29/08/2026
😱😱😱 အူမာကို အမှောက်သိပ်လိုက်တဲ့ ဆောင်ယာဒေါင်
*------*------*-------*-------*------*------*------*
Umar Nurmagomedov ကို အနိုင်ရဖို့ အခွင့်အရေးမပေးဘဲ Song Yadong က ဒုတိယအချီမှာ အပြင်းအထန် ဖိအားပေးတိုက်ခိုက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ 🔥
အူမာအနေနဲ့ မြေပြင်ပေါ်ကျသွားပြီး ဆောင်ယာဒေါင်ရဲ့ ဆက်တိုက်ထိုးချက်တွေကြောင့် ဒိုင်က ပွဲကိုရပ်တန့်ပေးခဲ့ရတာပါ။ 😱💥
ဒီပွဲကတော့ တကယ့်ကို မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုပါပဲ။
29/08/2026
One Championship ရဲ့ စထရောဝိတ်ချန်ပီယံဟောင်း ရှောင်ဂျင်နန် ကတော့ UFC နဲ့ ကံမစပ်တာပဲလား၊ UFC လယ်ဗယ်ကို မမှီတာလားတော့ မသိဘူး။
ဒီနေ့ UFC ရှန်ဟိုင်း ပွဲစဉ်မှာ ပထမအချီမှာတင် ဘရာဇီးသူ ဂျူလီယာ ပိုလက်စထရီ ရဲ့ Head Kick ထိပြီး လစ်သွားတယ်။
One မှာ အိန်ဂျယ်လာလီကို ဘဲဥခွဲခဲ့ပြီး (10-1) Record နဲ့ လာခဲ့တဲ့ တရုတ်မ ရှောင်ဂျင်နန်က UFC အဖွင့်ပွဲ နှစ်ပွဲလုံးမှာ လယ်ဗယ်သိပ်မမြင့်တဲ့ ပြိုင်ဘက်တွေကိုပဲ ရှုံးပြီး (0-2) Record ဖြစ်သွားပါပြီ။
ဒီတိုင်းဆို အသက် (၃၈) နှစ်အရွယ် ရှောင်ဂျင်နန်ရဲ့ UFC အနာဂတ်က မရေရာတော့ပါဘူး.....
29/08/2026
UFC ပွဲဦးထွက်နဲ့တင် “ချန်ပီယံကိုလာစိန်ခေါ်မယ်” ဆိုတဲ့အဆင့်ကို ရောက်နေပြီလား? 😏🔥
*------*-------*--------*--------*--------*------*------*
အင်ဒိုနီးရှားဖိုက်တာ Bilal Hasan ကတော့ ဒီနေ့ UFC Shanghai မှာ ပွဲဦးထွက်အဖြစ် Nilson Rojas ကို ဒုတိယအချီ ၂ မိနစ် ၂၈ စက္ကန့်မှာ ညာလက်ချက်တစ်ချက်တည်းနဲ့ KO ချလိုက်ပါတယ်။
ဒါနဲ့တင် မပြီးသေးဘူး…
UFC ထဲဝင်လာတာနဲ့ ချန်ပီယံ Joshua Van ကို တန်းပြီးချိန်နေကြတဲ့ကောင်တွေကို ပြောချင်တာက—
“အေး… အရင်ဆုံး UFC မှာ ပွဲနည်းနည်းလောက် ထိုးပြီးမှ ချန်ပီယံအကြောင်းပြောကြပါဦးကွာ။ 😂”
Van ကို စိန်ခေါ်ဖို့ဆိုတာ UFC ထဲ ပွဲဦးထွက်နိုင်ရုံနဲ့ မလုံလောက်ဘူး။
Rank တက်၊ Top Contender တွေကို ဖြတ်၊ ပြီးမှ ချန်ပီယံကို လာခေါ်။ 😎
Hasan ကတော့ ဒီနေ့လိုမျိုး ဆက်ပြီးအနိုင်တွေ စုနိုင်ရင် နောင်မှာ Van ရဲ့ အန္တရာယ်ရှိတဲ့ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပွဲဦးထွက် KO တစ်ပွဲနဲ့တော့ ချန်ပီယံရဲ့ တံခါးကို တန်းမခေါက်နဲ့ဦး။ 😂🔥
27/08/2026
