18/07/2023
🚨 𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎!
Man United အသင်းရဲ့နောက်ခံကစားသမား Alex Telles ဟာ ဆော်ဒီ ကလပ် Al Nassr အသင်းထံ အပြီးသတ်ပြောင်းရွေ့ကစားတော့မည် ဟု သိရသည်။ 🟡🔵🇸🇦
ဆော်ဒီကလပ် အသင်းအနေဖြင့် အဆိုပါဘယ်နောက်ခံလူ အား ပြောင်းရွေ့ကြေး ပေါင် ၄သန်း + (add-ons) အပါအဝင် နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမား အတွက် တစ်နှစ် ပျှမ်းမျှလုပ်ခလစာ ယူရို ၇သန်း+(add-ons) ပေးချေသွားမည်။
ယခုအပြောင်းအရွေ့ကိစ္စ အလုံးစုံပြီးမြောက်ရန် သက်ဆိုင်ရာ နှစ်ဖက် အသင်းမှ အပြန်အလှန် စာရွက်စာတမ်း အသေးစိပ် အချက်အလက်များ အလှဲအလှယ် လုပ်ဆောင်သွားမည်။
per Fabrizio Romano
18/07/2023
United squad to Edinburgh:
Edinburgh သို့ ထွက်ခွာသွား ယူနိုက်တက် အသင်းရဲ့ ကစားသမား စာရင်း။
Goalkeepers:
Nathan Bishop, Elyh Harrison, Matej Kovar
Defenders:
Jonny Evans, Alvaro Fernandez, Will Fish, Marc Jurado, Lisandro Martinez, Raphael Varane, Aaron Wan-Bissaka, Brandon Williams.
Midfielders:
Fred, Dan Gore, Hannibal, Isak Hansen-Aaroen, Kobbie Mainoo, Mason Mount, Donny van de Beek.
Forwards:
Amad, Antony, Noam Emeran, Omari Forson, Joe Hugill, Jadon Sancho
** လက်စတာ စီးတီး အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျွန်နီ အီဗန် ဟာ ပြီးခဲ့သည့် ရက်ပိုင်းများ၌ ယူနိုက်တက် ယူ ၂၁ အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနေခဲ့ရာ နည်းပြ တန်ဟတ်ဂ် နှင့် နည်းပြအဖွဲ့ဝင်များမှ ၄င်းရဲ့ခြေစွမ်းအား အထင်ကြီးနှစ်သက်မိ၍ ခြေစမ်းပွဲ ၂ ပွဲ
(လိုင်ယွန်အသင်း၊ Wrexham အသင်း) ပွဲစဥ်
၌ ပါဝင်ကစားခွင့်ရစေမည့် ကာလတို စာချုပ်ဖြင့် ခေါ်ဆောင်ခြင်း ခံရတာ ဖြစ်ပါတယ်။
18/07/2023
🚨 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋:
Man United အသင်းဟာ ၄င်းတို့ရဲ့တိုက်စစ်ကစားသမား Marcus Rashford အား ၂၀၂၈ ခုနှစ်၊ဂျွန်လအထိ ရှိစေမည့် ၅ နှစ်စာချုပ်ဖြင့် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုခဲ့သည်။
၄င်းမှ ယူနိုက်တက် အသင်း ထံ ၇ နှစ်အရွယ်ကတည်း က ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းဂျာစီဝတ်ဆင်ခွင့်နှင့် ပါဝင်ပွဲထွက်ကစားခွင့်ရသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖွင့်ဟခဲ့သည်။
18/07/2023
ပြီးခဲ့တဲ့ ဂျွန်လ၌ ဆော်ဒီကလပ် အသင်း ၂သင်းမှ ယူနိုက်တက် အသင်းရဲ့အားထားရသည့်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် အား မက်မောလောက်ဖွယ် လုပ်ခလစာ ဖြင့် ကမ်းလှမ်းခဲ့ရာကာယံကံရှင် ကစားသမားဖက်မှ ပယ်ချခဲ့ကြောင်း Fabrizio Romano ရဲ့ဖော်ပြချက်အရ သိရသည်။
အဆိုပါပေါ်တူဂီကွင်းလယ်ကစားသမားအနေဖြင့် ယူနိုက်တက် အသင်းနှင့်အတူ အောင်မြင်မှု့ များစွာသိမ်းပိုက် ရယူရန် အလွန် ဆန္ဒပြင်းပြနေလျက် ရှိကြောင်း သိရသည်။
ဘရူနို ဟာ လာမည့် ရာသီ ယူနိုက်တက် အသင်းခေါင်းဆောင် သစ်အဖြစ် ခန့်အပ်ခြင်း ခံရဖို့ အခွင့်အလမ်း အလားအလာကောင်း ပိုင်ဆိုင်နေသူ ဖြစ်သည်။
08/09/2022
Match Day:
Europa League Group Stage(1:30 a.m.)
Local Myanmar Time.
(9.9.2022)
United Vs Sociedad
06/09/2022
မာဆေးလ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွေ့ ကစားသွားခဲ့သည့် နောက်ခံလူ Eric Bailly သည် ယူနိုက်တက် အသင်းအပေါ် ၄င်းရဲ့ထင်မြင်ချက်ကို ယခုလိုဖွင့်ဟ ပြောကြားခဲ့သည်။
" အသင်းအနေနဲ့ အဂ်လိပ်ကစားသမားတွေအပေါ် မျက်နှာသာ ပေးခြင်းကို ရှောင်ရှားသင့်ပါတယ်။ကလပ်အသင်းဟာ အဝတ်လဲခန်းမှာ ကစားသမား
တွေတိုးတက်စေဖို့ရာ အချင်းချင်း အပြိုင်အဆိုင်ဖြစ်စေဖို့ တိုက်တွန်းနှိုးဆော် ပြုလုပ်သင့်ပါတယ်။ကျွန်တော့်စိတ်ထဲအမြဲစွဲကျန်စေတာက အဂ်လိပ်ကစားသမားတွေဟာ အမြဲလိုပဲ မျက််နှာသာရစေတာကိုပါ" ဟု ရင်ဖွင့်ပြောကြားခဲ့သည်။
PhotoCrd: Mirror
05/09/2022
🚨 Around £3.75billion would be enough to buy Manchester United from the Glazer family.
(Source: Mike Keegan - Daily Mail)
05/09/2022
Antony in Manchester last night. [MEN]