Trainer တွေက ဘာကြောင့် ဝိတ်မြန်မြန်ချနိုင်ကြတာလဲ?
Coach Min Thet Khaing
Coach Mintk : TITAN Fitness
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Coach Mintk : TITAN Fitness, Gym/Physical Fitness Center, No(5) Ground floor, Train condo, pyay yangon Road, , Infront of CB bank, Pyay.
17/08/2026
ပြောစရာ 4 ခုရှိပါတယ်...
ပထမ တစ်ခု
👉 နှစ်ကုန်ကနေစပြီး Coaching fees တွေ စျေးတက်ပါမယ်..
ဒုတိယ တစ်ခု
👉 Client တစ်ချို့နဲ့ လမ်းခွဲပါမယ်...
တတိယ တစ်ခု
👉 တခြားနည်းပြဆီကရခဲ့တဲ့ side effect တွေပါလာခဲ့ရင် Coaching Fees ကို အထူးစျေးနဲ့ပိုယူပါမယ်..
စတုတ္ထ တစ်ခု
👉 ပြိုင်ပွဲသမားတွေ ကိုယ့်ဆီက Coaching ယူမယ်ဆိုရင် အထူးသဖြင့် အရင်ကပြိုင်ပွဲဝင်ထားဖူးတဲ့သူတွေဆိုရင် အယူအဆဟောင်းတွေကို အမှိုက်တောင်းထဲထည့်ခဲ့ရပါမယ်..
Coach Min Thet Khaing
12/08/2026
ကိုယ့်လိုမျိုး ဝါသနာရှင်ကစားသမားတွေနဲ့ ကျန်းမာရေးအရဆော့ချင်သူတွေအတွက် ရှေ့တန်းတင်ထားတဲ့ စေတနာကြောင့်စျေးလုံးဝမတက်ပဲ
✅ 1 month = 40000 ကျပ်(မည်သည့်အပိုကြေးမှ ထပ်ပေးစရာမလိုပါ)
ဒီလိုမှ အားမရသေးဘူး
တကယ့်ကို အသေးစိတ်လမ်းညွှန်ပေးမှ
ခန္ဓာကိုယ်ကို ပိုမိုထိထိရောက်ရောက်နဲ့ မြန်မြန်ပြောင်းလဲချင်လို့ 1 by 1 Personal Training ကစားချင်တယ်ဆိုရင်
✅ 1 month = 150000/ 1 သိန်းခွဲ ကျပ်ပါ(Gym ဖိုးထပ်ပေးစရာမလိုပါ)
ယနေ့ခေတ်
စိတ်ဖိစီးမှုများ/အထိုင်များ/ဖုန်းကြည့်ချိန်များ/လှုပ်ရှားမှုပုံစံနည်းပါးတဲ့ လူနေမှုပုံစံအရ
ကျွန်တော်တို့ ခန္ဓာကိုယ်တွေကျန်းမာကြံ့ခိုင်နေဖို့ဆိုတာ သိပ်ကိုအရေးကြီးလာပါပြီ
ထင်ထားတာထက်ကို ပိုအရေးကြီးပါတယ်
👉 စိတ်ချမ်းသာ/ကိုယ်ကျန်းမာပြီး လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးတွေ ပိုင်ဆိုင်ချင်လို့ပဲဖြစ်စေ
👉 ကျန်းမာရေးအတွက်ပဲ ဖြစ်စေ
👉 နေ့စဥ်လှုပ်ရှားသွားလာမှုတွေမှာ ပိုမိုသွက်လက်ပေါ့ပါးလို၍ဖြစ်စေ
👉 လူကောင်သေးနေလို့ လူကောင်ကြီးထွားလို၍ဖြစ်စေ
👉 အဆီတွေများပြီး "ဝ" နေလို့ ပိန်ချင်တာပဲဖြစ်စေ
အမျိုးမျိုးသော ရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ လာရောက်ဆော့ကစားကြတဲ့ မိတ်ဆွေများ
TITAN Fitness ကို ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ....🤗
TITAN Fitness ရဲ့ Trainer တွေက ကစားသမားတိုင်းကို ခွဲခြားမှုမရှိ မိသားစုလို