မနေ့က သီတင်းစာရှင်းလင်းပွဲမှာ Dana က - “ Contender Series ကနေ UFC ကို ဝင်လာတဲ့ ဖိုက်တာ တစ်ယောက်က Title ပွဲ မထိုးဖူးပေမဲ့ ထိုးကြေး $ (၁၁) သန်းကျော်လောက် ရထားဖူးသူ ရှိတယ်” လို့ ထုတ်ပြောတယ်။
နာမည် ဘယ်သူလဲတော့ မပြောဖူး။
ပရိသတ်တွေက ချက်ချင်းပဲ Kevin Holland လို့ ခန့်မှန်းကြတယ်။
အကြောင်းက Holland ဟာ DWCS ကနေ UFC ရောက်ပြီးနောက် ပွဲမရှောင်ပဲ ခပ်စိပ်စိပ် ထိုးခဲ့တာကြောင့်ပါ။
စထိုးခဲ့တဲ့ ၂၀၁၈ ကနေ့ ဒီနေ့ထိ (၂၉) ပွဲ ထိုးထားပြီး Performance Bonuses (၁၀) ကြိမ်လည်း ရထားတယ်။
၂၀၂၅ ခုနှစ်ထဲမှာဆို (၅) ပွဲထိတောင် ထိုးခဲ့တာပါ။ သူနဲ့ Joshua Van နဲ့ ပွဲထိုးစိပ်ချက်က နင်လား ငါလားပဲ။
အစပိုင်းမှာ Holland က (၁၁) သန်းရတာ သူမဟုတ်ဘူး ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့—
“ငါ (၁၁) သန်းလောက် ရခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမယ့်!! ကလေးလေးယောက်၊ အခွန်တွေနဲ့ ၊ (၃) ခါတောင် ကွာရှင်းထားတာတွေရှိတော့ အခြေအနေက မင်းတို့ထင်သလို မဟုတ်ဘူး” ဆိုပြီး ပြန်ပြောခဲ့တယ်။
Dana ရဲ့ အဓိက Message ကတော့ ရှင်းပါတယ်—
UFC မှာ ခါးပတ် မရခဲ့ရင်တောင် တက်တက်ကြွကြွ ပွဲထိုးပြီး ကိုယ့်နာမည်ကို ထိပ်တန်းမှာ ဆက်ထိန်းထားနိုင်ရင် ငွေအများကြီး ရှာနိုင်တယ် ဆိုတာပါပဲ။
Kevin Holland က အဲ့ဒီ $11 Million Man အမှန်လားဆိုတာတော့ White က အတည်ပြုထားတာ မရှိပါဖူး။
ဒါပေမယ့် သူကလွဲပြီး တခြား ဖြစ်နိုင်ချေ ရှိတဲ့သူလဲ မရှိပါဘူး.....
27/08/2026
🥊 UFC ရဲ့ ကမ္ဘာမှာ နိုင်ငံပေါင်းစုံက ထိပ်တန်းဖိုက်တာတွေ အများကြီးရှိပါတယ်။
*------*-------*-------*-------*-------*--------*
ဒါပေမယ့် 🇲🇲 မြန်မာနိုင်ငံကတော့ ကိုယ်စားပြုဖိုက်တာ တစ်ယောက်တည်း ရှိနေပြီး… အဲ့ဒီတစ်ယောက်ကပဲ UFC ကမ္ဘာ့ချန်ပီယံ ဖြစ်နေပါတယ်။ 🏆🔥
မြန်မာတစ်နိုင်ငံလုံးရဲ့ အလံကို ကိုင်ဆောင်ပြီး ကမ္ဘာ့အကောင်းဆုံးတွေကြားမှာ ရပ်တည်နေတဲ့ Champion တစ်ယောက်။ 🇲🇲👑
တစ်ယောက်တည်း… ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံးရဲ့ ဂုဏ်ယူစရာပါ။ ❤️🔥
24/08/2026
Reinier de Ridder ရဲ့ UFC လိုက်ဟဲဗီးဝိတ်ပွဲဦးတွက်ကတော့ Easy Work ပါပဲ။
♦ကစားဟန်တူပြီး သိပ်မခေခဲ့ ပြိုင်ဘက် Roman Dolidze ကြောင့် ဒီပွဲကို ခက်ခဲ့မယ် ထင်ခဲ့ပေမယ့် RDR က လွယ်လွယ်ကူကူပဲ လုပ်ပြသွားတယ်။
