16/10/2025
အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမား ၂၅ဦးအနက် နံပါတ်၁နေရာမှာရပ်တည်နိုင်ခဲ့တဲ့ ပီဒရီ....
_______________________________________
ဒီဘက်ခေတ်ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမား ၂၅ဦးရွေးချယ်မှု့ပြုလုပ်ခဲ့ပြီး ဘာစီလိုနာရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ပီဒရီက နံပါတ် ၁နေရာမှာအကောင်းဆုံးရပ်တည်နိုင်ခဲ့ပါတယ်။ဒါဟာ ယခုနောက်ပိုင်းဘောလုံးရာသီရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေကိုရွေးထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ နံပါတ် ၆နဲ့ ၈နေရာတို့ကိုရွေးချယ်ခြင်းမျိူးမဟုတ်ပဲ၊ကွင်းလယ်ခံစစ်ကစားသမားတွေကိုသာရွေးချယ်တာဖြစ်ပါတယ်။
အဲ့ဒီထဲမှာမှ ဘာကာကွင်းလယ်လူပီဒရီက အကောင်းဆုံးနေရာကိုရရှိထားခဲ့ပါတယ်။ ထိုကစားသမားတွေကို ဖော်ပြရာမှာ ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာကလည်း အဆင့်၂နေရာကနေပါဝင်နိုင်ခဲ့ပါတယ်။ အဆင့် ၃ မှာဆိုရင် လီဗာပူးလ်ကစားသမား မက်အယ်လ်လီစတာ၊အဆင့် ၄မှာ ဗယ်ဗာဒီ ၊အဆင့် ၅မှာ ဘာရယ်လာ ၊အဆင့် ၆ မှာ အန်ဇိုဖာနန်ဒက်စ်၊အဆင့် ၇ မှာ ဂူမာရတ်စ်၊အဆင့် ၈နေရာမှာ ဖေဘရီယံရုဇ်၊အဆင့် ၉မှာ ဒီဂျောင်နဲ့ အဆင့်၁၀မှာ ဂါဗီတို့ပါဝင်နိုင်ခဲ့ပါတယ်။
ဒါဟာ လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံး ခံစစ်ကွင်းလယ်ကစားသမား ၁၀ဦးဖြစ်ပြီး ကျန်ရှိနေတဲ့ကစားသမားတွေလည်းရှိပါသေးတယ်။ခံစစ်ကွင်းလယ်ကစားသမားဖြစ်ပေမယ့် တိုက်စစ်ပိုင်းဂိုးရရှိဖို့အကောင်းဆုံးချိတ်ဆက်နိုင်သူတွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။အကောင်းဆုံးကွင်းလယ်လူဖြစ်ခဲ့တာကတော့ ဘာစီလိုနာရဲ့ကစားသမားပီဒရီပဲဖြစ်ပါတယ်။စပိန်သားဟာ ဗီတင်ဟာကိုကျော်ဖြတ်ကာ အဆင့်၁နေရာကိုရယူနိုင်ခဲ့ပါတယ်။
ပီဒရီဟာ ထိပ်တန်းကွင်းလယ်လူတစ်ဦးဖြစ်သလို ဒုတိယ အင်နီယေစတာလိုကစားသမားမျိုးကို ဘာကာတို့ပိုင်ဆိုင်ထားခဲ့တာအမှန်ပါပဲ၊ပီဒရီဟာပုံမှန်ပွဲထွက်ခွင့်နဲ့ ဟန်စီဖလစ်ရဲ့လက်အောက်မှာ ကစားခဲ့တဲ့ပွဲတိုင်း rating ပုံမှန်အကောင်းဆုံးရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။လက်စ်ပါမန့်စ်ကနေ ဘာကာတို့ပီဒရီကိုခေါ်ယူခဲ့ပြီးနောက်ပိုင်း ၆ရာသီလုံး rating ၇ကျော်အထိရယူထားနိုင်ခဲ့ပါတယ်။တစ်ရာသီနဲ့တစ်ရာသီ ratingကျဆင်းသွားချင်းလက်ရှိအချိန်ထိမရှိသေးတဲ့ ပီဒရီဟာ ဘာကာရဲ့အထူးပံ့ပိုးမှု့ကိုရရှိခဲ့မယ်ဆိုရင် ဘောလွန်းဒီအော်ဆုကိုပါဆွတ်ခူးနိုင်ဖို့ရှိပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
15/10/2025
လက်ရှိအကောင်းဆုံး ကစားသမား သုံးဦးကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ဇီဒန်း
