24/07/2026
ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက် (ည ၁၀:၃၀ နာရီ) မှာ Rosenborg BK နဲ့ Manchester United တို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အတွက် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်...
နော်ဝေလိဂ်က လက်ရှိအချိန်မှာ ရာသီဝက်ထက်ကျော်လွန်ပြီး ပုံမှန်ယှဉ်ပြိုင်နေဆဲဖြစ်တာကြောင့် Rosenborg အသင်းသားတွေရဲ့ ကြံ့ခိုင်မှုပိုင်းက
မန်ယူထက် သိသိသာသာ သာလွန်နေပါတယ်...
နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ်တွေမှာလည်း နိုင်ပွဲဆက်ပြီး တိုက်စစ်ဂိုးသွင်းအားကောင်းနေတာကြောင့် အိမ်ကွင်း Lerkendal Stadion မှာ ယုံကြည်မှုအပြည့်နဲ့ ပွဲထွက်လာမှာပါ...
မန်ယူအတွက်တော့ ဒါဟာ နွေရာသီ Pre-season ရဲ့ ဒုတိယမြောက် ခြေစမ်းပွဲစဉ် ဖြစ်ပါတယ်ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပြန်လည်တည်ဆောက်နေချိန် ဖြစ်တာကြောင့် နည်းပြအနေနဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအများကြီး ပြုလုပ်ပြီး လူငယ်ကစားသမားတွေနဲ့ ဝါရင့်အချို့ကို ရောနှောအသုံးပြုသွားဖို့ ရှိပါတယ်...
Rosenborg က လိဂ်ပွဲစဉ်တွေ ဆက်တိုက်ကစားထားလို့ ကစားကွက် နားလည်မှုနဲ့ ပွဲကစားချိန် အရှိန်ရနေပါတယ်။ မန်ယူဘက်ကတော့ ကစားသမားတွေ ကြံ့ခိုင်မှု တည်ဆောက်ဆဲမို့ ပွဲအစပိုင်းမှာ ဖိအားပေးခံရနိုင်ပါတယ်...
Rosenborg ရဲ့ ကစားသမားတွေက ကြံ့ခိုင်မှုပိုင်း သာလွန်နေပြီး အိမ်ကွင်းပရိသတ်ရှေ့မှာ ကစားရမှာဖြစ်တာကြောင့် မန်ယူအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်ယူဘက်က ကစားသမားသာလွန်မှုနဲ့အတူ ၁ - ၁ သို့မဟုတ် ၁ - ၂ ဆိုတဲ့ ရလဒ်နဲ့ မန်ယူအသင်း အနိုင်ရရှိသွားဖို့ ရာခိုင်နှုန်း ပိုများပါတယ်။
24/07/2026
Barcelona အသင်းအနေနဲ့ရာသီကြို ပြင်ဆင်မှု ပထမဆုံး ခြေစမ်းပွဲဖြစ်တာကြောင့် အဓိကကစားသမားအချို့နဲ့လူငယ်ကစားသမားများကိုပွဲထွက်ခွင့်ပေးပြီး ကြံ့ခိုင်မှုနဲ့ ကစားကွက် စမ်းသပ်မယ့် ပွဲဖြစ်ပါတယ် ၊အဓိက နည်းပြကြီးအနေနဲ့ ကစားသမားသစ်တွေနဲ့ လူငယ်တွေကို ပေါင်းစပ်ပြီး ၄-၃-၃ / ၄-၂-၃-၁ စနစ်တွေကြား တိုက်စစ်ကစားဟန်ကို ပုံဖော်ဖို့ ကြိုးစားလာပါလိမ့်မယ်..
CE Europaအသင်းအနေနဲ့စပိန် အဆင့် ၄ လိဂ်အသင်းဖြစ်ပေမဲ့ ဘာစီလိုနာမြို့အခြေစိုက် မြို့ခံကလပ် ဖြစ်တာကြောင့် ဒီပွဲက သူတို့အတွက်တော့ တကယ့် ဂုဏ်ယူစရာနဲ့ စိန်ခေါ်မှုကြီးမားတဲ့ ပွဲစဉ်ဖြစ်ပါတယ်အသင်းရဲ့ ခံစစ်ပိုင်း ကျစ်လစ်မှုကို အဓိက စမ်းသပ်ခံရမှာဖြစ်ပြီး တန်ပြန်တိုက်စစ် (Counter-attack) နဲ့ Set-piece တည်ကန်ဘောတွေကိုသာ အဓိက အားပြုကစားသွားဖို့ ရှိပါတယ်...
