28/11/2023
🔹အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
🔹ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။
🔹စည်းလုံးမှုကို သိချင်ရင်တော့
🔹ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။
🔹လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
🔹ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။
🔹လူမှုအဆင့်အတန်းကိုသိချင်ရင်
🔹အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။
🔹စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
🔹စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို
🔹ကြည့်နိုင်ပါတယ်။
🔹ယဉ်ကျေးမှုကို သိချင်ရင်
🔹ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။
🔹အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
🔹မီးဖိုချောင်ကို ကြည့်ပါ။
🔹မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
🔹အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။
🔹ဒါ တကယ့်ကို အမှန်တရားတွေပါ။။
Crd
Sharing by Htwe Zaw 😍
https://m.facebook.com/story.php?story_fbid=1714567578993709&id=100013214491219&mibextid=Nif5oz
18/03/2023
ပျော်စရာတွေပြီးတော့
ဝမ်းနည်းစရာတွေကလာတယ်
အဲတော့သင်ခန်းစာယူပြီး
ရဲရင့်တတ်ဖို့ပဲလိုပြီ
30/09/2022
ငါ့မှာ ပိုက်ဆံမရှိဘူး... ဟုတ်တယ်
ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ဘူး။
ငါက မဖြစ်နိုင်ပါဘူး... ဟုတ်တယ်။
ဘယ်တော့မှ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
ငါ့ မိဘကမှ မချမ်းသာတာ... ဟုတ်တယ်။
ခင်ဗျားလက်ထက်လည်း ချမ်းသာလာမှာ မဟုတ်ဘူး။
ငါက သူများတွေလို ပညာမှ မတတ်တာ...
ဟုတ်တယ်။ ဘယ်တော့မှ ပညာတတ်
ဖြစ်လာမှာ မဟုတ်ဘူး။
လောကမှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာတွေ
ရရှိဖို့ဆိုရင် ငြီးတွားနေရုံနဲ့ မရလာနိုင်ဘူး။
ဆင်ခြေတွေထိုင်ပေးနေရုံနဲ့လည်း
ဘယ်တော့မှ ရမလာနိုင်ဘူး။
The Power of Beliefs ဆိုတာ ကြားဖူးလား?
ယုံကြည်မှုရဲ့ စွမ်းပကားတဲ့။
ကိုယ်ဖြစ်ချင်တာတွေအတွက်တောင်မှ
ယုံကြည်မှုမရှိတဲ့သူက ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ကိုယ်ဖြစ်ချင်တာကို ယုံကြည်တဲ့အခါ
ဖြစ်နိုင်မယ့်နည်းလမ်းတွေကို
ကိုယ့်ရဲ့ မသိစိတ်ကရော၊ သိစိတ်ကရော
ဦးနှောက်ကရော ရှာကြံပေးတယ်။
ကျွန်တော် အသက် (၁၆)နှစ် ဆယ်တန်းတုန်းက
သိန်းထောင်ချီတဲ့ Land Cruiser ကားစီးတဲ့
သူဌေးတွေကို မြင်ရင် အရမ်းအားကျတယ်။
အရမ်းလည်း စီးချင်တယ်။
ဒါပေမယ့် မိဘတွေက Land Cruiser
ဝယ်နိုင်တဲ့ အနေအထားမရှိဘူး။
ဒါပေမယ့် ကျွန်တော်ယုံကြည်ခဲ့တယ်။
နောက်ဆုံးမှာ ယုံကြည်မှုရဲ့စွမ်းအားကြောင့်
ကိုယ်ဖြစ်ချင်တာတွေက အသက် (၃၀)
မပြည့်ခင်မှာဘဲ ရရှိလာနိုင်ခဲ့တယ်။
တစ်ခုတော့ရှိတယ် ထိုင်ပြီးတော့
ယုံကြည်နေရုံနဲ့တော့ မရနိုင်ဘူးပေါ့။
ဒါကိုတော့ လူတိုင်းနားလည်မှာပါ။
သူများထက်ပိုပြီး ကြိုးစားရမယ်။
သူများထက် အလုပ်ပိုလုပ်ရမယ်။
ရိုးရိုး ကြိုးစားလို့မရဘူး။
ရှယ်ပလန်နဲ့ ကြိုးစားရမယ်။
အရေးကြီးဆုံးကတော့ ကိုယ်ဖြစ်ချင်တဲ့
အိပ်မက်၊ ကိုယ်လိုချင်တဲ့ ဘဝအတွက်
ကိုယ်တိုင် ယုံကြည်မှုရှိဖို့တော့ လိုမယ်။
ယုံကြည်မှုရယ် + လုပ်ဆောင်မှုရယ်
ပေါင်းလိုက်ရင် ကိုယ်လိုချင်တဲ့ ရလဒ်တစ်ခု
ထွက်လာမှာ 100% ကြိမ်းသေပါတယ်။
𝗣𝗵𝘆𝗼 𝗔𝗿𝗸𝗮𝗿
𝙀𝙙𝙪𝙘𝙖𝙩𝙤𝙧, 𝙀𝙣𝙩𝙧𝙚𝙥𝙧𝙚𝙣𝙚𝙪𝙧
𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝘾𝙤𝙣𝙨𝙪𝙡𝙩𝙖𝙣𝙩
25/04/2022
ရာသီတွေသာ အလီလီပြောင်းခဲ့တယ်
ရွက်ဟောင်းတွေကြွေလို့
ရွက်သစ်တွေထပ်ခါဝေပေါ့
ဦးနှောက်က သူ့ကိုမေ့နိုင်ပြီလားမေးတော့
နှလုံးသားက တိုးတိုးလေးမေ့နိုင်ပါပြီတဲ့
သိစိတ်ကမလွမ်းဘူးလို့ငြင်းတော့
မသိစိတ်က အိပ်မက်တွေထဲအထိ လိုက်ရှာမိနေတုန်း
ခပ်ယဲ့ယဲ့လေးဖြေတယ်
တကယ်တော့ ပြီးခဲ့တာတွေက ကြာခဲ့ပြီဆိုပေမယ့်
ငါမှမေ့လို့မရသေးတာ
ငါ့မှာ ခံနိုင်ရည်ပါးပါးရယ်
မျှော်လင့်ချက်နည်းနည်းရယ်
ပြီးတော့ ဆိုင်ခဲ့ဖူးတဲ့မင်းကို
မပိုင်ခဲ့ဖူးစေဦး ထိုင်ကာရူးနေဦးမယ်
အစွဲအလန်းကြီးတတ်တဲ့ စိတ်ရယ်ပဲရှိပါတယ်
မင်းကတော့ ငါ့ရဲ့အနားမှာမရှိ
ပျော်စရာတွေဆိုတာ ငါ့ရဲ့ ဘဝမှာ နတ္ထိ
#လွမ်းနောင်