______________________________________
ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြဟောင်းနဲ့ကစားသမားဟောင်းဖြစ်သူ ဇီဒန်းဟာ လက်ရှိမှာကမ္ဘာပေါ်ရှိ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား နှစ်ဦးနဲ့အတူ ဘောလုံးလောကမှာစောင့်ကြည့်ရမယ့် အနှစ်သက်ဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် ဘာစီလိုနာ စူပါစတား လာမိုင်းယာမဲလ်ကို ရွေးချယ်သွားခဲ့ကြောင်းသိရပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့ပြီး နည်းပြအဖြစ်ကိုင်တွယ်ချိန်မှာ အောင်မြင်မှု့များစွာရရှိထားတဲ့ ပြင်သစ်လူမျိုးဟာ ရီးရဲလ်နဲ့ဘာကာတို့ကလပ်အသင်းနှစ်သင်းကြား ပြိုင်ဆိုင်မှုပြင်းထန်နေသော်လည်း ယာမဲလ်ဟာ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ်ရွေးချယ်ခဲ့ပါတယ်။ဇီဒန်းကတော့ ယခုလိုရွေးချယ်ရခြင်းဟာ ကွင်းအတွင်းစွမ်းဆောင်ရည်ကိုကြည့်ရှု့ပြောချင်းဖြစ်ပါတယ်။
ယာမဲလ်က ကွင်းထဲမှာ သူ့ရဲ့ အနေအထားကိုအကောင်းဆုံးပြသပြီး သူ ဘောလုံးကို ထိမိတိုင်း ပျော်ရွှင်မှု့ကိုပေးတတ်တဲ့ကစားသမားပါ။ ပြီးခဲ့တဲ့ ရာသီက ဆန်စီရိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်တဲ့ အင်တာမီလန်နဲ့ပွဲမှာကြည့်ရင်သိသာပါတယ်။ပွဲစဥ်တစ်ပွဲလုံးနဲ့ ဘာစီလိုနာကို သူကောင်းကောင်းဦးဆောင်နိုင်အောင် လုပ်ခဲ့ပါတယ်လို့ ဇီဒန်းက Festival dello Sport di Trento တွင် ပြောကြားခဲ့ပါတယ်။
ကျွန်တော် PSG ရဲ့ ပေါ်တူဂီ ကွင်းလယ်လူ နှစ်ယောက်ဖြစ်တဲ့ ဂျိုအာချင်နီဗက်စ် နဲ့ ဗီတင်ဟ ကို ကျွန်တော် အရမ်း သဘောကျပါတယ်၊ သူတို့ ဘောလုံး ဘယ်တော့မှ မဆုံးရှုံး ပါဘူး ။သူတို့ကွင်းလယ်မှာဘောလုံးပိုင်ဆိုင်ခဲ့ပြီးဆိုရင်တစ်ဖက်အသင်းကစားသမားတွေကြောက်ရွံ့နေရမှာပါ။သူတို့နှစ်ဦးက လက်ရှိကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူနှစ်ဦးလို့ပြောလို့ရပါတယ်။ဘောလုံးစွမ်းဆောင်ရည်အဆင့်မြင့်တဲ့ကစားသမားနှစ်ဦးဖြစ်တာကြောင့် ကျွန်တော်ကတော့သဘောကျမိပါတယ်လို့ဇီဒန်းကဖွင့်ဟခဲ့ပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
14/10/2025
ပရီးမီးယားလိဂ်အသင်းတွေရဲ့ စိတ်ဝင်စားမှု့ကိုရရှိလာတဲ့ အန်ဆုဖာတီ
________________________________________
ဘာစီလိုနာအသင်းရဲ့အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ အန်ဆုဖာတီဟာ လက်ရှိမိုနာကိုအသင်းမှာ အငှားသွားရောက်ကစားနေပြီးခြေစွမ်းပြဂိုးတွေသွင်းယူနေခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူဖို့အတွက်အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ ဖာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ပွဲထွက်ကစားလာခဲ့သူဖြစ်ပြီး ကျောနံပါတ် ၁၀ကိုလွှဲပြောင်းရယူပြီးနောက် ခြေစွမ်းပိုင်းသိသိသာသာကျဆင်းသွားခဲ့ပါတယ်။
ဒါကြောင့် ဘာစီလိုနာက ဖာတီကို အသင်းမှာဆက်ထားဖို့ဆန္ဒမရှိတာကြောင့် မိုနာကိုအသင်းထံအငှားစေလွှတ်ခဲ့ပါတယ်။ဒါပေမယ့် နူးကမ့်မှာ ခြေစွမ်းပျောက်ဆုံးခဲ့ပေမယ့် ပြင်သစ်မြေမှာ ဖာတီဟာ သူ့ရဲ့အရင်ခြေစွမ်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ယခုလိုခြေစွမ်းအတိုင်းဆက်လက်ထိန်းသိမ်းကစားနိုင်နေအုံးမယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်နဲ့ နယူးကာဆယ်တို့ထံမှ အံ့အားသင့်ဖွယ်ခေါ်ယူဖို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၂၂နှစ်အရွယ်ပဲရှိသေးတဲ့ စပိန်သားဟာ မိုနာကိုအတွက် ပြိုင်ပွဲစုံ ၅ပွဲကစားပြီးချိန်မှာ ၆ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ဖာတီဟာ ၂၀၂၃-၂၄ရာသီတုန်းက ဘရိုက်တနိအသင်းမှာအငှားသွားရောက်ကစားခဲ့ဖူးသလို ပြိုင်ပွဲစုံ ၂၇ပွဲမှာ ၄ဂိုးသွင်းကာ ဂိုးဖန်တီးမှု့ ၁ကြိမ်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။စပိန်သားဟာ အရင်ကထိပ်တန်းအဆင့်ခြေစွမ်းကိုပြသနိုင်ခဲ့လို့ ဘာကာရဲ့ ကျောနံပါတ်၁၀ကိုဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမယ့် မက်ဆီရဲအကျောနံပါတ်ကိုဝတ်ဆင်ချိန်မှာ ဖိအားတွေများစွာရရှိခဲ့တာကြောင့် ခြေစွမ်းကျဆင်းခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိမှာ ပြင်သစ်လိဂ်နဲ့အတူ အရင်လိုခြေစွမ်းကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
13/10/2025
မက်ဆီကို ဘောလုံးလောကရဲ့ ဂုတ်တစ်ဦအဖြစ်သတ်မှတ်ထားတဲ့ ကိုးလ်ပါလ်မာ
____________________________________
ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကိုးလ်ပါလ်မာဟာ လက်ရှိဘောလုံးလောကရဲ့ ဂုတ်ဟာ မက်ဆီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အင်္ဂလန်သားဟာ လီယွန်နယ်မက်ဆီရဲ့ ကစားဟန်ကိုသဘောကျနှစ်သက်သူဖြစ်သလို ၎င်းနဲ့ကစားပုံနဲ့လည်းဆင်တူနေပါတယ်။လက်ရှိချဲလ်ဆီးအသင်းရဲ့ အဓိက ဂိုးသွင်းသူဖြစ်သလို အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်သက်မှတ်ခံထားရတဲ့ ပါလ်မာကတော့ စိတ်ကြိုက်ကစားသမားများကို ရွေးချယ်ရာမှာ အချိန်တိုင်း မက်ဆီက အကောင်းဆုံးလို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအကယ်ဒမီကစားသမားဟောင်း ပါလ်မာဟာ 2023 ခုနှစ်တုန်းက ချဲလ်ဆီးအသင်းထံပြောင်းရွှေ့လာကတည်းက ၎င်းရဲ့တည်ငြိမ်တဲ့ခြေစွမ်းနဲ့သွင်းဂိုးတွေကိုပြသထားခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးအဖြစ်ယနေ့ချိန်ထိရပ်တည်ထားနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းရဲ့နိုင်ပွဲအများစုဟာ ကိုးလ်ပါလ်မာရဲ့ အထောက်ပံ့တွေအများပါဝင်နေတာတွေ့ရပါတယ်။ ပါလ်မာဟာ ကွင်းအတွင်းတည်ငြိမ်တဲ့ကစားဟန်နဲ့ကစားလေ့ရှိသူဖြစ်ပြီး သွင်းဂိုးတွေကိုလည်း အကောင်းဆုံးအဆုံးသတ်ထားနိုင်ခဲ့ပါတယ်။
ပါလ်မာရောက်ရှိလာပြီးနောက်ပိုင်းချဲလ်ဆီးအသင်းအရာရာပြောင်းလဲလာခဲ့တာတွေ့ခဲ့ရသလို အရေးပါတဲ့နိုင်ပွဲတွေရရှိလာခဲ့ပါတယ်။ဒါဟာချဲလ်ဆီးအတွက်တော့ အင်မတန်မှအဖိုးတန်လှတဲ့ ကိုးလ်ပါလ်မာပဲဖြစ်ပါတယ်။၎င်းရဲ့စိတ်ကြိုက်ကစားသမားတွေကိုရွေးချယ်တဲ့နေရာမှာတော့ ပါလ်မာက ရော်နယ်ဒိုကို နောက်ချန်ထားခဲ့တာတွေ့ရပါတယ်။စိတ်ကြိုက်ကစားသမား ၄ဦးရွေးချယ်ခဲ့ချိန် ပါလ်မာက ၎င်းအတွက်တော့ မက်ဆီအကောင်းဆုံးလို့ဖြေကြားခဲ့ပြီ၊နောက်မှာတော့ ရွန်းနီ၊နေမာ ၊ရော်နယ်ဒိုတို့ကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
11/10/2025
JJ Gabriel ကို ဆက်လက်ထိန်းသိမ်းထားမယ့် ယူနိုက်တတ်.....
