OS-sport

OS-sport

Share

ဘောလုံးအကောင့်ဖွင့်ကစားလိုပါက Viber 09790930514 / မန်ဘာသစ်ဘောနပ် 15% Ibet789,Mbet369,555Mix,Live22,Shan234

10/07/2026

ကီလီယန် အမ်ဘာပေ - "ဒါဟာ လက်ရှိမှာ အတောင့်တင်းဆုံး ပြင်သစ်အသင်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အလားအလာ အရှိဆုံး အသင်းတစ်သင်း ဖြစ်ပါတယ်"

"ကျနော် အမြဲတမ်း ပြောလေ့ရှိတာကတော့ အကောင်းဆုံးအသင်းဆိုတာ အနိုင်ရတဲ့အသင်း ကို ခေါ်တာပါ"

OS-sport

Photos from OS-sport's post 08/07/2026

အာစင် ဝင်းဂါ - " ဒီနှစ် ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းက ဆွတ်ခူးသွားလိမ့်မယ်။"

" ပြင်သစ် အသင်းကို အနိုင်ယူနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်း ရှိတယ် ဆိုရင်တော့ အဲဒါဟာ စပိန်အသင်းလို့ ကျနော် ပြောချင်ပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ အရ ကြည့်မယ်ဆိုရင် စပိန်က ပြင်သစ်ထက် ပိုပြီး ကောင်းပါတယ်"

"ဒီနှစ်သင်းကြား တွေ့ဆုံမှုကတော့ ဗိုလ်လုပွဲပဲ ဖြစ်လာမှာပါ" လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

OS-sport

06/07/2026

📌 ပေါ်တူဂီ - စပိန်

ပွဲရလဒ်ခန့်မှန်းပြီး ဆုငွေယူလို့ရပြီနော်

အောက်ပါ Telegram Channel မှာ ဝင်ရောက်ခန့်မှန်းနိူင်ပါတယ်ဗျ။

https://t.me/tipsternay99

04/07/2026

မနှစ်က ACL ဒဏ်ရာ ခံစားခဲ့ရပြီးနောက် ဘောလုံးလောက ကနေ အနားယူဖို့အထိပါ စဉ်းစားခဲ့ဖူးတဲ့ လီဆန်ဒရို မာတီးနက်ဇ်

🗣️ "ကျနော် ဘောလုံးလောက ကနေ အနားယူဖို့အထိ စဉ်းစားခဲ့တာပါ နောက်ထပ် မနာကျင် မခံစားရတော့ဖို့ပဲ လိုချင်ခဲ့တာ သိတယ်မလား?

ကျနော် တကယ်ကို စိတ်ဓာတ်တွေ အောက်ဆုံးအထိ ကျသွားခဲ့တာပါ ဒါပေမဲ့ အဲဒီနောက်မှာပဲ ကျနော့် သမီးလေး မွေးဖွားလာခဲ့ပြီး အရာအားလုံးကို ပြန်လည်မျှတသွားစေခဲ့ပါတယ် ကျနော့်ဇနီး ကလေး မွေးဖွားချိန်မှာ ဘယ်လောက် အထိ ကြီးမားတဲ့ ကြိုးစား အားထုတ်မှုတွေ ပြုလုပ်ခဲ့ရလဲ ဆိုတာကို မြင်လိုက်ရတော့ 'ငါကကော ဘာလို့ ဆက်ပြီး တိုက်ပွဲ မဝင်နိုင်ရမှာလဲ' လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိခဲ့ပါတယ်" လို့ TyC Sports နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

OS-sport

01/07/2026

ဂျာဂန် ကလော့ပ်ဟာ ဂျာမနီအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အဆင်သင့် ရှိနေပါတယ်။

လက်ရှိနည်းပြ ဂျူလီယန် နာဂယ်စမန်း ကတော့ အသင်းမှာ ဆက်ရှိနေချင် ပေမဲ့ ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) ဘက်ကတော့ လာမယ့် သီတင်းပတ်တွေ အတွင်းမှာ
အပြီးသတ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားမှာ ဖြစ်ပါတယ် ကလော့ပ်ကတော့ ဒီရာထူးကို ရယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အကယ်၍ ဂျာမန်ဘောလုံး အဖွဲ့ချုပ် ဘက်ကသာ နောက်ပိုင်းမှာ သူ့ကို ဆက်သွယ် ကမ်းလှမ်းခဲ့မယ် ဆိုရင်
ကလော့ပ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာခဲ့ပြီး (၂) နှစ်အကြာမှာ နည်းပြ လောကထဲဆီ တကယ်ပဲ ပြန်လည် ဝင်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။

