Vdအဆုံးမှာ ကန်ဘောင်ကိုသူတို့အရင်ရောက်ပါတယ်ပေါ့🤣🧜🏻♀️ #ပြည်ရေကူးသင်တန်း #ရေကူးသင်တန်း
GM Swimming Class
Level up to Professional with 𝐆𝐌 !🐬
For Class Booking - 09 967 097 765 💌
ကလေးမိဘတွေရဲ့တောင်းဆိုမှုနဲ့ ထပ်တိုးဖွင့်လှစ်ဖြစ်တဲ့ ပေါင်းတည်မြို့အတန်းလေး🪼
အရမ်းကြိုးစားတဲ့ကလေးလေးတွေရဲ့ Result တွေကိုအကောင်းဆုံးမှတ်တိုင်စိုက်ထူနိုင်ဖို့အတွက် ဆရာ ကလေး မိဘ တို့ပူးပေါင်းပြီးကြိုးစားလျက်ရှိပါတယ်ရှင်🤍
#ရေကူးသင်တန်း #ရေကူးသင်တန်း #ပြည်မြို့ #ပေါင်းတည်မြို့ #ပြည်ရေကူးသင်တန်း
29/07/2026
သင်နဲ့သင့်ပတ်ဝန်းကျင် အတွက် ရေကူးသင်ဖို့နောက်မကျပါစေနဲ့❤️🩹
ရေကူးသင်ခါစ အဘွားအိုက ရေနစ်နေသူကို ကယ်တင်ပေးခဲ့
သင်ယူမှုလုပ်ဖို့ ဘယ်တော့မှ နောက်မကျဘူးဆိုတာကို အသက် ၇၁ နှစ်အရွယ် တရုတ်အဘွားအိုက သက် သေပြခဲ့ပါတယ်။ မကြာသေးခင်ကမှ ရေကူးသင်ထားတဲ့ အဘွားအို လျူ ဒေဖန်းဟာ သူ့ရဲ့ဇာတိ စွေ့ရှီးခရိုင်ရှိ တံတားတစ်စင်းနားမှာ သူငယ်ချင်းတွေနဲ့အတူ စကားပြောနေတုန်း " တံတား ပေါ်က လူတစ်ယောက် ပြုတ်ကျသွားတယ်၊ ကယ်ကြပါဦး" ဆိုတဲ့ အော်သံကြားလိုက်ရတာပါ။
ဒီအသံကြားလိုက်ရတာနဲ့ လျူ ဒေဖန်းက တုံ့ဆိုင်းမနေဘဲ ရေထဲခုန်ချပြီး အသက်တစ်ချောင်း ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကုန်းပေါ်မှာရှိသူတစ်ယောက်က ဗောကွင်းတစ်ခု တွေ့သွားလို့ လျူ ဒေဖန်းဆီ ပစ်ပေးခဲ့ပြီး သူကဗောကွင်းစွပ်ကာ ရေမွန်းနေသူဆီကူးသွားခဲ့ပါတယ်။
တကယ်တော့ အဲဒီအမျိုးသားဟာ ရေထဲပြုတ်ကျလာတာမဟုတ်ဘဲ သေကြောင်းကြံစည်တဲ့အနေနဲ့ ရေထဲခုန်ချခဲ့တာပါ။
ဒီအမျိုးသားက လျူ ဒေဖန်းရဲ့ ကယ်ဆယ်မှုကို ငြင်းဆန်နေခဲ့ပေမဲ့ လျူ ဒေဖန်းက သူ့ကို ထိန်းချုပ်ပြီး ကမ်းစပ်ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပါတယ်။
ကမ်းစပ်မှာရှိတဲ့ ဒေသခံတွေက လျူနဲ့ အဲဒီအမျိုးသားကို ကမ်းပေါ် ရောက်အောင် ကူညီတွန်းတင်ပေးခဲ့ကြပါတယ်။ အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားလို့ လျူ ဒေဖန်းက လူသိမခံချင်လို့ အဲဒီ နေရာကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က ကယ်တင်ရှင်ဘယ်သူလဲ သိချင်တာကြောင့် ယာဉ်ကြောကြည့်ကင်မရာနဲ့ တခြား စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို လူမှုကွန်ရက်ပေါ် တင်ပြီး ရှာဖွေခဲ့ပါတယ်။
အဲဒီ ဗီဒီယိုမှတ်တမ်းက တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လျူ ဒေဖန်းရဲ့အစ်ကိုဖြစ်သူက သူ့ညီမမှန်း သိသွားခဲ့တာပါ။ လျူ ဒေဖန်းဟာ အစ်ကိုဖြစ်သူ ဆူခံရမယ်စိုးလို့ လူမသိအောင် ရှောင်ထွက်သွားခဲ့ပေမဲ့ သူ့အစ်ကိုသိသွားလို့ ဆူခံခဲ့ရပါသေးတယ်။
Ref : Senior Who Only Learned to Swim After Retiring Saves Drowning Man Half Her Age
Team (ရိုးရာလေး)
ကြောက်စိတ်ကိုအမြစ်ပြတ်သွားစေမည့် ပထမဆုံးခြေလှမ်း🏃🏼♀️🌊
#ပေါင်းတည်ရေကူးသင်တန်း #ပြည်ရေကူးသင်တန်း
Ohh Day5 fishes are sleeping 🐟🤍
#ပြည်ရေကူးသင်တန်း #ပေါင်းတည်ရေကူးသင်တန်း
ရေကူးသင်တန်း ဆိုဘာကြောင့် GM ကိုရွေးချယ်သင့်တာလဲ?