ကြည့်ရှုစောင့်ရှောက် သင်ပြပေးတဲ့အပြင်
Fitness ရဲ့ အသက်ကဲ့သို့တန်ဖိုးရှိသော အာဟာရဆိုင်ရာ လမ်းညွှန်ချက်တွေကိုလဲ နည်းစနစ်တကျ လမ်းညွှန်သင်ပြပေးပါတယ်ခင်ဗျာ....💁🏻♂
ဒီ့အတွက်ကြောင့်လဲ ကစားသမားတိုင်းကို အောင်မြင်စွာ ခန္ဓာကိုယ်ပြောင်းလဲမှုများပြုလုပ်ပေးနိုင်ခဲ့ပြီး
review ကောင်းများကို တစ်နှစ်ထက်တစ်နှစ်ပိုမိုပိုင်ဆိုင်လာနိုင်တာ သက်သေတစ်ခုပါပဲ🙆🏻♂
ကစားရမယ့် နည်းစနစ်တွေနဲ့ အာဟာဆိုင်ရာလမ်းညွှန်ချက်တွေ အကုန်လုံးကို
👉Body Transformation Specialist တစ်ယောက်ဖြစ်ပြီး
👉ကိုယ်တိုင်(ဆုတံဆိပ်ရရှိထားပြီးသော)
ပြိုင်ပွဲဝင် ကစားသမားကောင်းတစ်ယောက်လဲဖြစ်တဲ့
TITAN Fitness ရဲ့ Main Coach ဖြစ်တဲ့
ကျွန်တော် Coach Min Thet Khaing
မှတစ်ဆင့် အသေးစိတ်ညွှန်ကြားပြသပေးပါတယ်
အားလုံး ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားလှပသော ခန္ဓာကိုယ်များပိုင်ဆိုင်နိုင်ကြပါစေဗျာ...
Coach Min Thet Khaing
📲09423663556
10/07/2026
TITAN Fitness Gym မှာဆော့ရင်.....
တစ်လမှ 40000 ( 4 သောင်းကျပ် ) သာကျသင့်ပေမယ့်
ကျွန်တော်တို့ Trainer တွေရဲ့ Service Quality နဲ့ ဝါသနာအရင်းခံထားတဲ့ စေတနာတွေကတော့ တန်ဖိုးဖြတ်လို့မရပါဘူး😍
❤ Professional Trainer အစစ်တွေနဲ့ လေ့ကျင့်ရမယ်
❤နည်းစနစ်တကျနဲ့လည်း လေ့ကျင့်ရမယ်
❤Gym မှာအချိန်တွေအများကြီးအကုန်ခံစရာမလိုဘူး
❤လိုတာထက် ပိုအပင်ပန်းခံနေစရာမလိုဘူး
❤စားချင်တာလေးတွေစားရင်း ခန္ဓာကိုယ်ပြောင်းလဲမှုရနိုင်မယ်
❤တစ်လထက်တစ်လ ရလဒ်ကလည်းပိုကောင်းရမယ်
❤ဆရာတွေကိုလည်း (Training & Nutrition နဲ့ပတ်သက်ပြီး)သိချင်တာရှိရင် အချိန်မရွေးမေးလို့ရမယ်
❤နောက်တစ်ခုက ကိုယ့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေ အပေါ်မူတည်ပြီး အကြံပေးချက်တွေပါ ရမှာဆိုတော့ ပြောင်းလဲဖို့ ဘာပူစရာလိုအုန်းမှာလဲ...💁🏻♂️
ဒါ့အပြင်👇
❤ကျန်းမာရေး အရင်ကထက်ပိုကောင်းလာမယ်
❤နေ့စဥ်နေထိုင်သွားလာမှုတွေမှာ ပေါ့ပါးသွက်လက်လာမယ်
❤ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပလာမယ်
❤အစားအသောက်နဲ့ပတ်သက်တဲ့ အာဟာရလမ်းညွှန်မှုတွေ ပေးမယ်
❤ကိုယ်ပေးရတဲ့ fees ထက်မကတဲ့ knowledge တွေ လမ်းညွှန်မှုတွေ ပြန်ရမယ်
❤Personal Training ဆော့ချင်ရင်လဲ ရသေးတယ်ဗျာ..
ကဲ...ဒီလောက်သဘောကောင်းတဲ့ Trainer တွေနဲ့အတူပျော်ပျော်ပါးပါး လေ့ကျင့်ခန်းလာလုပ်ရမှာကို
ဘာလို့တွေဝေနေအုန်းမှာလဲမိတ်ဆွေ???
