KM Sports

KM Sports

Share

Sports Entertainment

03/05/2023

အဲလိုအိမ်ရှင်ဆို ကြောက် ကြောက် ကြောက်

02/05/2023

သူ့ပဲကြောက်နေရတာကိုး😬

14/01/2023

Pique ကိုတိုက်ရိုက်ရည်ညွှန်းထားတယ်လို့
သတင်းထွက်နေတဲ့ Shakira ရဲ့သီချင်းအသစ်
------------------------------------------

ပြီးခဲ့တဲ့နေ့တုန်းကကမ္ဘာကျော်အဆိုတော် Shakira ရဲ့ သီချင်းတစ်ပုဒ်အသစ်ထွက်လာခဲ့ပါတယ်။ အဆိုပါသီချင်းရဲ့ စာသားတွေဟာသူ့ရဲ့ယောက်ျားဟောင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းနောက်ခံလူ Pique ကိုရည်ညွှန်းနေတာဖြစ်တယ်လို့ သတင်းတွေကဖော်ပြလာခဲ့ကြပါတယ်။

အဆိုပါသီချင်းရဲ့စာသားတွေမှာတော့ "Sorry ပါ။ ငါတော့ တခြားလေယာဉ်တစ်စီးနဲ့ပါသွားပြီ။ ဒါကြောင့်မလို့အဲ့ကိုပြန်ပြီး လာဖို့မျှော်လင့်မနေပါနဲ့တော့။ စိတ်ညစ်စရာတွေကိုလည်းထပ်ပြီး မလိုချင်တော့ပါဘူး။ ချန်ပီယံတွေလိုအပြောအဆိုများခဲ့ကြပေမယ့် ငါလိုအပ်တဲ့အချိန်မှာတော့ မင်းရဲ့အဆိုးဆုံး version ကိုပဲ မင်းကပေးခဲ့တယ်။" ဆိုတဲ့စာသားတချို့လည်းပါဝင်ခဲ့ပြီးယခု လက်ရှိသူဟာစိတ်ညစ်စရာတွေမရှိပဲ ပျော်နေပြီဆိုတဲ့အကြောင်း၊ သူလိုအပ်နေချိန်မှာအနားမှာရှိမပေးခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

ဆက်ပြီးတော့လည်း "မြေခွေးလိုမျိုးငါကတခြားနောက်ထပ်လူသစ် တစ်ယောက်အတွက်လည်းမဟုတ်သလို၊ မင်းလိုလူအတွက်လည်း မဟုတ်တော့ပါဘူး။ မင်းရဲ့ League ကနေလည်းငါအနေနှင့် ထွက်သွားခဲ့ပါပြီ။" စတဲ့စာသားတွေ "ငါကအသက်(၂၂)နှစ်အရွယ် လူနှစ်ယောက်ထက်တောင် ပိုပြီးတန်ဖိုးကြီးပါသေးတယ်။ မင်းက Twingo (ကားတံဆိပ်) အတွက်နဲ့ Ferrari ကိုလဲခဲ့တာ၊ Casio အတွက်နဲ့ Rolex ကိုလဲခဲ့တာပါ" ဆိုတဲ့စာသားတွေကို ထည့်သွင်းရေးသားခဲ့ပါသေးတယ်။

အဆိုပါစာသားတွေကြောင့်လည်း ပရိသတ်တွေဟာ Pique ကို တိုက်ရိုက်ရည်ရွယ်ခဲ့တယ်ဆိုပြီးပြောနေခဲ့တာပါ။ အဆိုပါသီချင်း video ဟာတစ်ရက်အတွင်း youtube မှာ 64 millions view အထိရရှိခဲ့သလို လက်တလောရေပန်းစားနေတဲ့သီချင်းများ စာရင်းမှာလည်းထိပ်ဆုံး နေရာမှရပ်တည်နေခဲ့ပါသေးတယ်။

