြောတွေ ဘာလို့ ဒီလောက် တင်းနေရတာလဲ" လို့

​တွေးဖူးကြတယ်မလား… 🧘‍♀️

​ဒီနေ့ အဲ့ဒီ Flexibility ရဲ့ လျှို့ဝှက်ချက်လေးကို

​Anatomy နဲ့ ရှင်းပြပေးမယ်နော် …

​ခန္ဓာကိုယ်ဆိုတာ အရိုးတွေပေါ်မှာ ကြွက်သား သီးသန့် ကပ်ထားတာ မဟုတ်ပါဘူး …

​✨ Fascia လို့ခေါ်တဲ့ အမြှေးပါးလေးတွေနဲ့

​ခန္ဓာကိုယ်တစ်ခုလုံးကို အင်္ကျီတစ်ထည်လို ပတ်ထားတာပါ …

​ဒါကြောင့် Flexibility တိုးချင်ရင် 👇

​❎ ကြွက်သားကို အတင်းအဓမ္မ ဆွဲဆန့်လို့ မရပါဘူး

​✅ မလိုလားအပ်တဲ့ တင်းအား (Extraneous Tension) တွေကို လွှတ်ပေးဖို့ပဲ လိုတာပါ

​ကြွက်သားတွေ လျှော့ချင်ရင် ခန္ဓာကိုယ်ရဲ့

​Nervous System (အာရုံကြောစနစ်) က

​"ငါ လုံခြုံပါပြီ" လို့ ခံစားရမှ ရတာပါ …

​အဲ့ဒီအတွက် ✨

​👉 Spine (ကျောရိုး) ကို သဘာဝအတိုင်း တန်းနေအောင်ထားပါ

​👉 Breath (အသက်ရှူတာ) ကို ပုံမှန်လေး ရှူ…… ထုတ်ပေးပါ

​ရှူထုတ်လိုက်တဲ့ Exhalation တိုင်းမှာ

​ကြွက်သားတွေထဲက တင်းအားတွေ လျှောကျသွားပါလိမ့်မယ် …

​အရေးကြီးဆုံး anatomy point ✨

​👉 "Stretching ဆိုတာ ကြွက်သားကို အတင်းဆွဲတာမဟုတ်ဘူး၊

​Proper alignment နဲ့ Breath ကိုသုံးပြီး တင်းအားတွေကို Release လုပ်ပေးတာပါ"

​Mat ပေါ်မှာ သတိထားရမယ့်အချက် 👇

​❎ နာကျင်တဲ့အထိ အတင်း မဆန့်ပါနဲ့

​❎ အသက်မရှူဘဲ အောင့်မထားပါနဲ့

​❎ Spine ရဲ့ သဘာဝ Alignment ကို မဖျက်ပါနဲ့

​🧘🏻‍♀️

​“Breathe into the space.”

​“Release the tension, find the ease.”

​ခန္ဓာကိုယ်ကို အတင်း မခိုင်းပါနဲ့ …

​ဖြည်းဖြည်းလေး လွှတ်ပေးလိုက်ပါနော် 🌿

​Flow in ease🌿

​Namaste 🙏

​Ref: Yoga Anatomy - Leslie Kaminoff

​

Want your business to be the top-listed Gym/sports Facility in Sittwe?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Win Kabar Street
Sittwe

Opening Hours

Tuesday 06:00 - 19:30
Wednesday 06:00 - 19:30
Thursday 06:00 - 19:30
Friday 06:00 - 19:30
Saturday 06:00 - 12:00
Sunday 06:00 - 12:00