အပြောထက် လက်တွေ့ တတ်မြောက်မှုကိုပဲ ဦးစားပေးပါတယ်။ ကိုယ့်ရဲ့ ရေကူး Skill ကို Professional အဆင့်အထိ ဖြစ်ချင်တယ်ဆိုရင်တော့ GMSC မှာ enrollment လုပ်နိုင်ပါပြီ။ 💯 #ပြည်ရေကူးသင်တန်း
13/07/2026
စူပါ ပါဝါ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှ မမဖြူရဲ့ ဝါဆိုသင်္ဃန်းကပ်အလှူအတွက် GMSC မိသားစုမှ ဝမ်းမြောက်ဂုဏ်ယူရပါတယ်ရှင်
ဝါဆိုသင်္ဃန်းကပ်အလှူတော်နေ့မှာ တီချယ်နဲ့ အတန်းဖော်တွေကို နွေးနွေးထွေးထွေး ဖိတ်ကြားကျွေးမွေးခဲ့တဲ့အတွက်လည်း အထူး ကျေးဇူးတင်ပါတယ် မမဖြူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးလည်း ဒီထက်မက ပိုမိုအောင်မြင် တိုးတက်ပြီး မိသားစု အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်✨
06/07/2026
🏊♂️ ပေါင်းတည်မြို့ သင်တန်းသားများအတွက်
စနေ၊ တနင်္ဂနွေနေ့ ညနေခင်းအတန်းအတွက် လက်ခံရန် ၂ ဦးသာ ကျန်ပါတော့သည်။
သင်တန်းအချိန်: ညနေ ၂:၀၀ မှ ၃:၀၀ နာရီထိ (စနေ၊ တနင်္ဂနွေ)
တက်ရောက်နိုင်သည့်အသက်: အသက် (၅) နှစ်နှင့်အထက်
📞 အသေးစိတ်စုံစမ်းရန်
ဖုန်း: 09 967097765
Telegram:
TikTok:
(လူဦးရေအကန့်အသတ်ရှိ၍ အမြန်ဆုံးဆက်သွယ်ပေးပါရန်) #ပြည်ရေကူးသင်တန်း #ပေါင်းတည်ရေကူးသင်တန်း #ရေကူးသင်တန်း
စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားခဲ့တဲ့ သင်တန်းသူအမရဲ့ အမိုက်စား ရေကူး Skill ရလဒ်လေး 🏊♂️💙
စနစ်တကျနဲ့ မှန်ကန်တဲ့ နည်းစနစ်အတိုင်း သင်ယူရင် ၁၂ရက် ကာလအတွင်းမှာ အခုလို လှလှပပ ကူးခတ်နိုင်ဖို့ မခက်ပါဘူးနော် ✨
#ရေကူးကြစို့ #ပြည်ရေကူးသင်တန်း
05/07/2026
မိုးရာသီမှာ ရေကူးရင် တကယ်ပဲ ဖျားတတ်သလား။ 🌧️🏊♂️
လူအများစုမေးလေ့ရှိတာကို ဖြေပေးလိုက်ပါပြီ
တကယ်တော့ စနစ်တကျနဲ့ နည်းလမ်းမှန်မှန် ကူးခတ်မယ်ဆိုရင် မိုးရာသီမှာ ရေကူးတာက လူအများထင်ထားတာထက် ပိုပြီး ကျန်းမာရေးအတွက် ကောင်းပါတယ်။
မိမိကျန်းမာရေးကို ထိခိုက်မှုမရှိစေဘဲ ဘေးကင်းစိတ်ချစွာ ရေကူးနိုင်ဖို့ သိထားသင့်တဲ့ ဗဟုသုတလေးတွေကို ပြောပေးလိုက်ပါတယ်နော်။ 👇
🌧️ မိုးရာသီမှာ ရေကူးခြင်းရဲ့ ကောင်းကျိုးများ
ကိုယ်ခံအား ပိုကောင်းလာစေတယ်: ရာသီဥတု အနည်းငယ်အေးမြချိန်မှာ ရေကူးပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအား (Immune System) ကို ပိုပြီး သန်မာလာစေပါတယ်။