သီချင်းစာသားထဲမှာပါဝင်ခဲ့တဲ့ Casio company ကလည်း သူတို့အနေနှင့် Shakira ရဲ့သီချင်းစာသားထဲမှာပါဝင်ခွင့်ရတဲ့ အတွက်ဝမ်းမြောက်မိကြောင်း၊ တစ်သက်လုံးသူနဲ့အတူရှိနိုင်မယ့် Casio နာရီတစ်လုံးကိုလည်း လက်ဆောင်အဖြစ်ပေးသွားမှာ ဖြစ်ကြောင်းကျီစယ်ပြီးရေးသားခဲ့ပါသေးတယ်။

ဒီသီချင်းကိုကြားပြီး Pique တစ်ယောက် ဘယ်လိုတွေများ ဖြစ်နေမလဲဆိုတာကိုမြင်ယောင်ချင်မိပါသေးတယ်။

Photos from KM Sports's post 14/01/2023

စနေညအတွက်မနက်ခင်းစတည်ကြေးလေးပါ

လေ့လာသုံးသပ်အောင်နိုင်ကြပါစေ

13/01/2023

ကြေးပြောင်းကြည့်ပြီး ထိုးတိုင်းပေါက်ကြပါစေ

Photos from KM Sports's post 06/07/2022

လူမျိုးရေးခွဲခြားမှုတွေအတွက် ဂျာမနီကို လက်စားချေနိုင်ခဲ့ချိန်မှာ ပျော်ရွှင်မိကြောင်းဖွင့်ဟလာတဲ့ ဆွန်ဟောင်မင်
=========================================
စပါးအသင်းရဲ့တောင်ပံကစားသမား ဆွန်ဟောင်မင်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှာ ဂျာမနီကို အနိုင်ကစားပြီး အုပ်စုအဆင့်ကထွက်ခွာစေခဲ့တဲ့ပွဲဟာ သူ့အတွက်တော့ လက်စားချေမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၀၈ ခုနှစ်မှာ ကိုရီးယားကနေ ဥရောပရပ်ဝန်းကို ခြေချခဲ့တာဖြစ်ပြီး ဂျာမန်ကလပ် ဟမ်းဘတ်နဲ့လေဗာကူဆင်တို့မှာကစားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခွဲခြားဆက်ဆံခဲ့ရမှုတွေနဲ့ ပတ်သက်ပြီး ဆွန်က "ကျွန်တော်ဂျာမနီကိုရောက်တဲ့အချိန်မှာ လုံးဝမထင်ထားလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။လူမျိုးရေးခွဲခြားမှုတွေအများကြီးကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် တစ်ချိန်ချိန်မှာ ငါလက်စားပြန်ချေမယ်လို့လည်း တွေးမိခဲ့ပါတယ်။တကယ်တမ်းဆိုရင် ပွဲအပြီးမှာ ရှုံးနိမ့်သူတွေကို ကျွန်တော်က နှစ်သိမ့်ပေးတဲ့သူပါ။ အဲဒီပွဲမှာတော့ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပြီး သူတို့ပြိုင်ပွဲကထွက်သွားရတော့ သူတို့တွေမျက်ရည်ကျနေတာကို ကြည့်ပြီး ငါလုပ်နိုင်ခဲ့ပြီဆိုတဲ့ အတွေးနဲ့ ကျွန်တော်ပျော်ရွှင်ခဲ့ဖူးပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ကတော့ ဂျာမနီမှာကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုကိုသာပြောပြခဲ့ပေမယ့် အင်္ဂလန်မှာလည်း ခွဲခြားခံနေရတုန်းပဲဆိုတာ သူ့ရဲ့ချစ်ပရိသတ်တွေတော့ သိနိုင်မယ်ထင်ပါတယ်။

photo credit

10/05/2022

"ကျွန်တော်ကတော့ ဒီရာသီမှာ ရော်နယ်ဒိုထက် လိဂ်ဂိုးပိုရပြီထင်နေခဲ့တာဗျ။ ရာသီကုန်တော့မှ သူ့ကို ဘာလိုမှ ယှဉ်နိုင်လဲဆိုတာကို သက်သေထပ်ပြသွားတယ်။ ဒီလူက တကယ့် GOAT အစစ်ပဲ"

ဒီယေဂို ဂျိုတာ ___🗣️



08/05/2022

Today Me😔🤧😓

👇👇👇👇👇👇

Want your business to be the top-listed Gym/sports Facility in Pakokku?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Pakokku