(ဒီ fees နဲ့ ဒီလို service မျိုးတွေက ကျွန်တော့်ကိုကြည့်နေရတာနဲ့တင် တန်နေပါပြီ😜 စတာပါဗျာ...😁)
👉သင့်ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နဲ့
👉သင့်ခန္ဓာကိုယ်လေးကို ဆွဲဆောင်မှုရှိပြီး ကျစ်ကျစ်လစ်လစ်နဲ့ Body Shape ချိုးအစားလှပလာစေဖို့အတွက် TITAN Fitness မှ ကြိုဆိုနေပါတယ်ခင်ဗျာ..❤
Coach Min Thet Khaing
စိတ်ကူးယဉ်လွန်ကဲခြင်း ဝေဒနာ
(Maladaptive Daydreaming )
ကြုံနေရတဲ့သူတွေရှိလား???
ဒီဝေဒနာ က
သာမန်စိတ်ကူးယဉ်တာထက် အများကြီးပိုလွန်ကဲပြီး လူတစ်ယောက်ရဲ့ နေ့စဉ်လူမှုဘဝ၊ အလုပ်အကိုင်နဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်ပျက်စီးစေတဲ့အထိ စွဲလမ်းနှစ်မြောသွားတတ်တဲ့ စိတ်ပညာဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်
ဒါကို ၁၉ ရာစုနှောင်းပိုင်းကတည်းက သတိပြုမိခဲ့ကြပေမယ့် ၂၀၀၂ ခုနှစ်မှာ အစ္စရေးစိတ်ပညာရှင် Dr. Eli Somer က "Maladaptive Daydreaming" ဆိုတဲ့ အသုံးအနှုန်းနဲ့ စနစ်တကျ စတင်ဖော်ထုတ်ခဲ့တာပါ
ဒီအခြေအနေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အဓိကအချက်တွေကို အနှစ်ချုပ် ခွဲခြားပြပေးလိုက်ပါတယ်
👉 ဘယ်လက္ခဏာတွေလဲ ကြုံရတတ်လဲ?
✅ အလွန်အမင်း အသေးစိတ်ကျပြီး ရှည်လျားသော ဇာတ်လမ်းများ
သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဇာတ်ကောင်တွေ၊ နောက်ခံသမိုင်းတွေ၊ ရှုပ်ထွေးတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွဲတစ်ခုလို အစီအစဉ်တကျ ရှိနေတတ်ပါတယ်
✅ ခန္ဓာကိုယ် လှုပ်ရှားမှုများ တွဲပါလာခြင်း
စိတ်ကူးယဉ်နေစဉ်အတွင်း သတိမထားမိဘဲ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တာ၊ လက်ဟန်ခြေဟန်ပြတာ၊ မျက်နှာအမူအရာ ပျက်တာ ဒါမှမဟုတ် တိုးတိုးလေး လိုက်ပြောနေတာမျိုးတွေ လုပ်တတ်ကြပါတယ်
✅ လှုံ့ဆော်မှု (Triggers) ရှိခြင်း
အများအားဖြင့် သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ ဒါမှမဟုတ် တစ်ခုခုကို မြင်လိုက်ရတာမျိုးကနေ စိတ်ကူးယဉ်ကမ္ဘာထဲကို ချက်ချင်း မျောပါသွားတတ်ပါတယ်
✅ နာရီပေါင်းများစွာ ကြာမြင့်ခြင်း
တစ်ခါ စိတ်ကူးယဉ်ရင် မိနစ်ပိုင်း မဟုတ်ဘဲ နာရီနဲ့ချီပြီး အချိန်ကုန်သွားတတ်ပါတယ်
✅ အိပ်စက်မှု ပြဿနာများ
ညဘက်တွေမှာ အိပ်မပျော်ဘဲ စိတ်ကူးယဉ်တာကို ဆက်တိုက်လုပ်နေမိလို့ အိပ်ရေးပျက်တာမျိုး ဖြစ်တတ်ပါတယ်
✅ စိတ်ကူးယဉ်မှုကို မဖြတ်နိုင်ခြင်း
မိမိကိုယ်ကိုယ် လက်ရှိအခြေအနေကို ပြန်သတိသွင်းဖို့ ကြိုးစားပေမယ့် စိတ်ကူးယဉ်တာကို ရပ်တန့်ဖို့ ခက်ခဲနေတတ်ပါတယ်။
👉 ဘာကြောင့်ဖြစ်ရတာလဲ???
စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရ အောက်ပါအချက်တွေကြောင့် ဖြစ်တတ်ကြောင်း တွေ့ရပါတယ်
✅ လက်ရှိအရှိတရားမှ ထွက်ပြေးခြင်း
လက်ရှိဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ စိတ်ဒဏ်ရာ (Trauma) ဒါမှမဟုတ် မပျော်ရွှင်မှုတွေကနေ ရုန်းထွက်ဖို့ စိတ်ကူးယဉ်ကမ္ဘာကို လုံခြုံစိတ်ချရတဲ့ ခိုလှုံရာအဖြစ် အသုံးချရာကနေ စွဲလမ်းသွားခြင်း
✅ အခြားစိတ်ကျန်းမာရေး အခြေအနေများနှင့် တွဲဖက်ဖြစ်ခြင်း
အထူးသဖြင့် ADHD (အာရုံစူးစိုက်မှု အားနည်းပြီး ဂနာမငြိမ်ဖြစ်ခြင်း)၊ OCD (စိတ်စွဲလမ်းလွန်ကဲခြင်း)၊ Anxiety (စိုးရိမ်ပူပန်မှုလွန်ကဲခြင်း) နဲ့ Depression (စိတ်ကျရောဂါ) ရှိသူတွေမှာ ဒါမျိုး ပိုအဖြစ်များတတ်ပါတယ်
ဘယ်လို ထိန်းချုပ်ရမလဲ?
ဒီ 4 ခု နဲ့ ထိန်းချုပ်ပါ
✅ Triggers များကို ရှာဖွေဖယ်ရှားပါ
မိမိကို စိတ်ကူးယဉ်စေမယ့် လှုံ့ဆော်မှု (ဥပမာ - နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း လမ်းလျှောက်ခြင်း) မျိုးကို သတိထားပြီး ရှောင်ကြဉ်ပါ
✅ သတိကပ်ခြင်းကို လေ့ကျင့်ယူပါ
စိတ်ကူးထဲ မျောတော့မယ့်အချိန်တိုင်း "ငါ အခု လက်ရှိမှာ ဘာလုပ်နေလဲ" ဆိုတာကို သတိပြန်သွင်းပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
✅ ဒိုင်ယာရီရေးပါ
စိတ်ကူးယဉ်မိတဲ့ အကြိမ်ရေနဲ့ အချိန်ကို မှတ်တမ်းတင်ပြီး တဖြည်းဖြည်း လျှော့ချပါ
✅ Therapy ခံယူပါ
စိတ်ပညာရှင်နဲ့တိုင်ပင်ပြီး CBT (Cognitive Behavioral Therapy) လို့ခေါ်တဲ့ အတွေးအခေါ်နဲ့ အပြုအမူပိုင်းဆိုင်ရာ ကုထုံးတွေ ခံယူခြင်းက အများကြီး ထိရောက်မှုရှိပါတယ်
Coach Min Thet Khaing
21/06/2026
ဆေးပညာလောက နှင့် Bodybuilding လောကအတွက် သတင်းကောင်းတစ်ခု ဆေးကောင်းတစ်လက်
မကြာခင် ပေါ်လာတော့မယ်...
(စာဖတ်ပီးသွားတဲ့အခါ အကျိုးရှိရင် yes လို့မန့်ခဲ့ပါ...)
ဒါနဲ့ပတ်သက်ပီးတော့ စပြောတာ ဒီနယ်ပယ် 2 ခုလုံးအတွက် ကိုယ်ပထမဆုံး ဖြစ်လိမ့်မယ်ထင်တယ်...