______________________________________
မန်ချက်စတာယူနိုက်တတ်အသင်းဟာ သူတို့ရဲ့အကယ်ဒမီကြယ်ပွင့်ကစားသမားဖြစ်တဲ့ အသက် ၁၅နှစ်အရွယ် JJ Gabriel ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ကြိုးစားနေကြောင်းသိရပါတယ်။ ထို လူငယ်လေးဟာ ဂန္ထ၀င် ကစားသမားကြီးတွေရဲ့ချီးကျူးမှု့ကိုအသီးသီးရရှိထားသလို ပြိုင်ဘက်အသင်းကြီးတွေရဲ့ စောင့်ကြည့်မှု့ကိုခံနေရပါတယ်။
ယူနိုက်တတ်ရဲ့ အသက် ၁၈နှစ်အရွယ်အသင်းမှာပါ ဝင်ရောက်ကစားခွင့်ရခဲ့တဲ့အထိ ခြေစွမ်းကောင်းမွန်လှသလို Kid Messi လို့တောင်အမည်ပေးခံနေရသူဖြစ်ပါတယ်။ အရင်တုန်းက ရော်နယ်ဒင်ဟိုရဲ့ ချီးကျူးမှု့နဲ့အတူ ထိုကစားသမားဟာ အနာဂတ်ရဲ့ ဘောလွန်းဒီအော်ဆုရှင်လို့ ပြောဆိုခံထားရပါသေးတယ်။ ဒါကြောင့် အရွယ်နဲ့မလိုက်အောင်ခြေစွမ်းပြထားနိုင်တဲ့ JJ Gaberiel ကို အသင်းကြီးတိုင်းကခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
ယူနိုက်တတ်တို့ကလည်းသူတို့ရဲ့ ကစားသမားလေးကို ရောင်းထုတ်ဖို့ဆန္ဒမရှိကြောင်းသိရသလို အနာဂတ်အတွက် ယူနိုက်တတ်စီနီယာအသင်းကြီးမှာထည့်သွင်းဖို့စီစဥ်ထားပါတယ်။အသက် ၁၇နှစ်မပြည့်လျှင်ယူနိုက်တတ်တို့အနေနဲ့ စာချုပ်ချုပ်ဆိုနိုင်းခြင်းမရှိသည့်အတွက် အကယ်ဒမီစာချုပ်သက်တမ်းတိုးဖို့စီစဥ်ထားပါတယ်။ JJ Gabriel ဟာ အံ့အားသင့်စရာခြေစွမ်းနဲ့သွင်းဂိုးတွေကိုသွင်းယူထားနိုင်ခဲ့ပြီး အသင်းကြီးတိုင်းက ယူနိုက်တ်စီကနေလုယူဖို့ကြိုးစားလာမှာဖြစ်ပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
10/10/2025
စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့တဲ့ ဘူကာယိုဆာကာ.....