ကလော့ပ် နည်းပြလောကထဲ ပြန်လာတော့မလား စဉ်းစားကြည့်ရုံနဲ့တင် လန်းနေပြီ။

OS-sport

01/07/2026

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာမတ် ဒီယာလိုကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

တခြားကလပ် အသင်းတွေရဲ့ ချဉ်းကပ်မှုတွေနဲ့ စိတ်ဝင်စား မှုတွေ ရှိနေပေမဲ့လည်း မန်ယူနိုက်တက်ဘက်က အာမတ်ကို အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ရှုမြင်ထားတာကြောင့် အိုင်ဗရီကို့စ် တိုက်စစ် ကစားသမားဟာ အသင်းမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

OS-sport

26/06/2026

မန်စီးတီးအသင်းရဲ့ ကစားသမားသစ် အဲလီးယပ် အန်ဒါဆန် ဟာ ဒီနေ့မှာပဲ နယူးယောက်မြို့မှာ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပါတယ်

နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ပေါင် ၁၁၆ သန်းတန်
အပြောင်းအရွှေ့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီးနောက် နယူးယောက်မှာ ဆေးစစ်မှုတွေ စတင်နေပြီ ဖြစ်ပြီးအန်ဒါဆန်ဟာ မန်စီးတီးနဲ့ ရေရှည်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ဒါဟာ နည်းပြသစ် အန်ဇို မာရက်စကာရဲ့ ပထမဦးဆုံးသော ကစားသမား ခေါ်ယူမှုပဲ ဖြစ်ပါတယ်။

OS-sport

24/06/2026

🗣️ ဂျုဒ် ဘယ်လင်ဂမ် က အင်္ဂလန်အသင်း ဂါနာနဲ့ သရေကျခဲ့တဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့အပြီး အခုလို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ် -

"ရိုးရိုးသားသား ပြောရရင် ကျနော် ဒီဆုနဲ့ မထိုက်တန်ပါဘူး ဒီဆုဟာ တကယ့်ကို ကောင်းကောင်း ခံစစ်ဆင် ကစားသွားခဲ့တဲ့ သူတို့အသင်းက ကစားသမား တစ်ယောက်ယောက် ကပဲ ရသွားခဲ့သင့်တာပါ။"

OS-sport

16/06/2026

ဘာစီလိုနာ အသင်းရဲ့ အပြီးသတ် ဝယ်ယူခွင့် စာချုပ်
ဟာ သက်တမ်း ကုန်ဆုံး သွားခဲ့တာကြောင့် မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ ဒီနေ့မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ရပ်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူခွင့်ရှိပေမဲ့ ယူနိုက်တက်ဘက်က တောင်းဆိုတဲ့ ယူရို သန်း ၃၀ကို မပေးချင်ခဲ့တာပါ။

အခုတော့ စာချူပ်သက်တမ်း ကုန်သွားခဲ့ပြီ ဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဘာကာဘက်ကတော့ ရပ်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားချင်ဆဲ
ဖြစ်ပေမဲ့ အငှားစာချုပ် သက်တမ်းတိုးတဲ့ ပုံစံမျိုးနဲ့သာ အလိုရှိနေတာပါ။

OS-sport

15/06/2026

အေစီမီလန် အသင်းဟာ ရုဘင် အမ်မိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ

၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်အပြင် တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်နဲ့ နှုတ်ကတိအရ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး အမ်မိုရင် ဘက်ကလည်း စည်းကမ်းသတ်မှတ်ချက် အားလုံးကို လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် ပေါ်တူဂီ လူမျိုးနည်းပြဟာ မကြာခင်မှာပဲ စီးရီးအေမြေမှာ အခန်းကဏ္ဍ သစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

OS-sport

Want your business to be the top-listed Gym/sports Facility in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Lathagon
Naypyidaw