♦ပထမအချီစပြီး မကြာဘူး RDR က Takedown လုပ်တဲ့အချိန် Dolidze က Ground မှာ ပြန်လုပ်ပြမယ့်အထာနဲ့ အသာတကြည် လှဲချပေးလိုက်တယ်။ ဒါကပဲ သူ့ရဲ့ မဟာအမှားကြီး ဖြစ်သွားခဲ့ရတာပါ။
♦RDR ရဲ့ Grappling Pressure က တော်ရုံလူဆို တခနနဲ့အမောဆို့စရာဖြစ်သလို ဝိတ်တန်းတက်လာတာကြောင့် ပိုပြီး အားပါလာတဲ့ Ground & Pound တွေကြောင့် Dolidze ပိုအထိနာတယ်။
♦ခန္ဓာကိုယ်ကို Reverse လုပ်ပြီး Leglock ဖမ်းဖို့ ကြိုးစားပေမယ့် RDR က ပါးပါးနပ်နပ်ပဲ ပိတ်ထားနိုင်တယ်။
♦နောက်ပိုင်းမှာ Back Position အနေအထားနဲ့ အပေါ်က RDR ရဲ့ လက်သီးချက်တွေကို မတုန့်ပြန်နိုင်တော့တာကြောင့် ဒိုင်လူကြီးက ပွဲရပ်လိုက်ရတယ်။
♦ဒီနိုင်ပွဲကြောင့် RDR ရဲ့ Weight Cut အပေါ် အပြစ်တင်မှုက တကယ်ဖြစ်မယ် ထင်တယ်။
♦ဘာပဲဖြစ်ဖြစ် လိုက်ဟဲဗီးဝိတ်တန်းအဖွင့်ပွဲမှာ ပြိုင်ဘက်ကို သာသာယာယာအနိုင်ယူပြခဲ့တဲ့ RDR ကတော့ ကြိုက်တဲ့ကောင်နဲ့ တည်ပေးလို့ရတယ်ဆိုပြီး ပြုံးစစနဲ့ ပြောသွားပါပီ....
..
#ရိုင်နီယာ #အောင်လအန်ဆန်း
#ကျော်စွာဝင်း
22/08/2026
ဝိတ်တန်းတက်ရတဲ့ အကြောင်းအရင်းကို De Ridder က ဖွင့်ဟလာတယ်….
Reinier de Ridder ရဲ့ နောက်ဆုံးရှုံးပွဲနှစ်ပွဲအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ထားတယ်။ Robert Whittaker နဲ့ Bo Nickal ကိုတောင် နိုင်ခဲ့ပြီး UFC မှာ စထိုးတဲ့ (၄) ပွဲဆက်တိုက်ထိနိုင်ခဲ့တဲ့ de Ridder က ပွဲတွေ ဆက်တိုက်လက်ခံပြီး ထိုးရာကနေ သူ့ကို ဒုက္ခပြန်ပေးခဲ့တာပါ။
Brendan Allen နဲ့ပွဲမှာ အချီမပြည့်ခင်မှာတင် သူ့ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားနိုင်တော့တာမို့ နည်းပြတွေက ပွဲကို ရပ်လိုက်ရတယ်။ Caio Borralho နဲ့ ပွဲမှာလည်း ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပြန်ဘူး။ ဒီအပတ်မှာတော့ UFC မှာ လိုက်ဟဲဗီးဝိတ်တန်းကို တက်ပြီး ပထမဆုံးပွဲအဖြစ် Roman Dolidze ကို ရင်ဆိုင်ရမှာပါ။
အလွန်အမင်း Weight Cut လုပ်ရတဲ့ ဆိုးကျိုးကို de Ridder ကိုယ်တိုင် ပြန်ပြောပြထားတယ်။
"နောက်ပိုင်းပွဲတွေမှာ ဝိတ်ချတိုင်း ဒါနောက်ဆုံးဖြစ်ရမယ်ဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့တယ်"
"ဒီလိုပြင်းထန်တဲ့ ဝိတ်ချမှုကို တစ်နှစ်ကို (၂) ကြိမ်လောက်ဆို အဆင်ပြေတယ်။ ကျွန်တော်ကတော့ တစ်နှစ်ကျော်အတွင်း (၆) ကြိမ်လောက် ချခဲ့ရတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားတယ်။ ဟော်မုန်းလယ်ဗယ်တွေတောင် ကမောက်ကမ ဖြစ်ကုန်တာ" လို့ ဆက်ပြောပါတယ်။