______________________________________
ဘူကာယိုဆာကာဟာ မနေ့ညက ကစားခဲ့တဲ့ ဝေးလ်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံးဖြစ်လာခဲ့ပြီး 1938 ခုနှစ်က Cliff Bastin ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။အသက် 24 နှစ်အရွယ် ကစားသမားဟာ ပွဲချိန် မိနစ် 20 မှာ အနိုင်သေချာစေမယ့်အဆုံးသတ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဂန်းနားတို့ရဲ့ စူပါစတားဟာ လွန်ခဲ့တဲ့ 87 နှစ်က စံချိန်တင်ခဲ့သော Bastin ကို ကျော်တက်သွားခဲ့သလို အာဆင်နယ်ဂန္တဝင်ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုပြီး ငါးနှစ်တာကာလအတွင်း ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးအာဆင်နယ်ရဲ့ အင်္ဂလန်သားအနက်ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်လာခဲ့ပါသေးတယ်။
ဆာကာဟာ မကြာသေးမီက အင်္ဂလန်ထိပ်သီးလိဂ်မှာ ၎င်းရဲ့ပွဲ200 ပြည့်မြောက်မှာ ပရီးမီးယားလိဂ်သွင်းဂိုး 100 ပြည့်ဂိုးကို မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် သီယာရီဟင်နရီရဲ့ ထိပ်တန်း ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
09/10/2025
ဘုန်းမောက်ရဲ့အဓိက ကစားသမားဖြစ်သူ ဆီမီညိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ လီဗာပူးလ်
__________________________________________
ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့အဓိက တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ အန်တိုနီဆီမီညိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်းသိရပါတယ်။အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ ကလည်း ဆီမီညိုကိုအသင်းထံခေါ်ယူဖို့သင့်တော်ကြောင်းမှတ်ချက်ပေးထားခဲ့သလို ပြိုင်ဘက်အသင်းတွေနဲ့အပြိုင်ဆိုင်ခေါ်ယူသွားရဖို့ရှိနေပါတယ်။
ဆီမီညိုကို လီဗာပူးလ်အပြင် မန်ချက်စတာယူနိုက်တတ်၊ တော့တင်ဟမ်ဟော့စပါးတို့ကလည်း အနီးကပ်စောင့်ကြည့်မှု့တွေပြုလုပ်နေကြောင်းသိရပါတယ်။အသက် 25နှစ်အရွယ်ပဲရှိသေးတဲ့ ဂါနာလက်ရွေးစင်ကစားသမားဟာ လက်ရှိမှာ မိခင်နိုင်ငံအသင်းအတွက်သွားရောက်ကစားပေးနေပါတယ်။ဆီမီညိုဟာ ပရီးမီးယားလိဂ်ရဲ့အသင်းကြီးတိုင်းကို တောင်ပံတွေကနေ ဒုက္ခကောင်းကောင်းပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။
ဘုန်းမောက်အတွက်တော့ ဒီကစားသမားဟာ အင်မတန်မှတန်ဖိုးရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းတို့ရဲ့နိုင်ပွဲတိုင်းမှာ ဆီမီညိုရဲ့ပါဝင်ပက်သက်မှု့အများဆုံးပါဝင်နေပါတယ်။ဒီရာသီ ဘုန်းမောက်အတွက် ၇ ပွဲကစားပြီး ၆ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု့ ၃ကြိမ်တိုင်တိုင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဘုန်းမောက်နဲ့ ၄ရာသီမြောက်ကိုကစားပေးနေတဲ့ ဆီမီညိုကိုလက်ရှိမှာ အသင်းကြီးတိုင်းကခေါ်ယူဖို့စောင့်ကြည့်နေကြပါတယ်။
ဆီမီညိုဟာ ဘုန်းမောက်အတွက်တော့ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်သလို တော်ရုံတန်ကြေးနဲ့တော့ရောင်းချသွားမှာမဟုတ်ကြောင်းသိရပါတယ်။ ဒါကြောင့် ဂါနာနိုင်ငံသားကိုခေါ်ယူချင်တယ်ဆိုရင် လက်ရှိတန်ကြေး ပေါင် ၇၅ သန်း (ဒေါ်လာ သန်း ၁၀၀) ကုန်ကျနိုင်ပါတယ်။ဒီပြောင်းရွှေ့ကြေးဟာ ဆီမီညိုရဲ့ခြေစွမ်းနဲ့ယှဥ်ကြည့်မယ်ဆိုရင် ခေါ်ယူသင့်တဲ့ပြောင်းရွှေ့ကြေးလို့ပဲမြင်ပါတယ်။ဘာလို့လဲဆိုရင် ဆီမီညိုဟာ ထိပ်တန်းအရည်သွေးရှိတဲ့ကစားသမားတစ်ဦးဖြစ်နေလို့ပါပဲ။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=
08/10/2025
ယူနိုက်တတ်ကနေထွက်ခွာဖို့လုပ်ဆောင်နေတဲ့ ဇာ့ခ်ဇီ...