လက်ရှိ ဆီးချို/ သွေးတိုး/ ဝိတ်ထိန်း တဲ့နေရာမှာ
အရမ်းအသုံးဝင်လာတဲ့ GLP-1 ဆေးတွေဖြစ်တဲ့
👉 Semaglutide/Ozempic (First Gen)
(GLP-1 agonist)
👉 Tirzepatide/Mounjaro (Second Gen)
(လက်ရှိ မြန်မာနိုင်ငံ ဆေးပညာလောကရဲ့ ဝိတ်ချသူတွေအတွက် ဘုရင်တစ်ပါး)
(GLP-1 + GIP agonist)
(Dual Agonist)
ဒီနှစ်ခုက မြန်မာနိုင်ငံမှာ လက်ရှိလူသုံးများပီး အရမ်းအသုံးဝင်နေတဲ့ ဆရာဝန်တွေနဲ့လူနာ/ ဝိတ်ချသူတွေရဲ့ ဘေးအကင်းဆုံး FDA အသိမှတ်ပြု လက်စွဲတော် ဆေးနှစ်ခု
👉 Retatrutide (Third Gen)
(FDA မရသေးပေမယ့် result တွေအကောင်းဆုံးနဲ့ အကြမ်းဆုံးဖြစ်လို့ မကြာခင် Mounjaro နေရာမှာအစားဝင်လာပီး ပိုကောင်းတဲ့ဆေးအဖြစ်ရပ်တည်လာမယ့် အနာဂတ်ရဲ့ ဝိတ်ချဘုရင်တစ်ပါး)
(GLP-1 +GIP + Glucagon agonist)
(Triple Agonist)
ဒီ Retatrutide အထိကို ဆရာဝန်တွေ နဲ့ Bodybuilder တစ်ချို့တစ်လေ လက်လှမ်းမှီကြတယ်
သိကြတယ် သုံးနေကြတယ်
Sema / Tirze / Reta အကုန်လုံးက Weight Loss/Fat Loss ကိုပဲ တစ်ဆင့်စီထောင့်စုံအောင်လုပ်လာကြတဲ့ peptide ထိုးဆေးတွေဖြစ်တယ်
ကြွက်သားကိုတော့ ထိန်းထားမပေးနိုင်ခဲ့ဘူး
✅ သတင်းကောင်းက ခုမှလာမှာ
👉 Fat Loss အတွက်ထောင့်စုံအောင်ဖန်ပီးထားတဲ့ (GLP-1 + GIP + Glucagon) အပြင် IGF-1 လို့ခေါ်တဲ့ မာဆယ်တည်ဆောက်ပေးနိုင်အောင် /မာဆယ်လုံးဝကျမသွားအောင်ထိန်းထားပေးနိုင်တဲ့ ဟော်မုန်းအသစ်ကိုပါထပ်ပေါင်းထည့်ထားတဲ့ ပိန်ဆေး/အဆီကျဆေး
အဆီကျ + မာဆယ်တက်/ထိန်း တစ်ပြိုင်တည်းဖြစ်အောင် create လုံးထားတဲ့ ဆေးအဖြစ်ထွက်လာတော့မယ်
နာမည်က 👉 Bioglutide
(GLP-1 + GIP + Glucagon + IGF-1 )
(Quadruple Agonist)
ဒီ compound ကို oral(သောက်ဆေး) အနေနဲ့ထုတ်မယ်လို့ သတင်းတွေကြားနေတယ်
ဆေးထိုးကြောက်တဲ့သူတွေအတွက်လဲအများကြီးအဆင်ပြေသွားလိမ့်မယ်
သောက်ဆေးမို့ အစာအိမ်ပြသနာတက်မှာကိုလဲ စိုးရိမ်စရာမလိုပဲ stomach acid မှာ သေချာပျော်ဝင်နိုင်တဲ့ molecule အသေးစားလေးတွေနဲ့ ဖန်တီးပီးထုတ်ထားတယ်လို့ ပြောတယ်
မကြာခင် ဒီဆေးရဲ့ deep dive information
ဒီဆေးရဲ့ ခန္ဓာကိုယ်မှာအလုပ်လုပ်ပုံ အသေးစိတ် free sharing ဆက်လုပ်ပေးပါအုန်းမယ်...
စိတ်ဝင်စားရင် yes လို့ မန့်ခဲ့ပါ..
Coach Min Thet Khaing
17/06/2026
'မ'ဟော်မုန်းက ကြောက်စရာမဟုတ်ဘူး❗
But သတိတော့ထားရမယ်❗
ယောကျာ်းလေးတွေမှာလဲ Estrogen လို့ခေါ်တဲ့ 'မ'ဟော်မုန်းဓာတ် မရှိမဖြစ်လိုအပ်တယ်
အထူးသဖြင့် PED သုံးတဲ့ ယောကျာ်းလေးတွေက အဲ့ဒီ 'မ'ဟော်မုန်း Estrogen ကို သိပ်ကြောက်ကြတယ်
နို့ဆူခြင်းတွေရဲ့ တရားခံဖြစ်နေတာကိုးးး....