ဒီပွဲတွေကို လက်ခံခဲ့တာနဲ့ ပတ်သက်လို့ သူ ဘယ်သူ့ကိုမှ အပြစ်မတင်ပေမဲ့ MMA မှာ ဝိတ်ချတဲ့ စနစ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ဖို့တော့ သူ တောင်းဆိုထားပါတယ်။
“စိတ်ထဲမှာ ဝိတ်ရဖို့က နံပါတ်တစ် ဖြစ်နေပြီး ပွဲထိုးဖို့ကမှ နံပါတ်နှစ် ဖြစ်နေတယ်၊ ဒါကြီးက လုံးဝ မှားယွင်းနေတာ။ လူတိုင်းက (၁၈၅) ပေါင်ကို ရအောင် ချကြပေမဲ့ တကယ်ထိုးတဲ့အချိန်မှာ အနည်းဆုံး ပေါင် (၂၁၀) မဟုတ်ရင် (၂၁၅) ပေါင် လောက် ရှိနေကြတာလေ။ ကျွန်တော်တို့ ဘာတွေတောင် လျှောက်လုပ်နေကြတာလဲ မသိတော့ဘူး" လို့ ပြောသွားတယ်။
ဒီနေ့ ဝိတ်ချိန်မှာတော့ အရာအားလုံး ချောချောမွေ့မွေ့ပါပဲ။ de Ridder က မစ်ဒယ်ဝိတ်တန်းကိုတော့ ဘယ်တော့မှ ပြန်မဆင်းတော့ဘူး ယတိပြတ်ပြောသွားတယ်။ ခုပွဲမှာ Dolidze ကို သာ ကျော်ဖြတ်နိုင်ခဲ့ရင် လိုက်ဟဲဗီးဝိတ်တန်းမှာ သူ့အတွက် စိန်ခေါ်မှုကြီးတွေ စောင့်ကြိုနေမယ်လို့ မျှော်လင့်ထားတယ်…..
22/08/2026
ကျော်ကြီးလည်း ခိုမာဝပ်ကို Split Decision နဲ့ ကပ်ရှုံးသွားတယ်။
ပွဲက အတော်ကြမ်းတော့ ကြည့်ရတာ မိုက်ပေမယ့် ကိုယ့်လူ ရှုံးသွားတော့ သိပ်မပျော်ရဘူး။
ဒီပွဲမှာ ကျော်ကြီးက မာဂုဏ်အားပြုပြီး ဆွဲမယ် ဖြဲမယ် ဆိုတဲ့ Game Plan နဲ့ ထွက်လာပုံရပါတယ်။
ဒါပေမယ့် တဖက်မှာ Defense ပိုင်း အားနည်းသွားရတယ်။
ခိုမာဝပ်ဘက်ရဲ့ ခြေကန်ချက်၊ ကောင်တာနဲ့ ရသလောက် ထိန်းဆော့မယ်ဆိုတဲ့ Game Plan က မှန်သွားတယ်။
ပထမအချီမှာ ခြေကန်ချက်တွေကြောင့် ခိုမာဝပ် အသာရတယ်။
ဒုတိယအချီမှာ တံတောင်ရိုက်ချက်တွေကြောင့်နှစ်ယောက်လုံး သွေးသံရဲရဲနဲ့ ကွဲပြဲကုန်တယ်။ ကျော်ကြီးက ပိုအထိနာတာပါ။
နောက်ဆုံးအချီမှာ ခိုမာဝပ်ကို အလဲထိုးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အချီအလယ်လောက်မှာ သွေးတွေ မြင်မကောင်းအောင်ထွက်နေတဲ့ ကျော်ကြီးကို ဆရာဝန်က စစ်ဆေးပြီး ပြန်ထိုးခွင့်ပြုခဲ့လို့သာ ပွဲအပြီးထိ ကြည့်ရတာပါ။
ကိုယ့်ကောင်အနေနဲ့ သွေး၊ ချွေးတွေ အများကြီး ကျအောင် ကြိုးစားခဲ့ပေမယ့် လိုချင်တဲ့ နိုင်ပွဲ မရလိုက်ဘူး ပြောရမှာပေါ့။
One မှာ Journeyman မဖြစ်ခင် Fairtex က သူဌေးကြီး ပွဲမတိုင်ခင်က ခေါင်းသုံးခိုင်းသလိုပဲ ငကြမ်းကျော်ကြီးကနေ စမတ်ကျော်ကြီးအဖြစ် ပြောင်းဖို့ လိုနေပြီလို့ ထင်ပါတယ်.....