စိတ်ဖိစီးမှု လျော့ကျစေတယ်: မိုးအုံ့ပြီး ပတ်ဝန်းကျင် ခြောက်သွေ့ညှို့မှိုင်းနေချိန်မှာ ရေကူးလိုက်တာက စိတ်ကို လန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုတွေကို အမြန်ဆုံး ပြေပျောက်စေပါတယ်။
အဆုတ်နဲ့ နှလုံး ပိုကျန်းမာစေတယ်: ရာသီဥတုအေးချိန်မှာ ရေကူးရင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ အသက်ရှူစနစ်က ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါကြောင့် အဆုတ်အားကောင်းစေပြီး မှန်ကန်တဲ့ အသက်ရှူနည်းစနစ်ကို ပိုပြီး ကျွမ်းကျင်လာစေပါတယ်။
⚠️ မိုးရာသီမှာ ရေကူးမယ်ဆိုရင် ဒါလေးတွေတော့ သတိထားရအောင်!
၁။ သွေးပူလေ့ကျင့်ခန်း (Warm-up) ကို ပိုလုပ်ပေးပါ
ရာသီဥတုအေးတဲ့အတွက် ရေထဲမဆင်းခင် ကြွက်သားတွေ နွေးထွေးသွားအောင် ကြွက်သားအကြောလျှော့တာနဲ့ သွေးပူလေ့ကျင့်ခန်းကို ပုံမှန်ထက် ပိုပြီး သေချာလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ရေထဲမှာ ကြွက်တက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
၂။ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာရှိရင် ရှောင်ပါ
မိုးရွာရုံသက်သက်က ရေကူးလို့ရပေမဲ့ မိုးခြိမ်းတာ၊ လျှပ်စီးလက်တာနဲ့ မုန်တိုင်းထန်တာမျိုး ရှိရင်တော့ (အထူးသဖြင့် Outdoor ကန်တွေမှာ) လျှပ်စီးအန္တရာယ်ရှိနိုင်လို့ ရေကူးတာကို ခေတ္တရပ်နားထားရပါမယ်။
၃။ ကူးပြီးပြီးချင်း နွေးနွေးထွေးထွေး နေပါ
ရေကူးပြီးတာနဲ့ ရေအေးဝတ်အစားတွေနဲ့ အကြာကြီး မနေဘဲ ချက်ချင်းရေချိုး၊ တစ်ကိုယ်ရေသန့်စင်ပြီး ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပါ။ ပြီးရင် နွေးထွေးတဲ့ အဝတ်အစားလဲလှယ်ပြီး ရေနွေးနွေးလေး သောက်ပေးပါ။
📌 အတိုချူံ့ပြီပြောရရင် -
ဖျားနာတယ်ဆိုတာ မိုးရေစိုရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် အပြောင်းအလဲဖြစ်တာနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် အဓိက ဖြစ်တာပါ။ စနစ်တကျ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး၊ ကူးပြီးနောက်ပိုင်း သေချာဂရုစိုက်မယ်ဆိုရင် မိုးရာသီမှာ ရေကူးတာက ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
ရာသီဥတုအခြေအနေပေါ်မူတည်ပြီး နည်းစနစ်တကျ ဘေးကင်းအောင် ကူးခတ်နိုင်ကြပါစေ 💙
Click here to claim your Sponsored Listing.
Location
Category
Website
Address
Family Swimming Pool, No. (10/72), Yadanar (3)street, Na Win Kwet Thit
Pyay
08175