Barcelona ဘက်က ဒုတိယပိုင်းမှာ ကစားသမား အပြောင်းအလဲ အများကြီး လုပ်ဆောင်သွားဖို့ ရှိတာကြောင့် ပွဲကစားချိန် အစအဆုံး တိုက်စစ်အဟုန် ပုံမှန်ထိန်းထားနိုင်ပါလိမ့်မယ်...
အသင်းနှစ်သင်းကြား အရည်အသွေးနဲ့ အဆင့်အတန်း ကွာခြားချက် ကြီးမားလွန်းတာကြောင့် ဘာစီလိုနာကပဲ ပွဲကို အစအဆုံး စိုးမိုးထားပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးသွားမှာ သေချာပါတယ်။ CE Europa အတွက်တော့ ခံစစ်စည်း မပျက်အောင် ထိန်းရခက်ခဲမယ့် ပွဲမျိုး ဖြစ်လာမှာပါ....
ခန့်မှန်းရလဒ် : Barcelona 4 - 0 CE Europa
အဓိက စောင့်ကြည့်ရမည့်အချက်အနေနဲ့ဘာစီလိုနာ လူငယ်ကစားသမားများ၏ ခြေစွမ်းနှင့် တိုက်စစ် ပေါင်းစပ်ကစားဟန်ဘယ်လောက်အထိ ထိရောက်မှုရှိမလည်းဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်
19/07/2026
🇪🇦🏆စပိန်အသင်း Champion ဖြစ်ပြီ..
19/07/2026
ပွဲပြီးရလဒ် 🇪🇦 1 - 0 🇦🇷
F. Torres 106'
19/07/2026
ပထမပိုင်းရလဒ်
🇦🇷 0 - 0 🇪🇦
18/07/2026
ပွဲပြီးရလဒ် 🏴 6 - 4 🇨🇵
🇨🇵 K. Mbappé 48', 66'
B. Barcola 54'
O. Dembélé 90+6'
🏴D. Rice 3'
E. Konsa 18'
B. Saka 37', 45+1', 87' (P)
J. Bellingham 90+8'
18/07/2026
ပထမပိုင်းရလဒ် 🏴 4 - 0 🇨🇵
D. Rice 3'
E. Konsa 18'
B. Saka 37', 45+1'
18/07/2026
၂၀၂၆ ကမ္ဘာ့ဖလားရဲ့ တတိယလုပွဲမှာ ဥရောပရဲ့ ထိပ်သီးဘီလူးကြီးနှစ်သင်းဖြစ်တဲ့ ပြင်သစ်နဲ့ အင်္ဂလန်တို့ ထိပ်တိုက်တွေ့ဆုံတာဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ "စူပါပွဲစဉ်" တစ်ခုပါပဲ။ ပြင်သစ်အသင်းဟာ ကြီးမားတဲ့ပြိုင်ပွဲတွေရဲ့ နောက်ဆုံးအဆင့်တွေအထိ တက်လှမ်းနိုင်တဲ့ အတွေ့အကြုံကောင်းတွေရှိပြီး တိုက်စစ်ကလည်း အလွန်ကြောက်ဖို့ကောင်းပါတယ်။ တစ်ဖက်က အင်္ဂလန်ကလည်း လူငယ်ကြယ်ပွင့်တွေနဲ့ စုဖွဲ့ထားပြီး ကွင်းလယ်ကနေ တိုက်စစ်အထိ ဟန်ချက်ညီညီ ကစားနိုင်တဲ့အသင်းပါ။ ဒီပွဲမှာတော့ နည်းဗျူဟာပိုင်း အားပြိုင်မှုထက် တစ်ဦးချင်းစွမ်းဆောင်ရည်က အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ နှစ်သင်းစလုံးက အမှားမခံဘဲ ကစားမှာဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
အနိုင်ရနိုင်ခြေရာခိုင်နှုန်းကိုခန့်မှန်းရမည်ဆိုလျှင်
- 🇨🇵 ပြင်သစ်အသင်း အနိုင်ရနိုင်ခြေ 30%,
- 🏴အင်္ဂလန် အသင်း အနိုင်ရနိုင်ခြေ 45%
= သရေကျပြီး အချိန်ပို (သို့) ပင်နယ်တီအထိ ရောက်ရှိနိုင်ခြေ 25% ရှိနိုင်ကြောင်းခန့်မှန်းရပါတယ်။
________________________________________________