_____________________________________
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ဇာ့ခ်ဇီဟာ အမော်ရင်အနေနဲ့ သူ့ကို ပွဲကစားခွင့် မပေးဘူးဆိုရင် လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ဖို့ အသင့်ရှိနေပြီဖြစ်ပါတယ်။အသက် (၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဇာ့ခ်ဇီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် တစ်ပွဲမှ ပွဲထွက်ကစားခွင့် မရသေးဘဲ ကလပ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် နယ်သာလန်လက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
လာမဲ့နှစ်ကျရင် (၂၀၂၆)ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှာဖြစ်လို့ ဇာ့ခ်ဇီဟာ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲခွင့်ရဖို့အတွက် လာမဲ့ရာသီဝက်ကာလအတွင်း ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါပြီ။ (၂၀၂၃)ခုနှစ်က ဘိုလော့ဂ်နာအသင်းကနေ ပေါင် (၄၃)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဇာ့ခ်ဇီဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ (၃၂)ပွဲ၊ ပြိုင်ပွဲစုံမှာ (၄၉)ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဇာ့ခ်ဇီက (၃)ဂိုးသာ သွင်းနိုင်ပေမဲ့ အမော်ရင်ရဲ့ယုံကြည်မှုရရှိခဲ့ပြီး ဧပြီလအတွင်း နယူးကာဆယ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် အနားယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ဇာ့ခ်ဇီဟာ ပရီးမီးယားလိဂ် (၃)ပွဲမှာ အရန်အဖြစ်သာ ပါဝင်ကစားခဲ့ရသလို လိဂ်ဖလားပွဲဖြစ်တဲ့ ဂရင်းစဘီနဲ့ပွဲမှာတောင် ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။
ယူနိုက်တက်တိုက်စစ်မှာ ရှက်ရှ်ကို၊ အမ်ဘူမို၊ ကူညာတို့ကို အမော်ရင်က ဦးစားပေး အသုံးပြုနေတာကြောင့် ဇာ့ခ်ဇီက သူ့ကို အမော်ရင် အလိုမရှိတော့ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်နေပါတယ်။ယူနိုက်တက်နဲ့ဇာ့ခ်ဇီတို့ရဲ့ စာချုပ်သက်တမ်းက (၂၀၂၉)ခုနှစ်အထိ ကျန်ရှိနေပြီး လာမဲ့ဇန်နဝါရီကျရင် သူ့ကို ခေါ်ယူဖို့ စီးရီးအေကလပ်တွေဖြစ်ကြတဲ့ ကိုမိုနဲ့ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။
🔞 18+ 𝑨𝒅𝒔, 𝑮𝒂𝒎𝒃𝒍𝒆 𝑹𝒆𝒔𝒑𝒐𝒏𝒔𝒊𝒗𝒆𝒍
တိကျမြန်ဆန်တဲ့အသွင်းအထုတ်နဲ့ တစ်ကမ္ဘာလုံးကဘောလုံးပွဲစဥ်တွေကို စိတ်ချယုံကြည်စွာဆော့ကစားနိုင်ဖို့ 789 နဲ့လက်တွဲကြပါစို့။
⚫ 𝗢𝗻𝗹𝗶𝗻𝗲 𝗕𝗲𝘁𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ⚫
- 𝗜𝗯𝗲𝘁𝟳𝟴𝟵
(𝟮𝟰 𝗵𝗼𝘂𝗿𝘀 𝘀𝗲𝗿𝘃𝗶𝗰𝗲)
- ဆက်သွယ်ရန် :
𝗣𝗵𝗼𝗻𝗲&𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟰𝟰𝟱𝟲𝟲𝟭𝟳𝟴𝟵/ 𝟬𝟵𝟳𝟵𝟵𝟰𝟲𝟱𝟳𝟴𝟵
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤 - https://t.me/ibet789myanmar2017
𝐓𝐢𝐤𝐓𝐨𝐤 𝐥𝐢𝐧𝐤 -
https://www.tiktok.com/?_t=8nF51Pv1B34&_r=1
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐥𝐢𝐧𝐤 - https://www.facebook.com/ibet789myanmar.company/?mibextid=