16/08/2026
Islam Makhachev အမှတ်ဖြင့် အနိုင်ရပြီး ခါးပတ်ကို ကာကွယ်နိုင်ခဲ့
*------*-----*------*------*-------*------*------*-----*
ဒုတိယအချီမှာ Islam Makhachev က Ian Machado Garry ကို လှပတဲ့ ခြေကန်ချက်တစ်ချက်နဲ့ ထိမှန်အောင် ကန်နိုင်ခဲ့ပေမယ့် အဲဒီအချိန်မှာ ပွဲသိမ်းနိုင်တဲ့အထိ မလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ကျန်တဲ့အချီတွေမှာ Islam Makhachev က မြေပြင်တိုက်ပွဲမှာ အသာစီးယူပြီး Ian Machado Garry ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။ 🏆🔥
Islam Makhachev — အမှတ်ဖြင့် အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်း! 👑
11/08/2026
♦ဒီအပတ်ထဲမှာ Islam Makhachev နဲ့ Ian Garry တို့ရဲ့ ဝယ်တာဝိတ်ချန်ပီယံလုပွဲ ထိုးတော့မယ်။
♦ဒါပေမယ့် တချိန်က ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ ကာဇက်စတန်သားကြီး Shavkat Rakhmonov အတွက်တော့ မကြာသေးခင်နှစ်တွေက စပြီး ကံဆိုးမှုတွေ တစ်ခုပြီးတစ်ခု ကျရောက်နေခဲ့တယ်။
♦နောက်ဆုံးပွဲပြီးကတည်းက ခါးပတ်လုခွင့် ရဖို့ အခွင့်အရေးရခဲ့ပေမယ့် ဒူးဒဏ်ရာကြောင့် ပွဲပျက်ခဲ့ရတယ်။
♦အဲဒီနောက် သူ့ဇနီးနဲ့သား ပါဝင်တဲ့ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဇနီးရဲ့သူငယ်ချင်းနှစ်ယောက် အသက်ဆုံးရှုံးခဲ့တယ်။
ပြီးတော့ ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ရတယ်။
♦အကြာကြီးနားခဲ့ရတဲ့ ဒူးဒဏ်ရာက တခါ ပြန်ဖြစ်လာလို့ နောက်ထပ်ခွဲစိတ်ကုသမှုတစ်ကြိမ် ထပ်လုပ်ခဲ့ရတယ်။
♦အခုတော့ နောက်ထပ် ထိုးနှက်ချက်တစ်ခု ထပ်ရောက်လာပြီ။
♦ပြီးခဲ့တဲ့ ရက်ပိုင်းက Shavkat ရဲ့ အဖေ ကွယ်လွန်သွားခဲ့တာပါ။
♦ပွဲမထိုးနိုင်တာ၊ ဒဏ်ရာတွေ၊ ခွဲစိတ်မှုတွေ၊ မိသားစုအတွင်း ဆုံးရှုံးမှုတွေ…..ဒါတွေ တစ်ခုချင်းစီကတင် လွယ်ကူတဲ့အရာတွေ မဟုတ်ပါဘူး။
♦ဒါပေမယ့် Shavkat ကတော့ အဲဒီအရာအားလုံးကို တစ်ခုပြီးတစ်ခု ဖြတ်သန်းနေရတယ်။
♦သံဇကာထဲမှာ ဘယ်လောက်ကြမ်းတဲ့ ဖိုက်တာဖြစ်ဖြစ်၊ အပြင်ဘက်က ဘဝရဲ့ ထိုးနှက်ချက်တွေကတော့ ရင်ဆိုင်ရ ခက်ပါတယ်။
♦Shavkat အတွက်တော့ ဒီကာလဟာ သူ့ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတာပါပဲ။
♦စိုးရိမ်မိတာက ဒုတိယ Zabit လို UFC သံဇကာထဲမှာ ဘယ်တော့မှ ပြန်မတွေ့ရတော့မှာကိုပဲ…..
Vero Nika