နို့ဆူမှာကြောက်ကြောက်နဲ့ Novaldex တွေ Arimidex တွေကို Dosage မချိန်တတ်/မတွက်တတ်ပဲသောက်ပီး Estrogen နည်းအောင်ဇွတ်လုပ်ပြန်ရင်လဲ Estrogen Crash ဖြစ်ပီး side effect က လာပြန်ရော
မြင်သာအောင်ပြောရရင် နုန်းချိနေတာ
S*x drive ကျသွားတာ
နှလုံးခုန် မမှန်တာ
Gym သွားဖို့စိတ်မပါတာ
အချိန်ပြည့် မောပန်းနေတာ
အဆစ်အမြစ်တွေ နာကျင်တာ
ဒါတွေက ကျားဟော်မုန်း Testosterone အားနည်းမှဖြစ်တာမဟုတ်ဘူး
Estrogen နည်းရင်လဲ ဖြစ်တယ် သားရီးတို့....
Estrogen နည်းလို့ဖြစ်တဲ့ side effect ကလဲ လျှော့တွက်လို့မရဘူးနော်...
Estrogen ဟော်မုန်းက နှလုံးကျန်းမာရေး နဲ့ Muscle Recovery အတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းတစ်မျိုးဆိုတာကိုလဲ မသိရင် မှတ်ထားပါ....
လိုရင်းကို ပြောရရင်
နည်းရင်လဲမကောင်းဘူး များရင်လဲမကောင်းဘူး
သူ့ range ထဲမှာ ရှိနေမှပဲ နေလို့ထိုင်လို့ကောင်းမယ်
စားဝင်အိပ်ပျော်မယ် Recovery ကောင်းမယ်
Mood ကောင်းမယ် Gym မှာ ဝုန်းနိုင်မယ်
Body Transformation နဲ့ PED cycle တစ်ခုလုံးလဲ ခရီးရောက်မယ်
Coach Min Thet Khaing
15/06/2026
ဝိတ်ကျချင်လို့ side effect ကြောက်စရာမလိုတဲ့ ဆေးတစ်ခုခုသုံးချင်တယ်
Gym ဆော့တာလဲ 3-4-5 လဖြစ်လာခဲ့ပီ
လက်ကျန်အဆီတွေကိုပါ အရှိန်အဟုန်နဲ့ အမြစ်ပြတ်ဖြိုပစ်ချင်လာပီ
အစားကိုလဲ ထိန်းသင့်သလောက်တော့ ထိန်းတဲ့အကျင့်လေး ရှိနေပီဆိုရင်...
Steroid နဲ့ SARMs တွေထက်
ကျွန်တော် recommend အပေးချင်ဆုံးက
👉 Retatrutide ပါ...
Risk and Reward ယှဥ်လိုက်ရင် အတော်လေး ဘေးကင်းပီး ထိရောက်တဲ့ ကျွန်တော်ကြိုက်သော ဆေးတစ်ခုပါ
(Bodybuilding Stage ပေါ်က ပြိုင်ပွဲဝင်တွေအထိပါ သုံးလို့ရပါတယ် အရမ်းအသုံးဝင်ပါတယ်
သို့သော်.. steroid cycle + reta ဖြစ်ရမယ်)
Dosage နဲ့ Timing သာ သေချာလုပ်မယ်ဆိုရင် ကြွက်သားဆုံးရှုံးမှုလုံးဝမရှိအောင်ထိန်းထားနိုင်ပီး
အဆီကျတဲ့ဖြစ်စဥ်ကို 100% အထောက်အကူပေးနိုင်ပါလိမ့်မယ်
ခန္ဓာကိုယ်ရဲ့ မည်သည့်သဘာဝဟိုမုန်းကိုမှ Steroid နဲ့ SARMs တွေလို ဒုက္ခပေးမည် မဟုတ်ပါ...
Coach Min Thet Khaing
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No(5) Ground Floor, Train Condo, Pyay Yangon Road, , Infront Of CB Bank
Pyay
Opening Hours
| Monday | 06:30 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 06:30 - 20:00 |
| Thursday | 06:30 - 20:00 |
| Friday | 06:30 - 20:00 |
| Saturday | 06:30 - 20:00 |
| Sunday | 06:30 - 20:00 |